သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ လူေမွာင္ခိုမႈ အႏၲရာယ္ အလုပ္သမားေရးလႈပ္ရွားသူေတြအျမင္


Human Trafficking လူကုန္ကူး ခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား (ယခင္မွတ္တမ္းဓါတ္ပုံ)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လူေမွာင္ခိုမႈ အႏၲရာယ္ေတြရွိေနသလို၊ တိုက္ဖ်က္ေရးမွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက အဂၤါ ေန့ကထုတ္ျပန္တဲ့  ႏွစ္ပတ္လည္ အစီရင္ခံစာက ေဖာ္ျပခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

ျမန္မာႏိုင္ငံ လူေမွာင္ခိုမႈ အႏၲရာယ္ အလုပ္သမားေရးလႈပ္ရွားသူေတြအျမင္

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ လူေမွာင္ခိုမႈ အႏၲရာယ္ေတြရွိေနသလို၊ တိုက္ဖ်က္ေရးမွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက အဂၤါ ေန့ကထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာက ေဖာ္ျပခဲ့ပါတယ္။ စစ္တပ္ အာဏာမသိမ္းခင္ကတည္းက လူကုန္ကူးမူ့ တိုက္ဖ်က္ေရးလုပ္ငန္းေတြ အားနည္းေနေနသလို စစ္တပ္အာဏာသိမ္းျပီးတဲ့ေနာက္ အသက္ရွင္ ရပ္တည္ဖို့ခက္ခဲေနတဲ့ ျမန္မာႏိုင္ငံသားေတြဟာ အလုပ္အကိုင္ရွာေဖြဖို့အျပင္ ႏိုင္ငံတြင္းမွာေနမရလို့ ထြက္ေျပးလာႀကရင္းနဲ့ လူကုန္ကူးသူေတြရဲ့သားေကာင္ေတြျဖစ္ရတယ္လို့လည္း အလုပ္သမားေရးတက္ႀကြ လႈပ္ရွားသူေတြကဆုိပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အေျခအေနေတြေၾကာင့္ လူေမွာင္ခိုမႈ အႏၲရာယ္ရွိေနသလို၊ တိုက္ဖ်က္ေရးမွာ အားနည္းခ်က္ေတြ ရွိေနတယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဌာနက အဂၤါ ေန့ကထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာက ေဖာ္ျပခဲ့ပါတယ္

စစ္အာဏာပိုင္ေတြဟာ ဒီမိုကေရစီေရး လိုလားသူေတြကို ဖိႏွိပ္အေရးယူဖို႔ ဦးစားေပးလာတာေၾကာင့္ လူေမွာင္ခိုမႈ တိုက္ဖ်က္ေရးမွာ သိသိသာသာ က်ဆင္းသြားတယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ ့အစီရင္ခံစာမွာ ေဖာ္ျပခဲ့တာပါ။စစ္အာဏာသိမ္းျပီးတဲ့ေနာက္ စစ္တပ္ကုိဆန့္က်င္သူေတြ အႀကမ္းမဖက္ အာဏာဖီဆန္လာတဲ့၀န္ထမ္းေတြမ်ားလာျပီး ျပည္တြင္းပဋိပကၡေတြ ႀကီးထြားလာမူေတြကလည္း လူကုန္ကူးမူ့တုိက္ဖ်က္ေရးလုပ္ငန္းေတြကုိ လုပ္ႏိုင္ဖို့ပုိျပီး အားနည္းလာတဲ့ အေႀကာင္းရင္းတရပ္ျဖစ္တယ္လို့ ထိုင္းအေျခစိုက္ ပညာေရးနဲ့ ဖြံျဖိုးတုိးတက္ေရးအဖဲြ႔က အလုပ္သမားေရး လွဳပ္ရွားသူ ဦးမင္းဦးက အခုလိုသံုးသပ္ပါတယ္ ။

" စစ္အာဏာသိမ္းျပီးကတည္းက ျပသနာေတြ ျပည္တြင္းပဋိပကၡေတြရွိေနတာေလ ။ အရင္တုန္းကလည္း လူကုန္ကူးမူ့နဲ႔ ပတ္သက္လုိ့ ပံ့ပိုးေဆာင္ရြက္မူ့ အပုိင္းေတြမွာ လိုအပ္ခ်က္ေတြရွိေနတာေတြ အားနည္းေနတာေလ။ အခုဆိုရင္ ဌာနဆုိင္ရာအေနနဲ့ လုပ္တဲ့ေနရာမွာ အင္အားမရွိေတာ့ဘူး။ ၀န္ထမ္းအင္အား စီမံခန့္ခဲြႏိုင္မူ့ အင္အားဘ႑ာေငြအစရွိတာ မလံုေလာက္ေတာ့ ဒီလိုအေနအထားေတြရိွမယ္ဆုိတာ ထင္ထားျပီးသားပါ ။ ျမန္မာဘက္မွာေတာ့ အရင္းအျမစ္ေတြမရွိဘူး။ အရင္းအျမစ္ဆုိတာ လူအင္အား ၊ ပစၥည္းအင္အားေတြ အစံုလုပ္ပုိင္ခြင့္ေတြမရွိဘူး။ ေငြေႀကးမရိွဘူး။ သက္ဆုိင္တဲ့ ဌာနဆုိင္ရာေတြ အေနနဲ့လည္း သူတို့လုပ္ခ်င္တာလုပ္လို့မရဘူး။ ဒီဟာေတြ အကုန္လံုးကို စစ္တပ္က လူေတြကပဲ ကုိင္တြယ္ထားတာေလ"

တိုင္းျပည္တြင္းမွာပဲ စီးပြားေရးႀကပ္တည္းမူေတြေႀကာင့္ လူကုန္ကူးမူေတြရွိေနသလို အိမ္နီးနားခ်င္ းႏိုင္ငံျဖစ္တဲ့ထုိင္းနယ္စပ္ေတြမွာလည္း လူကုန္ကူးသူေတြ ေခၚလာတဲ့ျမန္မာေတြကုိ ထုိင္းအာဏာပုိင္ေတြက အစုလိုက္ အျပံဳလိုက္ဖမ္းဆီးတာေတြရိွေနပါတယ္ ။ ဒါဟာ စစ္တပ္အာဏာသိမ္းျပီးခ်ိန္ ကစလို့ ျမန္မာျပည္တြင္းက ျပည္သူေတြဟာ အသက္ရွင္ ရပ္တည္ဖို႔အတြက္ ထြက္ေျပးတိမ္းေရွာင္ရင္း လူကုန္ကူးသူေတြရဲ႕ သားေကာင္ေတြျဖစ္လာရတယ္လို႔လည္း ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔က အလုပ္သမားေရးလႈပ္ရွားသူ ဦးမုိးေက်ာ္ ကလည္းဆုိပါတယ္။

"လူကုန္ကူးမူ႔ကေတာ့ စစ္တပ္အာဏာသိမ္းျပီးကတည္းက အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ ႏိုင္ငံတြင္းမွာ ရပ္တည္ေနထုိင္ဖို႔ အသက္ရွင္ေနထုိင္ဖို႔အတြက္ ခက္ခဲတဲ့အတြက္ တျခား နယ္နမိတ္နယ္စပ္ တျခားႏုိင္ငံေတြထဲကုိ ၀င္ေရာက္လာတာေတြရွိတယ္ ။ နယ္စပ္ေတြထဲမွာ ရာနဲ့ခ်ီရွိတဲ့ သူေတြဖမ္းမိေနႀကတယ္"

ကမ ၻာတ၀ွမ္းမွာ လက္ရွိ လူကုန္ကူးမႈရဲ႔ သားေကာင္းျဖစ္ရသူ လူေပါင္း ၂၅ သန္း နီးပါး ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ေျပာဆိုခဲ႔တာပါ။ စစ္အာဏာသိမ္းမႈေၾကာင့္ စစ္တပ္နဲ႔ ျပည္သူ့ကာကြယ္ေရးတပ္ဖဲြ႔ေတြ၊ တိုင္ရင္းသားလက္နက္ကို္္င္ေတြႀကား လက္နက္ကိုင္ ပဋိပကၡေတြ ပုိျပီးက်ယ္က်ယ္ျပန့္ျပန့္ ျဖစ္လာသလို့ စစ္ေဘးေႀကာင့္ သိန္းနဲ့ခ်ီရွိတဲ့ လူထုေတြ အိုးအိမ္စြန့္ခြါ ထြက္ေျပးခဲ့ရတယ္လို႔ အစီရင္ခံစာမွာပါရွိပါတယ္။ ဒီထြက္ေျပးရသူေတြထဲက အမ်ားအျပားဟာ လူကုန္ကူးခံရမယ့္ အႏၲရာယ္ ရွိေၾကာင္းလည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ျမန္မာႏိုင္ငံဟာ လူကုန္ကူးမူ႔ တုိက္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ အနိမ့္ဆံုးအဆင့္ သတ္မွတ္္ခ်က္ျပည့္မွီေအာင္ ေဆာင္ရြက္နို္င္တာမရွိတဲ့အတြက္ လူကုန္ကူးမူ႔နဲ႔ ပတ္သက္လုိ႔ အဆိုးဝါးဆံုးဆင့္ Tier 3 အျဖစ္သတ္မွတ္ခံထားရတာ အခုဆိုရင္ ၅ႏွစ္ဆက္တုိက္ရွိသြားျပီျဖစ္ပါတယ္။

့ အိမ္နီးနားခ်င္း ႏုိင္ငံေတြျဖစ္တဲ့ ျမန္မာနဲ႔ မေလးရွားႏုိင္ငံနဲ႔ ဆက္စပ္ျပီး လူကုန္ကူးမူေတြ အျဖစ္မ်ားေနတဲ့ ထုိင္းနုိင္ငံဟာ လူကုန္ကူးမူ တိုက္ဖ်က္ေရးေတြကို ပုိမိုလုပ္ေဆာင္ဖုိ႔အတြက္ ႏိုင္ငံတြင္းက အေရးႀကီးတဲ့ ဌာနဆိုင္ရာေတြကို ထပ္မံတိုးခ်ဲ ပူးေပါင္းခဲ့ပါတယ္။ အခ်က္အလက္ စုေဆာင္းေရးဌာန၊ တရားေရးဌာနေတြ အပါအအ၀င္ ဌာနဆိုင္ရာ ၁၀ခု အထိတုိးခ်ဲ႔ တာေတြကိုလုပ္ခဲ့တာပါ။ ဒီအတြက္ အေမရိကန္ ႏိုင္ငံျခားေရးဌာနက tire 2 ေစာင့္ႀကည့္အဆင့္ ကေန ပယ္ဖ်က္ျပီး လူကုန္ကူးမူ့တုိက္ဖ်က္ေရးကို ေကာင္မြန္စြာလုပ္ႏိုင္ခဲ့တဲ့အတြက္ Tire 2 အဆင့္ကုိ သတ္မွတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................................

မြန်မာနိုင်ငံ လူမှောင်ခိုမှု အန္တရာယ် အလုပ်သမားရေးလှုပ်ရှားသူတွေအမြင်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေတွေကြောင့် လူမှောင်ခိုမှု အန္တရာယ်တွေရှိနေသလို၊ တိုက်ဖျက်ရေးမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အင်္ဂါ နေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ စစ်တပ် အာဏာမသိမ်းခင်ကတည်းက လူကုန်ကူးမူ့ တိုက်ဖျက်ရေးလုပ်ငန်းတွေ အားနည်းနေနေသလို စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အသက်ရှင် ရပ်တည်ဖို့ခက်ခဲနေတဲ့ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်ရှာဖွေဖို့အပြင် နိုင်ငံတွင်းမှာနေမရလို့ ထွက်ပြေးလာကြရင်းနဲ့ လူကုန်ကူးသူတွေရဲ့သားကောင်တွေဖြစ်ရတယ်လို့လည်း အလုပ်သမားရေးတက်ကြွ လှုပ်ရှားသူတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေတွေကြောင့် လူမှောင်ခိုမှု အန္တရာယ်ရှိနေသလို၊ တိုက်ဖျက်ရေးမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက အင်္ဂါ နေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်

စစ်အာဏာပိုင်တွေဟာ ဒီမိုကရေစီရေး လိုလားသူတွေကို ဖိနှိပ်အရေးယူဖို့ ဦးစားပေးလာတာကြောင့် လူမှောင်ခိုမှု တိုက်ဖျက်ရေးမှာ သိသိသာသာ ကျဆင်းသွားတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ကိုဆန့်ကျင်သူတွေ အကြမ်းမဖက် အာဏာဖီဆန်လာတဲ့ဝန်ထမ်းတွေများလာပြီး ပြည်တွင်းပဋိပက္ခတွေ ကြီးထွားလာမူတွေကလည်း လူကုန်ကူးမူ့တိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်နိုင်ဖို့ပိုပြီး အားနည်းလာတဲ့ အကြောင်းရင်းတရပ်ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုသုံးသပ်ပါတယ် ။

" စစ်အာဏာသိမ်းပြီးကတည်းက ပြသနာတွေ ပြည်တွင်းပဋိပက္ခတွေရှိနေတာလေ ။ အရင်တုန်းကလည်း လူကုန်ကူးမူ့နဲ့ ပတ်သက်လို့ ပံ့ပိုးဆောင်ရွက်မူ့ အပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေတာတွေ အားနည်းနေတာလေ။ အခုဆိုရင် ဌာနဆိုင်ရာအနေနဲ့ လုပ်တဲ့နေရာမှာ အင်အားမရှိတော့ဘူး။ ဝန်ထမ်းအင်အား စီမံခန့်ခွဲနိုင်မူ့ အင်အားဘဏ္ဍာငွေအစရှိတာ မလုံလောက်တော့ ဒီလိုအနေအထားတွေရှိမယ်ဆိုတာ ထင်ထားပြီးသားပါ ။ မြန်မာဘက်မှာတော့ အရင်းအမြစ်တွေမရှိဘူး။ အရင်းအမြစ်ဆိုတာ လူအင်အား ၊ ပစ္စည်းအင်အားတွေ အစုံလုပ်ပိုင်ခွင့်တွေမရှိဘူး။ ငွေကြေးမရှိဘူး။ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ အနေနဲ့လည်း သူတို့လုပ်ချင်တာလုပ်လို့မရဘူး။ ဒီဟာတွေ အကုန်လုံးကို စစ်တပ်က လူတွေကပဲ ကိုင်တွယ်ထားတာလေ"

တိုင်းပြည်တွင်းမှာပဲ စီးပွားရေးကြပ်တည်းမူတွေကြောင့် လူကုန်ကူးမူတွေရှိနေသလို အိမ်နီးနားချင် းနိုင်ငံဖြစ်တဲ့ထိုင်းနယ်စပ်တွေမှာလည်း လူကုန်ကူးသူတွေ ခေါ်လာတဲ့မြန်မာတွေကို ထိုင်းအာဏာပိုင်တွေက အစုလိုက် အပြုံလိုက်ဖမ်းဆီးတာတွေရှိနေပါတယ် ။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးချိန် ကစလို့ မြန်မာပြည်တွင်းက ပြည်သူတွေဟာ အသက်ရှင် ရပ်တည်ဖို့အတွက် ထွက်ပြေးတိမ်းရှောင်ရင်း လူကုန်ကူးသူတွေရဲ့ သားကောင်တွေဖြစ်လာရတယ်လို့လည်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော် ကလည်းဆိုပါတယ်။

"လူကုန်ကူးမူ့ကတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတွင်းမှာ ရပ်တည်နေထိုင်ဖို့ အသက်ရှင်နေထိုင်ဖို့အတွက် ခက်ခဲတဲ့အတွက် တခြား နယ်နမိတ်နယ်စပ် တခြားနိုင်ငံတွေထဲကို ဝင်ရောက်လာတာတွေရှိတယ် ။ နယ်စပ်တွေထဲမှာ ရာနဲ့ချီရှိတဲ့ သူတွေဖမ်းမိနေကြတယ်"

ကမ ္ဘာတဝှမ်းမှာ လက်ရှိ လူကုန်ကူးမှုရဲ့ သားကောင်းဖြစ်ရသူ လူပေါင်း ၂၅ သန်း နီးပါး ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုခဲ့တာပါ။ စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်ရင်းသားလက်နက်ကို်င်တွေကြား လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို့ စစ်ဘေးကြောင့် သိန်းနဲ့ချီရှိတဲ့ လူထုတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။ ဒီထွက်ပြေးရသူတွေထဲက အများအပြားဟာ လူကုန်ကူးခံရမယ့် အန္တရာယ် ရှိကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံဟာ လူကုန်ကူးမူ့ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်ပြည့်မှီအောင် ဆောင်ရွက်နိုင်တာမရှိတဲ့အတွက် လူကုန်ကူးမူ့နဲ့ ပတ်သက်လို့ အဆိုးဝါးဆုံးဆင့် Tier 3 အဖြစ်သတ်မှတ်ခံထားရတာ အခုဆိုရင် ၅နှစ်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။

့ အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ မလေးရှားနိုင်ငံနဲ့ ဆက်စပ်ပြီး လူကုန်ကူးမူတွေ အဖြစ်များနေတဲ့ ထိုင်းနိုင်ငံဟာ လူကုန်ကူးမူ တိုက်ဖျက်ရေးတွေကို ပိုမိုလုပ်ဆောင်ဖို့အတွက် နိုင်ငံတွင်းက အရေးကြီးတဲ့ ဌာနဆိုင်ရာတွေကို ထပ်မံတိုးချဲ ပူးပေါင်းခဲ့ပါတယ်။ အချက်အလက် စုဆောင်းရေးဌာန၊ တရားရေးဌာနတွေ အပါအအဝင် ဌာနဆိုင်ရာ ၁၀ခု အထိတိုးချဲ့ တာတွေကိုလုပ်ခဲ့တာပါ။ ဒီအတွက် အမေရိကန် နိုင်ငံခြားရေးဌာနက tire 2 စောင့်ကြည့်အဆင့် ကနေ ပယ်ဖျက်ပြီး လူကုန်ကူးမူ့တိုက်ဖျက်ရေးကို ကောင်မွန်စွာလုပ်နိုင်ခဲ့တဲ့အတွက် Tire 2 အဆင့်ကို သတ်မှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG