သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

*မင်းကင်းမြို့အနီးက ပိတ်ခရားရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်*


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ ပိတ်ခရား ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ ပိတ်ခရား ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသ မုံရွာ-ယာကြီး-ကနီ-မင်းကင်း အာရှပတ်လမ်းဘေးမှာရှိတဲ့ ပိတ်ခရား ကျေးရွာကို မေ ၄ ရက် နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပိတ်ခရား ကျေးရွာထဲကို ကြဲချတာဖြစ်လို့ အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက သူသိထားတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ပိတ်ခရားရွာ၊ ကျွန်တော်တို့ မင်းကင်းနယ်ထဲက ပိတ်ခရားလေး၊ ရွာပေါ်တည့်တည့်ကြဲတာ။ ၁ နာရီခွဲလောက်မှာ ဖိုက်တာ တက်သွားတာ တွေ့လိုက်တယ်။ သတင်းလည်း ရတယ်ပေါ့နော်။ အဲ့နောက်မှာ ကျွန်တော်တို့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံလိုက်ရတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ ပြည်သူတွေလည်းပါတယ်။ အဲ့ဒါတွေကို ဆေးကုသပေးဖို့ လုံခြုံတဲ့နေရာကို ခေါ်ထုတ်ဖို့ လုပ်နေတာ။”

ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသူတွေရှိလာနိုင်ပြီး လက်ရှိ မြေပြင်မှာ အခြေအနေ ရှုပ်ထွေးနေတဲ့အတွက် သေဆုံးဒဏ်ရာရစာရင်းကို ကောက်ယူ ပြုစုနေတယ်လို့လည်း ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

XS
SM
MD
LG