လူ႔အခြင္႔အေရး မဟာမင္းႀကီး ႏႈတ္ထြက္ဖို႔ အဖဲြ႔အစည္း ၂၀၀ ေက်ာ္ေတာင္းဆို
{{Zawgyi/Unicode}}
ကုလသမဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet ဟာ တရုတ္ျပည္ခရီးစဥ္အတြင္း တရုတ္အစိုးရ က်ဴးလြန္ထားတဲ့ မတရားမႈေတြကုိ ထိထိေရာက္ေရာက္ေဖၚ ထုတ္ျခင္းမရွိဘဲ ဖုန္းကြယ္ခဲ့တဲ့အတြက္ဆုိကာ ရာနဲ႔ခ်ီတဲ့ လူ႔အခြင့္အေရး လႈပ္ရွားတဲ့ အဖြဲ႔ေတြက မဟာမင္းႀကီး ႏုတ္ထြက္ေပးဖုိ႔ ဗုဒၶဟူးေန႔က ေတာင္းဆုိလုိက္ပါတယ္။
၀ီဂါမြတ္ဆလင္၊ တိဘက္နဲ႔ ေဟာင္ေကာင္အေရး လႈပ္ရွားတဲ႔အဖဲြ႕ေတြ အပါအ၀င္ လူ႔ခြင့္အေရးအဖဲြ႕ေပါင္း ၂၃၀ ေက်ာ္က လက္မွတ္ေရးထုိးၿပီး မဟာမင္းႀကီး Michael Bachelet ခ်က္ျခင္းႏုတ္ထြက္ေပးဖို႔ ေတာင္းဆုိေၾကာင္း ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္ ။
ဒါ့အျပင္ လာမယ္႔ ၾသဂုတ္လကုန္မွာ သူမရဲ႔ လက္ရွိတာ၀န္ သက္တမ္းကုန္ဆုံးတဲ့အခါ ေနာက္ထပ္သက္တမ္း တခုအတြက္ အတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ ထပ္မံကမ္းလွမ္းျခင္း မျပဳ႔ဖုိ႔ ကုိလည္း ဒီလူ႔အခြင့္အေရးအဖဲြ႔ေတြက ေတာင္းဆုိထားပါတယ္။
Michael Machelet ရဲ႔ တရုတ္ျပည္ ခရီးစဥ္အတြင္း ရွင္က်န္းျပည္နယ္ က ၀ီဂါမြတ္ဆလင္ေတြအေပၚ တရုတ္အစိုးရက က်ဴးလြန္တဲ့ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြနဲ႔ ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ေျပာဆုိျခင္း မရွိတဲ႔အတြက္ဆုိကာ က်ယ္က်ယ္ျပန္႔ျပန္ ႔ေ၀ဖန္တာခံေနရပါတယ္။
တရုတ္အစိုးရဟာ ၀ီဂါနဲ႔ အျခား မြတ္ဆလင္ ၁ သန္းေလာက္ကုိ ဖမ္းဆီးထိန္းသိမ္းထားၿပီး၊ အတင္းအၾကပ္ အလုပ္ခုိင္းေစတာ၊ အမ်ိဳးသမီးေတြကုိ အတင္းအၾကပ္ သားေၾကာျဖတ္ေစတာေတြ အပါအ၀င္လူ႔အခြင့္အေရးခ်ိဳးေဖါက္တယ္လုိ႔စြပ္စဲြခံထားရပါတယ္။
အေမရိကန္အစိုးရကေတာ့ Genocide လူမ်ိဳးတုန္းေအာင္လုပ္ေဆာင္ေနတယ္လုိ႔စြပ္စဲြ ထားပါတယ္။ တရုတ္အစိုးရကေတာ့ႏုိင္ငံတကာက စြပ္စဲြခ်က္ေတြမမွန္ကန္ဘူးလုိ႔ ျငင္းဆုိထားပါတယ္။
................................................
လူ့အခွင့်အရေး မဟာမင်းကြီး နှုတ်ထွက်ဖို့ အဖွဲ့အစည်း ၂၀၀ ကျော်တောင်းဆို
{{Zawgyi/Unicode}}
ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ဟာ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်အစိုးရ ကျူးလွန်ထားတဲ့ မတရားမှုတွေကို ထိထိရောက်ရောက်ဖေါ် ထုတ်ခြင်းမရှိဘဲ ဖုန်းကွယ်ခဲ့တဲ့အတွက်ဆိုကာ ရာနဲ့ချီတဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက မဟာမင်းကြီး နုတ်ထွက်ပေးဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
ဝီဂါမွတ်ဆလင်၊ တိဘက်နဲ့ ဟောင်ကောင်အရေး လှုပ်ရှားတဲ့အဖွဲ့တွေ အပါအဝင် လူ့ခွင့်အရေးအဖွဲ့ပေါင်း ၂၃၀ ကျော်က လက်မှတ်ရေးထိုးပြီး မဟာမင်းကြီး Michael Bachelet ချက်ခြင်းနုတ်ထွက်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ် ။
ဒါ့အပြင် လာမယ့် သြဂုတ်လကုန်မှာ သူမရဲ့ လက်ရှိတာဝန် သက်တမ်းကုန်ဆုံးတဲ့အခါ နောက်ထပ်သက်တမ်း တခုအတွက် အတွင်းရေးမှူးချုပ်အနေနဲ့ ထပ်မံကမ်းလှမ်းခြင်း မပြု့ဖို့ ကိုလည်း ဒီလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။
Michael Machelet ရဲ့ တရုတ်ပြည် ခရီးစဉ်အတွင်း ရှင်ကျန်းပြည်နယ် က ဝီဂါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရက ကျူးလွန်တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုခြင်း မရှိတဲ့အတွက်ဆိုကာ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်တာခံနေရပါတယ်။
တရုတ်အစိုးရဟာ ဝီဂါနဲ့ အခြား မွတ်ဆလင် ၁ သန်းလောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ အတင်းအကြပ် အလုပ်ခိုင်းစေတာ၊ အမျိုးသမီးတွေကို အတင်းအကြပ် သားကြောဖြတ်စေတာတွေ အပါအဝင်လူ့အခွင့်အရေးချိုးဖေါက်တယ်လို့စွပ်စွဲခံထားရပါတယ်။
အမေရိကန်အစိုးရကတော့ Genocide လူမျိုးတုန်းအောင်လုပ်ဆောင်နေတယ်လို့စွပ်စွဲ ထားပါတယ်။ တရုတ်အစိုးရကတော့နိုင်ငံတကာက စွပ်စွဲချက်တွေမမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။