သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပူတာအိုၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ KIA တပ္အဖဲြ႔ၾကား တိုက္ပဲြေတြျဖစ္ေနဆဲ


Kachin Independence Army (KIA)  ယခင္ပံုေဟာင္း

[[Zawgyi/Unicode]]


ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္ ဆြမ္ပီယန္ေက်း႐ြာမွာ စစ္ေကာင္စီတပ္နဲ႔ KIA ကခ်င္တိုင္းရင္းသားအဖြဲ႕ၾကား မတ္လ ၃ ရက္ ၾကာသပေတးေန႔ ညေနကစတင္ခဲ့တဲ့ တိုက္ပြဲေတြ ေသာၾကာေန႔အထိလည္း ဆက္ျဖစ္ေနပါတယ္။ တိုက္ပြဲေတြအတြင္း ေဒသခံျပည္သူေတြရဲ႕ ေနအိမ္တခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္ ဆြန္ပီယန္ရြာအနီး ပိတ္မိေနတဲ့ ကုန္တင္ကားႀကီးေတြေတာ့ ဒီေန႔ ပူတာအိုၿမိဳ႕ဘက္ သြားႏိုင္တယ္လို႔ ေျပာပါတယ္။ ပူတာအိုၿမိဳ႕နယ္အတြင္းက ေနာက္ဆုံးအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ပူတာအိုၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KIA ကခ်င္အဖြဲ႕ၾကား ေဖေဖာ္ ဝါရီလ လဆန္းတည္းက တိုက္ပြဲေတြ ျပန္လည္ျဖစ္ခဲ့တာပါ။ KIA နဲ႔ PDF ပူးေပါင္းတပ္ေတြက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က သိမ္းယူထားတဲ့ ဆြမ္ပီယန္ေက်း႐ြာက စစ္ေကာင္စီတပ္စခန္းေနရာကို မတ္လ ၃ ရက္ ၾကာသပေတးေန႔က စစ္ေကာင္စီဘက္က ျပန္လည္ ထိုးစစ္ဆင္ တိုက္ခိုက္လာတာ ျဖစ္ပါတယ္။

လက္ရွိတိုက္ပြဲျဖစ္ပြားေနတဲ့ အေျခအေနကို KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက VOA ကို အခုလို ေျပာပါတယ္။

“တိုက္ပြဲျဖစ္တာကေတာ့ မွန္ပါတယ္။ စစ္ေကာင္စီဘက္ကေန စစ္ကူေတြတက္ လာလို႔ ခုခံတိုက္ပြဲေတြ ရွိပါတယ္။ ေနာက္တခုရွိတာကေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေပ့ါေနာ္။ က်ေနာ္တို႔ KIA ဘက္ကေန သိမ္းထားတဲ့ သူတို႔ရဲ႕ စခန္းဘက္ သူတို႔က ျပန္တက္လာတယ္။ အဲဒီေနရာမွာလည္း ခုခံတိုက္ပြဲျဖစ္တာ ရွိပါတယ္။ ေနာက္တခုရွိတာကေတာ့ သူတို႔က လက္နက္ႀကီးေတြ ပစ္လို႔ ဆြမ္ပီယန္ဘက္မွာ ႐ြာသားေတြရဲ႕ ေနအိမ္ေတြဘက္ကို က်သြားတဲ့ဟာလည္း ရွိပါတယ္။ ျဖစ္စဥ္ကေပါ့ေနာ္။ အေသးစိတ္ကေတာ့ အခုထက္ထိကေတာ့ မရေသးပါဘူး။ တိုက္ပြဲကေတာ့ ဆက္ျဖစ္ေနတဲ့အေနအထားျဖစ္ပါတယ္။”

အနည္းဆုံး ၂ ေနရာမွာ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေျပာပါတယ္။ ဆြမ္ပီယန္ ႐ြာ က ေနအိမ္ အနည္းဆုံး ၄ အိမ္ေလာက္ မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ေဒသတြင္းသတင္းမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ ပူတာအို ေဒသခံတဦးကလည္း ဆြမ္ပီယန္႐ြာဘက္က တိုက္ပြဲအေျခအေနကို ခုလို ေျပာပါတယ္။

“ဆြမ္ပီယန္၊ ေနာက္ၿပီး ဟို ဆြမ္ပီယန္နဲ႔ ဝါဒတ္ၾကား ဒီေန႔ တေနကုန္ တိုက္ပြဲျဖစ္ တယ္။ အခုလည္း ျဖစ္ေနတုန္းပဲ။ ေသနတ္ႀကီးသံေတြေတာ့ ၾကားတယ္။ ဆြမ္ပီယန္မွာဆို မနက္ကေန ဒီအခ်ိန္ထိေပါ့။ ဟိုတေန႔က ေလယာဥ္နဲ႔ လာတယ္။ ဟိုက္စကီ ၂ စီးရယ္။ တိုက္ေလယာဥ္ တစီးရယ္။”

ေလေၾကာင္းက တိုက္ခိုက္ခဲ့တာဟာ ဒီလ ၁ ရက္ေန႔က ဆြမ္ပီယန္ေက်း႐ြာအနီး စစ္ေကာင္စီတပ္အေျခစိုက္ရာ ရွိန္ဂတ္ဘြမ္စခန္း ဘက္မွာျဖစ္ခဲ့တာပါ။

ဒီလဆန္းက စတင္ျဖစ္ခဲ့တဲ့ ပူတာအိုၿမိဳ႕နယ္အတြင္းတိုက္ပြဲေတြေၾကာင့္ ဆြမ္ပီယန္ နဲ႔ အနီးအနားေက်း႐ြာက ေဒသခံ ၁၀၀၀ ေက်ာ္ေလာက္နဲ႔ လုံရွာယန္ေက်း႐ြာေဒ သခံ ၅၀၀၀ ေက်ာ္ဟာ ေတာေတာင္ေတြထဲမွာ ပုန္းေရွာင္ေနၾကတာ အခုခ်ိန္ထိ ေနအိမ္ကို မျပန္ႏိုင္ၾကေသးပါဘူး။

စစ္ေကာင္စီေျပာေရးဆုိခြင့္ရိွသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ လက္ရိွ ပူတာအိုၿမိဳ႕နယ္အတြင္း တိုက္ပဲြျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အခုလုိ ေျပာပါတယ္။

“ အဲဒီ ဆြမ္ပီယန္ဘက္ကေတာ့ ဒီ ေခါလန္ဖူး ျပည္သူ႔စစ္နဲ႔ ျဖစ္တာေတာ့ ရိွတယ္။ မေန႔က ညေနပိုင္းမွာ ျဖစ္ခဲ့တာျဖစ္တယ္။ အဲဒီကေတာ့ ထိခိုက္က်ဆံုးမႈေတာ့ မရိွပါဘူး။ ဟိုဘက္ေတာ့ က်ေနာ္တုိ႔ မသိဘူးေပါ့။ အဲဒီ ဆြမ္ပီယန္ ရြာအဝင္မွာ KIA ဘက္က ၄၀ ေလာက္ ေခါင္လန္ဖူး ျပည္သူ႔စစ္နဲ႔ ပစ္ခတ္တဲ့ ျဖစ္စဥ္ရိွပါတယ္ခင္ဗ်။ အဲဒီျဖစ္စဥ္ပါပဲ။ ”

ကခ်င္ျပည္နယ္ထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျမစ္ႀကီးနား- ဆြမ္ပရာဘြမ္- ပူတာအိုလမ္းကို ေဖေဖာ္ဝါရီလ ေနာက္ဆုံးပတ္ ေလာက္က စတင္ၿပီး KIAနဲ႔ PDF ပူးေပါင္းအဖြဲ႔က ယာယီပိတ္ခဲ့ၿပီး မတ္လ ၂ ရက္ေန႔မွာေတာ့ ျပန္ဖြင့္ခဲ့ပါတယ္။

လမ္းျပန္ဖြင့္ခဲ့ေပမယ့္ ၃ ရက္ေန႔ ညေနပိုင္းက ဆြမ္ပီယန္မွာ တိုက္ပြဲျဖစ္တာေၾကာင့္ ကုန္တင္ယာဥ္ေတြ ပိတ္မိေနခဲ့ၿပီး ေသာၾကာေန႔မွာေတာ့ ျပန္လည္ သြားလာေနၿပီလို႔ ပူတာအိုေဒသခံက ေျပာပါတယ္။

“ကားေသးေတြက မေန႔ညေနပိုင္းက ဝင္တာ ဟုတ္တယ္။ ကားႀကီးကေတာ့ မေန႔က ဆြမ္ပီယန္မွာ တိုက္ပြဲျဖစ္တယ္ဆိုေတာ့ အဲဒီမွာ မေက်ာ္ရဘဲ ဆြမ္ပီယန္ ဟိုဘက္မွာ နားေနရတာ။ အခု ဒီမနက္မွာပဲ ကားႀကီးေတြ ကားေသးေတြေရာ အမ်ားႀကီး ဝင္တယ္။ ပူတာအိုဘက္ကလည္းပဲ ျမစ္ႀကီးနားဘက္ကို ထြက္သြားတယ္ ဒီမနက္က။”

ပူတာအိုၿမိဳ႕ကို ေလာင္စာတင္ယာဥ္ေတြနဲ႔ ကုန္တင္ကားေတြ ျပန္လည္ ဝင္ေရာက္ လာတဲ့ေနာက္မွာ ဓါတ္ဆီဆိုင္ေတြမွာ ေလာင္စာဆီေတြ ျပန္လည္ျဖန႔္ျဖဴးတာေတြရွိေၾကာင္းနဲ႔ လူတဦးကို ဓါတ္ဆီ တဂါလံ( ၄လီတာနီးပါး)ကို က်ပ္ေငြ တေသာင္းႏႈန္းနဲ႔ ေရာင္းခ်ေနေၾကာင္း ေျပာပါတယ္။

ပူတာအိုေဒသဟာ ျမန္မာႏိုင္ငံေျမာက္ဘက္စြန္းမွာတည္ရွိၿပီး အသြားအလာ ခက္ခဲတဲ့ေဒသျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြက လမ္းပိတ္ခဲ့တာေၾကာင့္ ပူတာအိုမွာ ေလာင္စာဆီျပတ္လပ္ တာခဲ့သလို အေျခခံစားေသာက္ကုန္ပစၥည္းေဈးေတြလည္း ျမင့္တက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်အဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေဆဲ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်တိုင်းရင်းသားအဖွဲ့ကြား မတ်လ ၃ ရက် ကြာသပတေးနေ့ ညနေကစတင်ခဲ့တဲ့ တိုက်ပွဲတွေ သောကြာနေ့အထိလည်း ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဆွန်ပီယန်ရွာအနီး ပိတ်မိနေတဲ့ ကုန်တင်ကားကြီးတွေတော့ ဒီနေ့ ပူတာအိုမြို့ဘက် သွားနိုင်တယ်လို့ ပြောပါတယ်။ ပူတာအိုမြို့နယ်အတွင်းက နောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA ကချင်အဖွဲ့ကြား ဖေဖော် ဝါရီလ လဆန်းတည်းက တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာပါ။ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းယူထားတဲ့ ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းနေရာကို မတ်လ ၃ ရက် ကြာသပတေးနေ့က စစ်ကောင်စီဘက်က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ စစ်ကောင်စီဘက်ကနေ စစ်ကူတွေတက် လာလို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ နောက်တခုရှိတာကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ပေ့ါနော်။ ကျနော်တို့ KIA ဘက်ကနေ သိမ်းထားတဲ့ သူတို့ရဲ့ စခန်းဘက် သူတို့က ပြန်တက်လာတယ်။ အဲဒီနေရာမှာလည်း ခုခံတိုက်ပွဲဖြစ်တာ ရှိပါတယ်။ နောက်တခုရှိတာကတော့ သူတို့က လက်နက်ကြီးတွေ ပစ်လို့ ဆွမ်ပီယန်ဘက်မှာ ရွာသားတွေရဲ့ နေအိမ်တွေဘက်ကို ကျသွားတဲ့ဟာလည်း ရှိပါတယ်။ ဖြစ်စဉ်ကပေါ့နော်။ အသေးစိတ်ကတော့ အခုထက်ထိကတော့ မရသေးပါဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်။”

အနည်းဆုံး ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ ဆွမ်ပီယန် ရွာ က နေအိမ် အနည်းဆုံး ၄ အိမ်လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ပူတာအို ဒေသခံတဦးကလည်း ဆွမ်ပီယန်ရွာဘက်က တိုက်ပွဲအခြေအနေကို ခုလို ပြောပါတယ်။

“ဆွမ်ပီယန်၊ နောက်ပြီး ဟို ဆွမ်ပီယန်နဲ့ ဝါဒတ်ကြား ဒီနေ့ တနေကုန် တိုက်ပွဲဖြစ် တယ်။ အခုလည်း ဖြစ်နေတုန်းပဲ။ သေနတ်ကြီးသံတွေတော့ ကြားတယ်။ ဆွမ်ပီယန်မှာဆို မနက်ကနေ ဒီအချိန်ထိပေါ့။ ဟိုတနေ့က လေယာဉ်နဲ့ လာတယ်။ ဟိုက်စကီ ၂ စီးရယ်။ တိုက်လေယာဉ် တစီးရယ်။”

လေကြောင်းက တိုက်ခိုက်ခဲ့တာဟာ ဒီလ ၁ ရက်နေ့က ဆွမ်ပီယန်ကျေးရွာအနီး စစ်ကောင်စီတပ်အခြေစိုက်ရာ ရှိန်ဂတ်ဘွမ်စခန်း ဘက်မှာဖြစ်ခဲ့တာပါ။

ဒီလဆန်းက စတင်ဖြစ်ခဲ့တဲ့ ပူတာအိုမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဆွမ်ပီယန် နဲ့ အနီးအနားကျေးရွာက ဒေသခံ ၁၀၀၀ ကျော်လောက်နဲ့ လုံရှာယန်ကျေးရွာဒေ သခံ ၅၀၀၀ ကျော်ဟာ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြတာ အခုချိန်ထိ နေအိမ်ကို မပြန်နိုင်ကြသေးပါဘူး။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လက်ရှိ ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ အဲဒီ ဆွမ်ပီယန်ဘက်ကတော့ ဒီ ခေါလန်ဖူး ပြည်သူ့စစ်နဲ့ ဖြစ်တာတော့ ရှိတယ်။ မနေ့က ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်တယ်။ အဲဒီကတော့ ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး။ ဟိုဘက်တော့ ကျနော်တို့ မသိဘူးပေါ့။ အဲဒီ ဆွမ်ပီယန် ရွာအဝင်မှာ KIA ဘက်က ၄၀ လောက် ခေါင်လန်ဖူး ပြည်သူ့စစ်နဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ်ရှိပါတယ်ခင်ဗျ။ အဲဒီဖြစ်စဉ်ပါပဲ။ ”

ကချင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် လောက်က စတင်ပြီး KIAနဲ့ PDF ပူးပေါင်းအဖွဲ့က ယာယီပိတ်ခဲ့ပြီး မတ်လ ၂ ရက်နေ့မှာတော့ ပြန်ဖွင့်ခဲ့ပါတယ်။

လမ်းပြန်ဖွင့်ခဲ့ပေမယ့် ၃ ရက်နေ့ ညနေပိုင်းက ဆွမ်ပီယန်မှာ တိုက်ပွဲဖြစ်တာကြောင့် ကုန်တင်ယာဉ်တွေ ပိတ်မိနေခဲ့ပြီး သောကြာနေ့မှာတော့ ပြန်လည် သွားလာနေပြီလို့ ပူတာအိုဒေသခံက ပြောပါတယ်။

“ကားသေးတွေက မနေ့ညနေပိုင်းက ဝင်တာ ဟုတ်တယ်။ ကားကြီးကတော့ မနေ့က ဆွမ်ပီယန်မှာ တိုက်ပွဲဖြစ်တယ်ဆိုတော့ အဲဒီမှာ မကျော်ရဘဲ ဆွမ်ပီယန် ဟိုဘက်မှာ နားနေရတာ။ အခု ဒီမနက်မှာပဲ ကားကြီးတွေ ကားသေးတွေရော အများကြီး ဝင်တယ်။ ပူတာအိုဘက်ကလည်းပဲ မြစ်ကြီးနားဘက်ကို ထွက်သွားတယ် ဒီမနက်က။”

ပူတာအိုမြို့ကို လောင်စာတင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေ ပြန်လည် ဝင်ရောက် လာတဲ့နောက်မှာ ဓါတ်ဆီဆိုင်တွေမှာ လောင်စာဆီတွေ ပြန်လည်ဖြန့်ဖြူးတာတွေရှိကြောင်းနဲ့ လူတဦးကို ဓါတ်ဆီ တဂါလံ( ၄လီတာနီးပါး)ကို ကျပ်ငွေ တသောင်းနှုန်းနဲ့ ရောင်းချနေကြောင်း ပြောပါတယ်။

ပူတာအိုဒေသဟာ မြန်မာနိုင်ငံမြောက်ဘက်စွန်းမှာတည်ရှိပြီး အသွားအလာ ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။

=================

XS
SM
MD
LG