သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရဟိတလူနာတင်ယာဉ် တိုက်ခိုက်ခံရ


မွန်ပြည်နယ် ရေးမြို့နယ်ကျောင်းရွာ ပစ်ခတ်မှုအတွင်းထိခိုက်ဒဏ်ရာရသူများ။ (ဓါတ်ပုံ ကျောင်းရွာသား/ ၁၂။၀၉ ။၂၀၂၁)
မွန်ပြည်နယ် ရေးမြို့နယ်ကျောင်းရွာ ပစ်ခတ်မှုအတွင်းထိခိုက်ဒဏ်ရာရသူများ။ (ဓါတ်ပုံ ကျောင်းရွာသား/ ၁၂။၀၉ ။၂၀၂၁)

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်မှာ လူမှုကူညီရေးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပရဟိတအသင်းသားတဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။ အပြင်းအထန် ထိခိုက် ဒဏ်ရာကြောင့် မော်လမြိုင်ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။

ပရဟိတလူနာတင်ယာဉ် တိုက်ခိုက်ခံရ

{{Zawgyi/Unicode}}
မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီးမှာ လူမှုကူညီရေးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပရဟိတအသင်းသားတဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။ အပြင်းအထန် ထိခိုက် ဒဏ်ရာကြောင့် မော်လမြိုင်ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။

မော်လမြိုင်ကို လူနာပို့ပြီးပြန်လာတဲ့ အောင်မင်္ဂလာ နာရေးကူညီမှုနဲ့ လူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ်ဟာ စက်တင်ဘာ ၉ ရက် မနက်အစောပိုင်းမှာ သံဖြူဇရပ်၊ ပိန္နဲတောကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်ခံရမှုမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်။

"ကျနော်တို့က လူနာပို့ပြီး အပြန် ဖြစ်စဉ်ဖြစ်တဲ့နေရာကို ၁၂ နာရီ ၂၀ မိနစ်လောက်က ရောက်တာပေါ့။ ကျနော်တို့က ကား ၂ စီးပြန်တာ၊ ရှေ့တစီးက လွတ်သွားတယ်။ အဲ့အချိန်မှာ ဝုန်းဆိုတဲ့ အသံကြားပြီးတာနဲ့ တောက်တောက် တောက်တောက် ဆိုပြီး ပစ်ကြတာပေါ့။ အဲဒီအချိန်မှာ နောက်ကားက ပက်လက်လန်သွားတယ်။ ကျနော်တို့ ရှေ့ကားကရပ်ပြီး ဒဏ်ရာရသူတွေကို ပြန်ဆွဲထုတ်ပြီး လမိုင်းဆေးရုံကို ပို့တယ်။ လမိုင်းဆေးရုံကနေပြီးတော့ မနက် ၄ နာရီထိုးလောက်မှာ မော်လမြိုင်ကို ပြန်တက်လာပြီးတော့ အခု မော်လမြိုင်ဆေးရုံ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံနေတာပေါ့။ ယာဉ်နောက်လိုက်ကတော့ ဖူးယောင်ဒဏ်ရာလောက်ပဲ ရတယ်။ ယာဉ်မောင်းကတော့ ဒဏ်ရာပြင်းထန်တာပေါ့။'

ပရဟိတဆောင်ရွက်နေချိန် အခုလို တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ဘယ်သူကျူးလွန်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ သတ်မှတ်ချက်တွေနဲ့အညီ အရေးပေါ်လူနာတင်ယာဉ်ကို မောင်းနှင်ခဲ့ပေမယ့် မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခံရတာကြောင့် အသင်းသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မော်တော်ယာဉ်လည်း ကြေမွပျက်စီးသွားတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အသက်အန္တရာယ်ရှိတဲ့အထိ ကြုံတွေ့လာရတဲ့ အခြေအနေတွေကြောင့် ပရဟိတလုပ်ငန်းတွေကို ဆက်ပြီးဆောင်ရွက်နိုင်ဖို့ စဉ်းစားစရာ ဖြစ်နေတယ်လို့လည်း အသင်းတာဝန်ရှိသူက ပြောပါတယ်။

"ခါတိုင်း ကျနော်တို့သွားနေတာပဲ။ တခြားအဖွဲ့တွေရော ကျနော်တို့လည်း သွားနေကြတာပဲ။ တလောတုန်းကတော့ အဲဒီနားမှာ ပွတ်တိုက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်။ ကျနော်တို့ အဲလိုမျိုး လူနာတင်ယာဉ် ဒီလိုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်က မွန်ပြည်နယ်မှာဆို ဒါပထမဆုံးလို့တောင် ပြောလို့ရတာပေါ့။ ကျနော်တို့အပါအဝင် ညီနောင်ပရဟိတအသင်းတွေကလည်း တွန့်သွားတာပေါ့။ ညကြီးညတာ ကျနော်တို့ရေးမြို့က အရေးပေါ်လူနာတွေကို မော်လမြိုင်ဆေးရုံကို ပို့နေတဲ့အနေအထားမှာ ကျနော်တို့က စဉ်းစားစရာဖြစ်လာပြီပေါ့။ ပြီးတော့ ကျနော်တို့ ညီနောင်ပရဟိတအသင်းတွေ ပြန်တိုင်ပင်ရမှာပေါ့။ ကျနော်တို့ ဘာဆက်လုပ်ရမလဲ။ အသင်းကိုပဲ ရပ်တန့်ရမလား။ အခုလောလောဆယ်တော့ ဘာမှမဆုံးဖြတ်ရသေးဘူး။"

မြန်မာနိုင်ငံဟာ အကူအညီပေးရေး လုပ်သားတွေအတွက် ကမ္ဘာမှာ အန္တရာယ်အကြီးဆုံး လှုပ်ရှားလုပ်ကိုင်နေရတဲ့ နိုင်ငံတွေထဲက တခုအဖြစ်ပါဝင်နေတယ်လို့ CARE International နိုင်ငံတကာပရဟိတ အဖွဲ့ကြီးရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေအကြားမှာ တခြားနေရာတွေမှာလည်း ပရဟိတ္တအကူအညီပေးရေး အဖွဲ့ကားတွေ မိုးဆွဲတိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် အပြစ်ဖို့ စွပ်စွဲလေ့ရှိပါတယ်။ ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေအတွက် အန္တရာယ်ပိုကြီးလာသလို အခက်အခဲတွေ ပို့တွေ့လာရတယ်လို့ လူမှုရေးအဖွဲ့တွေက ပြောပါတယ်။

ပရဟိတလူနာတင်ယာဉ် တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:03:12 0:00
တိုက်ရိုက် လင့်ခ်

........................................


{{Zawgyi/Unicode}}






XS
SM
MD
LG