သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယင္းမာပင္နဲ႔ ကနီၿမိဳ႕ၾကား ေက်းရြာေတြ ရြာလံုးကၽြတ္ ထြက္ေျပးေနရ


ကေလးၿမိဳ႕ က စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပ လမ္းခံတပ္

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နဲ႔ ကနီၿမိဳ႕ၾကားမွာ႐ွိတဲ့ ႐ြာေတြက ႐ြာသားေတြကို စစ္တပ္က လိုက္လံဖမ္းဆီးေနတဲ့အတြက္ ရြာလံုးကြ်တ္ထြက္ေျပးေနၾကရပါတယ္။ ျမင္းၿခံနဲ႔ မိုးကုတ္ၿမိဳ႕ေတြမွာလည္း စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္တာမွာ ပါ၀င္သူေတြကို ဖမ္းဆီးေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္က လာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

ကနီၿမိဳ႕နားနဲ႔ပိုနီးတဲ့ မံုရြာ-ယာႀကီး-ကေလး၀နဲ႔ မံုရြာ-အေလာင္းေတာ္ ကႆပလမ္းၾကားက ရြာေတြမွာ စစ္တပ္နဲ ႔ေဒသခံရြာသားေတြ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္ၾကလို႔ ႏွစ္ဘက္လံုးမွာ ေသဆံုးဒဏ္ရာရတာတြ ရွိခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ စစ္တပ္က မံုရြာ၊ အေလာင္းေတာ္-ကႆပလမ္းက ေက်းရြာေတြမွာ ရြာသားေတြကို ဖမ္းဆီးေနတယ္လုိ႔ ယာႀကီးေက်းရြာသားတစ္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“လက္ရွိအေျခအေနကေတာ့ စစ္သားေတြ စစ္တပ္ေတြကေတာ့ ရြာေတြထဲ လိုက္ေမႊေနတုန္းပဲ။ ရြာေတြကလည္း စစ္သားေတြလာၿပီဆိုရင္ ေၾကာက္လန္႔ၿပီးထြက္ေျပးၾကေပါ့။ ယာႀကီးဘက္ဆိုရင္ ျပန္ညွိတယ္ ထြက္မေျပးဖို႔ လာဖို႔ျပန္ညွိတယ္။ သူတို႔က အဲ့လိုေျပာလို႔ ကပိုင္က ထြက္ေျပးတဲ့သူေတြ ႏြားေတြတိရစၦာန္ေတြ လာေကြ်းေတာ့ ဖမ္းျပန္ေကာ။ ရြာကလူေတြကလည္း ေၾကာက္ၿပီးေတာ့ ရြာနားကို မကပ္ရဲဘူး ေျပးေနၾကရတယ္။ ကေလးသူငယ္ေတြေကာ အကုန္လံုး။ အဓိက ေျပးေနရတာက ကပိုင္ရယ္ သီးကုန္းရယ္ တေလာက္ ၀င္းကုန္း အဲ့ရြာေတြကေပါ့။ လက္ရွိစစ္တပ္က အဲ့နားေရာက္ေနတာဆိုေတာ့ ရြာထဲမွာရွိသမွ် လူကုန္ထြက္ေျပးေနရတာပဲ။ အခက္အခဲကရွိတယ္ ေျပးတာက ရြာလံုးကြ်တ္ေတြ ေျပးရတာဆိုေတာ့ စားေရး ေသာက္ေရးေတြ ခက္ခဲတာေပါ့ ။ ဒါေပမယ့္ က်ေနာ္တို႔ဆီက ေတာစပ္ေတြနီးတာဆိုေတာ့ ေတာထဲေတြ ေျပးရတာဆိုေတာ့ ေတာေတြထဲေနေနရတာေလ။ သူတို႔ေတြ ဆက္ရွိေနဦးမယ္ဆိုရင္ ေတာထဲ ဒီတိုင္း ဒုကၡခံၿပီး ေနရအံုးမွာ။ ျပန္လာလို႔ေတာ့ မရေသးဘူး။ သူတို႔က မယံုရတာဆိုေတာ့။”

ဧၿပီ ၁၉ ရက္ညပိုင္းက ယင္းမာပင္နဲ႔ ကနီၿမိဳ႕နယ္စပ္ မံုရြာယာႀကီးလမ္းမွာ တာ၀ါတိုင္ေစာင့္တဲ့ စစ္သားေတြကို ေဒသခံေတြက ပစ္ခတ္တာေၾကာင့္ စစ္သား ႏွစ္ဦး ေသဆံုးခဲ့ပါတယ္။ ဧၿပီ ၂၀ ရက္ညပိုင္းမွာေတာ့ မံုရြာ ယာႀကီးလမ္း တေလာက္ရြာအနီးမွာ ေဒသခံေက်းရြာသားေတြနဲ႔ စစ္တပ္တို႔ အျပန္အလွန္ ပစ္ခတ္ တိုက္ပြဲျဖစ္ပြားၿပီး ရြာသားေတြဘက္က ၆ ဦးေသဆံုးခဲ့ပါတယ္။ အဲဒီေဒသဖက္က ႐ြာသားေတြဟာ စစ္တပ္ကို လက္လုပ္လက္နက္ေတြနဲ႔ ခုခံပစ္ခတ္ၿပီး အျပန္အလွန္ ပစ္ခတ္မႈေတြမွာ စုစုေပါင္း ႐ြာသား ၁၀ ဦးထက္မနည္း ေသဆံုးသလို စစ္တပ္ဖက္က ခန္႔မွန္းေျခ ၃၀ ေလာက္ ေသဆံုးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေရအတြက္ကို ဗီြအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ဒီကေန႔မွာေတာ့ ေဒသခံေက်းရြာသားေတြနဲ႔ ပစ္ခတ္မႈမ႐ွိေပမဲ့ စစ္တပ္က မံုရြာ ယာႀကီး ကေလး၀ မံုရြာ -အေလာင္းေတာ္ကႆပလမ္းက ရြာေတြဘက္မွာ လိုက္လံ႐ွာေဖြတာေတြ၊ ေမာင္းသူမဲ့ ေလယာဥ္ေတြနဲ႔ ေစာင့္ၾကည့္တာေတြ လုပ္ခဲ့သလို ေက်းရြာထဲမွာရွိတဲ့ လက္နက္ေတြ လာအပ္ဖို႔လည္း စစ္တပ္က ေျပာေနပါတယ္။

ပစ္ခတ္တာေတြမရွိဘဲ ၿငိမ္ေနေပမယ့္ စစ္တပ္ဘက္က ေက်းရြာေတြနဲ႔ နီးတဲ့ေနရာေတြမွာ စစ္အင္အား ျဖည့္တင္းေနတယ္လို႔ ရြာခံေတြကေျပာပါတယ္။

ၿပီးခဲ့တဲ့တပတ္က ပစ္ခတ္မႈေတြ႐ွိခဲ့တဲ့ ျမင္းၿခံၿမိဳ႕မွာေတာ့ ၿငိမ္ေနပါတယ္။ ပစ္ခတ္မႈေတြျဖစ္ခဲ့တဲ့ အမွတ္ ၆ ရပ္ကြက္ကို စစ္တပ္က အခု လံုၿခံဳေရးယူထားပါတယ္။ ဆႏၵျပပြဲမွာ ပါ၀င္သူတစ္ဦးကို ဒီကေန႔မနက္အေစာပိုင္းမွာ ဖမ္းသြားတယ္လို႔ ျမင္းၿခံ ၿမိဳ႕ခံ တစ္ဦးက ေျပာပါတယ္။

“ဒီေန႔ကေတာ ပစ္ခတ္မႈမရွိဘူး။ အရင္က ခံတပ္မွာ ပစ္ခတ္မႈျဖစ္ခဲ့တဲ့ အမွတ္ ၆ ရပ္ကြက္မွာေတာ့ ကား ၃ စီးနဲ႔ စစ္အင္အား ၅၀ ေလာက္က ရွိေနတယ္။ မနက္ ၅ နာရီခြဲ ၆ နာရီေလာက္မွာ အိမ္ကေန လဖက္ရည္ဆိုင္အသြားမွာ အရပ္၀တ္နဲ႔တေယာက္က သူ႔ကို ဂုတ္ဆြဲၿပီးေတာ့ ေခၚသြားတယ္။ ေနာက္မွာ စစ္သား အင္အား အနည္းငယ္ပါတယ္ေျပာတယ္။”

ျမင္းၿခံၿမိဳ႕မွာ လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံရသူ ၅၀ ေက်ာ္ ရွိၿပီး စစ္တပ္နဲ႔ရဲက ပစ္ခတ္တာေၾကာင့္ ေသဆံုးသူ ၃၀ နီးပါးအထိ ရွိပါတယ္။

အလားတူ မိုးကုတ္ၿမိဳ႕မွာ ေရပူေက်ာင္းဘုန္းႀကီးေက်ာင္းက ဆရာေတာ္ ဦးေရ၀တကို စစ္တပ္နဲ႔ရဲက မေန႔ ဧၿပီ ၂၁ ရက္ေန႔က ဖမ္းဆီးသြားပါတယ္။ ဆရာေတာ္ ဦးေရ၀တဟာ လူ၀တ္ဘ၀က ေအာက္ျမန္မာျပည္ ဗကသဥကၠ႒ေဟာင္း ရဲရင့္ပိုင္မွဴးျဖစ္ၿပီး မိုးကုတ္ၿမိဳ႕ ေရပူေက်ာင္းမွာ သကၤန္း၀တ္ေနတာ ၅ ၀ါ ရေနၿပီျဖစ္တဲ့ ဆရာေတာ္တပါးျဖစ္ပါတယ္။

စစ္ေကာင္စီက အဏာသိမ္းတဲ့ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ကေနစၿပီး ဦးေရ၀တဟာ မိုးကုတ္ၿမိဳ႕စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္ပြဲေတြမွာ ဦးေဆာင္တဲ့အတြက္ အခုလို ဖမ္းဆီးခံရတာျဖစ္ၿပီး ဖမ္းဆီးၿပီးေနာက္ သူ႔ကို အာဏာပိုင္ေတြက လူ၀တ္လဲထားတယ္လို႔ ေရပူေက်ာင္းက ဆရာေတာ္တပါးက ေျပာပါတယ္။

“ဘာမွမေျပာမဆိုဘဲ ရဲေကာစစ္သားေကာ ၀င္လာတာၿပီးတာနဲ႔ တၿပိဳင္နက္တည္း ဦးဇင္းရဲရင့္ပိုင္မွဴးေပါ့ေနာ္ ဦးဇင္းေရ၀တကို အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ၂ ေယာက္၀င္လာၿပီးေတာ့မွ သူတို႔တခါတည္းဖမ္းသြားတာ ၃ နာရီနဲ႔ ၈ မိနစ္ေလာက္မွာ ဖမ္းသြားတာ။ ရဲစခန္းမွာထားတာ အဲ့ဒါကေန ေထာင္ႀကီးခ်ဳပ္ကိုပို႔ၿပီးမွ ရမာန္ယူဘာညာလုပ္ၿပီးမွ အမႈဆင္ အမႈဆင္ၿပီးတာနဲ႔ တၿပိဳင္နက္တည္း ေထာင္ခ် ေထာင္ခ်ၿပီးတာနဲ႔ မႏၱေလး အိုးဘိုေထာင္ကိုပို႔ မိုးကုတ္က အဲ့လိုမ်ိဳးျဖစ္တာေလ။ သူ႔ကို အဲ့လိုပို႔ထားတာေလ။ မနကက သြားၾကည့္ေတာ့ သူ႔ကို လူ၀တ္လဲလိုက္ၿပီလို႔ အဲ့လိုေျပာတယ္။”

မိုးကုတ္ ေရပူေက်ာင္းထိုင္ဆရာေတာ္ကိုလည္း ဆႏၵျပပြဲေတြမွာ ပါ၀င္တယ္ဆိုၿပီး စစ္ေကာင္စီက ဖမ္းဆီးထားၿပီး ေထာင္ဒဏ္ခ်မွတ္ထားပါတယ္။

မိုးကုတ္ၿမိဳ႕မွာ အခုလို ဖမ္းဆီးေထာင္ခ်တာေတြနဲ႔ သပိတ္ေတြကို အၾကမ္းဖက္ၿဖိဳခြင္းတာေတြရွိေနေပမယ့္ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ ေႏြဦးေတာ္လွန္ေရး သပိတ္ေတြကေတာ့ ေန႔တိုင္းဆက္ၿပီး ႐ွိေနပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာရှိတဲ့ ရွာတွေက ရွာသားတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ မြင်းခြံနဲ့ မိုးကုတ်မြို့တွေမှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာမှာ ပါဝင်သူတွေကို ဖမ်းဆီးနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ကနီမြို့နားနဲ့ပိုနီးတဲ့ မုံရွာ-ယာကြီး-ကလေးဝနဲ့ မုံရွာ-အလောင်းတော် ကဿပလမ်းကြားက ရွာတွေမှာ စစ်တပ်နဲ့ဒေသခံရွာသားတွေ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ကြလို့ နှစ်ဘက်လုံးမှာ သေဆုံးဒဏ်ရာရတာတွ ရှိခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ စစ်တပ်က မုံရွာ၊ အလောင်းတော်-ကဿပလမ်းက ကျေးရွာတွေမှာ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ ယာကြီးကျေးရွာသားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ စစ်သားတွေ စစ်တပ်တွေကတော့ ရွာတွေထဲ လိုက်မွှေနေတုန်းပဲ။ ရွာတွေကလည်း စစ်သားတွေလာပြီဆိုရင် ကြောက်လန့်ပြီးထွက်ပြေးကြပေါ့။ ယာကြီးဘက်ဆိုရင် ပြန်ညှိတယ် ထွက်မပြေးဖို့ လာဖို့ပြန်ညှိတယ်။ သူတို့က အဲ့လိုပြောလို့ ကပိုင်က ထွက်ပြေးတဲ့သူတွေ နွားတွေတိရစ္ဆာန်တွေ လာကျွေးတော့ ဖမ်းပြန်ကော။ ရွာကလူတွေကလည်း ကြောက်ပြီးတော့ ရွာနားကို မကပ်ရဲဘူး ပြေးနေကြရတယ်။ ကလေးသူငယ်တွေကော အကုန်လုံး။ အဓိက ပြေးနေရတာက ကပိုင်ရယ် သီးကုန်းရယ် တလောက် ဝင်းကုန်း အဲ့ရွာတွေကပေါ့။ လက်ရှိစစ်တပ်က အဲ့နားရောက်နေတာဆိုတော့ ရွာထဲမှာရှိသမျှ လူကုန်ထွက်ပြေးနေရတာပဲ။ အခက်အခဲကရှိတယ် ပြေးတာက ရွာလုံးကျွတ်တွေ ပြေးရတာဆိုတော့ စားရေး သောက်ရေးတွေ ခက်ခဲတာပေါ့ ။ ဒါပေမယ့် ကျနော်တို့ဆီက တောစပ်တွေနီးတာဆိုတော့ တောထဲတွေ ပြေးရတာဆိုတော့ တောတွေထဲနေနေရတာလေ။ သူတို့တွေ ဆက်ရှိနေဦးမယ်ဆိုရင် တောထဲ ဒီတိုင်း ဒုက္ခခံပြီး နေရအုံးမှာ။ ပြန်လာလို့တော့ မရသေးဘူး။ သူတို့က မယုံရတာဆိုတော့။”

ဧပြီ ၁၉ ရက်ညပိုင်းက ယင်းမာပင်နဲ့ ကနီမြို့နယ်စပ် မုံရွာယာကြီးလမ်းမှာ တာဝါတိုင်စောင့်တဲ့ စစ်သားတွေကို ဒေသခံတွေက ပစ်ခတ်တာကြောင့် စစ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၂၀ ရက်ညပိုင်းမှာတော့ မုံရွာ ယာကြီးလမ်း တလောက်ရွာအနီးမှာ ဒေသခံကျေးရွာသားတွေနဲ့ စစ်တပ်တို့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး ရွာသားတွေဘက်က ၆ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီဒေသဖက်က ရွာသားတွေဟာ စစ်တပ်ကို လက်လုပ်လက်နက်တွေနဲ့ ခုခံပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေမှာ စုစုပေါင်း ရွာသား ၁၀ ဦးထက်မနည်း သေဆုံးသလို စစ်တပ်ဖက်က ခန့်မှန်းခြေ ၃၀ လောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအရေအတွက်ကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့မှာတော့ ဒေသခံကျေးရွာသားတွေနဲ့ ပစ်ခတ်မှုမရှိပေမဲ့ စစ်တပ်က မုံရွာ ယာကြီး ကလေး၀ မုံရွာ -အလောင်းတော်ကဿပလမ်းက ရွာတွေဘက်မှာ လိုက်လံရှာဖွေတာတွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ စောင့်ကြည့်တာတွေ လုပ်ခဲ့သလို ကျေးရွာထဲမှာရှိတဲ့ လက်နက်တွေ လာအပ်ဖို့လည်း စစ်တပ်က ပြောနေပါတယ်။

ပစ်ခတ်တာတွေမရှိဘဲ ငြိမ်နေပေမယ့် စစ်တပ်ဘက်က ကျေးရွာတွေနဲ့ နီးတဲ့နေရာတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရွာခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့တပတ်က ပစ်ခတ်မှုတွေရှိခဲ့တဲ့ မြင်းခြံမြို့မှာတော့ ငြိမ်နေပါတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ အမှတ် ၆ ရပ်ကွက်ကို စစ်တပ်က အခု လုံခြုံရေးယူထားပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကို ဒီကနေ့မနက်အစောပိုင်းမှာ ဖမ်းသွားတယ်လို့ မြင်းခြံ မြို့ခံ တစ်ဦးက ပြောပါတယ်။

“ဒီနေ့ကတော ပစ်ခတ်မှုမရှိဘူး။ အရင်က ခံတပ်မှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အမှတ် ၆ ရပ်ကွက်မှာတော့ ကား ၃ စီးနဲ့ စစ်အင်အား ၅၀ လောက်က ရှိနေတယ်။ မနက် ၅ နာရီခွဲ ၆ နာရီလောက်မှာ အိမ်ကနေ လဖက်ရည်ဆိုင်အသွားမှာ အရပ်ဝတ်နဲ့တယောက်က သူ့ကို ဂုတ်ဆွဲပြီးတော့ ခေါ်သွားတယ်။ နောက်မှာ စစ်သား အင်အား အနည်းငယ်ပါတယ်ပြောတယ်။”

မြင်းခြံမြို့မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ၅၀ ကျော် ရှိပြီး စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် သေဆုံးသူ ၃၀ နီးပါးအထိ ရှိပါတယ်။

အလားတူ မိုးကုတ်မြို့မှာ ရေပူကျောင်းဘုန်းကြီးကျောင်းက ဆရာတော် ဦးရေဝတကို စစ်တပ်နဲ့ရဲက မနေ့ ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးသွားပါတယ်။ ဆရာတော် ဦးရေဝတဟာ လူဝတ်ဘဝက အောက်မြန်မာပြည် ဗကသဥက္ကဋ္ဌဟောင်း ရဲရင့်ပိုင်မှူးဖြစ်ပြီး မိုးကုတ်မြို့ ရေပူကျောင်းမှာ သင်္ကန်းဝတ်နေတာ ၅ ဝါ ရနေပြီဖြစ်တဲ့ ဆရာတော်တပါးဖြစ်ပါတယ်။

စစ်ကောင်စီက အဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး ဦးရေဝတဟာ မိုးကုတ်မြို့စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ ဦးဆောင်တဲ့အတွက် အခုလို ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးပြီးနောက် သူ့ကို အာဏာပိုင်တွေက လူဝတ်လဲထားတယ်လို့ ရေပူကျောင်းက ဆရာတော်တပါးက ပြောပါတယ်။

“ဘာမှမပြောမဆိုဘဲ ရဲကောစစ်သားကော ဝင်လာတာပြီးတာနဲ့ တပြိုင်နက်တည်း ဦးဇင်းရဲရင့်ပိုင်မှူးပေါ့နော် ဦးဇင်းရေဝတကို အုပ်ချုပ်ရေးမှူးနဲ့ ၂ ယောက်ဝင်လာပြီးတော့မှ သူတို့တခါတည်းဖမ်းသွားတာ ၃ နာရီနဲ့ ၈ မိနစ်လောက်မှာ ဖမ်းသွားတာ။ ရဲစခန်းမှာထားတာ အဲ့ဒါကနေ ထောင်ကြီးချုပ်ကိုပို့ပြီးမှ ရမာန်ယူဘာညာလုပ်ပြီးမှ အမှုဆင် အမှုဆင်ပြီးတာနဲ့ တပြိုင်နက်တည်း ထောင်ချ ထောင်ချပြီးတာနဲ့ မန္တလေး အိုးဘိုထောင်ကိုပို့ မိုးကုတ်က အဲ့လိုမျိုးဖြစ်တာလေ။ သူ့ကို အဲ့လိုပို့ထားတာလေ။ မနကက သွားကြည့်တော့ သူ့ကို လူဝတ်လဲလိုက်ပြီလို့ အဲ့လိုပြောတယ်။”

မိုးကုတ် ရေပူကျောင်းထိုင်ဆရာတော်ကိုလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ဒဏ်ချမှတ်ထားပါတယ်။

မိုးကုတ်မြို့မှာ အခုလို ဖမ်းဆီးထောင်ချတာတွေနဲ့ သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေရှိနေပေမယ့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး သပိတ်တွေကတော့ နေ့တိုင်းဆက်ပြီး ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG