သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလုပ္သား ကိုဗစ္ကူးစက္မႈမ်ားေနတဲ့ ထိုင္းျပည္နယ္ႏွစ္ခုက စက္႐ုံေတြပိတ္ပင္


COVID 19 ျပည္တြင္းကူးစက္မႈစတင္ခဲ့တဲ့ မဲေဆာက္ျမိဳ ့မွာ ဒီရက္ပုိင္းမွာ တိိတ္ဆိတ္ျငိမ္သက္သြားတဲ့ ညဘက္ျမင္ကြင္း။ (ဓာတ္ပံု - Thai social media )

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ Prachuap Khiri Khan ျပည္နယ္နဲ႔ Phetchabun (ဖက္ခ်ဘြန္း) ျပည္နယ္ေတြမွာ ျမန္မာေ႐ႊေျပာင္းအလုပ္သမားေတြၾကား ကိုဗစ္ကူးစက္မူေတြ ရာနဲ႔ခ်ီေတြလာတဲ့အတြက္ ပိတ္ဆိုကန႔္သတ္မူေတြလုပ္ထားရၿပီး စက္႐ုံတခ်ိဳ႕လည္း ပိတ္ပစ္ရပါတယ္။ ဒီသတင္းကိုဗြီအိုေအျမန္မာပိုင္းသတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ။

ထိုင္းႏိုင္ငံ၊ ပကြၽတ္ခီရီကန္ျပည္နယ္၊ ဟြာဟင္းၿမိဳ႕လယ္က ျမန္မာႏိုင္ငံသား ေဆာက္လုပ္ေရးသမားမ်ားေနထိုင္ေနတဲ့ လုပ္ငန္းခြင္တခုမွာ ေ႐ြေျပာင္း အလုပ္သမား ၂၀၀ေက်ာ္က ကိုဗစ္စစ္ေဆးရာမွာ လူ ၁၀၀ေက်ာ္ ကူးစက္မူျဖစ္ေနတာ ေတြ႕ရတာေၾကာင့္ အဲဒီေနရာက လူေတြကို ေဆး႐ုံပို႔ကုသမူလုပ္ေနရသလို၊ ဖက္ခ်ဘြန္းျပည္နယ္က သၾကားစက္႐ုံမွာလည္း အစုလိုက္အၿပဳံလိုက္ ကိုဗစ္ ကူးစက္မူေတြ႕ရွိေၾကာင္း ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးက ဗြီအိုေအကို ေျပာပါတယ္။

"ဟြာဟင္းမွာအုပ္စုလိုက္ေတြ႕တာ။ ေဆာက္လုပ္ေရးဆိုဒ္မွာေတြ႕တာ။ အလုပ္သမားက ျမန္မာနဲ႔ ကေမာၻဒီးယားအလုပ္သမားေတြက အမ်ားစုလုပ္တာ။ အေယာက္ေတြ႕တာ ၁၀၀ေက်ာ္။ စုစုေပါင္း ၁၃၄ ဦး အဲဒီအုပ္စုမွာေတြ႕တာ။ ဟြာဟင္:မွာရွိတဲ့ေဆး႐ုံမွာပဲ ကုေနရတာရွိသလို အဲဒီ ေဆာက္လုပ္ေရးအလုပ္ဆိုဒ္ထဲမွာပဲ Field hospital ေတြထားဖို႔လည္းသူတို႔စဥ္းစားေနတယ္၊ မလုပ္ျဖစ္ေသးဘူး။
ဖက္ခ်ဘြန္းမွာေတာ့ အေယာက္ ၉၀ သၾကားစက္႐ုံမွာေတြတယ္။ အဲဒီမွာေတာ့အလုပ္႐ုံကိုတပတ္ပိတ္တယ္လို႔ေျပာတယ္။"

ဟြာဟင္းက ကိုဗစ္ပိုးေတြတဲ့ ေ႐ြ႕ေျပာင္းအလုပ္သမားအမ်ားစုဟာ ေရာဂါလကၡဏာ မျပပဲ ေဆးစစ္မွသာ ပိုးကူးစက္ေနတာေတြ႕ရွိခဲ့တာျဖစ္ၿပီး ေဆာက္လုပ္ေရးအလုပ္ဆိုဒ္က ပိုးကူးဆက္ေနတဲ့ အလုပ္သမားေတြဟာ ရပ္ကြက္အတြင္း သြားလာ ေဈးဝယ္ေနတာေၾကာင့္ နယ္ေျမခံ ျပည္သူေတြကိုပါ ကူးစက္ျပန္႔ပြားလာႏိုင္တယ္လို႔ က်န္းမာေရးအဖြဲ႕က သတိေပးထုတ္ျပန္ေနပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ တေန႔တျခားကူးစက္မူေတြမ်ားလာၿပီး ေသဆုံးမူေတြလည္းတိုးလာေနသလို လမ္မေတြေပၚမွာပဲ လဲက်ေသဆုံးတာေတြခပ္စိတ္စိတ္ျဖစ္လာတယ္လို႔လည္း ဦးမင္းဦးက ေျပာပါတယ္။

"ထိုင္းႏိုင္ငံမွာေတာ့ အေျခအေနကေတာ့ တေန႔ထက္တေန႔ပိုၿပီးဆိုးလာတယ္ လို႔ေျပာလို႔ရတယ္။ ဒီေန႔လည္း ၁၃၃ေယာက္ေသတယ္။ အခ်ိန္မွီေဆးကုသခြင့္မရလို႔ လမ္းမွာပဲ ေသေနတာေတြ မ်ားလာတယ္၊ ၿမိဳ႕လည္ေခါင္မွာေလ။"

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈအျမင့္ဆုံးျပည္နယ္ ၁၃ခုရွိၿပီး အဲဒီေနရာေတြမွာ ကန႔္သတ္ပိတ္ဆို႔မူေတြ လုပ္ထားပါတယ္။ ဒီျပည္နယ္ေတြမွာ ျမန္မာအလုပ္သမားေတြလည္း ေသာင္းနဲ႔ခ်ီကူးစက္မႈေတြ ျဖစ္ေနတာပါ။ စက္႐ုံအလုပ္႐ုံေတြ၊ ေဆာက္လုပ္ေရးအလုပ္ဆိုဒ္ေတြကို ကိုဗစ္စစ္ေဆးမူေတြလုပ္တဲ့အခါတိုင္း ေ႐ြ႕ေျပာင္းအလုပ္သမား ရာနဲ႔ခ်ီကူးစက္တာေတြ ရွိေနပါတယ္ ။

ထိုင္းႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၅၄၃,၃၀၀ေက်ာ္ ရွိေနၿပီး ဇူလိုင္ ၂၈ ရက္ေန႔မွာပဲ ကူးစက္သူလူနာအသစ္ ၁၆,၅၀၀ ေက်ာ္ရွိေနပါတယ္။ ေသဆုံးသူကေတာ့ ၄၃၉၇ ေယာက္ရွိၿပီလို႔ ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

................................................................................................

မြန်မာလုပ်သား ကိုဗစ်ကူးစက်မှုများနေတဲ့ ထိုင်းပြည်နယ်နှစ်ခုက စက်ရုံတွေပိတ်ပင်

(Unicode)

ထိုင်းနိုင်ငံ Prachuap Khiri Khan ပြည်နယ်နဲ့ Phetchabun (ဖက်ချဘွန်း) ပြည်နယ်တွေမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မူတွေ ရာနဲ့ချီတွေလာတဲ့အတွက် ပိတ်ဆိုကန့်သတ်မူတွေလုပ်ထားရပြီး စက်ရုံတချို့လည်း ပိတ်ပစ်ရပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းသတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ၊ ပကျွတ်ခီရီကန်ပြည်နယ်၊ ဟွာဟင်းမြို့လယ်က မြန်မာနိုင်ငံသား ဆောက်လုပ်ရေးသမားများနေထိုင်နေတဲ့ လုပ်ငန်းခွင်တခုမှာ ရွေပြောင်း အလုပ်သမား ၂၀၀ကျော်က ကိုဗစ်စစ်ဆေးရာမှာ လူ ၁၀၀ကျော် ကူးစက်မူဖြစ်နေတာ တွေ့ရတာကြောင့် အဲဒီနေရာက လူတွေကို ဆေးရုံပို့ကုသမူလုပ်နေရသလို၊ ဖက်ချဘွန်းပြည်နယ်က သကြားစက်ရုံမှာလည်း အစုလိုက်အပြုံလိုက် ကိုဗစ် ကူးစက်မူတွေ့ရှိကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ဗွီအိုအေကို ပြောပါတယ်။

"ဟွာဟင်းမှာအုပ်စုလိုက်တွေ့တာ။ ဆောက်လုပ်ရေးဆိုဒ်မှာတွေ့တာ။ အလုပ်သမားက မြန်မာနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေက အများစုလုပ်တာ။ အယောက်တွေ့တာ ၁၀၀ကျော်။ စုစုပေါင်း ၁၃၄ ဦး အဲဒီအုပ်စုမှာတွေ့တာ။ ဟွာဟင်:မှာရှိတဲ့ဆေးရုံမှာပဲ ကုနေရတာရှိသလို အဲဒီ ဆောက်လုပ်ရေးအလုပ်ဆိုဒ်ထဲမှာပဲ Field hospital တွေထားဖို့လည်းသူတို့စဉ်းစားနေတယ်၊ မလုပ်ဖြစ်သေးဘူး။
ဖက်ချဘွန်းမှာတော့ အယောက် ၉၀ သကြားစက်ရုံမှာတွေတယ်။ အဲဒီမှာတော့အလုပ်ရုံကိုတပတ်ပိတ်တယ်လို့ပြောတယ်။"

ဟွာဟင်းက ကိုဗစ်ပိုးတွေတဲ့ ရွေ့ပြောင်းအလုပ်သမားအများစုဟာ ရောဂါလက္ခဏာ မပြပဲ ဆေးစစ်မှသာ ပိုးကူးစက်နေတာတွေ့ရှိခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးအလုပ်ဆိုဒ်က ပိုးကူးဆက်နေတဲ့ အလုပ်သမားတွေဟာ ရပ်ကွက်အတွင်း သွားလာ ဈေးဝယ်နေတာကြောင့် နယ်မြေခံ ပြည်သူတွေကိုပါ ကူးစက်ပြန့်ပွားလာနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့က သတိပေးထုတ်ပြန်နေပါတယ်။

ထိုင်းနိုင်ငံမှာတော့ တနေ့တခြားကူးစက်မူတွေများလာပြီး သေဆုံးမူတွေလည်းတိုးလာနေသလို လမ်မတွေပေါ်မှာပဲ လဲကျသေဆုံးတာတွေခပ်စိတ်စိတ်ဖြစ်လာတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

"ထိုင်းနိုင်ငံမှာတော့ အခြေအနေကတော့ တနေ့ထက်တနေ့ပိုပြီးဆိုးလာတယ် လို့ပြောလို့ရတယ်။ ဒီနေ့လည်း ၁၃၃ယောက်သေတယ်။ အချိန်မှီဆေးကုသခွင့်မရလို့ လမ်းမှာပဲ သေနေတာတွေ များလာတယ်၊ မြို့လည်ခေါင်မှာလေ။"

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုအမြင့်ဆုံးပြည်နယ် ၁၃ခုရှိပြီး အဲဒီနေရာတွေမှာ ကန့်သတ်ပိတ်ဆို့မူတွေ လုပ်ထားပါတယ်။ ဒီပြည်နယ်တွေမှာ မြန်မာအလုပ်သမားတွေလည်း သောင်းနဲ့ချီကူးစက်မှုတွေ ဖြစ်နေတာပါ။ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးအလုပ်ဆိုဒ်တွေကို ကိုဗစ်စစ်ဆေးမူတွေလုပ်တဲ့အခါတိုင်း ရွေ့ပြောင်းအလုပ်သမား ရာနဲ့ချီကူးစက်တာတွေ ရှိနေပါတယ် ။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၅၄၃,၃၀၀ကျော် ရှိနေပြီး ဇူလိုင် ၂၈ ရက်နေ့မှာပဲ ကူးစက်သူလူနာအသစ် ၁၆,၅၀၀ ကျော်ရှိနေပါတယ်။ သေဆုံးသူကတော့ ၄၃၉၇ ယောက်ရှိပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG