ျမန္မာႏိုင္ငံအေရးကို အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအဖြဲ႕ အာဆီယံက ဝင္ေရာက္ေျဖရွင္းရာမွာ စစ္ေကာင္စီဘက္က အၾကမ္းဖက္ အဖြဲ႕အစည္းနဲ႔ မတရားသင္းအျဖစ္ ေၾကညာထားတဲ့ အဖြဲ႕ေတြကို ထိေတြ႕ဆက္ဆံတာ မလုပ္ဖို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက မေန႔က ေၾကညာခ်က္ ထုတ္ျပန္ သတိေပးပါတယ္။
ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းကို ေျဖရွင္းရာမွာ သက္ဆိုင္သူ အားလုံးနဲ႔ ေဆြးေႏြး အေျဖရွာဖို႔ လိုတဲ့အေၾကာင္းနဲ႔ ကိုင္တြယ္မႈေတြ ပိုမိုထိေရာက္ေစဖို႔ အာဆီယံအလွည့္က် ဥကၠ႒သစ္ အင္ဒိုနီးရွားႏိုင္ငံ အေနနဲ႔ အထူး ကိုယ္စားလွယ္အဖြဲ႕႐ုံး ဖြဲ႕စည္းသြားမယ့္အေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ဒီလ ၁၁ ရက္ေန႔မွာ ေျပာဆိုခဲ့ ၿပီးတဲ့ေနာက္ စစ္ေကာင္စီဘက္က အခုလို တုံ႔ျပန္ ေျပာဆိုတာပါ။
အာဆီယံ ဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ ေဖာ္တဲ့ေနရာမွာ ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ျပည္တြင္းေရးကို တျခားႏိုင္ငံ တခုက ဝင္မစြက္ဖက္ရဘူး ဆိုတဲ့ အေျခခံမူ စြဲကိုင္ၿပီး ေဆာင္႐ြက္သြားမွာ ျဖစ္တဲ့အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အာဆီယံက ခ်မွတ္တဲ့ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ေတြထဲမွာ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ အဆုံးသတ္ၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအၾကား ေဆြးေႏြး အေျဖရွာႏိုင္ေရးနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏိုင္ေရး ကိစၥေတြကို အဓိက ထည့္သြင္းထားတာပါ။ ဒီဘုံသေဘာတူညီခ်က္ေတြကို စစ္ေကာင္စီဘက္က အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ေနတယ္ဆိုၿပီးေတာ့လည္း ေဒသတြင္း ထိပ္သီးအစည္းအေဝးေတြမွာ ျမန္မာစစ္ေခါင္းေဆာင္ေတြ တက္ေရာက္ခြင့္ အာဆီယံက ျငင္းပယ္ထားပါတယ္။
{Unicode}
အင်ဒိုနိုင်ငံခြားရေးဝန်ကြီးပြောကြားချက် စစ်ကောင်စီတုံ့ပြန်
မြန်မာနိုင်ငံအရေးကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံက ဝင်ရောက်ဖြေရှင်းရာမှာ စစ်ကောင်စီဘက်က အကြမ်းဖက် အဖွဲ့အစည်းနဲ့ မတရားသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့တွေကို ထိတွေ့ဆက်ဆံတာ မလုပ်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန် သတိပေးပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေး အဖြေရှာဖို့ လိုတဲ့အကြောင်းနဲ့ ကိုင်တွယ်မှုတွေ ပိုမိုထိရောက်စေဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ အထူး ကိုယ်စားလှယ်အဖွဲ့ရုံး ဖွဲ့စည်းသွားမယ့်အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီလ ၁၁ ရက်နေ့မှာ ပြောဆိုခဲ့ ပြီးတဲ့နောက် စစ်ကောင်စီဘက်က အခုလို တုံ့ပြန် ပြောဆိုတာပါ။
အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည် ဖော်တဲ့နေရာမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံ တခုက ဝင်မစွက်ဖက်ရဘူး ဆိုတဲ့ အခြေခံမူ စွဲကိုင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံက ချမှတ်တဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆွေးနွေး အဖြေရှာနိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး ကိစ္စတွေကို အဓိက ထည့်သွင်းထားတာပါ။ ဒီဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်ဆိုပြီးတော့လည်း ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် အာဆီယံက ငြင်းပယ်ထားပါတယ်။