သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးကုတ္အနီး တိုက္ပြဲအရွိန္ေၾကာင့္ ေဒသခံ ရာနဲ႔ခ်ီထြက္ေျပး


ရွမ္းစစ္ေဘးေရွာင္တခ်ိဳ႕ကို ရွမ္းျပည္နယ္ရွိ ဘုန္းၾကီးေက်ာင္းတေက်ာင္းမွာ ေတြ႔ရ။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၁၅)

[Zawgyi/Unicode]

မႏၱေလးတုိင္း မုိးကုတ္ၿမိဳ႕အနီး တုိက္ပဲြေၾကာင့္ ေဒသခံရာနဲ႔ခ်ီ တိမ္းေရွာင္ခဲ့ၾကရသလုိ၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ တရုတ္နယ္စပ္အနီးမွာ ေပါက္ကဲြမႈျဖစ္ခဲ့လုိ႔ စုံစမ္းေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ကိုမိုးေဇာ္က ေျပာျပပါမယ္။

တပ္မေတာ္နဲ႔ TNLA ေခၚ တအန္း(ပေလာင္) တပ္ဖဲြ႔အၾကား ဒီလ ၁၉ ရက္နဲ႔ ၂၄ ရက္ေန႔ေတြမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုးမိတ္ၿမိဳ႕နယ္နဲ႔ မႏၱေလးတုိင္းေဒသၾကီး မုိးကုတ္ၿမိဳ႕နယ္ေတြအတြင္း တိုက္ပဲြေတြ ျဖစ္ပြားခဲ့ရာက လုံၿခံဳေရးအတြက္စုိးရိမ္တာေၾကာင့္ ေဒသခံေတြ မုိးကုတ္ၿမိဳ႕ေပၚကုိ တိမ္းေရွာင္လာၾကတာပါ။

တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္လာသူ ၅၀၀ ေက်ာ္ေလာက္ ရွိေနၿပီလုိ႔လည္း မိုးကုတ္ၿမိဳ႕ ေရွာလီ၀ိုင္းရပ္ကြက္ရဲ့ အုပ္ခ်ဳပ္ေရးမႈး ဦးစိုးျမင့္က VOA ကို ေျပာပါတယ္။

“မေန႔က ညေနပိုင္းထိ စာရင္းခ်ဳပ္ေတာ့ ဒီမွာ က်ေနာ္တုိ႔ ထားတဲ့ေနရာ ၅ေနရာရိွတယ္။ ေရႊဂူၾကီးဘုရား ဘုန္းၾကီးေက်ာင္းမွာ ၁၀၀ ေက်ာ္ထားတယ္။ ဂိဇၥ်ိကုဋ္ လီဆူပတၱျမားခန္းမမွာလည္း ၈၀ ေလာက္ ထားတယ္။ ေနာက္ ေအာင္မဂၤလာ ဓမၼာရံုမွာလည္း ၈၀ ေလာက္ ထားတယ္။ ပိတ္ဆြယ္ ၂ လီဆူႏွစ္ျခင္း အသင္းေတာ္မွာလည္း ၂၀၀ ေက်ာ္ ထားတယ္။ ေနာက္ က်ေနာ္တုိ႔ ရွမ္းေက်ာင္းေပါ့၊ တခ်ိဳ႕လည္း နီးစပ္ရာအိမ္ေတြမွာ လာၿပီးေတာ့ ခိုလႈံၾကတာေတြ ရိွပါတယ္။ အားလံုးဆုိရင္ ၅၄၀ ေလာက္ ရထားတယ္ဗ်။”

တိမ္းေရွာင္လာသူေတြဟာ မာနား၊ ေခ်ာင္းၾကီးအလယ္ရြာ၊ ရွမ္းကုန္းစံ၊ လီဆူကုန္းစံနဲ႔ ေက်ာက္၀ါရြာေတြက ျဖစ္ၿပီး စစ္ေရွာင္ေတြကိုေတာ့ သက္ဆုိင္ရာ ဘာသာေရးအဖဲြ႔အစည္းေတြနဲ႔ ရပ္မိရပ္ဖေတြက ကူညီေထာက္ပံ့ေပးထားေၾကာင္း ေျပာပါတယ္။

ေရြးေကာက္ပဲြလြန္ကာလမွာ တပ္မေတာ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းအေျခစိုုက္ လက္နက္ကိုင္အဖဲြ႔ေတြက အပစ္ခတ္ရပ္စဲထားၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ျပင္ဆင္တာေတြ ရိွေပမဲ့ ေဒသတြင္းအေျခအေနေတြဟာ တည္ၿငိမ္မႈ မရိွေသးသလို ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းကလည္း ေက်ာက္မဲၿမိဳ႔နယ္အတြင္းမွာ ေရြးေကာက္ခံ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦး ေသနတ္နဲ႔ပစ္ခတ္ သတ္ျဖတ္ခံခဲ့ရပါတယ္။

မေန႔တုန္းကလည္း တ႐ုတ္ႏုိင္ငံနဲ႔နယ္စပ္ မူဆယ္ၿမိဳ႕မွာ ည ၈ နာရီေလာက္က ေပါက္ကဲြမႈတခု ျဖစ္ပြားခဲ့တာပါ။

ဒီေပါက္ကဲြမႈနဲ႔ ပတ္သက္ၿပီး မူဆယ္ၿမိဳ႕ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက ခရုိင္မႈး ဦးအယ္လ္စိုးက အခုလို ေျပာပါတယ္။

“မူဆယ္ကေန နမ့္ခမ္းအထြက္ေလ အဲဒါမုဒ္ဦး ရိွတယ္ေလ... ၾကိဳဆုိပါ၏ ေပါ့။ အဲဒီနားမွာပါ။ ၈ နာရီေက်ာ္ေက်ာ္ေလာက္ေပါ့။ ျဖစ္စဥ္ကေတာ့ ျပည္သူ႔စစ္ေခါင္းေဆာင္ရဲ့ အိမ္ရိွတယ္ေလ။ အသံမုိင္းလို႔ ထင္ရတာေပါ့ေနာ္။ အသံမိုင္းလုိ႔ ထင္ရတယ္။ အဲဒါ ၿခံ၀င္းထဲမွာ ပစ္ၿပီး ေပါက္ကဲြသြားတယ္။ ထိခိုက္မႈ မရိွဘူးေနာ္။ လူသူ၊ တိရိစၦာန္... အပ်က္အစီးလည္း မရိွဘူး။”

ေပါက္ကဲြမႈျဖစ္ပြားရာေနရာကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး၊ ရဲ၊ တပ္မေတာ္စတဲ့ သက္ဆုိင္ရာတာ၀န္ရိွသူေတြကို လာေရာက္စစ္ေဆးခဲ့ၾကၿပီး ေလာေလာဆယ္မွာေတာ့ လက္သည္တရားခံကို စံုစမ္းေနဆဲရိွေၾကာင္း ေျပာပါတယ္။

တရုတ္ ျမန္မာ နယ္စပ္ကုန္သြယ္ေရးရဲ့ အခ်က္အျခာ ျဖစ္တဲ့ မူဆယ္ေဒသမွာ လက္နက္ကိုင္အဖဲြ႔ အေတာ္မ်ားမ်ား လႈပ္ရွားေနၿပီး ပစ္ခတ္တိုက္ခိုက္တာ၊ ေပါက္ကဲြမႈျဖစ္တာေတြဟာ မၾကာခန ျဖစ္ပြားေလ့ ရိွပါတယ္။

မူဆယ္ၿမိဳ႕ ဂရုဏာ ပရဟိတအသင္းက ဦးေသာင္းထြန္းကေတာ့ ဗုဒၶဟူးေန႔ညက ေပါက္ကဲြမႈျဖစ္ခဲ့ေပမဲ့ ဒီကေန႔မွာေတာ့ ေဒသခံေတြဟာ ပံုမွန္အတုိင္း သြားလာေနၾကေၾကာင္း ေျပာပါတယ္။

“ပံုမွန္ပါပဲ။ အေျခအေနအားလံုး ပံုမွန္ပါပဲ။ က်ေနာ္တုိ႔ မူဆယ္ကလည္း ဒီေပါက္ကဲြမႈေတြက ခန၊ ခန ျဖစ္ေနတဲ့အခါက် သိပ္မထူးဆန္းသလို၊ ေျပာရရင္ နည္းနည္းေလး ရိုးေနသလုိေပါ့ဗ်ာ။”

မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္ရွိ ေနအိမ္ၿခံဝင္းတစ္ခုအတြင္း လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲၿပီး ျမင္ကြင္း။ (ဓာတ္ပံု - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)
မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္ရွိ ေနအိမ္ၿခံဝင္းတစ္ခုအတြင္း လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲၿပီး ျမင္ကြင္း။ (ဓာတ္ပံု - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကေတာ့ နမ့္ခမ္းၿမိဳ႕ဘက္ကေန ဆိုင္ကယ္နဲ႔ အမ်ိဳးသား ၂ ဦးလာေရာက္ၿပီး ေနအိမ္ေရွ႕လမ္းမေပၚကေန အိမ္၀န္းအတြင္းကို ပစ္ခဲ့တဲ့ လက္လုပ္မိုင္းေပါက္ကဲြတာျဖစ္ေၾကာင္းနဲ႔ ေပါက္ကဲြမႈေၾကာင့္ လူထိခိုုက္တာ မရိွဘဲ ၿခံ၀န္းနဲ႔ ကပ္ေနတဲ့ အလုပ္သမားတန္းလ်ားရဲ့ မ်က္ႏွာက်က္နဲ႔ ျပတင္းေပါက္မွန္ တခ်ိဳ႕ ကဲြအက္ပ်က္ဆီးခဲ့ေၾကာင္းေဖာ္ျပပါတယ္။

ဒီလ ၂၃ ရက္ေန႔ည ၈နာရီေလာက္ကလည္း ကခ်င္ျပည္နယ္၊ မန္စီၿမိဳ႕နယ္ မန္၀ိန္းၾကီးေက်းရြာမွာ အမည္မသိ လူ၂ ေယာက္က ဆုိင္ကယ္စီးလာၿပီး ဦးထြန္းခင္ဆိုသူေနအိမ္ေရွ႕မွာ ခ်ထားခဲ့တဲ့ေနာက္ အသံမိုင္း တစ္လံုးေပါက္ကဲြခဲ့ေၾကာင္းနဲ႔ ဒီေပါက္ကဲြမႈမွာ လူထိခိုက္တာမရိွေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုးကုတ်အနီး တိုက်ပွဲအရှိန်ကြောင့် ဒေသခံ ရာနဲ့ချီထွက်ပြေး

မန္တလေးတိုင်း မိုးကုတ်မြို့အနီး တိုက်ပွဲကြောင့် ဒေသခံရာနဲ့ချီ တိမ်းရှောင်ခဲ့ကြရသလို၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ စုံစမ်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုမိုးဇော်က ပြောပြပါမယ်။

တပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့အကြား ဒီလ ၁၉ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက လုံခြုံရေးအတွက်စိုးရိမ်တာကြောင့် ဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်လာကြတာပါ။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူ ၅၀၀ ကျော်လောက် ရှိနေပြီလို့လည်း မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှုး ဦးစိုးမြင့်က VOA ကို ပြောပါတယ်။

“မနေ့က ညနေပိုင်းထိ စာရင်းချုပ်တော့ ဒီမှာ ကျနော်တို့ ထားတဲ့နေရာ ၅နေရာရှိတယ်။ ရွှေဂူကြီးဘုရား ဘုန်းကြီးကျောင်းမှာ ၁၀၀ ကျော်ထားတယ်။ ဂိဇ္ဈိကုဋ် လီဆူပတ္တမြားခန်းမမှာလည်း ၈၀ လောက် ထားတယ်။ နောက် အောင်မင်္ဂလာ ဓမ္မာရုံမှာလည်း ၈၀ လောက် ထားတယ်။ ပိတ်ဆွယ် ၂ လီဆူနှစ်ခြင်း အသင်းတော်မှာလည်း ၂၀၀ ကျော် ထားတယ်။ နောက် ကျနော်တို့ ရှမ်းကျောင်းပေါ့၊ တချို့လည်း နီးစပ်ရာအိမ်တွေမှာ လာပြီးတော့ ခိုလှုံကြတာတွေ ရှိပါတယ်။ အားလုံးဆိုရင် ၅၄၀ လောက် ရထားတယ်ဗျ။”

တိမ်းရှောင်လာသူတွေဟာ မာနား၊ ချောင်းကြီးအလယ်ရွာ၊ ရှမ်းကုန်းစံ၊ လီဆူကုန်းစံနဲ့ ကျောက်ဝါရွာတွေက ဖြစ်ပြီး စစ်ရှောင်တွေကိုတော့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရပ်မိရပ်ဖတွေက ကူညီထောက်ပံ့ပေးထားကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲလွန်ကာလမှာ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေက အပစ်ခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်တာတွေ ရှိပေမဲ့ ဒေသတွင်းအခြေအနေတွေဟာ တည်ငြိမ်မှု မရှိသေးသလို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။

မနေ့တုန်းကလည်း တရုတ်နိုင်ငံနဲ့နယ်စပ် မူဆယ်မြို့မှာ ည ၈ နာရီလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာပါ။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်မှုး ဦးအယ်လ်စိုးက အခုလို ပြောပါတယ်။

“မူဆယ်ကနေ နမ့်ခမ်းအထွက်လေ အဲဒါမုဒ်ဦး ရှိတယ်လေ... ကြိုဆိုပါ၏ ပေါ့။ အဲဒီနားမှာပါ။ ၈ နာရီကျော်ကျော်လောက်ပေါ့။ ဖြစ်စဉ်ကတော့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အိမ်ရှိတယ်လေ။ အသံမိုင်းလို့ ထင်ရတာပေါ့နော်။ အသံမိုင်းလို့ ထင်ရတယ်။ အဲဒါ ခြံဝင်းထဲမှာ ပစ်ပြီး ပေါက်ကွဲသွားတယ်။ ထိခိုက်မှု မရှိဘူးနော်။ လူသူ၊ တိရိစ္ဆာန်... အပျက်အစီးလည်း မရှိဘူး။”

ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို မြို့နယ်အုပ်ချုပ်ရေး၊ ရဲ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို လာရောက်စစ်ဆေးခဲ့ကြပြီး လောလောဆယ်မှာတော့ လက်သည်တရားခံကို စုံစမ်းနေဆဲရှိကြောင်း ပြောပါတယ်။

တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာ ဖြစ်တဲ့ မူဆယ်ဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ပေါက်ကွဲမှုဖြစ်တာတွေဟာ မကြာခန ဖြစ်ပွားလေ့ ရှိပါတယ်။

မူဆယ်မြို့ ဂရုဏာ ပရဟိတအသင်းက ဦးသောင်းထွန်းကတော့ ဗုဒ္ဓဟူးနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ဒေသခံတွေဟာ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ပြောပါတယ်။

“ပုံမှန်ပါပဲ။ အခြေအနေအားလုံး ပုံမှန်ပါပဲ။ ကျနော်တို့ မူဆယ်ကလည်း ဒီပေါက်ကွဲမှုတွေက ခန၊ ခန ဖြစ်နေတဲ့အခါကျ သိပ်မထူးဆန်းသလို၊ ပြောရရင် နည်းနည်းလေး ရိုးနေသလိုပေါ့ဗျာ။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ နမ့်ခမ်းမြို့ဘက်ကနေ ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးလာရောက်ပြီး နေအိမ်ရှေ့လမ်းမပေါ်ကနေ အိမ်ဝန်းအတွင်းကို ပစ်ခဲ့တဲ့ လက်လုပ်မိုင်းပေါက်ကွဲတာဖြစ်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် လူထိခိုက်တာ မရှိဘဲ ခြံဝန်းနဲ့ ကပ်နေတဲ့ အလုပ်သမားတန်းလျားရဲ့ မျက်နှာကျက်နဲ့ ပြတင်းပေါက်မှန် တချို့ ကွဲအက်ပျက်ဆီးခဲ့ကြောင်းဖော်ပြပါတယ်။

ဒီလ ၂၃ ရက်နေ့ည ၈နာရီလောက်ကလည်း ကချင်ပြည်နယ်၊ မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာမှာ အမည်မသိ လူ၂ ယောက်က ဆိုင်ကယ်စီးလာပြီး ဦးထွန်းခင်ဆိုသူနေအိမ်ရှေ့မှာ ချထားခဲ့တဲ့နောက် အသံမိုင်း တစ်လုံးပေါက်ကွဲခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုမှာ လူထိခိုက်တာမရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG