သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်သူတွေကို အကူအညီပေးရေး ကုလနဲ့ အမေရိကန်ပြင်ဆင်


မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)
မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတဝှမ်းကို တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက် ပျက်ဆီးမှု အခြေအနေကို ဆန်းစစ် လေ့လာနေတဲ့အကြောင်းနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာနဲ့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ့်အကြောင်း အမေရိကန် သံရုံးက တွစ်တာလှုမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။ တချိန်တည်းမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း မုန်တိုင်းဘေး အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပျက်ဆီးထိခိုက်ခဲ့တဲ့ ပုံတွေကို သတင်းဌာနတွေ၊ လူမှုကွန်ယက်နဲ့၊ ဒေသခံ ဝန်ထမ်းတွေဆီကနေ ပိုပြီး ရရှိနေတဲ့အကြောင်းနဲ့ အရေးပေါ် အကူအညီတွေ ပေးနိုင်အောင် ပြင်ဆင်နေတဲ့အကြောင်း ကုလသမဂ္ဂရဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Stephen Anderson တွစ်တာ လူမှုကွန်ယက်က ပြောဆိုတာပါ။

ရခိုင်မုန်တိုင်းဘေးအတွက် WFP တုန့်ပြန်ဆောင်ရွက်နေ
please wait

No media source currently available

0:00 0:00:54 0:00

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် AA ကလည်း မိုခါ မုန်တိုင်းဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေဝိုင်းဝန်းပေးကြဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်ပြတ်တောက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ထိခိုက်ပျက်ဆီးမှုတွေ အကဲဖြတ်ဖို့ အဓိက အခက်အခဲ ဖြစ်နေတယ်လို့လည်း ဒေသခံ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID အဖွဲ့ဝင်တွေလည်း အရေးပေါ်အကူအညီပေးနိုင်ရေး ဒေသခံအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။

မိုခါ မုန်တိုင်းဟာ မုန်တိုင်းငယ်အဖြစ် တဖြေးဖြေး အားလျော့သွားပြီး တရုတ်မြန်မာနယ်စပ်ဘက်ကို ရွေ့လျားသွားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးသွားပြီဖြစ်တဲ့အတွက် အစိမ်းရောင်အဆင့် သတ်မှတ်တဲ့အကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ကြေညာပါတယ်။ မုန်တိုင်းကြောင့် လူ သုံးဦးသေဆုံးခဲ့တဲ့အကြောင်းနဲ့ အဆောက်အဦးတွေ ရာနဲ့ချီထိခိုက်ပျက်ဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သလို စစ်တွေမြို့အတွက် မုန်တိုင်းဘေးသင့်ခဲ့တဲ့နေရာတွေကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကြည့်ရှုပါတယ်။

ရခိုင်ပြည်နယ်မှာလိုပဲ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ပျက်ဆီးဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။ မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံဒေသတချို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရေကြီးမြေပြိုတာတွေ ဖြစ်နိုင်တဲ့အကြောင်း မိုးဇလ ဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG