သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ ရုရှား-တရုတ် ဆောင်ရွက် (မိုက်ခရိုဆော့ဖ်)


 သြဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊ တက္ကဆက် ကွန်နက်တီကတ်၊ Rhode Island နဲ့ ပဲန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ ဆိုက်ဘာတိုက်ခိုက်ခံရပုံ။
သြဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊ တက္ကဆက် ကွန်နက်တီကတ်၊ Rhode Island နဲ့ ပဲန်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ ဆိုက်ဘာတိုက်ခိုက်ခံရပုံ။

ဆိုက်ဘာသူလျှိုလုပ်ငန်းတွေလုပ်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေကို ဆိုက်ဘာတိုက်ခိုက်ဖို့ ရုရှား၊ တရုတ်နဲ့အီရန်တို့ဟာ အင်တာနက် ဆိုက်ဘာရာဇဝတ်သားတွေနဲ့ တွဲဖက်လုပ်ဆောင်တာကို ချဲ့နေကြတယ်လို့ မိုက္ကရိုဆော့ဖ်ကုမ္ပဏီကြီးက ပြောပါတယ်။

အာဏာရှင်အစိုးရတွေနဲ့ ရာဇဝတ်မှုကွန်ယက်တွေကြား ခုလို ပေါင်းဖက်လုပ်ဆောင်တာ နှစ်ဘက်လုံးကို အကျိုးများစေတယ်လို့ ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုအကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ သုံးသပ်သူတွေက ဆိုပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် တရုတ်အစိုးရနဲ့ ရုရှား အစိုးရတို့ရဲ့ ညွှန်ကြားချက်အရ လုပ်တာနဲ့ ငွေကြေးအကျိုးအမြတ်ကိုမျှော်ကိုး၊ ဥပဒေမဲ့လုပ်တာကြား ခြားထားတဲ့စည်းကလည်း မှုန်ဝါးလာနေတယ်လို့ အစီရင်ခံစာက ပြောပါတယ်။

ရုရှားဆိုက်ဘာ ရာဇဝတ်အဖွဲ့တဖွဲ့ဟာ ယူကရိန်းစစ်တပ်ကအသုံးပြုနေတဲ့ အီလက်ထရောနစ်ပစ္စည်း ၅၀ ကို ဖောက်ထွင်းဝင်ရောက်ပြီး ရုရှားကျူးကျော်စစ်ကို အထောက်အကူပြုနိုင်တဲ့ သတင်းအချက်အလက်တွေကို ခိုးယူခဲ့ကြတာဟာ ရုရှားဆီကငွေရဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အစီရင်ခံစာသုံးသပ်သူတွေက ဥပမာ‌ ပေးပါတယ်။

ရုရှားလိုပဲ၊ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ဟာ အလားတူ ဆိုက်ဘာကွန်ယက်ဖွဲ့ခြင်းအားဖြင့် အကျိုးရှိသလို ဖောက်ထွင်းရေးသမားတွေအနေနဲ့လည်း အကာအကွယ်ရရှိတယ်လို့ သုံးသပ်ထားပါတယ်။

Forum

XS
SM
MD
LG