သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ ေ႐ႊနဲ႔ ေဒၚလာအဂတိအမႈ အၿပီးသတ္ေလွ်က္လဲ 


ေဒၚေအာင္ဆန္းစုၾကည္ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

NLD အစိုးရလက္ထက္ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ လာဘ္ထုိးတဲ့ ေ႐ႊနဲ႔ ေဒၚလာေငြေတြ ရယူတယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီက တရားစြဲထားတဲ့ အဂတိလိုက္စားမႈအတြက္ ဒီေန႔ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ႏွစ္ဘက္အၿပီးသတ္ေလွ်ာက္လဲ တင္ျပခဲ့ၾကပါတယ္။ ဒီအမႈကို စဲြခ်က္တင္သင့္ မသင့္ ေ႐ွ႕တပတ္႐ံုးခ်ိန္းက်ရင္ ဆံုးျဖတ္ဖုိ႔႐ွိေနပါတယ္။ လက္႐ွိ အမႈေပါင္း ၁၃ မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈေတြအတြက္ ၾကားနာစစ္ေဆးမယ့္ရက္ေတြကို အထူးတရား႐ံုးက ေျပာင္းလဲသတ္မွတ္လုိက္တယ္လို႔လည္း စံုစမ္းသိရပါတယ္။ ရန္ကုန္ကလာတ့ဲ သတင္းအျပည့္အစံုကို မခင္ျဖဴေထြးကတင္ျပေပးထားပါတယ္။

NLD အစိုးရလက္ထက္မွာ ရန္ကုန္တိုင္းထဲက လုပ္ငန္းေဆာင္႐ြက္မႈေတြ ေထာက္ခံေပးဖုိ႔နဲ႔ ကာကြယ္ေပးဖုိ႔ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေပးတဲ့ ေဒၚလာေငြ ၆ သိန္းနဲ႔ အေခါက္ေ႐ႊ ၇ ပိႆာ လက္ခံရယူတယ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈနဲ႔ တရားစဲြထားတဲ့အမႈအတြက္ ေနျပည္ေတာ္ အထူးတရား႐ံုးမွာ ဒီေန႔ ၂ ဘက္ အၿပီးသတ္ ေလွ်ာက္လဲခ်က္ေတြတင္ျပခဲ့ၾကပါတယ္။ ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ကို ေ႐ႊနဲ႔ေဒၚလာေတြ ေပးခဲ့ရတယ္လို႔ ေျပာဆိုခဲ့ေပမယ့္ တကယ္ေပးခဲ့တယ္ဆုိတာကို ဦးၿဖိဳးမင္းသိန္းကိုယ္တိုင္ကေရာ တရားလိုျပသက္ေသကပါ ခိုင္ခိုင္မာမာ သက္ေသျပႏုိင္ခဲ့ျခင္း မ႐ွိ တဲ့အခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ဘက္က ေရွ႕ေနေတြက တင္ျပခဲ့တယ္လို႔ စုံစမ္းသိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္က လက္ခံယူတယ္ဆိုတဲ့ စြပ္စဲြခ်က္သာ႐ွိၿပီး စစ္အာဏာသိမ္း တဲ့ေန႔က ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးၿပီး သူ႔ပုိင္ဆိုင္မႈေတြကို ထိန္းသိမ္းစဥ္က အဲဒီေ႐ႊနဲ႔ ေဒၚလာေတြ စာရင္းလည္းမပါဘူးဆိုတဲ့ အခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ ေ႐ွ႕ေနေတြဘက္က တရား႐ုံးမွာ တင္ျပခဲ့ၾကပါတယ္။

ဒီေန႔ၾကားနာပဲြမွာ ဒီအမႈအတြက္ ႏွစ္ဘက္လံုးက အၿပီးသတ္ေလွ်ာက္လဲခဲ့ၾကၿပီးျဖစ္လို႔ ေ႐ွ႕သီတင္းပတ္႐ံုးခ်ိန္းက်ရင္ အမႈကို စဲြခ်က္တင္သင့္ မသင့္ ဆံုးျဖတ္ဖုိ႔႐ွိေနပါတယ္။

ေနျပည္ေတာ္မွာ ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းအတြက္ ေျမေနရာႏွစ္ခုရယူမႈ၊ ေနအိမ္ေဆာက္ မႈေတြနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္၊ NLD အစိုးရသမၼတ ဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တုိ႔ ၃ ေယာက္အေပၚ တရားစြဲထားတဲ့ အမႈ ၄ ခုအတြက္လည္း ဒီေန႔ ၾကားနာဖုိ႔ ႐ံုးခ်ိန္းေပးထားခဲ့တာပါ။ ဒါေပမဲ့ ဒီအမႈေတြအတြက္ တရားလို စစ္ေကာင္စီဘက္က သက္ေသထြက္ဆုိမယ့္ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီက အရာရွိ ေဒါက္တာပြင့္သႏၲာေက်ာ္ သင္တန္း႐ွိလို႔ မလာႏိုင္တဲ့အတြက္ မၾကားနာႏိုင္ခဲ့ပါဘူး။ ေနာက္တေခါက္ ႐ုံးခ်ိန္းက်ရင္ ေဒါက္တာပြင့္သႏၲာေက်ာ္အျပင္ ေနာက္ထပ္ လိုျပသက္ေသတဦးျဖစ္တဲ့ ရန္ကုန္ စည္ပင္သာယာေရး ေကာ္မတီအရာရွိ ဦးေအာင္မ်ိဳးဦး တို႔ကိုပါ စစ္ေဆးမယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဲြဆိုထားတဲ့ အဂတိလိုက္စားမႈေတြကို အရင္က ေသာၾကာေန႔တုိင္းမွာ ပံုမွန္စစ္ေဆးေနေပမယ့္ ေ႐ွ႕သီတင္းပတ္ကစၿပီး ရက္ေတြ ေျပာင္းလဲ ၾကားနာဖုိ႔ လည္း ေနျပည္ေတာ္အထူးတရား႐ံုး တရားသူႀကီးက ရက္ခ်ိန္ေတြေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဦးၿဖိဳမင္းသိန္းဆီက ေ႐ႊနဲ႔ေဒၚလာေတြယူတယ္ဆိုတဲ့ အမႈအပါအဝင္ ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာ ေဒၚခင္ၾကည္ေဖာင္ေဒး႐ွင္းအတြက္ ေျမနဲ႔အေဆာက္အဦးေတြ ရယူခဲ့မႈနဲ႔ဆိုင္တဲ့ အဂတိအမႈ ၅ မႈကို တနလၤာေန႔တုိင္းမွာ ၾကားနာမွာျဖစ္ပါတယ္။ ရဟတ္ယာဥ္ ငွားရမ္းမႈ၊ ဝယ္ယူမႈနဲ႔ဆိုင္တဲ့ အဂတိလိုက္စားမႈ ၅ မႈကိုေတာ့ အပတ္စဥ္ အဂၤါေန႔တိုင္းမွာ ၾကားနာသြားမွာျဖစ္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မေလ်ာ္ၾသဇာသံုးတယ္လို႔ဆိုၿပီး ရာဇသတ္ႀကီးပုဒ္မ ၁၃၀-က နဲ႔ တရားစဲြခံထားရတဲ့ အမႈကိုေတာ့ ေသာၾကာေန႔တုိင္း ၾကားနာသြားမွာျဖစ္ပါတယ္။
စီးပြားေရးပညာ႐ွင္ Sean Turneall နဲ႔အတူ တရားစဲြခံထားရတဲ့ ႏိုင္ငံေတာ္လ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္မႈကိုေတာ့ အရင္အတိုင္း ၾကာသပေတးေန႔မွာ ဆက္လက္ ၾကားနာသြားမယ္လို႔ သိရပါတယ္။

အမႈေပါင္း ၁၃ မႈနဲ႔ လက္႐ွိရင္ဆုိင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို တပတ္မွာ ၄ ရက္ ေျပာင္းလဲၾကားနာဖုိ႔ တရားသူႀကီးက ေျပာင္းလဲ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ စီးပြားေရးသမားေမာင္ဝိတ္ဆီကေန ေဒၚလာ ငါးသိန္းခြဲကို ၂၀၁၉ နဲ႔၂၀၂၀ ျပည့္ႏွစ္အတြင္း ၄ ႀကိမ္ခြဲ လက္ခံရယူခဲ့တယ္ဆိုၿပီး တရားစြဲထားတဲ့ အဂတိအမႈကေတာ့ ခုခ်ိန္ထိ ေနျပည္ေတာ္အထူးတရား႐ုံးကို မေရာက္လာေသးတဲ့အတြက္ ဒီအမႈကိုဘယ္ေန႔ စ စစ္မလဲ ဆိုတာမသိရေသးပါဘူး။

ဒီကေန႔ ႐ံုးခ်ိန္းလာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးေကာင္းမြန္တယ္လို႔ စံုစမ္းသိရပါတယ္။ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး ၅ မႈအတြက္ ေထာင္ဒဏ္ ၆ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ရွှေနဲ့ ဒေါ်လာအဂတိအမှု အပြီးသတ်လေ ျှာက်လဲ

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် လာဘ်ထိုးတဲ့ ရွှေနဲ့ ဒေါ်လာငွေတွေ ရယူတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့ အဂတိလိုက်စားမှုအတွက် ဒီနေ့ဖေဖော်ဝါရီ ၂၅ ရက်မှာ နှစ်ဘက်အပြီးသတ်လျှောက်လဲ တင်ပြခဲ့ကြပါတယ်။ ဒီအမှုကို စွဲချက်တင်သင့် မသင့် ရှေ့တပတ်ရုံးချိန်းကျရင် ဆုံးဖြတ်ဖို့ရှိနေပါတယ်။ လက်ရှိ အမှုပေါင်း ၁၃ မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် ကြားနာစစ်ဆေးမယ့်ရက်တွေကို အထူးတရားရုံးက ပြောင်းလဲသတ်မှတ်လိုက်တယ်လို့လည်း စုံစမ်းသိရပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးကတင်ပြပေးထားပါတယ်။

NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းထဲက လုပ်ငန်းဆောင်ရွက်မှုတွေ ထောက်ခံပေးဖို့နဲ့ ကာကွယ်ပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ဒေါ်လာငွေ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိဿာ လက်ခံရယူတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ တရားစွဲထားတဲ့အမှုအတွက် နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ၂ ဘက် အပြီးသတ် လျှောက်လဲချက်တွေတင်ပြခဲ့ကြပါတယ်။ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့ရတယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်ပေးခဲ့တယ်ဆိုတာကို ဦးဖြိုးမင်းသိန်းကိုယ်တိုင်ကရော တရားလိုပြသက်သေကပါ ခိုင်ခိုင်မာမာ သက်သေပြနိုင်ခဲ့ခြင်း မရှိ တဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေက တင်ပြခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံယူတယ်ဆိုတဲ့ စွပ်စွဲချက်သာရှိပြီး စစ်အာဏာသိမ်း တဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး သူ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းစဉ်က အဲဒီရွှေနဲ့ ဒေါ်လာတွေ စာရင်းလည်းမပါဘူးဆိုတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က တရားရုံးမှာ တင်ပြခဲ့ကြပါတယ်။

ဒီနေ့ကြားနာပွဲမှာ ဒီအမှုအတွက် နှစ်ဘက်လုံးက အပြီးသတ်လျှောက်လဲခဲ့ကြပြီးဖြစ်လို့ ရှေ့သီတင်းပတ်ရုံးချိန်းကျရင် အမှုကို စွဲချက်တင်သင့် မသင့် ဆုံးဖြတ်ဖို့ရှိနေပါတယ်။

နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာနှစ်ခုရယူမှု၊ နေအိမ်ဆောက် မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရသမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်အပေါ် တရားစွဲထားတဲ့ အမှု ၄ ခုအတွက်လည်း ဒီနေ့ ကြားနာဖို့ ရုံးချိန်းပေးထားခဲ့တာပါ။ ဒါပေမဲ့ ဒီအမှုတွေအတွက် တရားလို စစ်ကောင်စီဘက်က သက်သေထွက်ဆိုမယ့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက အရာရှိ ဒေါက်တာပွင့်သန္တာကျော် သင်တန်းရှိလို့ မလာနိုင်တဲ့အတွက် မကြားနာနိုင်ခဲ့ပါဘူး။ နောက်တခေါက် ရုံးချိန်းကျရင် ဒေါက်တာပွင့်သန္တာကျော်အပြင် နောက်ထပ် လိုပြသက်သေတဦးဖြစ်တဲ့ ရန်ကုန် စည်ပင်သာယာရေး ကော်မတီအရာရှိ ဦးအောင်မျိုးဦး တို့ကိုပါ စစ်ဆေးမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေကို အရင်က သောကြာနေ့တိုင်းမှာ ပုံမှန်စစ်ဆေးနေပေမယ့် ရှေ့သီတင်းပတ်ကစပြီး ရက်တွေ ပြောင်းလဲ ကြားနာဖို့ လည်း နေပြည်တော်အထူးတရားရုံး တရားသူကြီးက ရက်ချိန်တွေပေးခဲ့ပါတယ်။ ဒါကြောင့် ဦးဖြိုမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေယူတယ်ဆိုတဲ့ အမှုအပါအဝင် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနဲ့အဆောက်အဦးတွေ ရယူခဲ့မှုနဲ့ဆိုင်တဲ့ အဂတိအမှု ၅ မှုကို တနင်္လာနေ့တိုင်းမှာ ကြားနာမှာဖြစ်ပါတယ်။ ရဟတ်ယာဉ် ငှားရမ်းမှု၊ ဝယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိလိုက်စားမှု ၅ မှုကိုတော့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ ကြားနာသွားမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်လို့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲခံထားရတဲ့ အမှုကိုတော့ သောကြာနေ့တိုင်း ကြားနာသွားမှာဖြစ်ပါတယ်။
စီးပွားရေးပညာရှင် Sean Turneall နဲ့အတူ တရားစွဲခံထားရတဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုကိုတော့ အရင်အတိုင်း ကြာသပတေးနေ့မှာ ဆက်လက် ကြားနာသွားမယ်လို့ သိရပါတယ်။

အမှုပေါင်း ၁၃ မှုနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို တပတ်မှာ ၄ ရက် ပြောင်းလဲကြားနာဖို့ တရားသူကြီးက ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးသမားမောင်ဝိတ်ဆီကနေ ဒေါ်လာ ငါးသိန်းခွဲကို ၂၀၁၉ နဲ့၂၀၂၀ ပြည့်နှစ်အတွင်း ၄ ကြိမ်ခွဲ လက်ခံရယူခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့ အဂတိအမှုကတော့ ခုချိန်ထိ နေပြည်တော်အထူးတရားရုံးကို မရောက်လာသေးတဲ့အတွက် ဒီအမှုကိုဘယ်နေ့ စ စစ်မလဲ ဆိုတာမသိရသေးပါဘူး။

ဒီကနေ့ ရုံးချိန်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စုံစမ်းသိရပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

=================

XS
SM
MD
LG