သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေစလိုေၾကာင္း စစ္ေကာင္စီေခါင္းေဆာင္ကို ဦးတင္ဦး ေျပာၾကား


NLD နာယက သူရဦးတင္ဦးကုိ သြားေရာက္ေတြ႔ဆုံတဲ့ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ဒီဇင္ဘာ ၅၊ ၂၀၂၁။ ဓာတ္ပုံ - တပ္မေတာ္သတင္းျပန္ၾကားေရး)

(Zawgyi / Unicode)

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) နာယကႀကီး ဦးတင္ဦးက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေစလိုေၾကာင္း ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို ေျပာပါတယ္။

ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာ မေန႔ တနဂၤေႏြေန႔က အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) နာယကႀကီး ဦးတင္ဦးကို ေနအိမ္မွာ သြားေရာက္ေတြ႔ဆုံခဲ့ပါတယ္။ က်န္းမာေရးကိစၥကိုပဲ အေလးေပးေျပာဆိုၿပီး ႏုိင္ငံေရးကိစၥေတြ မပါဝင္ဘူးဆိုေပမယ့္ ဦးတင္ဦးရဲ႕ ေျပာဆိုခ်က္တခုကို ကိုယ္ေရးအရာရွိ ဦးျမင့္ဦးက အခုလို ေျပာပါတယ္။

“အားလုံးလည္း ေကာင္းေကာင္းမြန္မြန္နဲ႔ ေျပေျပလည္လည္ေလး ျဖစ္ခ်င္တယ္ဆုိတာ အဘက ဒါေလးေတာ့ အသံ လုံးလုံးနဲ႔ေတာ့ ေျပာသြားတာေပါ့။”

အဲဒီလိုေတြ႔ဆုံရာမွာ အသက္ ၉၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဦးတင္ဦး ဝတ္ဆင္ထားတဲ့ တိုက္ပုံအက်ႌမွာ ခြပ္ေဒါင္းပုံ အလံပါတဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ရင္ထိုးတံဆိပ္ကို တပ္ဆင္ထားတာ ေတြ႔ရပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က လိုအပ္ရင္ တပ္မေတာ္ေဆး႐ုံမွာ ေဆးကုသခြင့္ေပးမယ္လို႔ ဦးတင္ဦးကို ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာ အရင္စစ္အစိုးရေခတ္ ေထာက္လွမ္းေရး အႀကီးအကဲနဲ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း အသက္ ၈၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဦးခင္ညြန္႔ကိုလည္း ေတြ႔ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုကြောင်း စစ်ကောင်စီခေါင်းဆောင်ကို ဦးတင်ဦး ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦးက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုကြောင်း မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောပါတယ်။

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့ တနင်္ဂနွေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦးကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကျန်းမာရေးကိစ္စကိုပဲ အလေးပေးပြောဆိုပြီး နိုင်ငံရေးကိစ္စတွေ မပါဝင်ဘူးဆိုပေမယ့် ဦးတင်ဦးရဲ့ ပြောဆိုချက်တခုကို ကိုယ်ရေးအရာရှိ ဦးမြင့်ဦးက အခုလို ပြောပါတယ်။

“အားလုံးလည်း ကောင်းကောင်းမွန်မွန်နဲ့ ပြေပြေလည်လည်လေး ဖြစ်ချင်တယ်ဆိုတာ အဘက ဒါလေးတော့ အသံ လုံးလုံးနဲ့တော့ ပြောသွားတာပေါ့။”

အဲဒီလိုတွေ့ဆုံရာမှာ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဦးတင်ဦး ဝတ်ဆင်ထားတဲ့ တိုက်ပုံအင်္ကျီမှာ ခွပ်ဒေါင်းပုံ အလံပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရင်ထိုးတံဆိပ်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိုအပ်ရင် တပ်မတော်ဆေးရုံမှာ ဆေးကုသခွင့်ပေးမယ်လို့ ဦးတင်ဦးကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရင်စစ်အစိုးရခေတ် ထောက်လှမ်းရေး အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဦးခင်ညွန့်ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG