သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 စစ္ေကာင္စီ အႀကီးအကဲနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ ၃ ဖဲြ႕ ေနျပည္ေတာ္မွာေတြ႕ဆုံ


 စစ္ေကာင္စီ အႀကီးအကဲနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ ၃ ဖဲြ႕ ေနျပည္ေတာ္မွာေတြ႕ဆုံ

စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္နဲ႔ UWSA ၀၊ NDAA မုိင္းလားနဲ႔ SSPP ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္းက ေခါင္းေဆာင္ေတြ တနလၤာေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ ေတြ႔ဆံုခဲ့ပါတယ္။ တနလၤာေန႔က ေဆြးေႏြးပဲြအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို နန္းေလာင္ဝ္ က တင္ျပထားပါတယ္။

စစ္ေကာင္စီ အႀကီးအကဲနဲ႔ တိုင္းရင္းသား လက္နက္ကိုင္ ၃ ဖဲြ႕ ေနျပည္ေတာ္မွာေတြ႕ဆုံ

{{Zawgyi/Unicode}}
စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္နဲ႔ UWSA ၀၊ NDAA မုိင္းလားနဲ႔ SSPP ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္းက ေခါင္းေဆာင္ေတြ တနလၤာေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ ေတြ႔ဆံုခဲ့ပါတယ္။ ဒီေတြ႔ဆံုပဲြမွာ UWSA ၀ အဖဲြ႔က ျပည္နယ္ရရိွေရးနဲ႔ NDAA မိုင္းလား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ ရရိွေရးကို ေဆြးေႏြးခဲ့ၾကပါတယ္။ တနလၤာေန႔က ေဆြးေႏြးပဲြအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို နန္းေလာင္ဝ္ က တင္ျပထားပါတယ္။

UWSP ၀ ျပည္ေသြးစည္းညီညြတ္ေရးပါတီ ၊ အမ်ိဳးသား ဒီမုိကရက္တစ္ မဟာမိတ္အဖဲြ႔ NDAA မိုင္းလား နဲ႔ ရွမ္းျပည္တုိးတက္ေရးပါတီ SSPP က ေခါင္းေဆာင္ေတြဟာ ဒုတိယအၾကိမ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖုိ႔အတြက္ ဒီလ ၂၅ရက္ေန႔က ေနျပည္ေတာ္ကို ေရာက္ရွိခဲ့ၾကတာပါ။

၂၆ ရက္ေန႔ တနလၤာေန႔ မနက္ပိုင္းမွာေတာ့ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႔ ၃ဖဲြ႔တို႔ ပူးေပါင္းေတြ႔ဆံုခဲ့ၾကေၾကာင္း UWSPရဲ့ ေျပာေရးဆုိခြင့္ရိွသူ လားရိႈးဆက္ဆံေရးရံုး တာ၀န္ခံ ဦးညီရန္း က VOA ကို အခုလို ေျပာပါတယ္။

“ က်ေနာ္တုိ႔ ဒီေရာက္ေနတယ္ေပါ့ေနာ္။ ဒီေန႔လည္းက်ေနာ္တုိ႔ တပ္ခ်ဳပ္ၾကီးနဲ႔ ေတြ႔တယ္ေပါ့ေနာ္။ က်ေနာ္တုိ႔ ၃ဖဲြ႔ ေပါင္းေတြ႔တာေပါ့ေနာ္။အဓိက ေဆြးေႏြးတာကေတာ့ က်ေနာ္တုိ႔ ေဒသတြင္းမွာ ဖံြ႔ျဖိဳးတုိးတက္မႈေတြ၊ တည္ေဆာက္မႈေတြေပ့ါေနာ္။ အဲဒါေတြပဲ ေဆြးေႏြးတာ ရိွပါတယ္။ တျခားေတာ့ ေထြေထြထူးထူးေတာ့ ေဆြးေႏြးတာ မရိွပါဘူး။ ေနာက္ေန႔ေတြ ဆက္ေဆြးေႏြးဖုိ႔ ရိွပါတယ္။ ၃ရက္လုိ႔ေတာ့ ေျပာပါတယ္။”

စစ္ေကာင္စီရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဒီေဆြးေႏြးပဲြမွာ အဓိက ေဆြးေႏြးခ်က္ေတြကို အခုလုိ ေျပာပါတယ္။

“ UWSP ၀အဖဲြ႔ကေတာ့ ႏိုင္ငံေတာ္ကေန ခဲြမထြက္ေရး မူ၀ါဒကို လက္ကိုင္ထားၿပီး ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖံြ႔ျဖိဳးတုိးတက္ေရးကို အေလးထား ေဆာင္ရြက္လွ်က္ရိွတယ္လုိ႔ ေျပာခဲ့ပါတယ္။ ဒါအျပင္ သူတို႔ယခင္ကတည္းက ေဆြးေႏြးခ်က္ျဖစ္တဲ့ ျပည္နယ္ရရိွေရး ၀ျပည္နယ္ရရိွေရးအတြက္လည္း သူတုိ႔ ေဆြးေႏြးခဲ့ပါတယ္။ NDAA မိုင္းလားအဖဲြ႔အေနနဲ႔ ကလည္း သူတုိ႔အေနနဲ႔ ပစ္ခတ္တိုက္ခုိက္မႈရပ္စဲထားတာ ၃၃ႏွစ္ၾကာၿပီ။ ပဋိပကၡ တခါမွ မျဖစ္ခဲ့ဖူးဘူး။ ဒါေၾကာင့္မို႔ ဆက္လက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရး တည္ၿမဲေအာင္ ဆက္လက္ေဆာင္ရြက္သြားမယ္လုိ႔ ေဆြးေႏြးခဲ့ပါတယ္။ ေနာက္ သူ႔အေနနဲ႔ကလည္း ႏိုင္ငံေတာ္ကေန ခဲြမထြက္ေရး မူ၀ါဒကို လက္ကိုင္ထားတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ ၾကိဳးပန္းေဆာင္ရြက္ေနတဲ့ သေဘာထားမ်ိဳး ေျပာသြားတာရိွပါတယ္။ ”

ရွမ္းျပည္တုိးတက္ေရးပါတီ SSPP အေနနဲ႔ ပင္လံုစာခ်ဳပ္ပါ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ေရးနဲ႔ အခြင့္အေရးတန္းတူ ရရိွေရးကို ေဆြးေႏြးခဲ့ေၾကာင္းေျပာဆိုၿပီး ဗိုလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လိႈင္က ျပန္လည္ေဆြးေႏြးခဲ့တာကိုလည္း အခုလုိ ဆက္ေျပာပါတယ္။

“ ႏိုင္ငံေတာ္ ၀န္ၾကီးခ်ဳပ္အေနနဲ႔လည္း ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္တဲ့အခါမွာ တိုင္းရင္းသားျပည္သူအားလံုး အက်ိဳးစီးပြားကို ေရရွည္ေတြးၿပီးေတာ့ ညီညီညြတ္ညြတ္နဲ႔ ၾကိဳးပမ္းေဆာင္ရြက္ၾကဖို႔ ေျပာခဲ့ပါတယ္။ ၿပီးရင္ေတာ့ က်ေနာ္တို႔ရဲ့ ရိွၿပီးသား မူ၀ါဒျဖစ္တဲ့ NCA လမ္းေၾကာင္း၊ ၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒ နဲ႔ အညီ ေဆာင္ရြက္သြားႏိုင္ဖို႔အတြက္ ေဆာင္ရြက္သြားႏိုင္တဲ့ နည္းလမ္းေတြကိုလည္း အေၾကအလည္ ေဆြးေႏြးၾကဖို႔ ညီညီညြတ္ညြတ္ ေဆြးေႏြးၾကဖို႔ အခ်ိန္ယူေဆြးေႏြးၾကဖို႔ ေျပာၾကားႏိုင္ခဲ့ပါတယ္ခင္ဗ်။”

ၿပီးခဲ့တဲ့ ပထမအၾကိမ္ ေဆြးေႏြးပဲြမွာလည္း UWSA က ၀ျပည္နယ္၊ NDAA မိုင္းလားအဖဲြ႔ကလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဖဲြ႔စည္းဖို႔ ေတာင္းဆုိထားျဖစ္ပါတယ္။

စစ္ေကာင္စီက တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖုိ႔အတြက္ ဒီႏွစ္ဧၿပီလအတြင္းက ဖိတ္ေခၚခဲ့တာပါ။

ဒီဖိတ္ေခၚခ်က္ကို NCA လက္မွတ္ထိုးအဖဲြ႔ ၇ဖဲြ႔နဲ႔ လက္မွတ္မထိုးတဲ့အဖဲြ႔ ၃ဖဲြ႔ စုစုေပါင္း ၁၀ဖဲြ႔က လက္ခံခဲ့ၿပီး ပထမအေက်ာ့ ေဆြးေႏြးပဲြေတြကို ေမလေနာက္ဆံုးပတ္ကေန ၾသဂုတ္လ ပထမပတ္ အတြင္းမွာ တဖဲြ႔ခ်င္းအလိုက္ ေဆြးေႏြးခဲ့ပါတယ္။

ဒုတိယအေက်ာ့ ေဆြးေႏြးပဲြေတြကို ၾသဂုတ္လ ၂၂ရက္ေန႔မွာ ျပန္လည္စတင္ၿပီး စစ္ေကာင္စီက လက္နက္ကိုင္အဖဲြ႔ ၆ဖဲြ႔နဲ႔ ေဆြးေႏြးထားၿပီးျဖစ္ပါတယ္။

ပထမအၾကိမ္ ေတြ႔ဆံုေဆြးေႏြးပဲြေတြမွာေတာ ပါတီစုံ ဒီမိုကေရစီစနစ္ က်င့္သုံးေရး၊ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုတခု တည္ေဆာက္ေရးကို သေဘာတူညီထားၿပီး ဒုတိယအေက်ာ့ေဆြးေႏြး့ပဲြမွာေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ့ ႏိုင္ငံေရးလိုလားခ်က္နဲ႔ အနာဂတ္လုပ္ငန္းစဥ္ေတြ ေဆြးေႏြးမွာျဖစ္ေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

ၾသဂုတ္လ၂၂ရက္ေန႔က က်င္းပတဲ့ စစ္ေကာင္စီအစိုးရအဖြဲ႕ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ NCA လက္မွတ္ ေရးထိုးႏိုင္ဖို႔ အႀကိမ္ႀကိမ္ ေဆြးေႏြးသြားမွာျဖစ္သလို လက္မွတ္ ေရးထိုးၿပီး၊ လက္နက္ ဆက္ကိုင္ခ်င္တယ္ဆိုရင္ တပ္မေတာ္ ဒါမွမဟုတ္ နယ္ျခားေစာင့္တပ္ေတြမွာ ေဆာင္႐ြက္ခြင့္ေပးမွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ၿပီး စစ္ေကာင္စီရဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖဲြ႔ကလည္း ဒီအခ်က္ကို တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ေဆြးေႏြးတာေတြ ရိွခဲ့ပါတယ္။

စစ္ေကာင္စီရဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကို KNUကရင္၊ KIO ကခ်င္၊ KNPP ကရင္နီ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ေက်ာင္းသားတပ္မေတာ္ABSDF၊ ၊ PSLF/ TNLA တအန္း(ပေလာင္) ၊ ULA/AA ရခိုင္နဲ႔ ၊ MNDAA ကိုးကန႔္အဖြဲ႔ေတြက မတက္ေရာက္ခဲ့ၾကသလို လက္ရိွမွာလည္း တုိက္ပဲြေတြ ျပင္းထန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................................

စစ်ကောင်စီ အကြီးအကဲနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်မှာတွေ့ဆုံ

{{Zawgyi/Unicode}}
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ UWSA ဝ၊ NDAA မိုင်းလားနဲ့ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ခေါင်းဆောင်တွေ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ UWSA ၀ အဖွဲ့က ပြည်နယ်ရရှိရေးနဲ့ NDAA မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရေးကို ဆွေးနွေးခဲ့ကြပါတယ်။ တနင်္လာနေ့က ဆွေးနွေးပွဲအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို နန်းလောင်ဝ် က တင်ပြထားပါတယ်။

UWSP ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA မိုင်းလား နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ခေါင်းဆောင်တွေဟာ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဒီလ ၂၅ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့ကြတာပါ။

၂၆ ရက်နေ့ တနင်္လာနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ဖွဲ့တို့ ပူးပေါင်းတွေ့ဆုံခဲ့ကြကြောင်း UWSPရဲ့ ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း က VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ဒီရောက်နေတယ်ပေါ့နော်။ ဒီနေ့လည်းကျနော်တို့ တပ်ချုပ်ကြီးနဲ့ တွေ့တယ်ပေါ့နော်။ ကျနော်တို့ ၃ဖွဲ့ ပေါင်းတွေ့တာပေါ့နော်။အဓိက ဆွေးနွေးတာကတော့ ကျနော်တို့ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ တည်ဆောက်မှုတွေပေ့ါနော်။ အဲဒါတွေပဲ ဆွေးနွေးတာ ရှိပါတယ်။ တခြားတော့ ထွေထွေထူးထူးတော့ ဆွေးနွေးတာ မရှိပါဘူး။ နောက်နေ့တွေ ဆက်ဆွေးနွေးဖို့ ရှိပါတယ်။ ၃ရက်လို့တော့ ပြောပါတယ်။”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးချက်တွေကို အခုလို ပြောပါတယ်။

“ UWSP ဝအဖွဲ့ကတော့ နိုင်ငံတော်ကနေ ခွဲမထွက်ရေး မူဝါဒကို လက်ကိုင်ထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျှက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါအပြင် သူတို့ယခင်ကတည်းက ဆွေးနွေးချက်ဖြစ်တဲ့ ပြည်နယ်ရရှိရေး ဝပြည်နယ်ရရှိရေးအတွက်လည်း သူတို့ ဆွေးနွေးခဲ့ပါတယ်။ NDAA မိုင်းလားအဖွဲ့အနေနဲ့ ကလည်း သူတို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတာ ၃၃နှစ်ကြာပြီ။ ပဋိပက္ခ တခါမှ မဖြစ်ခဲ့ဖူးဘူး။ ဒါကြောင့်မို့ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး တည်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်။ နောက် သူ့အနေနဲ့ကလည်း နိုင်ငံတော်ကနေ ခွဲမထွက်ရေး မူဝါဒကို လက်ကိုင်ထားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြိုးပန်းဆောင်ရွက်နေတဲ့ သဘောထားမျိုး ပြောသွားတာရှိပါတယ်။ ”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အနေနဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးနဲ့ အခွင့်အရေးတန်းတူ ရရှိရေးကို ဆွေးနွေးခဲ့ကြောင်းပြောဆိုပြီး ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြန်လည်ဆွေးနွေးခဲ့တာကိုလည်း အခုလို ဆက်ပြောပါတယ်။

“ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့လည်း ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားပြည်သူအားလုံး အကျိုးစီးပွားကို ရေရှည်တွေးပြီးတော့ ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။ ပြီးရင်တော့ ကျနော်တို့ရဲ့ ရှိပြီးသား မူဝါဒဖြစ်တဲ့ NCA လမ်းကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ ဆောင်ရွက်သွားနိုင်ဖို့အတွက် ဆောင်ရွက်သွားနိုင်တဲ့ နည်းလမ်းတွေကိုလည်း အကြေအလည် ဆွေးနွေးကြဖို့ ညီညီညွတ်ညွတ် ဆွေးနွေးကြဖို့ အချိန်ယူဆွေးနွေးကြဖို့ ပြောကြားနိုင်ခဲ့ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ပထမအကြိမ် ဆွေးနွေးပွဲမှာလည်း UWSA က ဝပြည်နယ်၊ NDAA မိုင်းလားအဖွဲ့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွဲ့စည်းဖို့ တောင်းဆိုထားဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဒီနှစ်ဧပြီလအတွင်းက ဖိတ်ခေါ်ခဲ့တာပါ။

ဒီဖိတ်ခေါ်ချက်ကို NCA လက်မှတ်ထိုးအဖွဲ့ ၇ဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ၃ဖွဲ့ စုစုပေါင်း ၁၀ဖွဲ့က လက်ခံခဲ့ပြီး ပထမအကျော့ ဆွေးနွေးပွဲတွေကို မေလနောက်ဆုံးပတ်ကနေ သြဂုတ်လ ပထမပတ် အတွင်းမှာ တဖွဲ့ချင်းအလိုက် ဆွေးနွေးခဲ့ပါတယ်။

ဒုတိယအကျော့ ဆွေးနွေးပွဲတွေကို သြဂုတ်လ ၂၂ရက်နေ့မှာ ပြန်လည်စတင်ပြီး စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့ ၆ဖွဲ့နဲ့ ဆွေးနွေးထားပြီးဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွေမှာတော ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတခု တည်ဆောက်ရေးကို သဘောတူညီထားပြီး ဒုတိယအကျော့ဆွေးနွေး့ပွဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေ ဆွေးနွေးမှာဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ၂၂ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ် ရေးထိုးနိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးသွားမှာဖြစ်သလို လက်မှတ် ရေးထိုးပြီး၊ လက်နက် ဆက်ကိုင်ချင်တယ်ဆိုရင် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်တွေမှာ ဆောင်ရွက်ခွင့်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကလည်း ဒီအချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KNUကရင်၊ KIO ကချင်၊ KNPP ကရင်နီ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားတပ်မတော်ABSDF၊ ၊ PSLF/ TNLA တအန်း(ပလောင်) ၊ ULA/AA ရခိုင်နဲ့ ၊ MNDAA ကိုးကန့်အဖွဲ့တွေက မတက်ရောက်ခဲ့ကြသလို လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်ပါတယ်။

XS
SM
MD
LG