သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ျပႆနာထက္ ေရြးေကာက္ပဲြကို ဦးစားေပးတဲ႔ အိႏိၵယ၀န္ႀကီးခ်ဳပ္ ေ၀ဖန္ခံရ


မဲဆြယ္စည္းရုံးေရးတခုမွာ ေတြ႔ရသည့္ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi (အလယ္)

[[ Zawgyi / Unicode ]]

အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီဟာ လက္ရွိအျဖစ္မ်ားေနတဲ့ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးကို အဓိက အာရုံမစိုက္ပဲ ေရြးေကာက္ပဲြ အႏိုင္ရေရးကိုသာ ဦးစားေပးေနတယ္ဆိုၿပီး ေဝဖန္ခံေနရပါတယ္။

ေရာဂါကူးစက္မႈ ျပင္းထန္ေနခ်ိန္မွာ အိႏၵိယ ဗဟုိ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ကိုဗစ္စည္းမ်ည္း ကိုင္တြယ္မႈဟာ ေလ်ာ့တိေလ်ာ့ရဲ ႏိုင္လြန္းၿပီး ၊ ႏိုင္ငံေရးပါတီေတြ လူအစုအၿပဳံလိုက္ စုေဝးခ်ီတက္တာမ်ဳိး ၊ မဲရုံေတြမွာ လူေတြ မခြာပဲ တန္းစီ မဲေပးေနတာမ်ဳိးေတြ လုပ္ေနတယ္လို႔ အကဲခတ္တခ်ဳိ႕က ျပစ္တင္ေနၾကတာပါ။

ဒီလို ေပါ့ေလ်ာမႈေတြကေန ကုိဗစ္ကူးစက္မႈႏႈန္း ဆက္လက္ျမင့္မားလာေနသလို ေသဆုံးမႈလည္း တိုးလာေန ပါတယ္။ တနဂၤေႏြေန႔ တရက္ထဲမွာတင္ ကူးစက္မႈေပါင္း (၃၉၀,၀၀၀)ေက်ာ္ရွိၿပီး ၂၄ နာရီအတြင္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ (၃,၇၀၀)နီးပါး ရွိပါတယ္။

ကုိဗစ္ကူးစက္မႈ ျပင္းထန္ေနတဲ့ၾကားက က်င္းပတဲ့ လက္ရွိ ေရြးေကာက္ပဲြအတြင္း အေနာက္ဘန္ေဂါ ျပည္နယ္ မွာေတာ့ လက္ရွိ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Mamata Banerjee ရဲ႕ TMC ပါတီက အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ အာဏာရ BJP ပါတီကို အႏိုင္ရသ ြားပါတယ္။ TMC ပါတီက မဲအားလုံးရဲ႕ သုံးပုံႏွစ္ပုံ အႏိုင္ရလိုက္ တာေၾကာင့္ မစၥ Banerjee ဟာလည္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ တတိယသက္တမ္းအတြက္ ေသခ်ာသေလာက္ ျဖစ္ေနၿပီး သူဟာ အိႏၵိယရဲ႕ တဦးတည္းေသာ အမ်ဳိးသမီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျဖစ္ပါတယ္။

ကိုဗစ္ကာကြယ္ေဆး အေျမာက္အမ်ားထုတ္ စက္ရုံေတြရွိတဲ့ အိႏၵိယႏိုင္ငံမွာ လူဦးေရသန္း (၁၃၀၀)ေလာက္ ရွိတဲ့အနက္ ကိုဗစ္ကာကြယ္ေဆး ထုိးၿပီးသူ ၂% သာ ရွိပါတယ္။ တကမၻာလုံးမွာ ဒီကေန႔အခ်ိန္ထိ ကိုဗစ္ကူးစက္ ခဲ့သူေပါင္း (၁၅၂)သန္းေက်ာ္ ရိွၿပီး ၊ အေမရိကန္မွာ ကူးစက္သူ (၃၂.၃)သန္းနဲ႔ ပထမ ျဖစ္ကာ ၊ အိႏၵိယက (၁၉.၅)သန္းနဲ႔ ဒုတိယ ၊ ဘရာဇီးက (၁၄.၇)သန္းနဲ႔ တတိယေနရာမွာ အသီးသီးရွိတယ္လို႔ Johns Hopkins တကၠသိုလ္ ကိုဗစ္သုေတသန ဌာနက ျပဳစုတဲ့ မွတ္တမ္းက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


[[ Unicode ]]

ကိုဗစ်ပြဿနာထက် ရွေးကောက်ပွဲကို ဦးစားပေးတဲ့ အိန္ဒိယဝန်ကြီးချုပ် ဝေဖန်ခံရ

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ လက်ရှိအဖြစ်များနေတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကို အဓိက အာရုံမစိုက်ပဲ ရွေးကောက်ပွဲ အနိုင်ရရေးကိုသာ ဦးစားပေးနေတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။

ရောဂါကူးစက်မှု ပြင်းထန်နေချိန်မှာ အိန္ဒိယ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကိုဗစ်စည်းမျည်း ကိုင်တွယ်မှုဟာ လျော့တိလျော့ရဲ နိုင်လွန်းပြီး ၊ နိုင်ငံရေးပါတီတွေ လူအစုအပြုံလိုက် စုဝေးချီတက်တာမျိုး ၊ မဲရုံတွေမှာ လူတွေ မခွာပဲ တန်းစီ မဲပေးနေတာမျိုးတွေ လုပ်နေတယ်လို့ အကဲခတ်တချို့က ပြစ်တင်နေကြတာပါ။

ဒီလို ပေါ့လျောမှုတွေကနေ ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက်မြင့်မားလာနေသလို သေဆုံးမှုလည်း တိုးလာနေ ပါတယ်။ တနင်္ဂနွေနေ့ တရက်ထဲမှာတင် ကူးစက်မှုပေါင်း (၃၉၀,၀၀၀)ကျော်ရှိပြီး ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ (၃,၇၀၀)နီးပါး ရှိပါတယ်။

ကိုဗစ်ကူးစက်မှု ပြင်းထန်နေတဲ့ကြားက ကျင်းပတဲ့ လက်ရှိ ရွေးကောက်ပွဲအတွင်း အနောက်ဘန်ဂေါ ပြည်နယ် မှာတော့ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee ရဲ့ TMC ပါတီက အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ အာဏာရ BJP ပါတီကို အနိုင်ရသ ွားပါတယ်။ TMC ပါတီက မဲအားလုံးရဲ့ သုံးပုံနှစ်ပုံ အနိုင်ရလိုက် တာကြောင့် မစ္စ Banerjee ဟာလည်း ပြည်နယ်ဝန်ကြီးချုပ် တတိယသက်တမ်းအတွက် သေချာသလောက် ဖြစ်နေပြီး သူဟာ အိန္ဒိယရဲ့ တဦးတည်းသော အမျိုးသမီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး အမြောက်အများထုတ် စက်ရုံတွေရှိတဲ့ အိန္ဒိယနိုင်ငံမှာ လူဦးရေသန်း (၁၃၀၀)လောက် ရှိတဲ့အနက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၂% သာ ရှိပါတယ်။ တကမ္ဘာလုံးမှာ ဒီကနေ့အချိန်ထိ ကိုဗစ်ကူးစက် ခဲ့သူပေါင်း (၁၅၂)သန်းကျော် ရှိပြီး ၊ အမေရိကန်မှာ ကူးစက်သူ (၃၂.၃)သန်းနဲ့ ပထမ ဖြစ်ကာ ၊ အိန္ဒိယက (၁၉.၅)သန်းနဲ့ ဒုတိယ ၊ ဘရာဇီးက (၁၄.၇)သန်းနဲ့ တတိယနေရာမှာ အသီးသီးရှိတယ်လို့ Johns Hopkins တက္ကသိုလ် ကိုဗစ်သုတေသန ဌာနက ပြုစုတဲ့ မှတ်တမ်းက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG