သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်ထိုမြို့နယ်တွင်း စစ်ကောင်စီဂိတ်စခန်းနှစ်ခု KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက် 


ကျိုက်ထိုမြို့နယ် မုပ္ပလင်
ကျိုက်ထိုမြို့နယ် မုပ္ပလင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်း (၂) ခုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့အတူ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာလည်း အလားတူ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်း ၂ ခုဖြစ်တဲ့ စစ်တောင်းတံတားဂိတ်နဲ့ မုပ္ပလင်လမ်းဆုံရဲဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြာက်ရေးတပ်နဲ့ပူးပေါင်းတပ်တွေက ဖေဖေါ်ဝါရီလ ၁၁ ရက် တနေ့တည်းမှာပဲ သုံးကြိမ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

"စစ်တောင်းတံတားဂိတ်ပေါ့နော်၊ စစ်တောင်းတံတားက အသစ်နဲ့အဟောင်း ဂိတ်နှစ်ခုရှိတယ်။ မုပ္ပလင်လမ်းဆုံရဲဂိတ်နဲ့ စခန်း ၂ ခုလုံးကို ၃ ကြိမ်တိုက်ခိုက်တာပါ။"

စစ်တောင်းတံတားဂိတ်သစ်နဲ့မုပ္ပလင်လမ်းဆုံဂိတ်ကို ပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေနဲ့သွားချခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို အဖွဲ့ပေါင်း ၇ ဖွဲ့က ပူးပေါင်းလုပ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပါမယ်။ Iron Adventure Force (IAF)ပါတယ်။ ကဝ ပကဖ ပါတယ်။ Drone Team၊ အင်းတကော် ပကဖ ပါတယ်။ Drone Team၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ ပါတယ်။ Drone Team ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နဲ့ကျိုက်ထို ပကဖပါပါတယ်။"

အလားတူ ကော့ကရိတ်မှာလည်း တိုက်ပွဲပြင်းထန်တဲ့အတွက် မြို့နေလူထုဟာ စစ်ဘေးရှောင်နေရပြီး ကော့ကရိတ်မြို့ထဲမှာတော့ နေထိုင်သူ မရှိတော့ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

"ကော့ကရိတ်မြို့မှာ ဆက်ပြီးတေ့ာ တိုက်ပွဲတွေ ပြင်းထန်နေတာပေါ့။ ကော့ကရိတ်မြို့ဘက်မှာတော့ လူက တယောက်မှမရှိသလောက်ပဲ။"

ကော့ကရိတ်မြို့အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒရုန်းဗုံးသီးနဲ့ လက်နက်ကြီးတွေကျနေတာကြောင့် မြို့ခံလူနေအိမ်တွေ နေ့စဉ်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အခုဆိုရင် ကော့ကရိတ်မြို့အတွင်းက တောင်ပေါ်ကျောင်းနဲ့ မြို့ရဲ့မြောက်ပိုင်းအထွက်မှာ စစ်တပ်ရဲ့ စစ်ဆေးဂိတ်ရှိပြီး အဲဒီနေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကော့ကရိတ်မြို့က လူနေအိမ်တွေလည်း လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်ပျက်စီးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG