သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၁၄၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း Kuala Besar ကမ်းခြေကို ရေလမ်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ယာယီအမိုးအကာအောက်မှာ ခိုလှုံနေကြစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း Kuala Besar ကမ်းခြေကို ရေလမ်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ယာယီအမိုးအကာအောက်မှာ ခိုလှုံနေကြစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းကို ရိုဟင်ဂျာ ၁၄၀ကျော်ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရောက်လာခဲ့တဲ့အကြောင်း အင်ဒိုနီးရှားအစိုးရပိုင် Antara သတင်းဌာနက ဒီနေ့ထုတ်လွှင့်ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူနည်းစု ရိုဟင်ဂျာဒုက္ခသည်တွေ ဒီလပိုင်းတွေအတွင်း အင်ဒိုနီးရှားနိုင်ငံကို ထပ်ရောက်လာဖြစ်ပြီး စနေ့နေ့က ကမ်းကပ်လာတဲ့ လှေနဲ့အတူ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ တာဝန်ရှိ ရဲတွေကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း Kuala Besar ကမ်းခြေကို ရေလမ်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ယာယီအမိုးအကာအောက်မှာ ခိုလှုံနေကြစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း Kuala Besar ကမ်းခြေကို ရေလမ်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ယာယီအမိုးအကာအောက်မှာ ခိုလှုံနေကြစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ် ကမ်းရိုးတန်းကိုဦးတည်ချဉ်းကပ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်လှေတစီးကို နိုင်ငံတကာ ရေပိုင်နက်ထဲကိုပြန်မောင်းပို့လိုက်တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေဟာ သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်နေတဲ့ မြန်မာနိုင်ငံအတွင်းက ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကိုထွက်ပြေးခိုလှုံခဲ့သူတွေ ဖြစ်ပါတယ်။

သူတို့က အင်ဒိုနီးရှားနိုင်ငံကို တသုတ်ပြီး တသုတ်လှေတွေနဲ့ ရောက်လာနေပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်း ၁၅၀၀ကျော်ရောက်လာခဲ့တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်မခံဖို့ ကန့်ကွက်တာတွေ၊ နေရပ်ပြန်ပို့ဖို့နဲ့ အတင်းအကြပ်မောင်းထုတ်တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG