သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေရး ႏိုင္ငံတကာအကူအညီ စစ္ေကာင္စီေတာင္းခံ


ရန္ကုန္တိုင္းေဒသႀကီး၊ ကိုဗစ္-၁၉ ေရာဂါကုသေရးဌာန (သုဝဏၰ)/ (ဧရာကိုဗစ္စင္တာ-ရန္ကုန္)အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဇန္နဝါရီ ၂၁၊ ၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကို ကိုင္တြယ္ဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ အကူအညီကို စစ္ေကာင္စီ တာ၀န္ရွိသူေတြဘက္က ေတာင္းခံေနေၾကာင္း ဗုဒၶဟူးေန႔ထုတ္ စစ္ေကာင္စီသတင္းမီဒီယာေတြက ေဖၚျပခဲ့ပါတယ္။

ဆင္းရဲႏြမ္းပါးတဲ့ တိုင္းျပည္အေနနဲ႔ တေက်ာ့ျပန္ ကိုဗစ္လႈိင္းသစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုန္းကန္မႈမွာ မဟာမိတ္ တ႐ုတ္ႏိုင္ငံအျပင္ အျခား ႏိုင္ငံေတြရဲ႕ အကူအညီကို ရွာေဖြေနခ်ိန္ျဖစ္တယ္လို႔ AFP သတင္းမွာ ေဖၚျပထားပါတယ္။
လူေပါင္း သန္းနဲ႔ခ်ီၿပီး ေနအိမ္ကေန မထြက္ၾကဖို႔ အမိန္႔ထုတ္ျပန္ခ်က္ဟာ ေရာဂါကူးစက္မႈကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူးလို႔ လို႔ ဆိုပါတယ္။ မီးသၿဂႋဳလ္ေရး အေလာင္းေတြမ်ားလြန္းတဲ့အတြက္ ေနရာေတာင္ မရွိတဲ့ အေျခအေနေရာက္ေနသလို၊ ေစတနာ့၀န္ထမ္းေတြကေန ေနအိမ္ေတြမွာ ေသဆံုးေနတဲ့ အေလာင္းေတြကို လိုက္လံေကာက္ယူေနရတာျဖစ္ပါတယ္။

အာဆီယံ တည္ေထာင္ထားတဲ့ ကိုဗစ္-၁၉ တုံျပန္ဖို႔ ရံပံုေငြကေန ေငြေၾကးအေထာက္အကူရရွိေရး ျမန္မာအေနနဲ႔ ႀကိဳးပမ္းသင့္ေၾကာင္း “ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ တိုးႁမွင့္ေရးဆိုင္ရာ ညႈိႏႈိင္းအစည္းအေ၀း”မွာ စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကေျပာၾကားခဲ့ပါတယ္။

စစ္ေကာင္စီသတင္းစာျဖစ္တဲ့ Global New Light of Myanmar မွာလည္း အာဆီယံအပါအ၀င္ ခင္မင္ရင္းႏွီးတဲ့ ႏိုင္ငံေတြနဲ႔ အတူလုပ္ကိုင္ဖို႔ ႀကိဳးပမ္းမႈေတြကို ေဖၚျပခဲ့ေပမဲ့ အေသးစိတ္ ေရးသားထားျခင္းမရွိပါဘူး။

ျမန္မာႏိုင္ငံမွာ ဗုဒၶဟူးေန႔က ကိုဗစ္-၁၉ ကူးစက္မႈ အသစ္ေပါင္း ၅၀၀၀ နီးပါးရွိခဲ့ၿပီး ေမလအေစာပိုင္းက တေန႔ကို ကူးစက္မႈအသစ္ေပါင္း ၅၀ ေလာက္ပဲ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ကူးစက္မႈႏႈန္းဟာ တကယ့္လက္ေတြ႕မွာ ပိုၿပီး အဆမတန္မ်ားျပားႏိုင္တယ္လို႔ ေလ့လာသံုးသပ္သူေတြကေျပာပါတယ္။

စစ္ေကာင္စီထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ လူဦးေရ ၅၄ သန္းရွိတဲ့အထဲ ၁.၇၅ သန္းေလာက္ ကာကြယ္ေဆးထိုးၿပီးၿပီလို႔ ဆိုပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကို ကိုင်တွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကို စစ်ကောင်စီ တာဝန်ရှိသူတွေဘက်က တောင်းခံနေကြောင်း ဗုဒ္ဓဟူးနေ့ထုတ် စစ်ကောင်စီသတင်းမီဒီယာတွေက ဖေါ်ပြခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်အနေနဲ့ တကျော့ပြန် ကိုဗစ်လှိုင်းသစ်ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်မှုမှာ မဟာမိတ် တရုတ်နိုင်ငံအပြင် အခြား နိုင်ငံတွေရဲ့ အကူအညီကို ရှာဖွေနေချိန်ဖြစ်တယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
လူပေါင်း သန်းနဲ့ချီပြီး နေအိမ်ကနေ မထွက်ကြဖို့ အမိန့်ထုတ်ပြန်ချက်ဟာ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ လို့ ဆိုပါတယ်။ မီးသင်္ဂြိုလ်ရေး အလောင်းတွေများလွန်းတဲ့အတွက် နေရာတောင် မရှိတဲ့ အခြေအနေရောက်နေသလို၊ စေတနာ့ဝန်ထမ်းတွေကနေ နေအိမ်တွေမှာ သေဆုံးနေတဲ့ အလောင်းတွေကို လိုက်လံကောက်ယူနေရတာဖြစ်ပါတယ်။

အာဆီယံ တည်ထောင်ထားတဲ့ ကိုဗစ်-၁၉ တုံပြန်ဖို့ ရံပုံငွေကနေ ငွေကြေးအထောက်အကူရရှိရေး မြန်မာအနေနဲ့ ကြိုးပမ်းသင့်ကြောင်း “နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ညှိုနှိုင်းအစည်းအဝေး”မှာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

စစ်ကောင်စီသတင်းစာဖြစ်တဲ့ Global New Light of Myanmar မှာလည်း အာဆီယံအပါအဝင် ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေနဲ့ အတူလုပ်ကိုင်ဖို့ ကြိုးပမ်းမှုတွေကို ဖေါ်ပြခဲ့ပေမဲ့ အသေးစိတ် ရေးသားထားခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ်-၁၉ ကူးစက်မှု အသစ်ပေါင်း ၅၀၀၀ နီးပါးရှိခဲ့ပြီး မေလအစောပိုင်းက တနေ့ကို ကူးစက်မှုအသစ်ပေါင်း ၅၀ လောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကူးစက်မှုနှုန်းဟာ တကယ့်လက်တွေ့မှာ ပိုပြီး အဆမတန်များပြားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေကပြောပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတဲ့အထဲ ၁.၇၅ သန်းလောက် ကာကွယ်ဆေးထိုးပြီးပြီလို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG