သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း မင္းကင္းမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးေတြ တိုက္ပဲြျဖစ္ 


မင္းကင္းၿမဳိ႕

စစ္ကိုင္းတိုင္း ၊ မင္းကင္းၿမိဳ႕နယ္၊ ေတာင္လတ္ေဒသမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ရင္း ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ၄ ရက္ဆက္တိုက္ တိုက္ပြဲေတြျဖစ္ပြားေနၿပီး စစ္ေရးတင္းမာေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ မင္းကင္း အေျခအေနကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း မင္းကင္းမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးေတြ တိုက္ပဲြျဖစ္

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ၊ မင္းကင္းၿမိဳ႕နယ္၊ ေတာင္လတ္ေဒသမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ရင္း ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ၄ ရက္ဆက္တိုက္ တိုက္ပြဲေတြျဖစ္ပြားေနၿပီး စစ္ေရးတင္းမာေနပါတယ္။ စစ္ေကာင္စီ နယ္ေျမရွင္းလင္းေရးေၾကာင့္ ေက်းရြာ ၇ ရြာထက္မနည္းက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ေတာေတာင္ေတြထဲ ေျပးလႊားေနရၿပီး အခက္အခဲေတြျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ မင္းကင္း အေျခအေနကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ ေတာင္လတ္ေဒသက ထံုးမန္းရြာကို စက္တင္ဘာ ၃၀ ရက္ မနက္အေစာပိုင္းကတည္းက အင္အား အမ်ားအျပားနဲ႔ စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းေရးေတြလုပ္လာခဲ့ၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတာပါ။ စက္တင္ဘာ ၃၀ ကစလို႔ ဒီကေန႔ ေအာက္တိုဘာ ၃ ရက္အထိ ၄ ရက္ဆက္ၿပီးတိုက္ပြဲေတြျဖစ္ပြားေနပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ မင္းကင္းေဒသခံကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။

“တိုက္ပြဲက ေတာ္ေတာ္ေလးျပင္းထန္တယ္လို႔ ေျပာရမွာပဲ။ သူတို႔ဘက္က စက္လတ္ေတြသံုးလာတယ္။ ၆၀ မမ ၊ ၁၂၀ မမ ေတြနဲ႔ လက္နက္ႀကီးေတြ ပစ္ၿပီး သာလြန္အင္အားေတြနဲ႔ ပစ္ခတ္ၿပီး သံုးလာတာကိုေတြ႕ရတယ္။ သိရသေလာက္ စက္တင္ဘာ ၂၉ ရက္က အာဏာသိမ္းစစ္ေကာင္စီရဲ႕ ကာကြယ္ေရး၀န္ႀကီး ျမထြန္းဦး လာသြားၿပီးမွ အေသအေပ်ာက္မ်ားေနတဲ့အတြက္ ဒီနယ္ေျမကို ရွင္းလင္းဖို႔ဆိုၿပီး ညႊန္ၾကားခ်က္အခ်ိဳ႕ ေျပာသြားတယ္လို႔ အတြင္းသတင္းရတယ္။ ထံုးမန္းရြာဆိုရင္ေတာ့ လက္ရွိသိရသေလာက္ အိမ္ေျခ ၂၇ အိမ္ကို မီးရိႈ႕ၿပီး ဖ်က္စီးထားၿပီလုိ႔ သိရတယ္။”

စစ္ေကာင္စီရဲ႕ သတင္းဌာန ျမ၀တီမွာေတာ့ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးဟာ မင္းကင္းၿမိဳ႕က ဌာနဆိုင္ရာ တာ၀န္ရွိသူမ်ား ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေဒသခံျပည္သူေတြကို ေတြ႕ဆံုခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြေျပာတဲ့ မင္းကင္းၿမိဳ႕နယ္ကို နယ္ေျမရွင္းလင္းဖို႔ ေျပာၾကားခ်က္ကိုေတာ့ ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။

အခုလို စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈအတြင္း ထံုးမန္းေက်းရြာက အသက္ ၅၀ ေက်ာ္ အမ်ိဳးသားတဦးလည္း ေသဆံုးခဲ့ပါတယ္။ ဒါ့အျပင္ ထံုးမန္းေက်းရြာအပါအ၀င္ ပေသး ၊ ေညာင္ကိုင္း ၊ ဖက္ထုပ္ ၊ လင္းလု စတဲ့ ေက်းရြာေတြအျပင္ ၇ ရြာထက္မနည္းက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ စစ္ေဘးေရွာင္အျဖစ္ ေတာေတာင္ေတြထဲမွာ ေနထိုင္ေနရပါတယ္။

တိမ္းေရွာင္ေနရတဲ့ အေျခအေနနဲ႔ ပတ္သက္လု႔ိ စစ္ေဘးေရွာင္ေနရတဲ့ ေဒသခံတဦးက သူတို႔ရဲ႕ အခက္အခဲကို အခုလိုေျပာျပပါတယ္။

“စစ္ေဘးေရွာင္ အေနနဲ႔က ၇ ရြာ ၈ ရြာေလာက္ ေျပးေနၾကရတာပဲ။ ေျပးေနရတဲ့ ေဒသခံေတြက ေထာင္ေက်ာ္ေလာက္ေတာ့ ရွိမယ္ထင္တယ္။ ကြ်န္ေတာ္တို႔ရြာကေတာ့ လာၿပီးေတာ့ မေမႊေသးဘူး။ ဒါေပမယ့္ ႀကိဳၿပီးေတာ့ ေရွာင္ထားရတာေပါ့။ စား၀တ္ေနေရး အခက္အခဲေကာ၊ လူအို လူမင္းေတြေကာ ထုပ္ပိုးသယ္ၾကရနဲ႔ က်န္းမာေရး မေကာင္းတဲ့သူေတြနဲ႔ ငိုတဲ့သူကငို အဲ့လိုျဖစ္ကုန္တာေပါ့။ ညႀကီး မိုးကတစိမ့္စိမ့္နဲ႔ရြာ ေၾကာက္ၿပီးေျပးေနၾကရတာေပါ့။”

လက္ရွိမွာ စစ္ေကာင္စီက ထံုးမန္းေက်းရြာအနီးမွာ ဆက္လက္တပ္စြဲထားၿပီး စစ္ေရးတင္းမာေနၾကပါတယ္။ ဒါ့အျပင္ မံုရြာက စစ္ေကာင္စီရဲ႕ စစ္သေဘၤာေတြလည္း ဆန္တက္လာၿပီျဖစ္တဲ့အတြက္ တိုက္ပြဲေတြပိုၿပီး ျပင္းထန္လာႏိုင္ပါတယ္။ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္ကေတာ့ မင္းကင္းၿမိဳ႕က စစ္ေကာင္စီတပ္စြဲထားတဲ့ေနရာေတြအနီးကေန ျပည္သူေတြ ခပ္ခြါခြါေနၾကဖို႔ သတိေပးထားတာလည္း ရွိပါတယ္။ ဒီတိုက္ပြဲအေျခအေနေတြနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

..............................................

စစ်ကိုင်းတိုင်း မင်းကင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတွေ တိုက်ပွဲဖြစ်

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်၊ တောင်လတ်ဒေသမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေပါတယ်။ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကြောင့် ကျေးရွာ ၇ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲ ပြေးလွှားနေရပြီး အခက်အခဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မင်းကင်း အခြေအနေကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တောင်လတ်ဒေသက ထုံးမန်းရွာကို စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းကတည်းက အင်အား အများအပြားနဲ့ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေးတွေလုပ်လာခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။ စက်တင်ဘာ ၃၀ ကစလို့ ဒီကနေ့ အောက်တိုဘာ ၃ ရက်အထိ ၄ ရက်ဆက်ပြီးတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မင်းကင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်လို့ ပြောရမှာပဲ။ သူတို့ဘက်က စက်လတ်တွေသုံးလာတယ်။ ၆၀ မမ ၊ ၁၂၀ မမ တွေနဲ့ လက်နက်ကြီးတွေ ပစ်ပြီး သာလွန်အင်အားတွေနဲ့ ပစ်ခတ်ပြီး သုံးလာတာကိုတွေ့ရတယ်။ သိရသလောက် စက်တင်ဘာ ၂၉ ရက်က အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး လာသွားပြီးမှ အသေအပျောက်များနေတဲ့အတွက် ဒီနယ်မြေကို ရှင်းလင်းဖို့ဆိုပြီး ညွှန်ကြားချက်အချို့ ပြောသွားတယ်လို့ အတွင်းသတင်းရတယ်။ ထုံးမန်းရွာဆိုရင်တော့ လက်ရှိသိရသလောက် အိမ်ခြေ ၂၇ အိမ်ကို မီးရှို့ပြီး ဖျက်စီးထားပြီလို့ သိရတယ်။”

စစ်ကောင်စီရဲ့ သတင်းဌာန မြဝတီမှာတော့ ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ မင်းကင်းမြို့က ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့မိမြို့ဖတွေနဲ့ ဒေသခံပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေပြောတဲ့ မင်းကင်းမြို့နယ်ကို နယ်မြေရှင်းလင်းဖို့ ပြောကြားချက်ကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

အခုလို စစ်ကောင်စီက နယ်မြေရှင်းလင်းမှုအတွင်း ထုံးမန်းကျေးရွာက အသက် ၅၀ ကျော် အမျိုးသားတဦးလည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ထုံးမန်းကျေးရွာအပါအဝင် ပသေး ၊ ညောင်ကိုင်း ၊ ဖက်ထုပ် ၊ လင်းလု စတဲ့ ကျေးရွာတွေအပြင် ၇ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်အဖြစ် တောတောင်တွေထဲမှာ နေထိုင်နေရပါတယ်။

တိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လု့ိ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတဦးက သူတို့ရဲ့ အခက်အခဲကို အခုလိုပြောပြပါတယ်။

“စစ်ဘေးရှောင် အနေနဲ့က ၇ ရွာ ၈ ရွာလောက် ပြေးနေကြရတာပဲ။ ပြေးနေရတဲ့ ဒေသခံတွေက ထောင်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ကျွန်တော်တို့ရွာကတော့ လာပြီးတော့ မမွှေသေးဘူး။ ဒါပေမယ့် ကြိုပြီးတော့ ရှောင်ထားရတာပေါ့။ စားဝတ်နေရေး အခက်အခဲကော၊ လူအို လူမင်းတွေကော ထုပ်ပိုးသယ်ကြရနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေနဲ့ ငိုတဲ့သူကငို အဲ့လိုဖြစ်ကုန်တာပေါ့။ ညကြီး မိုးကတစိမ့်စိမ့်နဲ့ရွာ ကြောက်ပြီးပြေးနေကြရတာပေါ့။”

လက်ရှိမှာ စစ်ကောင်စီက ထုံးမန်းကျေးရွာအနီးမှာ ဆက်လက်တပ်စွဲထားပြီး စစ်ရေးတင်းမာနေကြပါတယ်။ ဒါ့အပြင် မုံရွာက စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေလည်း ဆန်တက်လာပြီဖြစ်တဲ့အတွက် တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ မင်းကင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေအနီးကနေ ပြည်သူတွေ ခပ်ခွါခွါနေကြဖို့ သတိပေးထားတာလည်း ရှိပါတယ်။ ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

XS
SM
MD
LG