သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လက္နက္ကိုင္ေတာ္လွန္ေရးကို စစ္ေကာင္စီ ႏွိမ္နင္းႏိုင္မည္မဟုတ္ (Derek Chollet)


အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet

[[Zawgyi/Unicode]]

ျမန္မာအာဏာသိမ္း စစ္ေကာင္စီအေနနဲ႔ ႏိုင္ငံတ၀န္းက လက္နက္ကိုင္တိုက္ေနသူေတြကို အႏိုင္ရဖို႔ ျဖစ္ႏိုင္ေခ်သိပ္မရွိဘဲ၊ ဒီမိုကေရစီကို ျပန္လည္ေဖာ္ေဆာင္သင့္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ အတိုင္ပင္ခံ Derek Chollet က ေျပာလိုက္ပါတယ္။

သူတို႔အေနနဲ႔ အခုခ်ိန္မွာ ႏိုင္ဖို႔ခက္ပါတယ္၊ စစ္ေကာင္စီဟာ နယ္ေျမေတြကို ဆုံးရႈံးေနသလို၊ ျမန္မာစစ္တပ္ဟာလည္း အေတာ္ေလးကို ရႈံးနိမ့္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ Derek Chollet က ႐ိုက္တာအပါအ၀င္ တျခား မီဒီယာေတြက သတင္းေထာက္ေတြကို ဘန္ေကာက္ၿမိဳ႕မွာ ေသာၾကာေန႔က ေျပာလိုက္ပါတယ္။ ဒါ့အျပင္ ျမန္မာစစ္ေကာင္စီဟာ ႏိုင္ငံတကာမွာေရာ ျပည္တြင္းမွာပါ အထီးက်န္လာေနၿပီး၊ လက္ရွိျဖစ္ေနတဲ့ တိုက္ပဲြေတြကို အဆုံးသတ္ၿပီးေတာ့ ဒီမိုကေရစီကို ျပန္လည္ေဖာ္ေဆာင္သင့္တယ္လို႔ ေျပာပါတယ္။

အခုလို အေမရိကန္ဘက္က ေျပာလိုက္တာနဲ႔ ပတ္သက္ၿပီး ျမန္မာစစ္ေကာင္စီကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ဘူးလို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

အေမရိကန္ထိပ္တန္းသံတမန္တဦးျဖစ္တဲ့ Derek Chollet ဟာ အေရွ႕ေတာင္အာရွက ထိုင္း၊ စင္ကာပူနဲ႔ ဘ႐ူႏိုင္း ၃ ႏိုင္ငံကို သြားေရာက္ေနတာျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္းကေတာ့ ထိုင္း-ျမန္မာနယ္စပ္က အႀကီးဆုံး ဒုကၡသည္စခန္းျဖစ္တဲ့ မယ္လ ဒုကၡသည္စခန္းကို သြားေရာက္ခဲ့ၿပီး၊ အဲဒီမွာရွိတဲ့ ဒုကၡသည္ေတြအပါအ၀င္ ျမန္မာ့အေရးကူညီ ေဆာင္ရြက္ ေပးေနတဲ့ အဖဲြ႕အစည္းေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ႏိုင္ငံတ၀န္းမွာ အဲဒီစစ္အာဏာသိမ္းမႈကို လက္မခံတဲ့ ၿငိမ္းခ်မ္းစြာဆန္႔က်င္ဆႏၵျပမႈေတြျဖစ္ေပၚခဲ့ၿပီး၊ အခုေနာက္ပိုင္းမွာေတာ့ လက္နက္ကိုင္ေတာ္လွန္မႈေတြ ျဖစ္လာခဲ့တာပါ။

[[Unicode]]

မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းက လက်နက်ကိုင်တိုက်နေသူတွေကို အနိုင်ရဖို့ ဖြစ်နိုင်ချေသိပ်မရှိဘဲ၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet က ပြောလိုက်ပါတယ်။

သူတို့အနေနဲ့ အခုချိန်မှာ နိုင်ဖို့ခက်ပါတယ်၊ စစ်ကောင်စီဟာ နယ်မြေတွေကို ဆုံးရှုံးနေသလို၊ မြန်မာစစ်တပ်ဟာလည်း အတော်လေးကို ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Derek Chollet က ရိုက်တာအပါအဝင် တခြား မီဒီယာတွေက သတင်းထောက်တွေကို ဘန်ကောက်မြို့မှာ သောကြာနေ့က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ အထီးကျန်လာနေပြီး၊ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကို အဆုံးသတ်ပြီးတော့ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်သင့်တယ်လို့ ပြောပါတယ်။

အခုလို အမေရိကန်ဘက်က ပြောလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ Derek Chollet ဟာ အရှေ့တောင်အာရှက ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း ၃ နိုင်ငံကို သွားရောက်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတော့ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ

မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး၊ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေအပါအဝင် မြန်မာ့အရေးကူညီ ဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတဝန်းမှာ အဲဒီစစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး၊ အခုနောက်ပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်မှုတွေ ဖြစ်လာခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG