သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက တရားမဝင္ ဝင္ေရာက္လာသူ ၆ဝ ေက်ာ္ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ 


Human Trafficking လူကုန္ကူး ခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား (ယခင္မွတ္တမ္းဓါတ္ပုံ)

ထိုင္း မေလးရွားနယ္စပ္ ဆံုခလာျပည္နယ္ထဲမွာ ဖမ္းမိတဲ့ ျမန္မာႏို္င္ငံကေန ၀င္ေရာက္လာသူ အေထာက္အထားမဲ့ ၆၀ေက်ာ္ထဲက ၃၉ဦးဟာ လူကုန္ကူးခံရသူေတြအျဖစ္ စစ္ေဆးေတြရွိတယ္လို့ ထုိင္းအာဏာပုိင္ေတြကဆုိပါတယ္။ ဒီသတင္းကုီ ဗီြအိုေအ သတင္းေထာက္မေအးေအမာ က သတင္းေပးပို့ထားပါတယ္။

ျမန္မာႏိုင္ငံက တရားမဝင္ ဝင္ေရာက္လာသူ ၆ဝ ေက်ာ္ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}
ထိုင္း မေလးရွားနယ္စပ္ ဆံုခလာျပည္နယ္ထဲမွာ မတ္လ၂၆ရက္ေန့က ဖမ္းမိတဲ့ ျမန္မာႏို္င္ငံကေန ၀င္ေရာက္လာသူ အေထာက္အထားမဲ့ ၆၀ေက်ာ္ထဲက ၃၉ဦးဟာ လူကုန္ကူးခံရသူေတြအျဖစ္ စစ္ေဆးေတြရွိတယ္လို့ ထုိင္းအာဏာပုိင္ေတြကဆုိပါတယ္။ ဒီထဲမွာအသက္ ၆ ႏွစ္ကေန ၁၇ႏွစ္ႀကား ရိုဟင္ဂ်ာ ၂၆ဦးပါ၀င္ပါတယ္။ ဒီသတင္းကုီ ဗီြအိုေအ သတင္းေထာက္မေအးေအမာ က သတင္းေပးပို့ထားပါတယ္။

ထိုင္း မေလးရွား နယ္စပ္ ဆံုခလာျပည္နယ္ထဲမွာ ျမန္မာႏိုင္ငံကေန၀င္ေရာက္လာသူ အေထာက္အထားမဲ့ ၆၀ေက်ာ္ကုိ ျပီးခဲတဲ့ ရက္ပိုင္းကပဲ ထုိင္းအာဏာပုိင္ေတြကဖမ္ဆီးခဲ့ပါတယ္။ ဒီထဲမွာ အသက္မျပည့္ေသးတဲ့ ရိုဟင္ဂ်ာကေလးငယ္ ၂၆ဦးအပါအ၀င္ ျမန္မာႏိုင္ငံက လာသူ ၃၉ဦးဟာ လူကုန္ကူးခံရသူေတြျဖစ္ေႀကာင္း ထုိင္းအာဏာပုိင္ေတြက ေျပာဆုိခဲ့ပါတယ္။ ဒီအေႀကာင္းနဲ့ပတ္သက္လို AAC အလုပ္သမားကူညီေရးအဖဲြက ေျပာေရးဆိုခြင့္ရိွသူကိုရဲမင္း က အခုလိုေျပာပါတယ္။

"ဆံုခလာနယ္ေျမမွာ ျမန္မာႏိုင္ငံသား ၆၁ဦးဖမ္းဆီးခံရပါတယ္။ အဲဒီထဲက ၃၉ဦးကေတာ့ လူကုန္ကူးခံရတဲ့ အေႀကာင္းစစ္ေဆးေတြ့ရွိတယ္လို့ ထုိင္းအာဏာပုိင္ေတြကေျပာထားပါတယ္။ အဲဒီကမွ အသက္၆ႏွစ္ကေန့ ၁၇ႏွစ္ႀကားရိုဟင္ဂ်ာ ၂၆ဦးပါတယ္။ က်န္တာကေတာ့ အလုပ္သြားလုပ္ႀကမယ့္ တရားမ၀င္ ေရႊေျပာင္းျမန္မာႏို္င္ငံသားေတြပါတယ္။ တခ်ိဳကေတာ့ ထိုင္းထဲကုိ တခ်ိဳ့လည္း မေလးရွားကိုေပါ့ "

သူတုိ့ကုိ ဖမ္းမိျပီး ဌာနဆိုင္ရာအဖဲြ ့ေပါင္းစံုက ၅ရက္ခန့္ အႀကာစစ္ေဆးျပီးတဲ့ေနာက္ လူကုန္ကူးခံရသူေတြျဖစ္ေႀကာင္း ဆံုးျဖတ္ခ်က္ခ်ခဲ့တာျဖစ္တယ္လို့လည္း ထုိင္းေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ့ ဖြံျဖိဳးတိုးတက္ေရးအဖဲြ FED က အလုပ္သမားေရးရာတာ၀န္ခံဦးမင္းဦးလည္းေျပာပါတယ္။

" လူကုန္ကူးတို့ လူေမွာင္ခိုတို့ ျဖစ္ျပီဆိုရင္ သက္ဆုိင္ရာဌာနေတြက လာျပီးစစ္ေဆးမူ့ယူတယ္။ စစ္ေဆးမူယူတဲ့အခ်ိန္မွာ လ၀က ပါတယ္။ ေဖာေမာလို့ ေခၚတဲ့ လူသားအရင္းအျမစ္နဲ့ လူမူ့ဖြံျဖိုးေရးဌာန၊ ျပီးေတာ့ရဲပါမယ္။ ျပီးေတာ့ ဌာနခဲြျဖစ္တဲ့ မိခင္နဲ့ကေလးေစာင့္ေရွာက္ေရးဌာနပါမယ္။ အဲဒီက ၄ ဌာနပါျပီးေတာ့မွ လူကုန္ကူးမူ့ေျမာက္တယ္မေျမာက္ဘူးဆိုတာကိုေတာ့ အဲဒီဌာနေတြက သူတို့ရဲ့စစ္ေဆးခ်က္ကိုရယူျပီးမွ ဆံုျဖတ္ခ်က္ကိုခ်တယ္ "

ဖမ္းဆီးခံရသူေတြကိုေတာ့ လူကုန္ကူခံရသူေတြကို ထားတဲ့စင္တာမွာထားျပီး လူကုန္ကူးသူေတြကို တရားစဲြဆုိတဲ့အခါမွာ သက္ေသေတြအျဖစ္ ထြက္ဆုိဖို့ ထားအုန္းမွာျဖစ္တယ္လို့လည္း ဦးမင္းဦးကေျပာပါတယ္။

" လူကုန္ကူးတဲ့သူေတြကို တရားစဲြဆိုအေရးယူတဲ့ကိစၥမွာ သူတို့ကသက္ေသေတြျဖစ္ေနျပီေလ။ သက္ေသထြက္ဆုိခ်က္ေတြလုပ္ရေတာ့မယ္ ။ တရာစဲြဆုိျပီးတဲ့ကိစၥ အမူေတြျပီးတဲ့အထိ သူတို့ေနရေတာ့မယ္"

ေလာေလာဆယ္မွာေတာ့ လူကုန္ကူးမူ့မွ ာပါ၀င္ပတ္သက္ေနတဲ့ ထုိင္းအစိုးရ ဌာနဆိုင္ရာ၀န္ထမ္းေတြနဲ့ ထုိင္းနဲ့မေလးရွားကုိပုိ့ေနတဲ့လူကုန္ကူးတဲ့လမ္းေႀကာင္းမွာ ပါ၀င္ပတ္သက္ေနသူေတြကို ေဖာ္ထုတ္ဖမ္းဆီးဖို့အတြက္ လူကုန္ကူးခံရသူေတြကို ထိုင္းအာဏာပုိင္ေတြကထိမ္းသိမ္းထားျပီး ဆက္လက္စစ္ေဆးမူေတြကို လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၆၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

{{Zawgyi/Unicode}}
ထိုင်း မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မတ်လ၂၆ရက်နေ့က ဖမ်းမိတဲ့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ အထောက်အထားမဲ့ ၆၀ကျော်ထဲက ၃၉ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးတွေရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဒီထဲမှာအသက် ၆ နှစ်ကနေ ၁၇နှစ်ကြား ရိုဟင်ဂျာ ၂၆ဦးပါဝင်ပါတယ်။ ဒီသတင်းကီု ဗွီအိုအေ သတင်းထောက်မအေးအေမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်း မလေးရှား နယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မြန်မာနိုင်ငံကနေဝင်ရောက်လာသူ အထောက်အထားမဲ့ ၆၀ကျော်ကို ပြီးခဲတဲ့ ရက်ပိုင်းကပဲ ထိုင်းအာဏာပိုင်တွေကဖမ်ဆီးခဲ့ပါတယ်။ ဒီထဲမှာ အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာကလေးငယ် ၂၆ဦးအပါအဝင် မြန်မာနိုင်ငံက လာသူ ၃၉ဦးဟာ လူကုန်ကူးခံရသူတွေဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို AAC အလုပ်သမားကူညီရေးအဖွဲက ပြောရေးဆိုခွင့်ရှိသူကိုရဲမင်း က အခုလိုပြောပါတယ်။

"ဆုံခလာနယ်မြေမှာ မြန်မာနိုင်ငံသား ၆၁ဦးဖမ်းဆီးခံရပါတယ်။ အဲဒီထဲက ၃၉ဦးကတော့ လူကုန်ကူးခံရတဲ့ အကြောင်းစစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောထားပါတယ်။ အဲဒီကမှ အသက်၆နှစ်ကနေ့ ၁၇နှစ်ကြားရိုဟင်ဂျာ ၂၆ဦးပါတယ်။ ကျန်တာကတော့ အလုပ်သွားလုပ်ကြမယ့် တရားမဝင် ရွှေပြောင်းမြန်မာနိုင်ငံသားတွေပါတယ်။ တချိုကတော့ ထိုင်းထဲကို တချို့လည်း မလေးရှားကိုပေါ့ "

သူတို့ကို ဖမ်းမိပြီး ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံက ၅ရက်ခန့် အကြာစစ်ဆေးပြီးတဲ့နောက် လူကုန်ကူးခံရသူတွေဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့လည်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ FED က အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးလည်းပြောပါတယ်။

" လူကုန်ကူးတို့ လူမှောင်ခိုတို့ ဖြစ်ပြီဆိုရင် သက်ဆိုင်ရာဌာနတွေက လာပြီးစစ်ဆေးမူ့ယူတယ်။ စစ်ဆေးမူယူတဲ့အချိန်မှာ လဝက ပါတယ်။ ဖောမောလို့ ခေါ်တဲ့ လူသားအရင်းအမြစ်နဲ့ လူမူ့ဖွံဖြိုးရေးဌာန၊ ပြီးတော့ရဲပါမယ်။ ပြီးတော့ ဌာနခွဲဖြစ်တဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနပါမယ်။ အဲဒီက ၄ ဌာနပါပြီးတော့မှ လူကုန်ကူးမူ့မြောက်တယ်မမြောက်ဘူးဆိုတာကိုတော့ အဲဒီဌာနတွေက သူတို့ရဲ့စစ်ဆေးချက်ကိုရယူပြီးမှ ဆုံဖြတ်ချက်ကိုချတယ် "

ဖမ်းဆီးခံရသူတွေကိုတော့ လူကုန်ကူခံရသူတွေကို ထားတဲ့စင်တာမှာထားပြီး လူကုန်ကူးသူတွေကို တရားစွဲဆိုတဲ့အခါမှာ သက်သေတွေအဖြစ် ထွက်ဆိုဖို့ ထားအုန်းမှာဖြစ်တယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

" လူကုန်ကူးတဲ့သူတွေကို တရားစွဲဆိုအရေးယူတဲ့ကိစ္စမှာ သူတို့ကသက်သေတွေဖြစ်နေပြီလေ။ သက်သေထွက်ဆိုချက်တွေလုပ်ရတော့မယ် ။ တရာစွဲဆိုပြီးတဲ့ကိစ္စ အမူတွေပြီးတဲ့အထိ သူတို့နေရတော့မယ်"

လောလောဆယ်မှာတော့ လူကုန်ကူးမူ့မှ ာပါဝင်ပတ်သက်နေတဲ့ ထိုင်းအစိုးရ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ထိုင်းနဲ့မလေးရှားကိုပို့နေတဲ့လူကုန်ကူးတဲ့လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေသူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့အတွက် လူကုန်ကူးခံရသူတွေကို ထိုင်းအာဏာပိုင်တွေကထိမ်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမူတွေကို လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG