သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေၾကာင့္ မဲေဆာက္ အထည္ခ်ဳပ္စက္ရံုႀကီး ၃ ခု ပိတ္ထားရ


ကိုဗစ္ကူးစက္မူေတြ ေႀကာင့္ ယာယီပိတ္ဆုိ ့ကန္ ့သတ္မူလုပ္ထားတဲ့မဲေဆာက္ကအထည္ခ်ဳပ္စက္ရံုတရံု (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ထိုင္းျမန္မာ နယ္စပ္၊ တာခ့္ျပည္နယ္ မဲေဆာက္ျမို ့က စက္ရံုေတြမွာ ကိုဗစ္ ေရာဂါပိုးကူးဆက္ျပန္ ့ပြားမွု ေတြဆက္လက္ျမင့္တက္လာေနတဲ့အတြက္ အထည္ခ်ဳပ္စက္ရံုႀကီး ၃ခု ထပ္ပိတ္လိုက္ရသလို တာ့ခ္ျပည္နယ္မွာ အခုဆိုရင္ တပတ္အတြင္းကုိဗစ္အတည္ျပဳလူနာ ၁၅၀၀ ေက်ာ္ေနျပီျဖစ္ပါတယ္။ ဒီသတင္းကိုဗြီအိုေအ သတင္းေထာက္မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာခ္ျပည္နယ္ထဲမွာ တပတ္အတြင္း ကုိဗစ္ကူးစက္မူေတြ တေထာင္ေက်ာ္ျဖစ္လာျပီး တပတ္ေက်ာ္အတြင္း စက္ရံု (၈) ရံုက ေရႊေျပာင္းအလုပ္သမားေတြ ရာနဲ့ခ်ီျပီး ကူးစက္မူေတြျဖစ္ေနပါတယ္။ ဒီအတြက္ တာ့ခ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဖုန္ရပ္ ဖိယံုလပ္ (Phongrat Phiromrat) ရဲ႕ အမိန္ ့နဲ ့မဲေဆာက္ျမိဳ ့နယ္အတြင္းက Top Form အၾကီးစား အထည္ခ်ဳပ္စက္ရံုခဲြ ၂ရံုနဲ့ တျခားအထည္ခ်ဳပ္စက္ရံုႀကီး တခုအပါအ၀င္ စက္ရံု ၃ရံုကို ထပ္ျပီး ပိ္တ္လိုက္ျပီျဖစ္ပါတယ္။

မဲေဆာက္ျမို ့က ေရာင္ျခည္ဦးအလုပ္သမားအဖဲြ ့ကဥပေဒေရးရာတာ၀န္ခံ မသူဇာႀကိဳင္က ပိတ္လိုက္ရတဲ့စက္ရံုေတြနဲပတ္သက္လုိ့ အခုလိုေျပာျပပါတယ္။

"မယ္ကု Top Form ရံုရယ္၊ တပ္မဟာ Top form ရယ္၊ ဆူးပုတ္ရံု။ ဆူးပုတ္ရံုဆုိတာလည္း ကမ္းနဖူးနားမွာပဲ မေန့ကထိေတာ့ Top form ႏွစ္ရံုမွာေတာ့ ၁၀၀ေက်ာ္ ရွိတယ္။ ဆူးပုတ္ရံုမွာလည္း ၅၀ေလာက္ရိွတယ္။ ဒါေပမယ့္ ေလာေလာဆည္ေတာ့ စစ္ထားတာ တသုတ္ခ်င္း အေျဖကထြက္ေနတာေႀကာင့္ေလ။"

အခု ဆိုရင္ မဲေဆာက္ျမိဳနယ္အတြင္းမွာပဲ အထည္ခ်ဳပ္စက္ရံု ၈ ရံုနဲ့ စက္ရံုလုပ္သား ျမန္မာႏိုင္ငံသားေတြ အမ်ားစုေနထုိင္တဲ့ တန္းလ်ား ၅ခု ထက္မနည္းကို ပိတ္ဆိုကန့္သတ္ျပီး ၀င္ထြက္ခြင့္ေတြပိတ္ထားပါတယ္။ အဲဒီ ေနရာေတြက ကုိဗစ္အတည္ျပဳလူနာေတြကိုလည္း သီးျခားထား ကုသတာ၊ ေစာင့္ႀကည့္တာေတြ လုပ္ခဲ့ပါတယ္။

ျပည္နယ္ အတြင္းကူးစက္မူေတြ ဆက္လက္ျပန့္ပြားႏိုင္တဲ့အေျခအေန ရွိတာေႀကာင့္ က်န္းမာေရးအဖဲြ ႔ေတြနဲ့ နယ္ေျမအာဏာပုိင္ေတြ အေရးေပၚအစည္းအေ၀း လုပ္ေနႀကပါတယ္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဖုန္ရပ္ ဖိယံုလပ္(Phongrat Phiromrat) ကေတာ့ ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

"တာခ့္ျပည္နယ္ထဲမွာ ရွိေနတဲ့သူေတြအတြက္ ကိုဗစ္ျဖစ္လာရင္ ကုသဖို့ အေရးေပၚကုသေရးေဆးရုံေတြ ေနရာေတြ လုပ္ထားတယ္၊ ျပီးေတာ့ တာ့ခ္ျပည္နယ္ထဲမွာ သတင္းအခ်က္ေတြ ရယူႏုိင္ဖုိ့ အေရးေပၚဖုန္းလုိ္င္းေတြလည္း ဖြင့္ထားတယ္ -ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာသြားပါတယ္။"

ေလာေလာဆည္ေတာ့ ကူးစက္မႈေတြျဖစ္ေနတဲ့ အထည္ခ်ဳပ္စက္ရံုႀကီးေတြက ျမန္မာအလုပ္သမားေတြအတြက္ စားနပ္ရိကၡာေတြ လိုအပ္ခ်က္ေတြရိွေနတယ္လို့လည္း မသူဇာႀကိဳင္ကဆုိပါတယ္။

"ဆူးပုတ္ရံုတုိ့ ဘာတို့ဆုိရင္လည္း ေဆး၀ါးေတြ၊ ကာကြယ္ေရးပစၥည္းေတြ၊ လက္အိပ္တို႔၊ ႏွာေခါင္းပိတ္တို့ လိုအပ္ခ်က္ရိွေနတယ္။ စားနပ္ရိကၡာတို့ ဘာတို့ကေတာ့ အမုိးစိမ္းရံု (အထည္ခ်ဳပ္စက္ရံု) တုိ့ကေတာ့ ၀ိုင္းကူေပးေနႀကတယ္။"

ထုိင္းတႏိုင္ငံလံုးမွာေတာ့ ကိုဗစ္အတည္ျပဳလူနာ ၃သိန္းေက်ာ္သြားျပီျဖစ္သလို ဇူလုိင္ ၇ရက္ေန့မွာေတာ့ ကူးစက္တဲ့လူနာအသစ္ ၆,၅၀၀ေက်ာ္ရွိျပီး ေသဆံုးသူက ၂,၃၈၇ ဦးထိ ရွိလာျပီျဖစ္ေႀကာင္း ထုိင္းက်န္းမာေရးဌာနက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

.............................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကူးစက်မှုကြောင့် မဲဆောက် အထည်ချုပ်စက်ရုံကြီး ၃ ခု ပိတ်ထားရ

(Unicode)

ထိုင်းမြန်မာ နယ်စပ်၊ တာခ့်ပြည်နယ် မဲဆောက်မြို့က စက်ရုံတွေမှာ ကိုဗစ် ရောဂါပိုးကူးဆက်ပြန့်ပွားမှု တွေဆက်လက်မြင့်တက်လာနေတဲ့အတွက် အထည်ချုပ်စက်ရုံကြီး ၃ခု ထပ်ပိတ်လိုက်ရသလို တာ့ခ်ပြည်နယ်မှာ အခုဆိုရင် တပတ်အတွင်းကိုဗစ်အတည်ပြုလူနာ ၁၅၀၀ ကျော်နေပြီဖြစ်ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာခ်ပြည်နယ်ထဲမှာ တပတ်အတွင်း ကိုဗစ်ကူးစက်မူတွေ တထောင်ကျော်ဖြစ်လာပြီး တပတ်ကျော်အတွင်း စက်ရုံ (၈) ရုံက ရွှေပြောင်းအလုပ်သမားတွေ ရာနဲ့ချီပြီး ကူးစက်မူတွေဖြစ်နေပါတယ်။ ဒီအတွက် တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖုန်ရပ် ဖိယုံလပ် (Phongrat Phiromrat) ရဲ့ အမိန့်နဲ့မဲဆောက်မြို့နယ်အတွင်းက Top Form အကြီးစား အထည်ချုပ်စက်ရုံခွဲ ၂ရုံနဲ့ တခြားအထည်ချုပ်စက်ရုံကြီး တခုအပါအဝင် စက်ရုံ ၃ရုံကို ထပ်ပြီး ပိတ်လိုက်ပြီဖြစ်ပါတယ်။

မဲဆောက်မြို့က ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကဥပဒေရေးရာတာဝန်ခံ မသူဇာကြိုင်က ပိတ်လိုက်ရတဲ့စက်ရုံတွေနဲပတ်သက်လို့ အခုလိုပြောပြပါတယ်။

"မယ်ကု Top Form ရုံရယ်၊ တပ်မဟာ Top form ရယ်၊ ဆူးပုတ်ရုံ။ ဆူးပုတ်ရုံဆိုတာလည်း ကမ်းနဖူးနားမှာပဲ မနေ့ကထိတော့ Top form နှစ်ရုံမှာတော့ ၁၀၀ကျော် ရှိတယ်။ ဆူးပုတ်ရုံမှာလည်း ၅၀လောက်ရှိတယ်။ ဒါပေမယ့် လောလောဆည်တော့ စစ်ထားတာ တသုတ်ချင်း အဖြေကထွက်နေတာကြောင့်လေ။"

အခု ဆိုရင် မဲဆောက်မြိုနယ်အတွင်းမှာပဲ အထည်ချုပ်စက်ရုံ ၈ ရုံနဲ့ စက်ရုံလုပ်သား မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တဲ့ တန်းလျား ၅ခု ထက်မနည်းကို ပိတ်ဆိုကန့်သတ်ပြီး ဝင်ထွက်ခွင့်တွေပိတ်ထားပါတယ်။ အဲဒီ နေရာတွေက ကိုဗစ်အတည်ပြုလူနာတွေကိုလည်း သီးခြားထား ကုသတာ၊ စောင့်ကြည့်တာတွေ လုပ်ခဲ့ပါတယ်။

ပြည်နယ် အတွင်းကူးစက်မူတွေ ဆက်လက်ပြန့်ပွားနိုင်တဲ့အခြေအနေ ရှိတာကြောင့် ကျန်းမာရေးအဖွဲ့တွေနဲ့ နယ်မြေအာဏာပိုင်တွေ အရေးပေါ်အစည်းအဝေး လုပ်နေကြပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖုန်ရပ် ဖိယုံလပ်(Phongrat Phiromrat) ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"တာခ့်ပြည်နယ်ထဲမှာ ရှိနေတဲ့သူတွေအတွက် ကိုဗစ်ဖြစ်လာရင် ကုသဖို့ အရေးပေါ်ကုသရေးဆေးရုံတွေ နေရာတွေ လုပ်ထားတယ်၊ ပြီးတော့ တာ့ခ်ပြည်နယ်ထဲမှာ သတင်းအချက်တွေ ရယူနိုင်ဖို့ အရေးပေါ်ဖုန်းလိုင်းတွေလည်း ဖွင့်ထားတယ် -ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။"

လောလောဆည်တော့ ကူးစက်မှုတွေဖြစ်နေတဲ့ အထည်ချုပ်စက်ရုံကြီးတွေက မြန်မာအလုပ်သမားတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်ချက်တွေရှိနေတယ်လို့လည်း မသူဇာကြိုင်ကဆိုပါတယ်။

"ဆူးပုတ်ရုံတို့ ဘာတို့ဆိုရင်လည်း ဆေးဝါးတွေ၊ ကာကွယ်ရေးပစ္စည်းတွေ၊ လက်အိပ်တို့၊ နှာခေါင်းပိတ်တို့ လိုအပ်ချက်ရှိနေတယ်။ စားနပ်ရိက္ခာတို့ ဘာတို့ကတော့ အမိုးစိမ်းရုံ (အထည်ချုပ်စက်ရုံ) တို့ကတော့ ဝိုင်းကူပေးနေကြတယ်။"

ထိုင်းတနိုင်ငံလုံးမှာတော့ ကိုဗစ်အတည်ပြုလူနာ ၃သိန်းကျော်သွားပြီဖြစ်သလို ဇူလိုင် ၇ရက်နေ့မှာတော့ ကူးစက်တဲ့လူနာအသစ် ၆,၅၀၀ကျော်ရှိပြီး သေဆုံးသူက ၂,၃၈၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG