သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း လက်နက်ရောင်းချမှု ဟန့်တားဖို့ ကန်အထက်လွှတ်တော် ဆုံးဖြတ်


တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ

အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီကို ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိတဲ့ အမေရိကန် လက်နက်တွေ ရောင်းချတာကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်နှစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်က ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။ ဘာရိမ်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ၄၃မဲ - ၅၆ မဲနဲ့ အတည်ပြုပြီး ဒီ ကိစ္စကို အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီအပြင် အထက်လွှတ်တော် တစ်ရပ်လုံးမှာ စဉ်းစားဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကာတာနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ကိုတော့ ၄၂မဲ-၅၇မဲနဲ့ အတည်ပြုခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် Rand Paul ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာရိမ်းကို ဒုံးပျံစနစ်နဲ့ ကာတာကို တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ရောင်းချမယ့် ထရမ့် အစိုးရရဲ့ အစီအစဉ်တွေကို ပိတ်ဆို့ဖို့ ရည်ရွယ်ပါတယ်။ ဒီ အစီအစဉ် တစ်ခုစီက ဒေါ်လာ ၃ ဘီလီယံ စီ တန်ဖိုး ရှိပါတယ်။ အထက်လွှတ်တော်အမတ် Rand Paul က အရှေ့အလယ်ပိုင်းဒေသဟာ အချိန်မရွေး ပဋိပက္ခဖြစ်နိုင်တဲ့ ဒေသဖြစ်ကြောင်းနဲ့ ရာစုနှစ်ကြာ ပဋိပက္ခရှိရာ ဒေသကို လက်နက်တပ်ဆင်ပြီး အခြေအနေကို ပိုမို မဆိုးရွားစေသင့်ကြောင်း၊ အရှေ့အလယ်ပိုင်းကို ရောင်းချးမယ့် အမေရိကန်လက်နက်တွေ ဟာ အမေရိကန်ရဲ့ ရန်သူတွေရဲ့ လက်ထဲကို ရောက်သွားစေနိုင်ကြောင်း ပြောခဲ့ပါတယ်။

Rand Paul က မနှစ်က တင်သွင်းခဲ့တဲ့ အလားတူ အဆိုပြုချက်ကိုတော့ အမေရိကန် အထက်လွှတ်တော်က ပယ်ချခဲ့ဖူးပါတယ်။ ကြာသပတေးနေ့က ဆုံးဖြတ်ချက်တွေကို ထောက်ခံသူတစ်ချို့က ဒီ ဆုံးဖြတ်ချက်တွေကို လုပ်ထုံးလုပ်နည်းအရ ထောက်ခံတာ ဖြစ်ပေမဲ့ လွှတ်တော်မှာ ဆွေးနွေးရင်တော့ ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများနိုင်ငံနဲ့ ဂျော်ဒန်နိုင်ငံတွေကို လက်နက်ရောင်းချမှာကို ပိတ်ပင်မယ့် သီးခြား ဆုံးဖြတ်ချက်တွေကိုလည်း ရှေ့အပတ် အစောဆုံးထားပြီး အထက်လွှတ်တော် မဲခွဲ ဆုံးဖြတ်သွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG