သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးကုတ္က ထင္ရွားတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦး ဖမ္းဆီးခံထားရ


မိုးကုတ္ၿမိဳ႕က စီးပြားေရးလုပ္ငန္းရွင္ ဦးေက်ာ္ဝင္း။ (ဓာတ္ပံု - Kyaw Win's Facebook - ဇူလိုင္ ၂၉၊ ၂၀၁၆)

[Zawgyi/Unicode]

မႏၱေလးတုိင္း မုိးကုတ္ၿမိဳ႕က နာမည္ၾကီး စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ဒီကေန႔မနက္က လက္နက္ကိုင္တခ်ဳိ႕ေတြက ဖမ္းဆီးသြားတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္ ေျပာျပပါမယ္။

ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္စတဲ့ၿမိဳ႕ၾကီးေတြမွာပါ ဆုိင္ခဲြေတြ ဖြင့္လွစ္ထားတဲ့ SP Bakery စံျပမုန္႔တုိက္ပုိင္ရွင္ ဦးေက်ာ္၀င္းကုိသူေနထုိင္ရာ မုိးကုတ္ၿမိဳ႕မွာ ဘယ္အဖဲြ႔ကမွန္းမသိတဲ့ လက္နက္ကုိင္တခ်ဳိ႕က ဒီေန႔မနက္ပုိင္းမွာ ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။

ဖမ္းဆီးခံရမႈနဲ႔ ပတ္သက္လုိ႔ အာဏာပုိင္ေတြ စုံစမ္းေနေၾကာင္းလည္း မုိးကုတ္ၿမိဳ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး ဦးလွမိုးဦးက VOA ကို ေျပာပါတယ္။

“ေစ်းနားမွာ ေအာင္ခ်မ္းသာေစ်းနားမွာ အဲဒီနားမွာ ေခၚသြားတယ္လို႔ သိရပါတယ္။ ဘယ္လုိလူလဲဆုိေတာ့ ေခၚတဲ့အဖဲြ႔ေတြက တခ်ိဳ႕က လက္နက္ကိုင္ထားတယ္လုိ႔ သိရပါတယ္။ ၇ေယာက္ေတာ့ ရိွတယ္လုိ႔ ေျပာတယ္။ ကားေပၚမွာက တခ်ိဳ႕ေနတယ္။ ေအာက္မွာလည္း တခ်ိဳ႕ ဆင္းၿပီးေခၚတယ္လို႔ သိရတယ္။ မိသားစုေတြ စံုစမ္းဆက္သြယ္တဲ့အေလ်ာက္ကေတာ့ ဘာမွာ ဆက္သြယ္တာေတာ့ မရိွေသးဘူးသိရတယ္။ အဲဒါလည္းပဲ ေဆာင္ရြက္ေနပါတယ္။ ရဲကလည္း ရဲလုပ္ငန္းကို ေဆာင္ရြက္ေနပါတယ္။”

ဖမ္းဆီးသူလက္နက္ကုိင္ေတြဟာ ဘယ္အဖဲြ႔အစည္းကဆုိတာကုိ အာဏာပုိင္ေတြ ထုတ္ေဖာ္ ေျပာဆုိတာမရိွေပမဲ့ ေဒသတြင္းမွာ လႈပ္ရွားေနတဲ့ TNLA ေခၚ တအန္း(ပေလာင္) လက္နက္ကိုင္အဖဲြ႔က ျဖစ္ႏုိင္ၿပီး၊ ဆက္ေၾကးမေပးလုိ႔ ဖမ္းဆီးသြားတာ ျဖစ္ႏုိင္တယ္လုိ႔လည္း ေဒသခံေတြက ခန္႔မွန္းေျပာဆုိေနၾကပါတယ္။

TNLA အဖဲြ႔ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မႈးတာ့အုိက္ေက်ာ္ကေတာ့ ဖမ္းဆီးမႈသတင္းနဲ႔ ပတ္သက္လုိ႔ တိတိက်က် မသိရေသးေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔လည္း ဒီသတင္းေတြေပၚမွာပဲ ေတြ႔ရတယ္။ Social Media ေတြေပၚမွာေပါ့။ ဒီကိစၥက ဘယ္လုိျဖစ္တာလဲဆုိတာလည္း မသိရေသးဘူး။ အခုေတာ့ ေအာက္ေျခကို ျပန္ၿပီး ေမးၾကည့္ေနတုန္း ရိွေသးတယ္။”

ဗုိလ္မွဴးတာ့အိုက္ေက်ာ္က သူတုိ႔လႈပ္ရွားတဲ့နယ္ေျမအတြင္းမွာ စီးပြားေရးလုပ္ငန္းရွင္ေတြဆီက အခြန္ေကာက္ယူတာရိွေပမဲ့ အရင္က အခုလို ဖမ္းဆီးတာမရိွေၾကာင္းေျပာပါတယ္။

အခုဖမ္းဆီးမႈဟာ TNLA တပ္ဖဲြ႔၀င္ေတြရဲ႕ လက္ခ်က္ျဖစ္ခဲ့ရင္ေတာင္ အသက္အႏၱရာယ္ စုိးရိမ္စရာ မရွိဘူးလုိ႔လည္း ေျပာခြင့္ရသူ ဗိုလ္မွဴးတာ့အုိက္ေက်ာ္က ေျပာပါတယ္။

“ဒီဟာကေတာ့ ဘာမွ စုိးရိမ္စရာမရိွပါဘူး။ က်ေနာ္တုိ႔ ရန္သူေတာင္မွေနာ္။ က်ေနာ္တို႔ ေနာက္ဆံုးဖမ္းမိေတာင္မွ ဘာမွ မလုပ္ဘူး။ အခ်ိန္တန္ရင္ သူတို႔ကို ျပန္လႊတ္ေပးတာပဲ။”

မုိးကုတ္ၿမိဳ႕နယ္အတြင္းမွာ ႏို၀င္ဘာလ ေနာက္ဆံုးပတ္အတြင္းက အစိုးရတပ္မေတာ္နဲ႔ TNLA အၾကား တုိက္ပဲြျဖစ္ပြားခဲ့တာေၾကာင့္ တုိက္ပဲြျဖစ္ပြားရာအနီးအနားက ေဒသခံ ၁၅၀၀ေလာက္ဟာ မုိးကုတ္ၿမိဳ႕ဘက္ကို တိမ္းေရွာင္ခဲ့ရၿပီး လကုန္ပိုင္းမွာေတာ့ အေျခအေန ျပန္လည္ၿငိမ္သက္လာတဲ့အတြက္ ေနရပ္ျပန္ခဲ့ၾကပါတယ္။

မိုးကုတ္ၿမိဳ႕ခံတစ္ဦးျဖစ္တဲ့ ဦးစိုးေဌးကေတာ့ ေဒသတြင္း မတည္ၿငိမ္မႈေတြက မိုးကုတ္ၿမိဳ႕ရဲ့ စီးပြားေရးအေျခအေနကို ပိုမိုထိခိုက္လာေစႏိုင္ေၾကာင္း သံုးသပ္ထားပါတယ္။

“က်ေနာ္တုိ႔ ၿမိဳ႕က ဒီ ကိုဗစ္ မတိုင္ခင္ကတည္းက ဒီ ေက်ာက္မ်က္လုပ္တဲ့အေပၚမွာ ထိခိုက္နစ္နာတာ မ်ားေနၿပီေပါ့ဗ်ာ။ ေျပာမယ္ဆုိရင္ေတာ့ စီးပြားေရး ခြ်တ္ၿခံဳက်ေနတာေပါ့။ ဒါေလးေတြကို ျပန္ကုစားရမယ္ဆို စဥ္းစားေနၾကတုန္း ရိွေသးတယ္။ အခုလို ျဖစ္တဲ့အခါက်ေတာ့ တျခားေဒသက လာၿပီး ရင္းႏွီးျမဳပ္ႏွံမယ့္ သူေတြ၊ ေနာက္ ဒီမွာ ရိွတဲ့သူေတြကလည္း ရင္းႏွီးျမဳပ္ႏွံမယ့္အေျခအေနေတြက ေတာ္ေတာ္ပ်က္ဆီးသြားၿပီ ထင္တယ္။ သတင္းအေပၚမွာေပါ့ေလ။ အဲဒီေတာ့ ဒီအေျခအေနအေပၚမွာေတာ့ က်ေနာ္တို႔ ၿမိဳ႕က အမ်ားၾကီး ထိခုိက္တယ္လုိ႔ေတာ့ သံုးသပ္ခ်င္ပါတယ္။ ျပန္လည္ကုစားဖုိ႔ ေတာ္ေတာ္ အားထုတ္ၾကရအံုးမွာပါ။”

မိုးကုတ္ေဒသဟာ ကမၻာမွာ ထင္ရွားတဲ့ ပတၱျမား၊ နီလာ စတဲ့ ေက်ာက္မ်က္ရတနာေတြ ထြက္ရိွတဲ့ေဒသျဖစ္ၿပီး ၿမိဳ႕ခံအေတာ္မ်ားမ်ားဟာလည္း ေက်ာက္မ်က္လုပ္ငန္းအေပၚမွာ အမွီျပဳ ရပ္တည္ေနၾကတာျဖစ္ပါတယ္။

မႏၱေလးတုိင္းေဒသၾကီး မုိးကုတ္ၿမိဳ႕နဲ႔ ထိစပ္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ အစုိးရတပ္မေတာ္နဲ႔ TNLA အၾကားမွာ မၾကာခန ထိေတြ႔မႈေတြျဖစ္ပြားခဲ့သလုိ တရုတ္ျမန္မာနယ္စပ္ မူဆယ္၊ နမ့္ခမ္းစတဲ့ ၿမိဳ႕ေတြမွာဆုိရင္လည္း မၾကာခဏ ဗံုးေပါက္ကဲြတာ၊ ျပန္ေပးဆဲြတာေတြ ျဖစ္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုးကုတ်က ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံထားရ

မန္တလေးတိုင်း မိုးကုတ်မြို့က နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဒီကနေ့မနက်က လက်နက်ကိုင်တချို့တွေက ဖမ်းဆီးသွားတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် ပြောပြပါမယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာပါ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ SP Bakery စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကိုသူနေထိုင်ရာ မိုးကုတ်မြို့မှာ ဘယ်အဖွဲ့ကမှန်းမသိတဲ့ လက်နက်ကိုင်တချို့က ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စုံစမ်းနေကြောင်းလည်း မိုးကုတ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးလှမိုးဦးက VOA ကို ပြောပါတယ်။

“ဈေးနားမှာ အောင်ချမ်းသာဈေးနားမှာ အဲဒီနားမှာ ခေါ်သွားတယ်လို့ သိရပါတယ်။ ဘယ်လိုလူလဲဆိုတော့ ခေါ်တဲ့အဖွဲ့တွေက တချို့က လက်နက်ကိုင်ထားတယ်လို့ သိရပါတယ်။ ၇ယောက်တော့ ရှိတယ်လို့ ပြောတယ်။ ကားပေါ်မှာက တချို့နေတယ်။ အောက်မှာလည်း တချို့ ဆင်းပြီးခေါ်တယ်လို့ သိရတယ်။ မိသားစုတွေ စုံစမ်းဆက်သွယ်တဲ့အလျောက်ကတော့ ဘာမှာ ဆက်သွယ်တာတော့ မရှိသေးဘူးသိရတယ်။ အဲဒါလည်းပဲ ဆောင်ရွက်နေပါတယ်။ ရဲကလည်း ရဲလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။”

ဖမ်းဆီးသူလက်နက်ကိုင်တွေဟာ ဘယ်အဖွဲ့အစည်းကဆိုတာကို အာဏာပိုင်တွေ ထုတ်ဖော် ပြောဆိုတာမရှိပေမဲ့ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ TNLA ခေါ် တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့က ဖြစ်နိုင်ပြီး၊ ဆက်ကြေးမပေးလို့ ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

TNLA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်ကတော့ ဖမ်းဆီးမှုသတင်းနဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးကြောင်း ပြောပါတယ်။

“ကျနော်တို့လည်း ဒီသတင်းတွေပေါ်မှာပဲ တွေ့ရတယ်။ Social Media တွေပေါ်မှာပေါ့။ ဒီကိစ္စက ဘယ်လိုဖြစ်တာလဲဆိုတာလည်း မသိရသေးဘူး။ အခုတော့ အောက်ခြေကို ပြန်ပြီး မေးကြည့်နေတုန်း ရှိသေးတယ်။”

ဗိုလ်မှူးတာ့အိုက်ကျော်က သူတို့လှုပ်ရှားတဲ့နယ်မြေအတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက အခွန်ကောက်ယူတာရှိပေမဲ့ အရင်က အခုလို ဖမ်းဆီးတာမရှိကြောင်းပြောပါတယ်။

အခုဖမ်းဆီးမှုဟာ TNLA တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်ခဲ့ရင်တောင် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့လည်း ပြောခွင့်ရသူ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“ဒီဟာကတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ကျနော်တို့ ရန်သူတောင်မှနော်။ ကျနော်တို့ နောက်ဆုံးဖမ်းမိတောင်မှ ဘာမှ မလုပ်ဘူး။ အချိန်တန်ရင် သူတို့ကို ပြန်လွှတ်ပေးတာပဲ။”

မိုးကုတ်မြို့နယ်အတွင်းမှာ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းက အစိုးရတပ်မတော်နဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးအနားက ဒေသခံ ၁၅၀၀လောက်ဟာ မိုးကုတ်မြို့ဘက်ကို တိမ်းရှောင်ခဲ့ရပြီး လကုန်ပိုင်းမှာတော့ အခြေအနေ ပြန်လည်ငြိမ်သက်လာတဲ့အတွက် နေရပ်ပြန်ခဲ့ကြပါတယ်။

မိုးကုတ်မြို့ခံတစ်ဦးဖြစ်တဲ့ ဦးစိုးဌေးကတော့ ဒေသတွင်း မတည်ငြိမ်မှုတွေက မိုးကုတ်မြို့ရဲ့ စီးပွားရေးအခြေအနေကို ပိုမိုထိခိုက်လာစေနိုင်ကြောင်း သုံးသပ်ထားပါတယ်။

“ကျနော်တို့ မြို့က ဒီ ကိုဗစ် မတိုင်ခင်ကတည်းက ဒီ ကျောက်မျက်လုပ်တဲ့အပေါ်မှာ ထိခိုက်နစ်နာတာ များနေပြီပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့ စီးပွားရေး ချွတ်ခြုံကျနေတာပေါ့။ ဒါလေးတွေကို ပြန်ကုစားရမယ်ဆို စဉ်းစားနေကြတုန်း ရှိသေးတယ်။ အခုလို ဖြစ်တဲ့အခါကျတော့ တခြားဒေသက လာပြီး ရင်းနှီးမြုပ်နှံမယ့် သူတွေ၊ နောက် ဒီမှာ ရှိတဲ့သူတွေကလည်း ရင်းနှီးမြုပ်နှံမယ့်အခြေအနေတွေက တော်တော်ပျက်ဆီးသွားပြီ ထင်တယ်။ သတင်းအပေါ်မှာပေါ့လေ။ အဲဒီတော့ ဒီအခြေအနေအပေါ်မှာတော့ ကျနော်တို့ မြို့က အများကြီး ထိခိုက်တယ်လို့တော့ သုံးသပ်ချင်ပါတယ်။ ပြန်လည်ကုစားဖို့ တော်တော် အားထုတ်ကြရအုံးမှာပါ။”

မိုးကုတ်ဒေသဟာ ကမ္ဘာမှာ ထင်ရှားတဲ့ ပတ္တမြား၊ နီလာ စတဲ့ ကျောက်မျက်ရတနာတွေ ထွက်ရှိတဲ့ဒေသဖြစ်ပြီး မြို့ခံအတော်များများဟာလည်း ကျောက်မျက်လုပ်ငန်းအပေါ်မှာ အမှီပြု ရပ်တည်နေကြတာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ အစိုးရတပ်မတော်နဲ့ TNLA အကြားမှာ မကြာခန ထိတွေ့မှုတွေဖြစ်ပွားခဲ့သလို တရုတ်မြန်မာနယ်စပ် မူဆယ်၊ နမ့်ခမ်းစတဲ့ မြို့တွေမှာဆိုရင်လည်း မကြာခဏ ဗုံးပေါက်ကွဲတာ၊ ပြန်ပေးဆွဲတာတွေ ဖြစ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG