သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့နယ်ပေါင်း ၄၀ ကျော် ကိုဗစ်ကြောင့် Lockdown ချ


ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူကိုမြှပ်နှံပေးနေပုံ၊ ဂျူလိုင်၆၊ ၂၀၂၁။
ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူကိုမြှပ်နှံပေးနေပုံ၊ ဂျူလိုင်၆၊ ၂၀၂၁။

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေရာက ရန်ကုန်တိုင်း အပါအဝင် နောက်ထပ် မြို့နယ် ၁ ဒါဇင်ကျော်မှာ အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းထဲက မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ မရမ်းကုန်း ၁၀ မြို့နယ်အပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ဒီနေ့ကြာသပတေးနေ့ကစပြီး အိမ်ပြင်မထွက်ကြဖို့ ကန့်သတ်လိုက်တာပါ။

ကပ်ရောဂါ ကူးစက်မှုတွေ ထိန်းချုပ်ရေးအတွက် မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ဗုဒ္ဓဟူးနေ့က တိုးလိုက်တဲ့ မြို့နယ်တွေနဲ့ပါဆိုရင် စုစုပေါင်း မြို့နယ် ၄၄ ခု ရှိသွားပါပြီ။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုတွေ စံချိန်တင် တိုးလာရာက အာဏာပိုင်တွေ သွားလာလှုပ်ရှားမှုတွေကို တိုးမြှင့်ကန့်သတ်နေသလို၊ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က နောက်ဆုံး ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၁ သောင်း ၄ ထောင်ကျော်မှာ အတည်ပြုလူနာ ၃၉၄၇ ယောက်နဲ့ သေဆုံးသူ ၅၇ ယောက် ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ တတိယလှိုင်း ကြုံရချိန်ကစလို့ အများဆုံးလည်း ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေချိန်မှာပဲ တကျော့ပြန် ကပ်ရောဂါကူးစက်မှုနဲ့ ကြုံနေရလည်း ဖြစ်ပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG