ၿဗိတိန္မွာ ခိုလံႈခြင့္ရွာသူေတြကို ရ၀မ္ဒါ ပို႔မယ့္ အစီအစဥ္ တရား၀င္ေၾကာင္း တရားရံုးခ်ဳပ္ ဆံုးျဖတ္
{{Zawgyi/Unicode }}
ႏိုင္ငံေရး ခိုလံႈခြင့္ရေရး ႀကိဳးပမ္းသူေတြကို ရ၀မ္ဒါကို ပို႔မယ့္ ၿဗိတိန္ အစိုးရရဲ႕ အျငင္းပြားဖြယ္ အစီအစဥ္ဟာ တရားဥပေဒနဲ႔ ညီၫြတ္ေၾကာင္း ၿဗိတိန္ တရားရံုးခ်ဳပ္က တနလာၤေန႔မွာ ဆံုးျဖတ္လိုက္ပါတယ္။ ၿဗိတိန္ႏိုင္ငံကို တရားမ၀င္ ေရာက္ရွိလာၾကတဲ႔ ေရႊ႕ေျပာင္းေတြကို ႏိုင္ငံေရး ခိုလံႈခြင့္ ေလွ်ာက္ထားႏိုင္ေရး အတြက္ ရ၀မ္ဒါ ႏိုင္ငံကို ပို႔ေဆာင္ေရး ၿဗိတိန္နဲ႔ ရ၀မ္ဒါၾကား သေဘာတူညီထားတာ ျဖစ္ပါတယ္။ ၿဗိတိန္နဲ႔ ရ၀မ္ဒါ အၾကား သေဘာတူညီခ်က္အရ ႏိုင္ငံေရး ခိုလႈံခြင့္ ရရွိသူေတြအေနနဲ႔ Rwanda ႏိုင္ငံမွာပဲ ေနထိုင္ခြင့္ရရွိမွာျဖစ္ၿပီး ၿဗိတိန္ကိုေတာ့ ျပန္လာခြင့္မရွိပါဘူး။
ဒီအစီအစဥ္ဟာ ျပန္ျပင္လို႔ မရႏိုင္တဲ႔ ထိခိုက္နာက်ည္မႈျဖစ္ႏိုင္တယ္ဆိုၿပီး လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပ တရားရံုးက တားျမစ္ခဲ႔တဲ႔ အတြက္ ၿဗိတိန္အေနနဲ႔ ဇြန္လ အတြင္း Rwanda ကို ေစလႊတ္ေတာ့မဲ့ ပထမဆုံးေလယာဥ္ ခရီးစဥ္ကို ပယ္ဖ်က္ခဲ့ပါတယ္။
အာဖရိကတိုက္က အဲဒီ Rwanda ႏိုင္ငံအေနနဲ႔ အဲဒီကိစၥအေပၚမွာ တာဝန္ယူႏိုင္တဲ့ အေနအထားမရွိေၾကာင္း နဲ႔ Rawanda နဲ႔ အခုလို သေဘာတူညီခ်က္ရယူလိုက္တဲ့ ၿဗိတိန္အေနနဲ႔ လူသားခ်င္း စာနာမႈမရွိေၾကာင္း လူ႔အခြင့္အေရးအဖြဲ႔အစည္းေတြက ျပစ္တင္ၾကပါတယ္။ ဒါေပမယ့္လည္း ဒီလိုလုပ္မွသာ ၿဗိတိန္နိုင္ငံအတြင္းကို တရားမဝင္ ဝင္ေရာက္ ေရႊ႕ေျပာင္းလာတာေတြကို ဟန္႔တားႏိုင္လိမ့္မယ္လို႔လည္း ႏိုင္ငံေရးသမားေတြက ယုံၾကည္ေနၾကပါတယ္။
ဒီႏွစ္ထဲမွာပဲ အဂၤလိပ္ ေရလက္ၾကားကို ျဖတ္ၿပီး ၿဗိတိန္ကမ္းေျခေပၚကို တရားမဝင္ ဝင္ေရာက္လာၾကတဲ့သူေပါင္း ၄ ေထာင္ေက်ာ္ရွိပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္က ရာသီဥတုေအးခဲေနတဲ့အခ်ိန္မွာ ျပင္သစ္ႏိုင္ငံ ဖက္ကေန ရာဘာေလွငယ္နဲ႔ အဂၤလိပ္ေရလက္ၾကားကို ျဖတ္ကူးလာခဲ့သူ ၄ ဦး ေသဆုံးခဲ့ပါတယ္။
ဗြိတိန်မှာ ခိုလှုံခွင့်ရှာသူတွေကို ရဝမ်ဒါ ပို့မယ့် အစီအစဉ် တရားဝင်ကြောင်း တရားရုံးချုပ် ဆုံးဖြတ်
{{Zawgyi/Unicode }}
နိုင်ငံရေး ခိုလှုံခွင့်ရရေး ကြိုးပမ်းသူတွေကို ရဝမ်ဒါကို ပို့မယ့် ဗြိတိန် အစိုးရရဲ့ အငြင်းပွားဖွယ် အစီအစဉ်ဟာ တရားဥပဒေနဲ့ ညီညွတ်ကြောင်း ဗြိတိန် တရားရုံးချုပ်က တနလာၤနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဗြိတိန်နိုင်ငံကို တရားမဝင် ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းတွေကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားနိုင်ရေး အတွက် ရဝမ်ဒါ နိုင်ငံကို ပို့ဆောင်ရေး ဗြိတိန်နဲ့ ရဝမ်ဒါကြား သဘောတူညီထားတာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ ရဝမ်ဒါ အကြား သဘောတူညီချက်အရ နိုင်ငံရေး ခိုလှုံခွင့် ရရှိသူတွေအနေနဲ့ Rwanda နိုင်ငံမှာပဲ နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး ဗြိတိန်ကိုတော့ ပြန်လာခွင့်မရှိပါဘူး။
ဒီအစီအစဉ်ဟာ ပြန်ပြင်လို့ မရနိုင်တဲ့ ထိခိုက်နာကျည်မှုဖြစ်နိုင်တယ်ဆိုပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက တားမြစ်ခဲ့တဲ့ အတွက် ဗြိတိန်အနေနဲ့ ဇွန်လ အတွင်း Rwanda ကို စေလွှတ်တော့မဲ့ ပထမဆုံးလေယာဉ် ခရီးစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။
အာဖရိကတိုက်က အဲဒီ Rwanda နိုင်ငံအနေနဲ့ အဲဒီကိစ္စအပေါ်မှာ တာဝန်ယူနိုင်တဲ့ အနေအထားမရှိကြောင်း နဲ့ Rawanda နဲ့ အခုလို သဘောတူညီချက်ရယူလိုက်တဲ့ ဗြိတိန်အနေနဲ့ လူသားချင်း စာနာမှုမရှိကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြစ်တင်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုလုပ်မှသာ ဗြိတိန်နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက် ရွှေ့ပြောင်းလာတာတွေကို ဟန့်တားနိုင်လိမ့်မယ်လို့လည်း နိုင်ငံရေးသမားတွေက ယုံကြည်နေကြပါတယ်။
ဒီနှစ်ထဲမှာပဲ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ပြီး ဗြိတိန်ကမ်းခြေပေါ်ကို တရားမဝင် ဝင်ရောက်လာကြတဲ့သူပေါင်း ၄ ထောင်ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရာသီဥတုအေးခဲနေတဲ့အချိန်မှာ ပြင်သစ်နိုင်ငံ ဖက်ကနေ ရာဘာလှေငယ်နဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးလာခဲ့သူ ၄ ဦး သေဆုံးခဲ့ပါတယ်။