သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္တဝိုက္ အေျခေနတင္းမာ


စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္တဝိုက္ အေျခေနတင္းမာ

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ တဝိုက္က ရြာေတြမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF ေတြၾကား တနဂၤေႏြေန႔ ညဘက္က တိုက္ပြဲေတြ ျဖစ္ပြါးခဲ့ရာမွာ စစ္တပ္ဖက္က လက္နက္ႀကီး RPG ေတြ နဲ႔ ပစ္ခတ္ခဲ့တဲ့အျပင္ ရဟတ္ယဥ္ေတြနဲ႔ပါ ပ်ံဝဲေနတဲ့ အတြက္ တိုက္ပြဲျပင္းထန္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ မင္းကင္း ေတာင္ဘက္ ေျမာင္ၿမိဳ႕နယ္ထဲမွာလည္း စစ္ေကာင္စီတပ္ေတြက ေက်းရြာေတြမွာ ဝင္ေရာက္ရွာေဖြတာေတြ လုပ္ေနပါတယ္။

စစ္ကိုင္းတိုင္းထဲက ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕ေက်ာက္ခဲတက္ ေက်းရြာမွာ ဇြန္ ၂၀ ရက္ ညပိုင္းက စစ္ေကာင္စီတပ္ေတြနဲ႔ မင္းကင္း PDF တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ တနလၤာေန႔ ႔မွာေတာ့ ရဟတ္ယာဥ္ေတြပါ ပ်ံဝဲေနတာ ေတြ႕လာရတဲ့အတြက္ တိုက္ပြဲေတြ ျပင္းထန္လာမွာကို စိုးရိမ္ ေနၾကတယ္လို႔ မင္းကင္း ေဒသခံ တဦးက ဗီအိုေအ ကို ေျပာပါတယ္။

"မီးေခ်ာင္းကြင္းနဲ႔ ယင္းမွာ တပ္စြဲထားၿပီး အဲ့ကေနမွ မင္းကင္းနယ္ ေက်ာက္ခဲတက္ရြာမွာ တပ္စြဲေနတာေပါ့ဗ်ာ။ အဲ့မွာ တပ္စြဲေတာ့ PDF ေတြနဲ႔ လမ္းမွာ သူတို႔လာၿပီဆိုေတာ့ PDF ေတြနဲ႔ လမ္းမွာ တိုက္ပြဲျဖစ္တဲ့အခါက်ေတာ့ သူတို႔က ရြာထဲကို ၀င္ၿပီး လူေန အေဆာက္အဦးေတြနဲ႔ ဘာသာေရး အေဆာက္အဦးေတြ အသံုးခ်ၿပီးမွ အဲ့ကေနမွာ လက္နက္ႀကီး RPG ညေနပိုင္းေလာက္က ၁၀ ခ်က္ ၁၅ ခ်က္ေလာက္ ပစ္ခတ္တယ္ဗ်။ အဲ့မွာ PDF ေတြအေနနဲ႔ လူေနအိမ္ ထိခိုက္မွာ စိုးၿပီးေတာ့ေနာက္ျပန္ဆုတ္လိုက္တယ္။ ဒီေန႔ ညေနမွာဆိုရရင္ ေက်ာက္ခဲတက္ ရြာကေနမွ တဆင့္ သူတို႔ရဲ႕ အမာခံ အင္အား ေထာက္ခံတဲ့သူ အမ်ားစုရွိတဲ့ ပန္းဆက္ဆိုတဲ့ ရြာမွာ တပ္စြဲထားတယ္လို႔ သတင္းရရွိတယ္။ သူတို႔တပ္စြဲၿပီး မေန႔က ေက်ာက္ခဲတက္မွာ ျဖစ္ေနခ်ိန္ အတြင္းမွာပဲ ရဟတ္ယာဥ္ေတြနဲ႔ ကေလးဘက္ကို ပ်ံသြားတာရွိတယ္။ ဒီေန႔မွာလည္း မင္းကင္းၿမိဳ႕မွာ နိမ္နိမ့္ ပ်ံၿပီး ၿမိဳ႕ကိုပတ္ၿပီး ကေလးၿမိဳ႕ဘက္ကကို တက္သြားပါတယ္။ ေဒသခံေတြ ေတာ္ေတာ္မ်ားမ်ားက တိုက္ပြဲႀကီး ျဖစ္မွာကို စိုးရိမ္ေနတယ္။ ေက်းရြာသားေတြအကုန္လံုးက ေတာထဲမွာ ေနေနရတယ္။ ဘယ္သူမွ ျပန္လာတာ မရွိေသးဘူး။”

မင္းကင္းၿမိဳ႕မွာ အခုလ ၁၆ ရက္က ပထမဆံုး မင္းကင္း PDF နဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ခဲ့ၿပီး တပတ္အတြင္း အနည္းဆံုး ၃ ႀကိမ္ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ပါတယ္။ မင္းကင္းနဲ႔ကပ္လ်က္ ကနီနယ္ မိေက်ာင္းကြင္းရြာမွာ ဇြန္လ ၁၉ ရက္က စစ္ေကာင္စီက ေက်းရြာသားေတြကို ဖမ္းဆီးႏွိပ္စက္တာေတြ ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သူတို႔ဘက္က လံုၿခံဳေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနခ်ိန္မွာ တူမီးေသနတ္ေတြနဲ႔ ပစ္ခတ္လို႔ ျပန္လည္ပစ္ခတ္ခဲ့တာလို႔ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီေဒသတြင္း ေက်းရြာေတြမွာ ေနထိုင္ေနသူေတြမွာ အခုခ်ိန္အထိ အနီးဝန္းက်င္က ေတာေတြထဲမွာပဲ ပုန္းေအာင္းေနၾကတာပါ။ ၿပီးခဲ့တဲ့ လတုန္းက မင္းတပ္မွာ ရရာလက္နက္စြဲကိုင္ၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေနသူေတြကို စစ္တပ္က လက္နက္ႀကီးေတြ ရဟတ္ယဥ္ေတြပါ သံုးၿပီး ၿဖိဳခြဲမႈေတြ ရွိခဲ့တဲ့ အတြက္ ကုလသမဂၢက ေမလကုန္မွာ ျပင္းျပင္းထန္ထန္ သတိေပး ထားတာျဖစ္ပါတယ္။

တဆက္တည္းမွာပဲ စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္မွာလည္း စစ္ေကာင္စီတပ္ေတြက ေနအိမ္ေတြကို ၀င္ေရာက္ရွာေဖြတာေတြ လုပ္ေနတယ္လို႔ ေျမာင္ေဒသခံတဦးက အခုလိုေျပာပါတယ္။

“မနက္ခင္း ၇ နာရီ ၂၀ ေလာက္မွာ နဘတ္ရြာေပါ့ဗ်ာ နဘတ္ရြာကို ကြက္သစ္ေခၚမွာေပါ့ နဘတ္ရဲ႕ ေျမာက္ဖ်ား အျခမ္း ကြက္သစ္ ထဲကို ၀င္ၿပီး အိမ္ေတြထဲကို ၀င္ေမႊရွာတယ္။ ရွာၿပီးျပန္သြားၿပီးေတာ့ ၁၀ နာရီခြဲေလာက္မွာ ဆြဲလည္းအိုရြာကို ၀င္တယ္ ေျမာင္ၿမိဳ႕နယ္ထဲက ဆြဲလည္အိုရြာက ကားလမ္းေဘးမွာပဲရွိတာ ကိုျပည့္ၿဖိဳးေအာင္ မီးသတ္ CDM လုပ္ထားတာ။ သူက ပုသိမ္မ မီးသတ္ရံုးမွာ တာ၀န္က်တာ CDM လုပ္ထားတာ။ အဲ့မီးသတ္ ၀န္ထမ္းအိမ္ကို ၀င္ရွာတယ္။ လက္နက္လုပ္တယ္ဆိုတဲ့ ေခါင္းစဥ္ေတြနဲ႔ေပါ့ ကားေပၚက ဆင္းတာနဲ႔ အကုန္ ပတ္ပတ္လည္ ပိတ္ထားတာ။ မီးသတ္၀န္ထမ္းကလည္း အဲ့ရြာမွာ မရွိဘူး သူ႔အေဖေမေတြကလည္း တျခားေနရာေရွာင္ေနတာေပါ့။ အိမ္မွာထားထားတဲ့ ဆိုင္ကယ္ တစီးေတာ့ယူသြားတယ္။ အိမ္ထဲမွာရွိတဲ့ ပစၥည္းေတြ ယူတယ္ေပါ့ဗ်ာ။”

စစ္ကိုင္းတုိင္ ေျမာင္ၿမိဳ႕နယ္မွာ ေက်းရြာ PDF ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား ၿပီးခဲ့တဲ့ ေမ ၂၆ ရက္က တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္မွာ ၿမိဳ႕အနီးတ၀ိုက္က ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက မၾကာခဏဆိုသလို ၀င္ေရာက္ရွာေဖြတာေတြ ျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တဝိုက်က ရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေကြား တနင်္ဂနွေနေ့ ညဘက်က တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ရာမှာ စစ်တပ်ဖက်က လက်နက်ကြီး RPG တွေ နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ရဟတ်ယဉ်တွေနဲ့ပါ ပျံဝဲနေတဲ့ အတွက် တိုက်ပွဲပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ မင်းကင်း တောင်ဘက် မြောင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့ကျောက်ခဲတက် ကျေးရွာမှာ ဇွန် ၂၀ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တနင်္လာနေ့မှာတော့ ရဟတ်ယာဉ်တွေပါ ပျံဝဲနေတာ တွေ့လာရတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ် နေကြတယ်လို့ မင်းကင်း ဒေသခံ တဦးက ဗီအိုအေ ကို ပြောပါတယ်။

"မီးချောင်းကွင်းနဲ့ ယင်းမှာ တပ်စွဲထားပြီး အဲ့ကနေမှ မင်းကင်းနယ် ကျောက်ခဲတက်ရွာမှာ တပ်စွဲနေတာပေါ့ဗျာ။ အဲ့မှာ တပ်စွဲတော့ PDF တွေနဲ့ လမ်းမှာ သူတို့လာပြီဆိုတော့ PDF တွေနဲ့ လမ်းမှာ တိုက်ပွဲဖြစ်တဲ့အခါကျတော့ သူတို့က ရွာထဲကို ဝင်ပြီး လူနေ အဆောက်အဦးတွေနဲ့ ဘာသာရေး အဆောက်အဦးတွေ အသုံးချပြီးမှ အဲ့ကနေမှာ လက်နက်ကြီး RPG ညနေပိုင်းလောက်က ၁၀ ချက် ၁၅ ချက်လောက် ပစ်ခတ်တယ်ဗျ။ အဲ့မှာ PDF တွေအနေနဲ့ လူနေအိမ် ထိခိုက်မှာ စိုးပြီးတော့နောက်ပြန်ဆုတ်လိုက်တယ်။ ဒီနေ့ ညနေမှာဆိုရရင် ကျောက်ခဲတက် ရွာကနေမှ တဆင့် သူတို့ရဲ့ အမာခံ အင်အား ထောက်ခံတဲ့သူ အများစုရှိတဲ့ ပန်းဆက်ဆိုတဲ့ ရွာမှာ တပ်စွဲထားတယ်လို့ သတင်းရရှိတယ်။ သူတို့တပ်စွဲပြီး မနေ့က ကျောက်ခဲတက်မှာ ဖြစ်နေချိန် အတွင်းမှာပဲ ရဟတ်ယာဉ်တွေနဲ့ ကလေးဘက်ကို ပျံသွားတာရှိတယ်။ ဒီနေ့မှာလည်း မင်းကင်းမြို့မှာ နိမ်နိမ့် ပျံပြီး မြို့ကိုပတ်ပြီး ကလေးမြို့ဘက်ကကို တက်သွားပါတယ်။ ဒေသခံတွေ တော်တော်များများက တိုက်ပွဲကြီး ဖြစ်မှာကို စိုးရိမ်နေတယ်။ ကျေးရွာသားတွေအကုန်လုံးက တောထဲမှာ နေနေရတယ်။ ဘယ်သူမှ ပြန်လာတာ မရှိသေးဘူး။”

မင်းကင်းမြို့မှာ အခုလ ၁၆ ရက်က ပထမဆုံး မင်းကင်း PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ပြီး တပတ်အတွင်း အနည်းဆုံး ၃ ကြိမ် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ မင်းကင်းနဲ့ကပ်လျက် ကနီနယ် မိကျောင်းကွင်းရွာမှာ ဇွန်လ ၁၉ ရက်က စစ်ကောင်စီက ကျေးရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့ဘက်က လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ တူမီးသေနတ်တွေနဲ့ ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဒေသတွင်း ကျေးရွာတွေမှာ နေထိုင်နေသူတွေမှာ အခုချိန်အထိ အနီးဝန်းကျင်က တောတွေထဲမှာပဲ ပုန်းအောင်းနေကြတာပါ။ ပြီးခဲ့တဲ့ လတုန်းက မင်းတပ်မှာ ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို စစ်တပ်က လက်နက်ကြီးတွေ ရဟတ်ယဉ်တွေပါ သုံးပြီး ဖြိုခွဲမှုတွေ ရှိခဲ့တဲ့ အတွက် ကုလသမဂ္ဂက မေလကုန်မှာ ပြင်းပြင်းထန်ထန် သတိပေး ထားတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ မြောင်ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက်ခင်း ၇ နာရီ ၂၀ လောက်မှာ နဘတ်ရွာပေါ့ဗျာ နဘတ်ရွာကို ကွက်သစ်ခေါ်မှာပေါ့ နဘတ်ရဲ့ မြောက်ဖျား အခြမ်း ကွက်သစ် ထဲကို ဝင်ပြီး အိမ်တွေထဲကို ဝင်မွှေရှာတယ်။ ရှာပြီးပြန်သွားပြီးတော့ ၁၀ နာရီခွဲလောက်မှာ ဆွဲလည်းအိုရွာကို ဝင်တယ် မြောင်မြို့နယ်ထဲက ဆွဲလည်အိုရွာက ကားလမ်းဘေးမှာပဲရှိတာ ကိုပြည့်ဖြိုးအောင် မီးသတ် CDM လုပ်ထားတာ။ သူက ပုသိမ်မ မီးသတ်ရုံးမှာ တာဝန်ကျတာ CDM လုပ်ထားတာ။ အဲ့မီးသတ် ဝန်ထမ်းအိမ်ကို ဝင်ရှာတယ်။ လက်နက်လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပေါ့ ကားပေါ်က ဆင်းတာနဲ့ အကုန် ပတ်ပတ်လည် ပိတ်ထားတာ။ မီးသတ်ဝန်ထမ်းကလည်း အဲ့ရွာမှာ မရှိဘူး သူ့အဖေမေတွေကလည်း တခြားနေရာရှောင်နေတာပေါ့။ အိမ်မှာထားထားတဲ့ ဆိုင်ကယ် တစီးတော့ယူသွားတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ယူတယ်ပေါ့ဗျာ။”

စစ်ကိုင်းတိုင် မြောင်မြို့နယ်မှာ ကျေးရွာ PDF တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ မေ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ မြို့အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG