သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် မုပ္ပလင်လမ်းဆုံ စစ်ကောင်စီနဲ့ KNLA/PDF တိုက်ပွဲ


ကျိုက်ထိုမြို့နယ် မုပ္ပလင်
ကျိုက်ထိုမြို့နယ် မုပ္ပလင်

[[ ZAWGYI /UNICODE ]]

မွန်ပြည်နယ် မုပ္ပလင်လမ်းဆုံ စစ်ကောင်စီနဲ့ KNLA/PDF တိုက်ပွဲ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင် လမ်းဆုံမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၁ နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မုပ္ပလင် စစ်ကောင်စီဂိတ်ကို ဇွန်လ ၁၂ရက် ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ဒေသခံကားသမားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံမှာ ဇွန်လ ၁၂ရက်နေ့ ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၁)နဲ့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေက မုပ္ပလင် စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစောထူးက အခုလိုပြောပါတယ်။

" ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားနဲ့ မုပ္ပလင်ကြားလို့ ပြောလို့ရတယ်။ စစ်တောင်းတံတား အသစ်ပါ၊ ညနေ ၄ နာရီဝန်းကျင်လောက်မှာ KNLA နဲ့PDF ပူးပေါင်းအဖွဲ့ကနေ သူတို့ကို သွားရောက်တိုက်ခိုက်တာပါ။ သူတို့ဖက်က ၂ ယောက်သေတယ်။ စစ်ကောင်စီဘက်ကပေါ့။ သူတို့ဖက်က ပြန်ပစ်တာ အဲဒါနေရာက ပစ်တိုင်းထောင် ထမင်းဆိုင်ကတော့ ခေါင်မိုးပွင့်ထွက်သွားတယ်။ ကားသမားတယောက်ကတော့ ပေါင်ထိမှန်သွားတယ်။ အပြင်းအထန် ဒဏ်ရာရတယ်။"

မုပ္ပလင် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲတွေက ဆုတ်ခွါသွားခဲ့ကြပြီး စစ်ကောင်စီဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကားလမ်းတလျောက်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ကားမောင်းသမားတဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မူတွေ ဖြစ်ပြီးတဲ့နောက် ဖြတ်သန်းသွားလာတဲ့ သူတွေကို စစ်ကောင်စီဘက်က တင်းတင်းကြပ်ကြပ် စစ်ဆေးမူတွေ လုပ်လာတယ်လို့လည်း ဆိုပါတယ်။

" ကားတွေကိုစစ်ဆေးတယ် သွားလာနေတဲ့ကားတွေကိုတားပြီးတားပြီးပို့ပီးစစ်ဆေးမူတွေလုပ်တယ် ရမ်းသမ်းပြီးပစ်ခတ်တာမျိုးတွေလည်းလုပ်တယ်။"

စစ်ကောင်စီဘက်ကတော့ ကျိုက်ထိုဘက်က တိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒီ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့တုန်းကလည်း KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲဒီတုန်းကလည်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့ပါတယ်။

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်း၊ မုပ္ပလင်ကျေးရွာ လမ်းမတွေပေါ်မှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ မကြာခဏ တိုက်ပွဲတွေရှိနေတယ်လို့ KNU ရဲ့ လစဉ်ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာ ခုနစ်ခုလုံးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင် အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖဲ့တွေ တိုက်ပွဲ ဖြစ်နေတာပါ။ တပ်မဟာ (၁) ၊ တပ်မဟာ (၅)၊ တပ်မဟာ (၆) နယ်မြေတွေမှာတော့ ဒီလပိုင်းတွေအတွင်း နှစ်ဖက်တိုက်ပွဲတွေကတော့ ရှိနေပါတယ်ရှင်။

================================

{{ UNICODE }}










XS
SM
MD
LG