သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီတာခေတြရဖို႔ အာဏာသိမ္းစစ္ေကာင္စီ အျပင္းအထန္ႀကိဳးပမ္းေန


ေနျပည္ေတာ္တြင္ေတြ႔ရသည့္ လွ်ပ္စစ္ဓာတ္အားလိုင္း။ (၃၀ ဇန္နဝါရီ ၂၀၁၆)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လ ွ်ပ္စစ္မီတာခေတြ ေပးေဆာင္ၾကဖုိ႔ လ ွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ပန္ၾကားခ်က္ထုတ္ျပန္ပါတယ္။ မီတာခ မေဆာင္ၾကလို႔ ဓာတ္အားထုတ္လုပ္မႈစရိတ္၊ ဝယ္ယူေနရတဲ့ သဘာဝဓာတ္ေငြ႔နဲ႔ ဓာတ္အားခေတြအတြက္ ဝင္ေငြမ႐ွိရင္ ျပည္သူေတြကို လ ွ်ပ္စစ္ဓါတ္အား မျပတ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ ဒီေန႔ထုတ္ သတင္းစာေတြထဲမွာ ပန္ၾကားထားပါတယ္။ တခ်ိန္ထဲမွာပဲ တခ်ဳိ႕ေဒသေတြမွာ အာဏာပိုင္ေတြက လက္နက္ကိုင္လံုၿခံဳေရးေတြနဲ႔အတူ အိမ္ေတြမွာ မီတာခေတြ အတင္းအၾကပ္ လိုက္ေကာက္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။

စစ္တပ္ အာဏာသိမ္းအုပ္ခ်ဳပ္ေနတာကို ျပည္သူအမ်ားက ဆန္႔က်င္ၿပီး “ဘူး” သပိတ္ လႈပ္႐ွားမႈအေနနဲ႔ မီတာခ၊ ေရခ၊ အခြန္အခေတြအပါအဝင္ အစိုးရဝန္ေဆာင္ခ ေတာ္ေတာ္မ်ားမ်ားကို ဧၿပီလကတည္းက မေပးေဆာင္ဘဲ ေနေနၾကတာပါ။
ဒါေၾကာင့္ လ ွ်ပ္စစ္မီးေတြ စဥ္ဆက္မျပတ္ေပးႏိုင္ဖုိ႔ လ ွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ဒီေန႔ သတင္းစာေတြမွာ ျပည္သူသို႔ ေမတၱာရပ္ခံပန္ၾကားခ်က္ဆုိၿပီး ထည့္သြင္းေဖာ္ျပထားပါတယ္။ ျပည္သူေတြ ဓာတ္အားခေတြ မေပးၾကဖုိ႔နဲ႔ လ ွ်ပ္စစ္ဓာတ္အားခေကာက္တာေတြ ရပ္ထားဖုိ႔ အထူးသတိေပးခဲ့တဲ့ ဖက္ဆစ္ဆန္႔က်င္ေရးလက္႐ံုးတပ္ဖဲြ႔ရဲ႕ ေဆာင္႐ြက္ခ်က္ဟာ လ ွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈစရိတ္၊ ဝယ္ယူေနရတဲ့ သဘာဝဓာတ္ေငြ႔နဲ႔ ဓာတ္အားခေတြအတြက္ ဝင္ေငြမရတာေၾကာင့္ လ ွ်ပ္စစ္မီးေပးဖုိ႔ အခက္အခဲျဖစ္ႏိုင္တယ္လို႔ ေမတၱာရပ္ခံပန္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။

ျပည္သူေတြ သံုးစြဲထားတဲ့ လ ွ်ပ္စစ္ဓာတ္အားခေတြကို ေပးသြင္းမွ စဥ္ဆက္မျပတ္ ဓာတ္အားထုတ္လုပ္ဝယ္ယူ ျဖန္႔ျဖဴးေပးႏုိင္မွာျဖစ္တာမို႔ လ ွ်ပ္စစ္မီတာခေတြ ေပးေဆာင္ၾကဖုိ႔ လ ွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနက ပန္ၾကားထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ NLD အစိုးရလက္ထက္က ၂၀၂၀ ခုႏွစ္ ဧၿပီလကစၿပီး ၂၀၂၁ မတ္လအထိ တလကို မီတာ ၁၅၀ ယူနစ္စီ ကင္းလြတ္ခြင့္ျပဳခဲ့သလို ေနာက္ဆံုးေပးသြင္းရမယ့္ရက္ကိုလည္း ေနာက္ဆုတ္ေပးခဲ့ပါတယ္။ အဲဒီအတြက္ ေနာက္က်ဒဏ္ေၾကးကို ကင္းလြတ္ခြင့္ျပဳထားပါတယ္။ ဧၿပီလမွာ လ ွ်ပ္စစ္မီတာခေတြ ျပန္ေဆာင္ၾကရမွာျဖစ္ေပမဲ့ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အတြက္ စစ္ေကာင္စီ ဝင္ေငြမရေအာင္ ေတာ္ေတာ္မ်ားမ်ားက မီတာမေဆာင္ဘဲ ေနေနၾကတာပါ။ ဒါေၾကာင့္ တခ်ဳိ႕ ၿမိဳ႕နယ္ေတြမွာ မီတာခမေဆာင္တဲ့ အိမ္ေတြကို မီးႀကိဳးေတြ လိုက္ျဖဳတ္ ျဖတ္ေတာက္တဲ့အထိ အာဏာပိုင္ေတြက လုပ္ေနပါတယ္။

ရန္ကုန္ၿမိဳ႕၊ မဂၤလာဒုံၿမိဳ႕နယ္ထဲက ရပ္ကြက္တခ်ဳိ႕မွာ သက္ႀကီးပိုင္းရွိတဲ့ ေနအိမ္ေတြကို EPC ဝန္ထမ္း အပါအဝင္ စစ္သား ရဲေတြ လက္နက္အျပည့္နဲ႔ တအိမ္တက္ တအိမ္ဆင္း မီတာခ လိုက္လံေကာက္ခံေနသလို မီတာခမေဆာင္ရင္ မီးျဖတ္မယ္ဆိုၿပီး ခ်က္ခ်င္း မီတာခ ေပးေဆာင္ခုိင္းတာရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မီတာဝန္ထမ္းဆိုရင္ ေလးေယာက္ပါတယ္၊ က်ေနာ္တို႔ ရပ္ကြက္လူႀကီးပါတယ္၊ ေနာက္ လံုၿခံဳေရးနဲ႔ အဲ့စစ္တပ္က သံုးေယာက္ပါတယ္၊ ရဲႏွစ္ေယာက္ပါတယ္၊ သူတို႔ဝင္လို႔ရတဲ့ ရပ္ကြက္ေတြဝင္ၿပီးေတာ့ အိမ္တိုင္ရာေရာက္ (မီတာစာရြက္) လိုက္ေပးတယ္၊ တခ်ဳိ႕ကဆိုရင္ တိုက္႐ုိက္ေပါ့ အခုခ်က္ခ်င္းေဆာင္ခိုင္းတယ္၊ တခ်ဳိ႕ ကက်ေတာ့ အဲ့လိုမေဆာင္ခ်င္ေတာ့ ႐ုံးကိုလာေဆာင္မယ္ ဘာညာေျပာၿပီးေတာ့ စာရြက္ေတြထားခဲ့တာေတြရွိတယ္ဗ်၊ သက္ႀကီးရွိတဲ့ အိမ္ေတြပါ၊ အဓိက အဲ့လိုေနရာမ်ဳိး သူတို႔က ေရြးၿပီးေတာ့ ဝင္တာမ်ားတယ္၊ အဲ့လိုလူရွိတဲ့အိမ္ဆိုရင္ေတာ့ သူတို႔ကဝင္တယ္ ဝင္ၿပီးေတာ့ ခ်က္ခ်င္းေဆာင္ခိုင္းတယ္၊ မေဆာင္တဲ့အိမ္ မီးျဖတ္မယ္ ဘာညာ ေျပာလို႔ရွိရင္ အဲ့ဒီလူႀကီးေတြကေတာ့ ခ်က္ခ်င္းေဆာင္ေပးလိုက္တာရွိတယ္။”

ရန္ကုန္တိုင္း ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္မွာလည္း မီတာခေဆာင္ၾကဖုိ႔ တခ်ဳိ႕ ရပ္ကြက္ေတြမွာ ေလာ္စပီကာနဲ႔ လိုက္ေအာ္ခဲ့သလို လွ်ပ္စစ္႐ုံးဝန္ထမ္းေတြ တခ်ဳိ႕အိမ္ေတြက မီးႀကိဳးေတြကို ျဖတ္ေတာက္ခဲ့တယ္လို႔ ေဒသခံတေယာက္က ေျပာျပပါတယ္။

“လာတယ္ ပထမရက္ကေလ ကားနဲ႔ လိုက္ေအာ္တယ္ေလ၊ လိုက္ေအာ္ၿပီး ေနာက္ရက္က်ေတာ့ မီတာသမားေတြ ေရာက္လာတယ္ မီးျဖတ္ မီးျဖတ္ၿပီးေတာ့ မီတာလာေဆာင္ခိုင္းတယ္၊ အဲ့ေန႔ညေနပဲေပါ့ေနာ္ ညေနလာေဆာင္ခိုင္းၿပီးေတာ့မွ သူက မီးျပန္တက္တာ။ ႐ုံးကလူႀကီးေတြ ခိုင္းလိုက္တာတ့ဲ မီတာမေဆာင္တဲ့အိမ္ကို မီးျဖတ္ခဲ့ဆိုၿပီးေတာ့တဲ့၊ မီတာေပါက္ေလ မီတာေပါက္ကေန သူတို႔ အဝင္ႀကိဳးရွိတယ္ အဲ့အဝင္ႀကိဳးေလးကို ကပ္ေၾကးေလးနဲ႔ညွပ္ၿပီး တိပ္အနီေလးနဲ႔ ပတ္တာ၊ (မီတာ) ေဆာင္လိုက္မွ မီးျပန္လာတယ္။”

သူ႔အေနနဲ႔ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီလအတြက္ မီတာခ ေပးေဆာင္လိုက္ရၿပီး က်န္တဲ့လေတြအတြက္ မီတာခကို ဇူလိုင္ ၂၅ ရက္ ေနာက္ဆံုးထား ေပးရမယ္လို႔ ေျပာပါတယ္။ ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေနတဲ့ၾကားထဲ ကပ္ေရာဂါျဖစ္ေနခ်ိန္ အလုပ္အကိုင္ အဆင္မေျပသူေတြ ႐ွိေနတာေၾကာင့္ မီတာခေတြ အတင္းအၾကပ္ လိုက္ေကာက္ေနလို႔ အေတာ္ေလး အခက္အခဲျဖစ္ေနၾကတယ္လို႔ ဒဂံုဆိပ္ကမ္းေဒသခံကေျပာပါတယ္။

“မရွိတာကို စားဖို႔ေတာင္ အႏိုင္ႏိုင္ အခုအေျခအေနက အလုပ္လည္း အဆင္မေျပဘူးေလ၊ သူတို႔အဲ့လိုလိုက္လုပ္ေတာ့ အဆင္မေျပဘူး၊ အိမ္ေဘးက အိမ္ေတြဆိုရင္ သူတို႔ စားဖို႔ေသာက္ဖို႔ေတာင္ အဆင္မေျပ အဲ့လိုေတြ လိုက္လုပ္ေတာ့ေလ၊ ရွိတာေတြ ေစ်း၊ ရွိတာေတြ သြားေပါင္ အဲ့လိုေတြေပါ့ေနာ္ ေယာက္ယက္ေတြခတ္ၿပီးေတာ့ေလ စိတ္မေကာင္းလည္းျဖစ္ရတယ္၊ သူတို႔ေတြ အဲ့လိုေတြ အုပ္လိုက္ႀကီးေတြ လာၾကတာ လာၿပီးေတာ့ ျဖတ္ၾကတာ။”

ရန္ကုန္ၿမိဳ႕၊ လိႈင္ၿမိဳ႕နယ္မွာလည္း အိမ္ေတြကို မီတာစာ႐ြက္ေတြ လာေပးသြားၿပီး မီတာခမေဆာင္ရင္ မီးျဖတ္မယ္လို႔ တခ်ဳိ႕ရပ္ကြက္ေတြမွာ အာဏာပိုင္ေတြ လိုက္ေျပာေနပါတယ္။ ဒါေပမဲ့ တခ်ဳိ႕ကေတာ့ မီးျဖတ္္လည္းေဆာင္မွာ မဟုတ္ဘူးလို႔ ေျပာေနပါတယ္။
“စာရြက္လာေပးတာ ၄ ရက္ ေလာက္ရွိၿပီ။ က်မတို႔မေဆာင္တာ ၾကာလွေနၿပီ၊ မေဆာင္ဘူး၊ မေဆာင္ဘူး၊ မီးေသြးေဆာင္ထားတယ္၊ သူတို႔မီးျဖတ္လည္း မီးေသြးနဲ႔ခ်က္မယ္။"

ခုလို ရန္ကုန္မွာျဖစ္ေနသလို ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ မွာလည္း တခ်ဳိ႕ ရပ္ကြက္၊ ေက်းရြာေတြမွာ ငါးလစာအတြက္ မီတာစာရြက္ကို လိုက္ေပးတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။
“တခ်ဳိ႕အိမ္ေတြ (မီတာစာရြက္) လိုက္ေပးေနတယ္၊ အကုန္လံုးေတာ့ မဟုတ္ေသးဘူးေပါ့ေနာ္၊ က်ေနာ္တို႔စၿပီးေတာ့ မီတာခမေဆာင္ေတာ့တဲ့ လေပါ့ေနာ္၊ အဲ့ဒီလကေနစၿပီးေတာ့ ဒီမီတာစာရြက္ ငါးလစာဆိုရင္ မီတာစာရြက္ ငါးရြက္ အဲ့ပံုစံမ်ဳိး လိုက္ေပးတာမ်ဳိးေတာ့ ရွိတယ္ဗ်။ က်ေနာ္တို႔ ေတြ႔ေနရပါတယ္၊ ရန္ကုန္တို႔ တခ်ဳိ႕ ၿမိဳ႕ႀကီးေတြမွာ သူတို႔ အင္အားအျပည့္နဲ႔ မီတာေတြ လိုက္ျဖတ္ လိုက္ေကာက္တာမ်ဳိးေတြ ေတြ႕ေနရတယ္ က်ေနာ္တို႔ မူဆယ္မွာေတာ့ အဲ့ဒီပံုစံမ်ဳိးေတာ့ မေတြ႕ရေသးပါဘူးဗ်၊ လုပ္ရင္လုပ္လာမယ္ တကယ္လု႔ိ သူတို႔တင္းတင္းၾကပ္ၾကပ္လုပ္လာမယ္ လုပ္မယ္ဆိုရင္ေတာ့ သူတို႔အဲ့လိုမ်ဳိး လုပ္လာမယ္ထင္တယ္။”

NLD အစိုးရလက္ထက္က မီတာခေတြ ေနာက္က်ဒဏ္ေၾကးေတြ ေလ ွ်ာ့ေပါ့ ကင္းလြတ္ခြင့္ေတြ ေပးထားခဲ့ေပမဲ့ အခုလိုက္ေကာက္ခံေနတဲ့ မီတာခေတာင္းခံလႊာေတြမွာ အျပည့္ေတာင္းေနသလို ဒဏ္ေၾကးလည္း ပါေနတယ္လို႔ ေျပာျပၾကပါတယ္။ စစ္ေကာင္စီက လ ွ်ပ္စစ္မီတာခေတြ ေပးေဆာင္ၾကဖုိ႔ တိုက္တြန္းေနတာနဲ႔အတူ မီတာေဆာင္ရတဲ့ EPC ႐ံုးေတြကို ပစ္မွတ္ထား တိုက္ခို္က္မႈေတြလည္း ႐ွိေနပါတယ္။

............................................................................................

တိုက္႐ိုက္ လင့္ခ္


မီတာခတွေရဖို့ အာဏာသိမ်းစစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းနေ

(Unicode)

မြန်မာနိုင်ငံမှာ လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ လ ျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားချက်ထုတ်ပြန်ပါတယ်။ မီတာခ မဆောင်ကြလို့ ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရတဲ့ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်အားခတွေအတွက် ဝင်ငွေမရှိရင် ပြည်သူတွေကို လ ျှပ်စစ်ဓါတ်အား မပြတ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဒီနေ့ထုတ် သတင်းစာတွေထဲမှာ ပန်ကြားထားပါတယ်။ တချိန်ထဲမှာပဲ တချို့ဒေသတွေမှာ အာဏာပိုင်တွေက လက်နက်ကိုင်လုံခြုံရေးတွေနဲ့အတူ အိမ်တွေမှာ မီတာခတွေ အတင်းအကြပ် လိုက်ကောက်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

စစ်တပ် အာဏာသိမ်းအုပ်ချုပ်နေတာကို ပြည်သူအများက ဆန့်ကျင်ပြီး “ဘူး” သပိတ် လှုပ်ရှားမှုအနေနဲ့ မီတာခ၊ ရေခ၊ အခွန်အခတွေအပါအဝင် အစိုးရဝန်ဆောင်ခ တော်တော်များများကို ဧပြီလကတည်းက မပေးဆောင်ဘဲ နေနေကြတာပါ။
ဒါကြောင့် လ ျှပ်စစ်မီးတွေ စဉ်ဆက်မပြတ်ပေးနိုင်ဖို့ လ ျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ သတင်းစာတွေမှာ ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။ ပြည်သူတွေ ဓာတ်အားခတွေ မပေးကြဖို့နဲ့ လ ျှပ်စစ်ဓာတ်အားခကောက်တာတွေ ရပ်ထားဖို့ အထူးသတိပေးခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ဟာ လ ျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရတဲ့ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်အားခတွေအတွက် ဝင်ငွေမရတာကြောင့် လ ျှပ်စစ်မီးပေးဖို့ အခက်အခဲဖြစ်နိုင်တယ်လို့ မေတ္တာရပ်ခံပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေ သုံးစွဲထားတဲ့ လ ျှပ်စစ်ဓာတ်အားခတွေကို ပေးသွင်းမှ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ဝယ်ယူ ဖြန့်ဖြူးပေးနိုင်မှာဖြစ်တာမို့ လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ လ ျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် NLD အစိုးရလက်ထက်က ၂၀၂၀ ခုနှစ် ဧပြီလကစပြီး ၂၀၂၁ မတ်လအထိ တလကို မီတာ ၁၅၀ ယူနစ်စီ ကင်းလွတ်ခွင့်ပြုခဲ့သလို နောက်ဆုံးပေးသွင်းရမယ့်ရက်ကိုလည်း နောက်ဆုတ်ပေးခဲ့ပါတယ်။ အဲဒီအတွက် နောက်ကျဒဏ်ကြေးကို ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဧပြီလမှာ လ ျှပ်စစ်မီတာခတွေ ပြန်ဆောင်ကြရမှာဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် စစ်ကောင်စီ ဝင်ငွေမရအောင် တော်တော်များများက မီတာမဆောင်ဘဲ နေနေကြတာပါ။ ဒါကြောင့် တချို့ မြို့နယ်တွေမှာ မီတာခမဆောင်တဲ့ အိမ်တွေကို မီးကြိုးတွေ လိုက်ဖြုတ် ဖြတ်တောက်တဲ့အထိ အာဏာပိုင်တွေက လုပ်နေပါတယ်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက်တချို့မှာ သက်ကြီးပိုင်းရှိတဲ့ နေအိမ်တွေကို EPC ဝန်ထမ်း အပါအဝင် စစ်သား ရဲတွေ လက်နက်အပြည့်နဲ့ တအိမ်တက် တအိမ်ဆင်း မီတာခ လိုက်လံကောက်ခံနေသလို မီတာခမဆောင်ရင် မီးဖြတ်မယ်ဆိုပြီး ချက်ချင်း မီတာခ ပေးဆောင်ခိုင်းတာရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မီတာဝန်ထမ်းဆိုရင် လေးယောက်ပါတယ်၊ ကျနော်တို့ ရပ်ကွက်လူကြီးပါတယ်၊ နောက် လုံခြုံရေးနဲ့ အဲ့စစ်တပ်က သုံးယောက်ပါတယ်၊ ရဲနှစ်ယောက်ပါတယ်၊ သူတို့ဝင်လို့ရတဲ့ ရပ်ကွက်တွေဝင်ပြီးတော့ အိမ်တိုင်ရာရောက် (မီတာစာရွက်) လိုက်ပေးတယ်၊ တချို့ကဆိုရင် တိုက်ရိုက်ပေါ့ အခုချက်ချင်းဆောင်ခိုင်းတယ်၊ တချို့ ကကျတော့ အဲ့လိုမဆောင်ချင်တော့ ရုံးကိုလာဆောင်မယ် ဘာညာပြောပြီးတော့ စာရွက်တွေထားခဲ့တာတွေရှိတယ်ဗျ၊ သက်ကြီးရှိတဲ့ အိမ်တွေပါ၊ အဓိက အဲ့လိုနေရာမျိုး သူတို့က ရွေးပြီးတော့ ဝင်တာများတယ်၊ အဲ့လိုလူရှိတဲ့အိမ်ဆိုရင်တော့ သူတို့ကဝင်တယ် ဝင်ပြီးတော့ ချက်ချင်းဆောင်ခိုင်းတယ်၊ မဆောင်တဲ့အိမ် မီးဖြတ်မယ် ဘာညာ ပြောလို့ရှိရင် အဲ့ဒီလူကြီးတွေကတော့ ချက်ချင်းဆောင်ပေးလိုက်တာရှိတယ်။”

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း မီတာခဆောင်ကြဖို့ တချို့ ရပ်ကွက်တွေမှာ လော်စပီကာနဲ့ လိုက်အော်ခဲ့သလို လျှပ်စစ်ရုံးဝန်ထမ်းတွေ တချို့အိမ်တွေက မီးကြိုးတွေကို ဖြတ်တောက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

“လာတယ် ပထမရက်ကလေ ကားနဲ့ လိုက်အော်တယ်လေ၊ လိုက်အော်ပြီး နောက်ရက်ကျတော့ မီတာသမားတွေ ရောက်လာတယ် မီးဖြတ် မီးဖြတ်ပြီးတော့ မီတာလာဆောင်ခိုင်းတယ်၊ အဲ့နေ့ညနေပဲပေါ့နော် ညနေလာဆောင်ခိုင်းပြီးတော့မှ သူက မီးပြန်တက်တာ။ ရုံးကလူကြီးတွေ ခိုင်းလိုက်တာတဲ့ မီတာမဆောင်တဲ့အိမ်ကို မီးဖြတ်ခဲ့ဆိုပြီးတော့တဲ့၊ မီတာပေါက်လေ မီတာပေါက်ကနေ သူတို့ အဝင်ကြိုးရှိတယ် အဲ့အဝင်ကြိုးလေးကို ကပ်ကြေးလေးနဲ့ညှပ်ပြီး တိပ်အနီလေးနဲ့ ပတ်တာ၊ (မီတာ) ဆောင်လိုက်မှ မီးပြန်လာတယ်။”

သူ့အနေနဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွက် မီတာခ ပေးဆောင်လိုက်ရပြီး ကျန်တဲ့လတွေအတွက် မီတာခကို ဇူလိုင် ၂၅ ရက် နောက်ဆုံးထား ပေးရမယ်လို့ ပြောပါတယ်။ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ကြားထဲ ကပ်ရောဂါဖြစ်နေချိန် အလုပ်အကိုင် အဆင်မပြေသူတွေ ရှိနေတာကြောင့် မီတာခတွေ အတင်းအကြပ် လိုက်ကောက်နေလို့ အတော်လေး အခက်အခဲဖြစ်နေကြတယ်လို့ ဒဂုံဆိပ်ကမ်းဒေသခံကပြောပါတယ်။

“မရှိတာကို စားဖို့တောင် အနိုင်နိုင် အခုအခြေအနေက အလုပ်လည်း အဆင်မပြေဘူးလေ၊ သူတို့အဲ့လိုလိုက်လုပ်တော့ အဆင်မပြေဘူး၊ အိမ်ဘေးက အိမ်တွေဆိုရင် သူတို့ စားဖို့သောက်ဖို့တောင် အဆင်မပြေ အဲ့လိုတွေ လိုက်လုပ်တော့လေ၊ ရှိတာတွေ ဈေး၊ ရှိတာတွေ သွားပေါင် အဲ့လိုတွေပေါ့နော် ယောက်ယက်တွေခတ်ပြီးတော့လေ စိတ်မကောင်းလည်းဖြစ်ရတယ်၊ သူတို့တွေ အဲ့လိုတွေ အုပ်လိုက်ကြီးတွေ လာကြတာ လာပြီးတော့ ဖြတ်ကြတာ။”

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာလည်း အိမ်တွေကို မီတာစာရွက်တွေ လာပေးသွားပြီး မီတာခမဆောင်ရင် မီးဖြတ်မယ်လို့ တချို့ရပ်ကွက်တွေမှာ အာဏာပိုင်တွေ လိုက်ပြောနေပါတယ်။ ဒါပေမဲ့ တချို့ကတော့ မီးဖြတ်လည်းဆောင်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။
“စာရွက်လာပေးတာ ၄ ရက် လောက်ရှိပြီ။ ကျမတို့မဆောင်တာ ကြာလှနေပြီ၊ မဆောင်ဘူး၊ မဆောင်ဘူး၊ မီးသွေးဆောင်ထားတယ်၊ သူတို့မီးဖြတ်လည်း မီးသွေးနဲ့ချက်မယ်။"

ခုလို ရန်ကုန်မှာဖြစ်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မှာလည်း တချို့ ရပ်ကွက်၊ ကျေးရွာတွေမှာ ငါးလစာအတွက် မီတာစာရွက်ကို လိုက်ပေးတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
“တချို့အိမ်တွေ (မီတာစာရွက်) လိုက်ပေးနေတယ်၊ အကုန်လုံးတော့ မဟုတ်သေးဘူးပေါ့နော်၊ ကျနော်တို့စပြီးတော့ မီတာခမဆောင်တော့တဲ့ လပေါ့နော်၊ အဲ့ဒီလကနေစပြီးတော့ ဒီမီတာစာရွက် ငါးလစာဆိုရင် မီတာစာရွက် ငါးရွက် အဲ့ပုံစံမျိုး လိုက်ပေးတာမျိုးတော့ ရှိတယ်ဗျ။ ကျနော်တို့ တွေ့နေရပါတယ်၊ ရန်ကုန်တို့ တချို့ မြို့ကြီးတွေမှာ သူတို့ အင်အားအပြည့်နဲ့ မီတာတွေ လိုက်ဖြတ် လိုက်ကောက်တာမျိုးတွေ တွေ့နေရတယ် ကျနော်တို့ မူဆယ်မှာတော့ အဲ့ဒီပုံစံမျိုးတော့ မတွေ့ရသေးပါဘူးဗျ၊ လုပ်ရင်လုပ်လာမယ် တကယ်လု့ိ သူတို့တင်းတင်းကြပ်ကြပ်လုပ်လာမယ် လုပ်မယ်ဆိုရင်တော့ သူတို့အဲ့လိုမျိုး လုပ်လာမယ်ထင်တယ်။”

NLD အစိုးရလက်ထက်က မီတာခတွေ နောက်ကျဒဏ်ကြေးတွေ လေ ျှာ့ပေါ့ ကင်းလွတ်ခွင့်တွေ ပေးထားခဲ့ပေမဲ့ အခုလိုက်ကောက်ခံနေတဲ့ မီတာခတောင်းခံလွှာတွေမှာ အပြည့်တောင်းနေသလို ဒဏ်ကြေးလည်း ပါနေတယ်လို့ ပြောပြကြပါတယ်။ စစ်ကောင်စီက လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ တိုက်တွန်းနေတာနဲ့အတူ မီတာဆောင်ရတဲ့ EPC ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG