သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေး


 မြန်မာဘက်ကနေ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ နော်ကထပ် စစ်သား ၇၂ယောက် (မတ် ၂၁၊ ၂၀၂၄)
မြန်မာဘက်ကနေ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ နော်ကထပ် စစ်သား ၇၂ယောက် (မတ် ၂၁၊ ၂၀၂၄)

ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ အခုလို ထွက်ပြေးလာသူတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းထားပြီး နယ်စပ်လုံခြုံရေးလည်း အထူး တင်းကျပ်ထားပါတယ်။ ထိုင်းနယ်စပ်အခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာ နယ်စပ် တာ့ခ်ခရိုင်၊ အုန်ဖန်မြို့နယ် မဲကျန် ကျေးရွာအတွင်းကို မတ်လ ၂၁ရက်နေ့က မြန်မာဘက်ကထွက် ပြေးလာတဲ့ စစ်သား ၇၂ယောက်ထပ်ထွက်ပြေးလာတယ်လို့ ထိုင်းနယ်ခြားစောင့်က သတင်းထုတ်ပြန်ခဲ့ကြောင်း နယ်စပ်မှာ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးကပြောပါတယ်။

မြန်မာဘက်ကနေ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ နော်ကထပ် စစ်သား ၇၂ယောက် (မတ် ၂၁၊ ၂၀၂၄)
မြန်မာဘက်ကနေ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ နော်ကထပ် စစ်သား ၇၂ယောက် (မတ် ၂၁၊ ၂၀၂၄)

"ထိုင်း မြန်မာ နယ်စပ် တာ့ခ်ခရိုင် အုန်ဖန် မြို့နယ် Mae Chan မဲကျန် ကျေးရွာအတွင်းကို ဒီနေ့ပြေးလာတဲ့ စကစ စစ်သားက ၇၂ယောက်ရှိတယ်လို့ ထိုင်းနယ်ခြားစောင့်ကသတင်းထုတ်ပြန်ပါတယ်။ ဒီဘက်နယ်စပ်မှာစစ်ဖြစ်နေတော့ ဒီဘက်ထိုင်းဘက်ကိုပြေးလာတယ် ထိုင်းစစ်တပ်ကတော့သူတို့ကို ထိမ်းသိမ်းထားတယ်၊ပြီးတော့ ပုံမှန်အားဖြင့်တော့ ထိုင်းစစ်တပ်ကဖမ်းမိတယ် မြန်မာစစ်တပ်ဘက်ကို ပြန်ပို့လေ့ရှိတယ်"

ပထမအသုတ်က ၂၆ ယောက် နဲ့ နောက်ထပ်ထပ်ထွက်ပြေးလာသူ အားလုံး ပေါင်းရင်၇၂ ယောက် လို့ ရချမနု နယ်ခြားစောင့် တပ်က Special Forces Unit Ratchamanu ထုတ်ပြန်ထားပါတယ် အ ခုလို ထွက်ပြေးလာကြတဲ့ မြန်မာစစ်သားတွေဟာ မြန်မာဘက်ခြမ်းက သူတိုတပ်စွဲ ထားတဲ့ စခန်းကုန်း တွေကို KNUတပ် တွေ နဲ့ PDF တပ်တွေ က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးတိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက်အဲဒီနေရာတွေကနေ တိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဘယ်ဒေသ ဘယ်တပ်စခန်းက ထွက်ပြေးလာတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီ ထွက်ပြေးလာသူတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးကာ ထိန်းသိမ်းထားပြီး မြန်မာဘက်ခြမ်းကိုအမြန်ဆုံးပြန်ပို့မယ်လို့ သိရပါတယ် ။ အခုဆိုရင် မြန်မာပြည် ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ထိုင်းနယ်စပ်တွေကိုထိုင်းဘက်က လုံခြုံရေးတင်းကြပ်ပြီးစောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

"နယ်စပ်လုံခြုံရေးကတော့ ခါတိုင်းထက် ပိုတင်းကျပ်တယ်။ နယ်ခြားစောင့်တပ်(တောချရော)အပြင် ထိုင်းကွန်မန်ဒိုအထူးတပ်တွေပါစောင့်နေတယ်၊ အမြှောက်ပါတဲ့ကားတွေလည်းလှည့်နေတယ်၊ အခုက ကျနော်တို့တွေ့တာက ၂၄နာရီလုံးနယ်ခြားနေရာတွေကိုစောင့်နေတာရှိတယ်၊ အခုကတော့ စစ်ကောင်စီဘက်ကလက်နက်တွေနဲ့ပြေးလာတယ်ဆိုတော့ အခုဆိုရင် ထိုင်းစစ်တပ်က ပိုပြီးစောင့်ကြပ်စစ်ဆေးနေတယ်"

အခုလိုထွက်ပြေးလာတာဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် နေ့က လည်းအုန်းဖန်မြို့နယ်ထဲကပိုင်ခလန်ကျေးရွာထဲကို မြန်မာစစ်သား၄၈ ဦး ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG