သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Huawei ဖုန်းဟောင်း ထောင်ကျော် ထိုင်းနယ်စပ်မှာဖမ်းမိ


Tha Sai Luat (ထစိုင်လွတ်ဝပ်) နယ်စပ်ဒေသ၊ သောင်ရင်းမြစ်လှေဆိပ်အနီး ထိုင်းအကောက်ခွန်အရာရှိတွေက ဟွာဝေးဖုန်းအဟောင်းတထောင်ကျော်ဖမ်းမိ
Tha Sai Luat (ထစိုင်လွတ်ဝပ်) နယ်စပ်ဒေသ၊ သောင်ရင်းမြစ်လှေဆိပ်အနီး ထိုင်းအကောက်ခွန်အရာရှိတွေက ဟွာဝေးဖုန်းအဟောင်းတထောင်ကျော်ဖမ်းမိ

မြန်မာဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ပို့ဖို့ပြင်နေတဲ့ တရုတ်ဖုန်းအဟောင်း ထောင်ကျော်ဖမ်းမိခဲ့တယ်လို့ ထိုင်းဘက်က ပြောလိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ် မြဝတီဘက်က ကောစင်တာလို့ခေါ်တဲ့ ဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေကိုပို့မယ့် တရုတ်ထုတ် ဟွာဝေး (Huawei) ဖုန်း အဟောင်း ၁၀၀၀ ကျော်ကို မဲဆောက်-မြဝတီနယ်စပ် ထစိုင်လွတ်နယ်မြေမှာ တနေ့ ဗုဒ္ဓဟူးနေ့ကဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းပြန်ခဲ့ပါတယ်။
လက်ကိုင်ဖုန်းတွေကို မြန်မာဖက်ကို မပို့ခင်လေး ထိုင်းအကောက်ခွန်အရာရှိတွေက Tha Sai Luat (ထစိုင်လွတ်ဝပ်) နယ်စပ်ဒေသ၊ သောင်ရင်းမြစ်လှေဆိပ်အနီး ဇွန်လ ၁၂ ရက်နေ့က အခုလို ဖမ်းမိခဲ့တာလို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

Tha Sai Luat (ထစိုင်လွတ်ဝပ်) နယ်စပ်ဒေသ၊ သောင်ရင်းမြစ်လှေဆိပ်အနီး ထိုင်းအကောက်ခွန်အရာရှိတွေက ဟွာဝေးဖုန်းအဟောင်းတထောင်ကျော်ဖမ်းမိ
Tha Sai Luat (ထစိုင်လွတ်ဝပ်) နယ်စပ်ဒေသ၊ သောင်ရင်းမြစ်လှေဆိပ်အနီး ထိုင်းအကောက်ခွန်အရာရှိတွေက ဟွာဝေးဖုန်းအဟောင်းတထောင်ကျော်ဖမ်းမိ

စက္ကူကပ်ထူပုံး ၈ ပုံးထားမှာထည့်ထားတဲ့ ဒီဟွာဝေးဖုန်း ၁၀၆၂ လုံးကို နယ်ခြားစောင့်တပ်နဲ့ အကောက်အခွန်အရာရှိတွေပေါင်းပြီး ဖမ်းမိခဲ့တာလို့လည်း အနားမှာရှိခဲ့တဲ့ မျက်မြင်တွေက ရှင်းပြခဲ့ပါတယ်။
ဒီပုံးတွေကို သယ်ဆောင်လာခဲ့သူတွေကတော့ ထိုင်းစစ်တပ်အရာရှိတွေကို မြင်တဲ့အချိန်၊ ပုံးတွေကို ချက်ချင်းချပြီး ထွက်ပြေးသွားကြတယ်လို့လည်း ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းမိတဲ့နေရာကလည်း မြန်မာဘက် ရွှေကုက္ကိုလ်မြို့သစ်နဲ့ တဆက်တည်း သောင်ရင်းမြစ်ကမ်းနားမှာဖြစ်ပြီး၊ ကာစီနိုလောင်းကစားရုံတွေနဲ့ အွန်လိုင်းလောင်းကစားရုံတွေရှိကာ၊ ထိုင်းဘက်ကကုန်ပစ္စည်းတချို့ကို လှေနဲ့ပို့ဆောင်တဲ့ နယ်စပ်လှေဂိတ်နေရာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG