သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မိုခါလို ကပ်ဘေးထိခိုက်မှုများ ကြိုတင်ရှောင်နိုင်" ကုလမဟာမင်းကြီး"


မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့မြင်ကွင်း မေ ၁၇၊ ၂၀၂၃
မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့မြင်ကွင်း မေ ၁၇၊ ၂၀၂၃

ပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေမှာ သဘာသဘေးအန္တရယ်ကျရောက်တာလောက် ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖေါက်မှု ခံစားရတဲ့နေရာတွေမရှိဘူးလို့၊ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Turk က မိုခါဆိုက်လုံး မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကိုရည်ညွှန်းပြီး ဆွဒ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦး မှာပြောဆိုခဲ့ပါတယ်။

“ မိုခါဆိုက်ကလုံးမုန်တိုင်းဒါဏ်ကို အထူးသဖြင့်မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ အပြင်းအထန်ခံစားခဲ့ရပြီး၊ ဒါဟာ ဆယ်စုနှစ်တွေအတွင်း ရာသီဥတုနဲ့သဘာဝဘေးအန္တရယ်ဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး၊ လူတွေဖန်တီးလို့ဖြစ်တဲ့ အဆိုးရွားဆုံးဘေးဒုက္ခတွေဘဲဖြစ်တယ်လို့ ကုလသမဂ္ဂမဟာမင်းကြီး ကပြောဆိုသွားတာပါ။

အားလုံးသိကြတဲ့အတိုင်း အာဏာပိုင်တွေဟာ ရိုဟင်ဂျာလွတ်လပ်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေကိုရုပ်သိမ်း ထားပြီးအခြားတိုင်းရင်းသားတွေကိုလည်းတိုက်ခိုက်နေတဲ့အတွက်သူတို့ရဲ့အသက်ရှင်ရပ်တည်နိုင်မှုတွေကို တစထက်တစ ဆုတ်ယုတ်လာ စေပါတယ်။ မြန်မာစစ်တပ်အာဏာပိုင်တွေက လူသားခြင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကိုကူညီခွင့် မပြုတဲ့အတွက်အခက်အခဲတွေဖြစ်နေပါတယ်။

ဥပမာ ရေကြီးရေလျံဖြစ်တတ်တဲ့နေရာတွေမှာ ပိုမိုသင့်တော်ပြီး ရေရှည်ခံမယ့်အိမ်တွေဆောက်ပေးဖို့ လုပ်ဆောင်ခွင့်မရတဲ့အတွက် တချို့နေရာတွေမှာ ၂၀၁၂ ခုနှစ်လောက်ကတည်းက ယာယီဝါးတဲနဲ့ နေနေရတာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်လို့လည်း လူ့အခွင့်အရေးမဟာမင်းကြီးကပြောဆိုခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့ကလည်း မိုခါဆိုက်ကလုံးမုန်တိုင်းရခိုင်ပြည်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် ချင်း၊ မကွေး၊ စကိုင်း၊ ကချင် ဒေသတွေမှာလူပေါင်း ၁ သန်း ၆ သိန်းလောက်မုန်တိုင်းဒဏ်ခံခဲ့ရပြီး အရေးပေါ် အကူအညီ ၃၃၃ သန်းလို အပ်မယ်လို့ ကုလသမဂ္ဂပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG