သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်းက Microsoft ကွန်ပျူတာတွေ ယာယီ ရပ်သွားခဲ့ 


Microsoft ကွန်ပျူတာ app တွေနဲ့ ဝန်ဆောင်မှုတွေ ရပ်သွားခဲ့တာကြောင့် လေဆိပ်စစ်ဆေးမှုစနစ်တွေ အလုပ်မလုပ်တော့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာစောင့်ဆိုင်းနေကြရတဲ့ ခရီးသွားများ (ဇူလိုင် ၁၉၊ ၂၀၂၄)
Microsoft ကွန်ပျူတာ app တွေနဲ့ ဝန်ဆောင်မှုတွေ ရပ်သွားခဲ့တာကြောင့် လေဆိပ်စစ်ဆေးမှုစနစ်တွေ အလုပ်မလုပ်တော့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာစောင့်ဆိုင်းနေကြရတဲ့ ခရီးသွားများ (ဇူလိုင် ၁၉၊ ၂၀၂၄)

ကမ္ဘာတဝန်းက Microsoft ကွန်ပျူတာ app တွေနဲ့ ဝန်ဆောင်မှုတွေ ဒီကနေ့ ရုတ်တရက် ရပ်သွားခဲ့တာကြောင့် ဘဏ်တွေ၊ ငွေချေစနစ်တွေ၊ ဖုန်းလိုင်းတွေ၊ ရုပ်သံလိုင်း ထုတ်လွှင့်မှုနဲ့ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းတွေ အကြီးအကျယ် အခက် ကြုံနေရပြီး ဖြေရှင်းဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

ကွန်ပျူတာ ဗိုင်းရပ်စ် နှိမ်နင်းတဲ့ ပရိုဂရမ်တခု update လုပ်ရာကနေ အချိတ်အဆက်တွေ ပြတ်သွားခဲ့တာလို့ Microsoft က ပြောပါတယ်။ Microsoft အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဆိုးရွားဆုံး နည်းပညာ အခက်အခဲ ကြုံရတာလည်း ဖြစ်ပါတယ်။ လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ဆောင်နေပြီး အခြေအနေ ကောင်းမွန်တယ်လို့ Microsoft ကုမ္ပဏီက X လူမှုကွန်ယက်မှာ ရေးသားပါတယ်။ အခုပြဿနာကြောင့် ကမ္ဘာတဝန်း လေဆိပ်တွေမှာလည်း စစ်ဆေးမှုစနစ်တွေ အားလုံး ရပ်သွားပြီး ဝန်ဆောင်မှုတွေ နှေးကွေးသွား ခဲ့ရပါတယ်။ အမေရိကန် လေကြောင်းလိုင်းကြီးတွေ ခရီးစဉ်တွေ ရပ်ဆိုင်းရတဲ့အထိ အစောပိုင်း ကြုံခဲ့ရတာပါ။ သြစတြေးလျနိုင်ငံမှာလည်း နိုင်ငံတဝန်း အင်တာနက်ပြတ်တောက်မှူကြောင့် အစိုးရလုပ်ငန်းတွေနဲ့ တခြားစီးပွါးရေး လုပ်ငန်းတွေ ထိခိုက်ခဲ့ပြီး လေယာဉ်ပျံသန်းမှုတွေ ရပ်ဆိုင်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Microsoft ကုမ္ပဏီကတော့ ပြတ်တောက်မှုနဲ့ ပတ်သက်လို့ ဖြေရှင်း ကိုင်တွယ်နေပြီး အကြောင်းရင်းကို တွေ့ထားပြီဖြစ်သလို အရင်လို ဝန်ဆောင်မှုတွေ ပြန်ရဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG