သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊ႕ေျပာင္းျမန္မာကေလးငယ္ေတြ လိင္မေတာ္မတရားလုပ္မႈ စြပ္စဲြခံရသူ ျပန္ဖမ္းဆီးမိ


ၿပီးခဲ့သည့္ႏွစ္ ဧၿပီလ ဖမ္းဆီးခံရခ်ိန္ေတြ႔ရသည့္ Guy Christopher Weymouth

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ ့က ေရြ ့ေျပာင္း ျမန္မာနိုင္ငံသား ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္တယ္ဆုိျပီး တရားရင္ဆုိင္ေနရတဲ့ ၾသစေတးလ် နိုင္ငံသား Guy Christopher Weymouth ကို မဲေဆာက္ျမိဳ့ မွ ာဒီရက္ပိုင္းမွာပဲ ဖမ္းဆီးလိုက္တဲ့အေၾကာင္းကုိ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထုိင္းႏိုင္ငံ၊ တာ့ခ္ခရိုင္၊ မဲေဆာက္ျမိဳ ့က ျမန္မာေရႊေျပာင္းကေလးငယ္ေတြကို လိင္ပုိင္းဆိုင္ရာက်ဴးလြန္တယ္ဆိုျပီး ၿပီးခဲ့တဲ့ ႏွစ္က တရားစဲြခံထားရတဲ့ ၾသစေတးလ်ႏိုင္ငံသားဟာ တရားရံုးမတက္ပဲ တိမ္းေရွာင္ေနခဲ့တာပါ။ အခု သူ႔ကိုဖမ္းဆီးမိခဲ့ေၾကာင္း တာခ့္ခရိုင္ လူ၀င္မႈႀကီးၾကပ္ေရးဦးစီးမွဴး Lt Col Suchart Penphu ဆူခ်ပ္ ပန္ဖူက သတင္းေထာက္ေတြကို အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

မဲေဆာက္ျမိဳ ့က တိုက္တန္းလ်ားတစ္လံုးမွာ ျမန္မာနိုင္ငံသားကေလးငယ္ (၁၅) ဦးထက္မနည္းကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေနတဲ့ Guy Christopher Weymouth ကို ၂၀၂၀ ခုႏွစ္ မတ္လ အတြင္း ရဲတပ္ဖြဲ ့က သူထိမ္းသိမ္းထားတဲ့ ကေလးငယ္ (၇)ဦး နဲ့အတူ ဖမ္းဆီး ခဲ့တာျဖစ္ျပီး သူဟာ တရားရင္ဆုိင္ေနတုန္း တရားရံုးရဲ ့အာမခံနဲ့ လြတ္ေျမာက္ေနတာျဖစ္ပါတယ္။ အခုအခါမွာလည္း ကေလးေတြနဲ့အတူ သူ႔ကုိ ဖမ္းမိခဲ့တာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ မဲေဆာက္ျမဳိ့က ကေလးသူငယ္အခြင့္အေရးလုပ္ေဆာင္ေနတဲ့ ဦးမင္းမင္းက အခုလိုေျပာပါတယ္။

"နိုင္ငံျခားသား အဂၤလိပ္ကို မိသြားတဲ့အတြက္ က်ေနာ္တို႔ ေရႊေျပာင္းကေလးေတြအတြက္ ေကာင္းသြားတယ္။ သုိ့ေသာ္လည္းပဲ သူနဲ႔အတူမိသြားတဲ့ကေလးေတြအတြက္ကေတာ့ စိတ္မေကာင္းစရာပဲ။ ဒီကေလးေတြက ဘာမွလည္းနားမလည္ဘူ။း ခိုင္းသလိုလုပ္ေနႀကတာ။ မူးယစ္ေဆး၀ါးနဲ႔ႏြယ္ျပီးတျခားကိစၥ ေတြနဲ႔ ဖမ္းမိသြားတာ။ ႏိုင္ငံျခားသားကို မိသြားတဲ့အတြက္ေတာ့ တျခားကေလးေတြအတြက္ အႏၱရာယ္ကင္းသြားတယ္။ "

ျပီးခဲ့ႏွစ္က သူ႔ကိုဖမ္းမိျပီး တရားရံုးက အာမခံေပးခဲ့ျပီးေနာက္ သူ႔အိမ္မွာ သူနဲ့အတူ ဖမ္းမိတဲ့ ကေလးသက္ေသေတြကို ေငြေႀကးေပးျပီး သူ႔မွာအျပစ္မရွိေႀကာင္းသက္ေသေတြ ထြက္ဆုိခိုင္းခဲ့သလို့ သူ႔အမွုကို တိုင္ၾကားခဲ့တဲ့ ေရြ ့ေျပာင္းစာသင္ေက်ာင္းက ေက်ာင္းဆရာ/ဆရာမေတြ၊ ကေလးသူငယ္အခြင့္ေရးလုပ္ေနတဲ့ အဖြဲ ့အစည္းေတြကို ေ၀ဖန္ တိုက္ခိုက္တာေတြ၊ ျခိမ္းေျခာက္တာေတြ လုပ္လာခဲ့တယ္လို႔လည္ းဦးမင္းမင္းကေျပာပါတယ္။

"ရဲအာမခံနဲ႔ ျပန္ျပီးလြတ္လာတယ္ေပါ့။ ကေလးအခြင့္ေရးအဖဲြ ့ေတြ၊ ေက်ာင္းဆရာေတြကို သူကျပသနာရွာတယ္။ လိုက္ေႏွာက္ယွက္တယ္။ ကေလးေတြကိုလည္း တဖက္လွည့္နဲ့စည္းရံုးျပီး ထြက္ဆုိခ်က္ေတြကို ေျပာင္းျပန္ျဖစ္ေအာင္ျပန္လုပ္တယ္။ တရားရံုးေတြလည္း သူမတက္ေတာ့ဘူး။"

အာမခံနဲ ့ လြတ္ေျမာက္ေနျပီး တရားရံုးကို လာေရာက္ တရားရင္ဆိုင္ျခင္းမျပဳခဲ့ပဲ အျပင္ေလာကမွာ ပံုမွန္အတိုင္း ျပန္ေနထိုင္ေနျပီး ကေလူငယ္ေတြကို လိင္ပိုင္းဆိုင္ရာ ဆက္လက္က်ဴးလြန္ေနတာေႀကာင့္ မဲေဆာက္ျမိဳ႕က လူမွုေရးအဖြဲ ့အစည္းေတြ၊ ျပည္သူေတြက အာဏာပုိင္ေတြရဲ႕ အားနည္းခ်က္ကိုေထာက္ျပျပီး ထပ္မံ တိုင္ႀကားခဲ့တယ္လို႔ ေဒသဆုိင္ရာ သတင္းေတြမွာ ေဖာ္ျပႀကပါတယ္။

မဲေဆာက္ လ၀က အာဏာပိုင္ေတြက ဒီရက္ပိုင္းအတြင္း သူ႔ကို ရွာေဖြဖမ္းဆီးခဲ့ရာမွာ သူေနထိုင္ရာအခန္းတြင္းမွာ ကေလးငယ္ေတြကိုလည္း ေတြ ့ရသလို၊ သူသံုးစြဲေနတဲ ့ မူးယစ္ေဆးေတြ၊ ကေလးငယ္ေတြနဲ ့လိင္ဆက္ဆံေနတဲ့ ရုပ္သံမွတ္တမ္းေတြပါ ေတြ ့ရွိခဲ့တယ္လို့လည္း ထိုင္းအာဏာပို္င္ေတြကိုးကားျပီး ေဒသဆိုင္ရာသတင္းေတြမွာေဖာ္ျပႀကပါတယ္။

...................................................................................

ရွှေ့ပြောင်းမြန်မာကလေးငယ်တွေ လိင်မတော်မတရားလုပ်မှု စွပ်စွဲခံရသူ ပြန်ဖမ်းဆီးမိ

(Unicode)

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ရွေ့ပြောင်း မြန်မာနိုင်ငံသား ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုပြီး တရားရင်ဆိုင်နေရတဲ့ သြစတေးလျ နိုင်ငံသား Guy Christopher Weymouth ကို မဲဆောက်မြို့ မှ ာဒီရက်ပိုင်းမှာပဲ ဖမ်းဆီးလိုက်တဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က မြန်မာရွှေပြောင်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုပြီး ပြီးခဲ့တဲ့ နှစ်က တရားစွဲခံထားရတဲ့ သြစတေးလျနိုင်ငံသားဟာ တရားရုံးမတက်ပဲ တိမ်းရှောင်နေခဲ့တာပါ။ အခု သူ့ကိုဖမ်းဆီးမိခဲ့ကြောင်း တာခ့်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး Lt Col Suchart Penphu ဆူချပ် ပန်ဖူက သတင်းထောက်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

မဲဆောက်မြို့က တိုက်တန်းလျားတစ်လုံးမှာ မြန်မာနိုင်ငံသားကလေးငယ် (၁၅) ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတဲ့ Guy Christopher Weymouth ကို ၂၀၂၀ ခုနှစ် မတ်လ အတွင်း ရဲတပ်ဖွဲ့က သူထိမ်းသိမ်းထားတဲ့ ကလေးငယ် (၇)ဦး နဲ့အတူ ဖမ်းဆီး ခဲ့တာဖြစ်ပြီး သူဟာ တရားရင်ဆိုင်နေတုန်း တရားရုံးရဲ့အာမခံနဲ့ လွတ်မြောက်နေတာဖြစ်ပါတယ်။ အခုအခါမှာလည်း ကလေးတွေနဲ့အတူ သူ့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မဲဆောက်မြို့က ကလေးသူငယ်အခွင့်အရေးလုပ်ဆောင်နေတဲ့ ဦးမင်းမင်းက အခုလိုပြောပါတယ်။

"နိုင်ငံခြားသား အင်္ဂလိပ်ကို မိသွားတဲ့အတွက် ကျနော်တို့ ရွှေပြောင်းကလေးတွေအတွက် ကောင်းသွားတယ်။ သို့သော်လည်းပဲ သူနဲ့အတူမိသွားတဲ့ကလေးတွေအတွက်ကတော့ စိတ်မကောင်းစရာပဲ။ ဒီကလေးတွေက ဘာမှလည်းနားမလည်ဘူ။း ခိုင်းသလိုလုပ်နေကြတာ။ မူးယစ်ဆေးဝါးနဲ့နွယ်ပြီးတခြားကိစ္စ တွေနဲ့ ဖမ်းမိသွားတာ။ နိုင်ငံခြားသားကို မိသွားတဲ့အတွက်တော့ တခြားကလေးတွေအတွက် အန္တရာယ်ကင်းသွားတယ်။ "

ပြီးခဲ့နှစ်က သူ့ကိုဖမ်းမိပြီး တရားရုံးက အာမခံပေးခဲ့ပြီးနောက် သူ့အိမ်မှာ သူနဲ့အတူ ဖမ်းမိတဲ့ ကလေးသက်သေတွေကို ငွေကြေးပေးပြီး သူ့မှာအပြစ်မရှိကြောင်းသက်သေတွေ ထွက်ဆိုခိုင်းခဲ့သလို့ သူ့အမှုကို တိုင်ကြားခဲ့တဲ့ ရွေ့ပြောင်းစာသင်ကျောင်းက ကျောင်းဆရာ/ဆရာမတွေ၊ ကလေးသူငယ်အခွင့်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဝေဖန် တိုက်ခိုက်တာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်လာခဲ့တယ်လို့လည် းဦးမင်းမင်းကပြောပါတယ်။

"ရဲအာမခံနဲ့ ပြန်ပြီးလွတ်လာတယ်ပေါ့။ ကလေးအခွင့်ရေးအဖွဲ့တွေ၊ ကျောင်းဆရာတွေကို သူကပြသနာရှာတယ်။ လိုက်နှောက်ယှက်တယ်။ ကလေးတွေကိုလည်း တဖက်လှည့်နဲ့စည်းရုံးပြီး ထွက်ဆိုချက်တွေကို ပြောင်းပြန်ဖြစ်အောင်ပြန်လုပ်တယ်။ တရားရုံးတွေလည်း သူမတက်တော့ဘူး။"

အာမခံနဲ့ လွတ်မြောက်နေပြီး တရားရုံးကို လာရောက် တရားရင်ဆိုင်ခြင်းမပြုခဲ့ပဲ အပြင်လောကမှာ ပုံမှန်အတိုင်း ပြန်နေထိုင်နေပြီး ကလေူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ဆက်လက်ကျူးလွန်နေတာကြောင့် မဲဆောက်မြို့က လူမှုရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေက အာဏာပိုင်တွေရဲ့ အားနည်းချက်ကိုထောက်ပြပြီး ထပ်မံ တိုင်ကြားခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မဲဆောက် လဝက အာဏာပိုင်တွေက ဒီရက်ပိုင်းအတွင်း သူ့ကို ရှာဖွေဖမ်းဆီးခဲ့ရာမှာ သူနေထိုင်ရာအခန်းတွင်းမှာ ကလေးငယ်တွေကိုလည်း တွေ့ရသလို၊ သူသုံးစွဲနေတဲ့ မူးယစ်ဆေးတွေ၊ ကလေးငယ်တွေနဲ့လိင်ဆက်ဆံနေတဲ့ ရုပ်သံမှတ်တမ်းတွေပါ တွေ့ရှိခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကိုးကားပြီး ဒေသဆိုင်ရာသတင်းတွေမှာဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG