သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တဟုန္ထိုးျမင္႔တက္လာတဲ႔ စိုးရိမ္ဖြယ္ ကိုဗစ္ကူးစက္မႈ


A Covid victim in Myanmar

{{Zawgyi/Unicode}}

တေက်ာ့ျပန္ ကိုဗစ္တတိယလိႈင္ျဖစ္ေနတဲ့ ကေလး၊ လား႐ိႈး၊ မင္းလွၿမိဳ႕နယ္ေတြမွာ ေသဆံုးနဲ႔ ကူးစက္ႏႈန္း ျမင့္တက္ေနေပမယ့္ ျပည္သူေတြက မေၾကာက္ၾကဘဲ ေပါ့ဆေနတုန္းပဲလို႔ ေဒသခံပရဟိတ အကူအညီေပးေနတဲ့ေတြက ေျပာပါတယ္။ ကူးစက္ႏႈန္းမ်ားတဲ့ ၿမိဳ႕နယ္ေတြမွာ အိမ္မွာဘဲေနၾကဖုိ႔ စစ္ေကာင္စီက်န္းမာေရးဝန္ႀကီးဌာနက အမိန္႔ထုတ္ျပန္ထားေပမယ့္ လိုက္နာမႈအားနည္းတာ ေတြ႕ရတယ္လို႔ေျပာပါတယ္။ ဒီအေၾကာင္းကို ရန္ကုန္ကလာတဲ့သတင္းကုိ ကိုရဲမွန်က တင္ျပေပးပါမယ္။

ျမန္မာႏိုင္မွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ကူးသူ အေရအတြက္ ၃၆၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူက ၅၀ ေက်ာ္ရွိတယ္လို႔ စစ္ေကာင္စီ က်န္မားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္မွာ ကိုဗစ္ေသဆံုးႏႈန္းနဲ႔ ကူးစက္ႏႈန္း အဆမတန္ ျမင့္တက္ေနေပမယ့္ လူေတြၾကားမွာ မေၾကာက္ၾကဘဲ ေပါ့ဆေနတုန္းပဲလို႔ ေဒသခံပရဟိတ အကူအညီေပးေနသူ တစ္ဦးက ေျပာပါတယ္။

“မေန႔ကဆိုလို႔ရွိရင္ က်ေနာ္တို႔ ၄၂ ေလာက္ဆံုးတယ္၊ ဆံုးတာမွာ ၂ ေယာက္ကပဲ ေဆး႐ုံးမွာဆံုးသြားတာ။ ၄၀ က အိမ္ေတြမွာ ဆံုးတာေပါ့။ သူတို႔မေမွ်ာ္လင့္တဲ့ဟာ ျဖစ္တယ္၊ ျဖစ္တယ္ဆိုတာ သူတို႔က မထင္ဘူး ဒီဟာ ေရာဂါက အဲ့ေလာက္ သူမ်ားေတြ ဆံုးေနတာ ၾကားေတာ့ ၾကားတာေပါ့ေနာ္။ ၾကားေပမယ့္လည္း အဲ့ဟာက သိပ္ၿပီး အေျခအေနဆိုးတဲ့ သူေတြမို႔လို႔ ဆံုးတာလို႔ သူတို႔ ထင္ေနၾကတုန္းပဲ အခုခ်ိန္ထိ၊ ေရာဂါအေပၚမွာ ေပါ့ေပ့ါတန္တန္ေတြးတဲ့သေဘာလည္း အမ်ားႀကီးပါတယ္၊ တခ်ဳိ႕က မေၾကာက္ၾကတာလည္း ပါတယ္။ က်ေနာ္အတြက္ သူတို႔ကို အဲ့လိုပဲဆိုခ်င္တယ္။ မေၾကာက္ၾကဘူး ေပါ့ဆတယ္။”

အခုေသဆံုးတဲ့သူအမ်ားစုဟာ ကုိဗစ္ကူးခံရသူ ဟုတ္မဟုတ္ ေဆးစစ္ အတည္မျပဳႏုိင္ခင္မွာဘဲ အိမ္မွာအသက္႐ွဴက်ပ္တာ၊ အဖ်ားလကၡဏာ စတာေတြနဲ႔ ေသဆံုးၾကပါတယ္။

အိမ္တစ္အိမ္မွာ လူတစ္ေယာက္က ကူးစက္သြားၿပီး ျပန္ေကာင္းလာတာမဟုတ္ဘဲ အဲ့အိမ္မွာရွိတဲ့သူအားလုံး ကူးစက္ခံရပါတယ္။ အဲ့မွာရွိတဲ့့ ေရာဂါအခံရွိသူေတြ၊ အသက္ႀကီးသူေတြက ကူးစက္ၿပီး အသက္ေသဆံုးရတဲ့
အေနအထားျဖစ္ေနတယ္လို႔ ကေလးၿမိဳ႕ ေဒသခံ ပရဟိတအဖြဲ႔ေတြက ေျပာပါတယ္။

ကိုဗစ္ေရာဂါ ကူးစက္မႈမ်ားလာတဲ့ ၿမိဳ႕နယ္ေတြကို စစ္ေကာင္စီက်န္းမာေရးဝန္ႀကီးဌာနက အိမ္မွာေနတဲ့ အမိန္႔ထုတ္ျပန္ထားတဲ့အထဲ ကေလးၿမိဳ႕ပါဝင္ေပမယ့္ လိုက္နားမႈအားနည္းၿပီး စစ္ေကာင္စီဘက္ကလည္း ထိန္းခ်ဳပ္မႈ မရွိဘူးလို႔ အဲ့ဒီေဒသခံပရဟိတ အကူအညီေပးေနသူက ဆက္ေျပာပါတယ္။

“သူတို႔သိတယ္၊ သူတို႔သိတယ္။ သိေပမယ့္ ဒီဟာအေပၚမွာ ေဒသအုပ္ခ်ဳပ္ေရးေပါ့ေလ၊ ခုနကလို က်ေနာ္တို႔ ဟိုကိုဗစ္ကာလကလိုမ်ဳိး ၾကပ္ၾကပ္မတ္မတ္လုပ္ႏိုင္တဲ့ အေနအထားမရွိတာလည္း ပါတယ္။ မလုပ္ေတာ့လည္း ( ျပည္သူေတြ) သူတို႔ကလည္း ေပါ့ေပါ့တန္တန္ပဲ သြားေနတယ္၊ ဒီမွာဆို က်ေနာ္အိမ္နားမွာဆိုလို႔ရွိရင္ ေဆာက္လုပ္ေရးလုပ္တဲ့ ပရံအဖြဲ႕ေတြ၊ သူတို႔အခ်င္းခ်င္းဆိုရင္ စကားေျပာရင္ Mask မပါဘူး ဒီတိုင္းပဲစကားေျပာေနၾကတယ္။ သူတို႔က လူစိမ္းဘာညာျမင္မွပဲ Mask ေလး ေကာက္အုပ္ၿပီးေတာ့ သြားလာေနတာ၊ ဒါမ်ဳိးေပါ့ေနာ္။ လူေတြက မေၾကာက္ၾကဘူးဗ် သိလား။ သြားလာတာ သြားတာသြားေနတာပဲ ပံုမွန္သြားလာေနတာပဲ။ ဒီလိုေတာင္မွ က်ေနာ္ေတြးမိေသးတယ္၊ ဒီေရာဂါ ဟိုတုန္းက ေက်ာက္ေရာဂါလိုမ်ဳိး၊ ကူးၿပီးဆိုတာနဲ႔ အနာႀကီးေတြေပါက္သြား၊ ျပည္ေတြ တျဖန္းျဖန္းနဲ႔ ဒါမ်ဳိးျဖစ္သြားမွ လူေတြက ေၾကာက္မယ့္ ပံုစံျဖစ္ေနတယ္။ ဒီဟာ ကူးသြားရင္လည္း မသိသာဘူးျဖစ္ေနေတာ့ ေပါ့ေပါ့တန္တန္ေနရင္းနဲ႔ပဲ သူက ကိုယ့္အိမ္မွာရွိတဲ့ အားအနည္းဆုံးလူကို တိုက္ခိုက္ၿပီး အဲ့လူက ဆံုးသြားတာ။”

ကေလးၿမိဳ႔မွာ ေန႔စဥ္ ကူးစက္သူနဲ႔ ေသဆံုးသူ မ်ားလာၿပီး က်န္းမာေရးဝန္ထမ္း မလံုေလာက္တာေတြအျပင္ ေအာက္ဆီဂ်င္အိုး မလံုေလာက္တဲ့ ျပသနာနဲ႔ ရင္ဆိုင္ေနရပါတယ္။

ပဲခူးတိုင္း မင္းလွၿမိဳ႕နယ္မွာလည္း ကူးစက္မႈေတြ ပိုမ်ားလာေနပါတယ္။ ဇြန္လကေန ဇူလိုင္လ ၇ ေန႔အထိ ကိုဗစ္လူနာ ၂၀၀ ေက်ာ္ရွိၿပီး အခုဆိုရင္ တရက္ကို အတည္ျပဳလူနာ ၂၀ ဦးေလာက္ရွိေနပါတယ္။ အတည္ျပဳလူနာနဲ႔ အနံေပ်ာက္တဲ့သူေတြ မ်ားလာတာေၾကာင့္ Quarantine Center ထပ္ဖြင့္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ စိန္ကန္႔လန္႔လူမႈကူညီေရးအသင္းက ေျပာပါတယ္။

ဒီလို ကိုဗစ္ကူးစက္သူေတြ အနံေပ်ာက္သူေတြ မ်ားလာေပမယ့္ လူေတြၾကားမွာ ေရာဂါကို ဂ႐ုမစိုက္တဲ့ သူေတြလည္း ရွိေနတယ္လို႔ စိန္ကန္႔လန္႔လူမႈကူညီေရးအသင္း ဒုတိယဥကၠ႒က ဆိုပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တကျော့ပြန် ကိုဗစ်တတိယလှိုင်ဖြစ်နေတဲ့ ကလေး၊ လားရှိုး၊ မင်းလှမြို့နယ်တွေမှာ သေဆုံးနဲ့ ကူးစက်နှုန်း မြင့်တက်နေပေမယ့် ပြည်သူတွေက မကြောက်ကြဘဲ ပေါ့ဆနေတုန်းပဲလို့ ဒေသခံပရဟိတ အကူအညီပေးနေတဲ့တွေက ပြောပါတယ်။ ကူးစက်နှုန်းများတဲ့ မြို့နယ်တွေမှာ အိမ်မှာဘဲနေကြဖို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပေမယ့် လိုက်နာမှုအားနည်းတာ တွေ့ရတယ်လို့ပြောပါတယ်။ ဒီအကြောင်းကို ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမှနျက တင်ပြပေးပါမယ်။

မြန်မာနိုင်မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကူးသူ အရေအတွက် ၃၆၀၀ ကျော်ရှိပြီး သေဆုံးသူက ၅၀ ကျော်ရှိတယ်လို့ စစ်ကောင်စီ ကျန်မားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကိုဗစ်သေဆုံးနှုန်းနဲ့ ကူးစက်နှုန်း အဆမတန် မြင့်တက်နေပေမယ့် လူတွေကြားမှာ မကြောက်ကြဘဲ ပေါ့ဆနေတုန်းပဲလို့ ဒေသခံပရဟိတ အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“မနေ့ကဆိုလို့ရှိရင် ကျနော်တို့ ၄၂ လောက်ဆုံးတယ်၊ ဆုံးတာမှာ ၂ ယောက်ကပဲ ဆေးရုံးမှာဆုံးသွားတာ။ ၄၀ က အိမ်တွေမှာ ဆုံးတာပေါ့။ သူတို့မမျှော်လင့်တဲ့ဟာ ဖြစ်တယ်၊ ဖြစ်တယ်ဆိုတာ သူတို့က မထင်ဘူး ဒီဟာ ရောဂါက အဲ့လောက် သူများတွေ ဆုံးနေတာ ကြားတော့ ကြားတာပေါ့နော်။ ကြားပေမယ့်လည်း အဲ့ဟာက သိပ်ပြီး အခြေအနေဆိုးတဲ့ သူတွေမို့လို့ ဆုံးတာလို့ သူတို့ ထင်နေကြတုန်းပဲ အခုချိန်ထိ၊ ရောဂါအပေါ်မှာ ပေါ့ပေ့ါတန်တန်တွေးတဲ့သဘောလည်း အများကြီးပါတယ်၊ တချို့က မကြောက်ကြတာလည်း ပါတယ်။ ကျနော်အတွက် သူတို့ကို အဲ့လိုပဲဆိုချင်တယ်။ မကြောက်ကြဘူး ပေါ့ဆတယ်။”

အခုသေဆုံးတဲ့သူအများစုဟာ ကိုဗစ်ကူးခံရသူ ဟုတ်မဟုတ် ဆေးစစ် အတည်မပြုနိုင်ခင်မှာဘဲ အိမ်မှာအသက်ရှူကျပ်တာ၊ အဖျားလက္ခဏာ စတာတွေနဲ့ သေဆုံးကြပါတယ်။

အိမ်တစ်အိမ်မှာ လူတစ်ယောက်က ကူးစက်သွားပြီး ပြန်ကောင်းလာတာမဟုတ်ဘဲ အဲ့အိမ်မှာရှိတဲ့သူအားလုံး ကူးစက်ခံရပါတယ်။ အဲ့မှာရှိတဲ့ ရောဂါအခံရှိသူတွေ၊ အသက်ကြီးသူတွေက ကူးစက်ပြီး အသက်သေဆုံးရတဲ့
အနေအထားဖြစ်နေတယ်လို့ ကလေးမြို့ ဒေသခံ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုများလာတဲ့ မြို့နယ်တွေကို စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အိမ်မှာနေတဲ့ အမိန့်ထုတ်ပြန်ထားတဲ့အထဲ ကလေးမြို့ပါဝင်ပေမယ့် လိုက်နားမှုအားနည်းပြီး စစ်ကောင်စီဘက်ကလည်း ထိန်းချုပ်မှု မရှိဘူးလို့ အဲ့ဒီဒေသခံပရဟိတ အကူအညီပေးနေသူက ဆက်ပြောပါတယ်။

“သူတို့သိတယ်၊ သူတို့သိတယ်။ သိပေမယ့် ဒီဟာအပေါ်မှာ ဒေသအုပ်ချုပ်ရေးပေါ့လေ၊ ခုနကလို ကျနော်တို့ ဟိုကိုဗစ်ကာလကလိုမျိုး ကြပ်ကြပ်မတ်မတ်လုပ်နိုင်တဲ့ အနေအထားမရှိတာလည်း ပါတယ်။ မလုပ်တော့လည်း ( ပြည်သူတွေ) သူတို့ကလည်း ပေါ့ပေါ့တန်တန်ပဲ သွားနေတယ်၊ ဒီမှာဆို ကျနော်အိမ်နားမှာဆိုလို့ရှိရင် ဆောက်လုပ်ရေးလုပ်တဲ့ ပရံအဖွဲ့တွေ၊ သူတို့အချင်းချင်းဆိုရင် စကားပြောရင် Mask မပါဘူး ဒီတိုင်းပဲစကားပြောနေကြတယ်။ သူတို့က လူစိမ်းဘာညာမြင်မှပဲ Mask လေး ကောက်အုပ်ပြီးတော့ သွားလာနေတာ၊ ဒါမျိုးပေါ့နော်။ လူတွေက မကြောက်ကြဘူးဗျ သိလား။ သွားလာတာ သွားတာသွားနေတာပဲ ပုံမှန်သွားလာနေတာပဲ။ ဒီလိုတောင်မှ ကျနော်တွေးမိသေးတယ်၊ ဒီရောဂါ ဟိုတုန်းက ကျောက်ရောဂါလိုမျိုး၊ ကူးပြီးဆိုတာနဲ့ အနာကြီးတွေပေါက်သွား၊ ပြည်တွေ တဖြန်းဖြန်းနဲ့ ဒါမျိုးဖြစ်သွားမှ လူတွေက ကြောက်မယ့် ပုံစံဖြစ်နေတယ်။ ဒီဟာ ကူးသွားရင်လည်း မသိသာဘူးဖြစ်နေတော့ ပေါ့ပေါ့တန်တန်နေရင်းနဲ့ပဲ သူက ကိုယ့်အိမ်မှာရှိတဲ့ အားအနည်းဆုံးလူကို တိုက်ခိုက်ပြီး အဲ့လူက ဆုံးသွားတာ။”

ကလေးမြို့မှာ နေ့စဉ် ကူးစက်သူနဲ့ သေဆုံးသူ များလာပြီး ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေအပြင် အောက်ဆီဂျင်အိုး မလုံလောက်တဲ့ ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။

ပဲခူးတိုင်း မင်းလှမြို့နယ်မှာလည်း ကူးစက်မှုတွေ ပိုများလာနေပါတယ်။ ဇွန်လကနေ ဇူလိုင်လ ၇ နေ့အထိ ကိုဗစ်လူနာ ၂၀၀ ကျော်ရှိပြီး အခုဆိုရင် တရက်ကို အတည်ပြုလူနာ ၂၀ ဦးလောက်ရှိနေပါတယ်။ အတည်ပြုလူနာနဲ့ အနံပျောက်တဲ့သူတွေ များလာတာကြောင့် Quarantine Center ထပ်ဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ စိန်ကန့်လန့်လူမှုကူညီရေးအသင်းက ပြောပါတယ်။

ဒီလို ကိုဗစ်ကူးစက်သူတွေ အနံပျောက်သူတွေ များလာပေမယ့် လူတွေကြားမှာ ရောဂါကို ဂရုမစိုက်တဲ့ သူတွေလည်း ရှိနေတယ်လို့ စိန်ကန့်လန့်လူမှုကူညီရေးအသင်း ဒုတိယဥက္ကဋ္ဌက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG