သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးကုတ္နဲ႔ ရွမ္းေျမာက္မွာ ေရႀကီးေရလွ်ံမႈျဖစ္


မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ မိုးကုတ္ၿမိဳ႕နယ္မွာ ေတာင္က်ေရက်ဆင္းတာေၾကာင့္ ေမ်ာပါသြားတဲ့ ကိုရင္ တစ္ပါးကို ရွာေဖြ ကယ္ဆယ္ေပးေနတဲ့ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား။ (ဓာတ္ပံု - Myanmar Fire Services Department - ေမ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအတြင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ ဒီကေန႔မနက္ပိုင္းက မိုးသည္းထန္စြာ ရြာသြန္းမႈေတြေၾကာင့္ ေရႀကီးေရလွ်ံတာေတြ ျဖစ္ပြားခဲ့ပါတယ္။ မႏၱေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕ မွာလည္း ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားၿပီး ကိုရင္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့သလို ရွမ္းျပည္နယ္က သီေပါနဲ႔ ေက်ာက္မဲၿမိဳ႕မွာလည္း ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ့တာပါ။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္ကလာတဲ့ သတင္းကို ကိုေဇာ္၀င္းလိႈင္က တင္ျပေပးပါမယ္။

မႏၱေလးတိုင္းေဒသႀကီး မုိးကုတ္ၿမိဳ႕နယ္အတြင္းက ဗမြန္းေက်းရြာအတြင္းမွာ ဒီကေန႔မနက္ပိုင္းက ေတာင္က်ေရေတြေၾကာင့္ ဆြမ္းခံထြက္လာတဲ့ ကိုရင္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့တယ္လို႔ မုိးကုတ္ၿမိဳ႕နယ္ မီးသတ္တာဝန္ရွိသူ တစ္ဦးကေျပာပါတယ္။

“က်ေနာ္တို႔က ေရႀကီးတာမဟုတ္ဘူးခင္ဗ်ာ။ ေတာင္က်ေရ ဟိုဟာေပါ့... အရပ္က က်တဲ့ ေရေတြ ေရေျမာင္းထဲကိုက်ေတာ့ ေရနည္းနည္းမ်ားတာေပါ့။ အဲဒီေရေျမာင္းေလးမွာ ကိုရင္က ဆြမ္းခံထြက္ရင္းနဲ႔ ေျခေထာက္ေဆးတာ ေခ်ာ္ၿပီးေတာ့ ေရေျမာင္းထဲ ပါသြားတာဗ်ာ။”

ဒါအျပင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာလည္း ဒီကေန႔ မနက္ပိုင္းက မိုးသည္းထန္စြာ ရြာသြန္းခဲ့တာေၾကာင့္ တၿမိဳ႕လံုး ေရႀကီးေရလွ်ံတာေတြ ျဖစ္ပြားခဲ့ေပမဲ့ ထိခိုက္ေသဆံုး ပ်က္စီးတာေတြ မရွိဘူးလို႔လည္း ေက်ာက္မဲၿမိဳ႕နယ္ ဇိဝိတလူမႈကူညီေရး အသင္းဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

“အခုေနာက္ပိုင္းမွာက်ေတာ့ ၿမိဳ႕ပတ္ဝန္းက်င္မွာ ရွိတဲ့ သစ္ေတာေတြ အကုန္လံုးျပဳန္းလာတယ္။ ေတာင္ယာေတြ ခုတ္ၾကတယ္။ သစ္ေတာေတြ မရွိေတာ့ဘူး။ ေနာက္တစ္ခါ ၿမိဳ႕ကလည္း လူအင္အား ၾကပ္လာတယ္။ ၾကပ္လာေတာ့ ရပ္ကြက္တြင္းလမ္းေတြ ေနာက္ၿမိဳ႕ရြာအတြင္းမွာ ရွိတဲ့ အိမ္ပတ္ဝန္းက်င္ေတြမွာ တမန္တလင္းေတြ ခင္းလာတယ္။ ဆိုေတာ့ ၿမိဳ႕က သူ႔သဘာဝ အတိုင္းသြားေနတဲ့ ေရစီးေရလာ အေႏွာင့္အယွက္ျဖစ္သြားတာေပါ့။ ဆိုေတာ့ မိုးနည္းနည္းႀကီးရင္ ေရႀကီးလာတယ္။ ဒီမနက္လည္း မိုးက သဲသဲမဲမဲ ရြာတယ္ေပါ့။ ရြာခ်ိန္က ခဏပါပဲ နာရီပိုင္းေလာက္ပဲၾကာတယ္။ သို႔ေသာ္ မိုးနည္းနည္းရြာတာနဲ႔ က်ေနာ္တို႔ ၿမိဳ႕က ဒယ္အုိးလုိ ျဖစ္ေနတာ။ ၿမိဳ႕ပတ္လည္မွာ ရွိတဲ့ ေတာင္ကုန္းေတာင္တန္းေတြက ေရေတြက ၿမိဳ႕ထဲဝင္ၿပီး ၿမိဳ႕ထဲမွာ ရွိတဲ့ ေခ်ာင္းထဲကို ဝင္လာေတာ့ ေရလွ်ံတာေပါ့။ အဲဒါနဲ႔ပဲ ၿမိဳ႕က ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေရျမဳပ္တာေပါ့။ အခုေတာ့ က်သြားပါၿပီ။”

တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ မိုးရြာသြန္းမႈေတြ ရွိေနေပမဲ့လည္း ျမန္မာႏို္င္ငံ အလယ္ပိုင္း ေဒသေတြမွာ အပူအခ်ိန္ျမင့္မားမႈေတြလည္း ရွိေနတာပါ။ ၿပီးခဲ့တဲ့ ေမလ ၁၇ ရက္ေန႔ကဆိုရင္ ျမန္မာႏိုင္ငံအလယ္ပိုင္း အပူခ်ိန္က ၄၆.၅ နဲ႔ တစ္ႏိုင္ငံလံုးမွာ အျမင့္ဆံုးျဖစ္ အထိေရာက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ မိုးေလဝသနဲ႔ ဇလေဗဒဌာနတာဝန္႐ွိသူက ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာ မုန္တိုင္းျဖစ္ပြားမယ့္အေျခအေနမရွိေပမဲ့လည္း အိႏိၵယႏိုင္ငံမွာ တိုက္ခတ္ေနတဲ့ ေတာက္တဲ့မုန္တိုင္းရဲ႕ အရွိန္ေၾကာင့္ မိုးရြာသြန္းမႈေတြ အနည္းငယ္ရွိႏိုင္တယ္လို႔လည္း ျမန္မာႏိုင္ငံ မိုးေလဝသနဲ႔ ဇလေဗဒဌာနက ဒုတိယညြန္ၾကားေရးမွဴး ဦးလွထြန္းက ေျပာပါတယ္။

“မုန္တိုင္းက ရွိမွမရွိတာ။ ဒါေပမဲ့ မေန႔ကလား ၿပီးခဲ့တဲ့ ရက္က အိႏၵိယႏိုင္ငံကို ဝင္သြားတဲ့ ေတာက္တဲ့ မုန္တိုင္းက အႏၵိယႏိုင္ငံအေနာက္ေျမာက္ဘက္ကို ဆက္သြားေတာ့ အဲဒီဘက္က လက္ရွိမွာေတာ့ အေနာက္ေလေတြက အားေကာင္းေနတာေပါ့။ အေနာက္ေလဆိုေတာ့ အေရွ႕ဘက္ကို အဲဒီဘက္က တိမ္ေတြကို သယ္လာတာေတာ့ ရွိတာေပါ့ေလ။ အဲဒ့ေၾကာင့္ ျမန္မာႏိုင္ငံေျမာက္ပိုင္းေတြမွာ ျပန္ရြာလာတာေတြ ရွိတယ္။ ဒါေတြကေတာ့ တစ္ခုခုနဲ႔ တစ္ခုခု ဆက္စပ္တာေပါ့ေလ။ အပူေၾကာင့္ ျဖစ္တဲ့ တိမ္ေတြ အားေကာင္းတာေတြေၾကာင့္ ဒါမ်ိဳးေတြကကေတာ့ ရြာေလ့ရြာထ ရွိပါတယ္။ ေတာက္တဲ့က ကုန္းေပၚေရာက္သြားၿပီးေတာ့ တစ္ျဖည္းျဖည္း အားေပ်ာ့သြားမွာေလ။ အၾကြင္းအက်န္ေတြကေတာ့ အေနာက္ေလေတြနဲ႔ ေရာက္လာမွာဆိုေတာ့ သက္ေရာက္မႈက ဒီေလာက္ပဲရွိတာ။ အမ်ားႀကီးေတာ့ မရွိပါဘူး။ ”

ျမန္မာႏို္င္ငံမွာ ႏွစ္စဥ္ႏွစ္တိုင္းဆိုသလို မုတ္သံုအဝင္ကာလနဲ႔ မုိးဦးကလာေတြမွာ တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေရႀကီးေရလွ်ံတာေတြ ျဖစ္ေလ့ရွိတာေၾကာင့္ အသက္ဆုံးရႈံးမႈေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုးကုတ်နဲ့ ရှမ်းမြောက်မှာ ရေကြီးရေလျှံမှုဖြစ်

မြန်မာနိုင်ငံအတွင်းက မြို့နယ်တချို့မှာ ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သလို ရှမ်းပြည်နယ် က သီပေါနဲ့ ကျောက်မဲမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းက ဗမွန်းကျေးရွာအတွင်းမှာ ဒီကနေ့မနက်ပိုင်းက တောင်ကျရေတွေကြောင့် ဆွမ်းခံထွက်လာတဲ့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ မိုးကုတ်မြို့နယ် မီးသတ်တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ကျနော်တို့က ရေကြီးတာမဟုတ်ဘူးခင်ဗျာ။ တောင်ကျရေ ဟိုဟာပေါ့... အရပ်က ကျတဲ့ ရေတွေ ရေမြောင်းထဲကိုကျတော့ ရေနည်းနည်းများတာပေါ့။ အဲဒီရေမြောင်းလေးမှာ ကိုရင်က ဆွမ်းခံထွက်ရင်းနဲ့ ခြေထောက်ဆေးတာ ချော်ပြီးတော့ ရေမြောင်းထဲ ပါသွားတာဗျာ။”

ဒါအပြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်းမှာလည်း ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တမြို့လုံး ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်သေဆုံး ပျက်စီးတာတွေ မရှိဘူးလို့လည်း ကျောက်မဲမြို့နယ် ဇိဝိတလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

“အခုနောက်ပိုင်းမှာကျတော့ မြို့ပတ်ဝန်းကျင်မှာ ရှိတဲ့ သစ်တောတွေ အကုန်လုံးပြုန်းလာတယ်။ တောင်ယာတွေ ခုတ်ကြတယ်။ သစ်တောတွေ မရှိတော့ဘူး။ နောက်တစ်ခါ မြို့ကလည်း လူအင်အား ကြပ်လာတယ်။ ကြပ်လာတော့ ရပ်ကွက်တွင်းလမ်းတွေ နောက်မြို့ရွာအတွင်းမှာ ရှိတဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ တမန်တလင်းတွေ ခင်းလာတယ်။ ဆိုတော့ မြို့က သူ့သဘာဝ အတိုင်းသွားနေတဲ့ ရေစီးရေလာ အနှောင့်အယှက်ဖြစ်သွားတာပေါ့။ ဆိုတော့ မိုးနည်းနည်းကြီးရင် ရေကြီးလာတယ်။ ဒီမနက်လည်း မိုးက သဲသဲမဲမဲ ရွာတယ်ပေါ့။ ရွာချိန်က ခဏပါပဲ နာရီပိုင်းလောက်ပဲကြာတယ်။ သို့သော် မိုးနည်းနည်းရွာတာနဲ့ ကျနော်တို့ မြို့က ဒယ်အိုးလို ဖြစ်နေတာ။ မြို့ပတ်လည်မှာ ရှိတဲ့ တောင်ကုန်းတောင်တန်းတွေက ရေတွေက မြို့ထဲဝင်ပြီး မြို့ထဲမှာ ရှိတဲ့ ချောင်းထဲကို ဝင်လာတော့ ရေလျှံတာပေါ့။ အဲဒါနဲ့ပဲ မြို့က နေရာတော်တော်များများမှာ ရေမြုပ်တာပေါ့။ အခုတော့ ကျသွားပါပြီ။”

တချို့မြို့နယ်တွေမှာ မိုးရွာသွန်းမှုတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ အပူအချိန်မြင့်မားမှုတွေလည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်း အပူချိန်က ၄၆.၅ နဲ့ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးဖြစ် အထိရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနတာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မုန်တိုင်းဖြစ်ပွားမယ့်အခြေအနေမရှိပေမဲ့လည်း အိန္ဒိယနိုင်ငံမှာ တိုက်ခတ်နေတဲ့ တောက်တဲ့မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးရွာသွန်းမှုတွေ အနည်းငယ်ရှိနိုင်တယ်လို့လည်း မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒုတိယညွန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“မုန်တိုင်းက ရှိမှမရှိတာ။ ဒါပေမဲ့ မနေ့ကလား ပြီးခဲ့တဲ့ ရက်က အိန္ဒိယနိုင်ငံကို ဝင်သွားတဲ့ တောက်တဲ့ မုန်တိုင်းက အန္ဒိယနိုင်ငံအနောက်မြောက်ဘက်ကို ဆက်သွားတော့ အဲဒီဘက်က လက်ရှိမှာတော့ အနောက်လေတွေက အားကောင်းနေတာပေါ့။ အနောက်လေဆိုတော့ အရှေ့ဘက်ကို အဲဒီဘက်က တိမ်တွေကို သယ်လာတာတော့ ရှိတာပေါ့လေ။ အဲဒ့ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းတွေမှာ ပြန်ရွာလာတာတွေ ရှိတယ်။ ဒါတွေကတော့ တစ်ခုခုနဲ့ တစ်ခုခု ဆက်စပ်တာပေါ့လေ။ အပူကြောင့် ဖြစ်တဲ့ တိမ်တွေ အားကောင်းတာတွေကြောင့် ဒါမျိုးတွေကကတော့ ရွာလေ့ရွာထ ရှိပါတယ်။ တောက်တဲ့က ကုန်းပေါ်ရောက်သွားပြီးတော့ တစ်ဖြည်းဖြည်း အားပျော့သွားမှာလေ။ အကြွင်းအကျန်တွေကတော့ အနောက်လေတွေနဲ့ ရောက်လာမှာဆိုတော့ သက်ရောက်မှုက ဒီလောက်ပဲရှိတာ။ အများကြီးတော့ မရှိပါဘူး။ ”

မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်းဆိုသလို မုတ်သုံအဝင်ကာလနဲ့ မိုးဦးကလာတွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေကြီးရေလျှံတာတွေ ဖြစ်လေ့ရှိတာကြောင့် အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG