သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ကျောက်ရောဂါ WHO အရေးပေါ်အခြေအနေ သတ်မှတ်ထားဆဲ


မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတဦး (ဩဂုတ်လ ၂၂၊ ၂၀၂၄)
မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူတဦး (ဩဂုတ်လ ၂၂၊ ၂၀၂၄)

Mpox လို့ အတိုကောက်ခေါ်တဲ့ Monkeypox မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေတရပ် အဖြစ် ဆက်လက်တည်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့မှာ ကြေညာပါတယ်။

WHO က အရေးပေါ် အခြေအနေ ဆိုင်ရာ ကော်မတီ အစည်းအဝေးကို ခေါ်ယူခဲ့ပြီး အကြံဉာဏ် ရယူကာ မျောက်ကျောက်ရောဂါ ကူးစက်မှု မြင့်တက်လာနေတာက နိုင်ငံတကာရဲ့ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဆက်လက်တည်ရှိနေကြောင်း WHO က ဆုံးဖြတ်ခဲ့တာပါ။ ကူးစက်မှု အရေအတွက် ဆက်ပြီး မြင့်တက်နေတာနဲ့ ပထဝီ ဒေသ အားဖြင့် ပျံ့နှံ့မှုဆက်ကျယ်ပြန့်လာတာ အပြင် ရောဂါ ကာကွယ်ကုသရေး ဆိုင်ရာတွေမှာ စိန်ခေါ်မှုတွေ ရှိနေပြီး နိုင်ငံတွေကြား အတူတကွ ပေါင်းစုတုံ့ပြန်နိုင်ဖို့ လိုအပ်နေသေးတာကြောင့် ဒီရောဂါကို အရေးအပေါ် အခြေအနေ အဖြစ် ဆက်လက်ထားရှိဖို့ လိုအပ်ကြောင်း WHO က ပြောပါတယ်။

Mpox ရောဂါ အပြင်းအထန် ခံစားခဲ့ရတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေ အိမ်နီးချင်း နိုင်ငံတွေကို Clade Ib လို့ အမည်ပေးထားတဲ့ ဗိုင်းရပ်စ်မျိုးကွဲအသစ် တမျိုး စကူးစက်ခဲ့တဲ့ ဩဂုတ်လကစပြီး ဒီရောဂါကို အရေးပေါ် အခြေအနေ ကြေညာထားတာဖြစ်ပါတယ်။ ဒီမျိုးကွဲ ကူးစက်မှုတွေကို ဗြိတိန်၊ ဂျာမနီ၊ ဆွီဒင်နဲ့ အိန္ဒိယနဲ့ နိုင်ငံတချို့မှာလည်း တွေ့ရှိကြောင်း အတည်ပြုထားပါတယ်။

မျောက်ကျောက်ရောဂါဟာ အနီးကပ်ထိတွေ့မှုတွေကနေ ကူးစက်ပျံ့နှံ့လေ့ရှိပြီး ပုံမှန်ဆိုရင် တုပ်ကွေးလက္ခဏာတွေ ပြသတတ်ကာ အဖုအပိန့်တွေလည်း ဖြစ်‌စေပါတယ်။ များသောအားဖြင့် အင်အား မပြင်းလှပေမယ့် တချို့ ဖြစ်ရပ်တွေမှာ လူ အသက်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ အာဖရိကတဝန်း ဒီရောဂါ သံသယ လူနာ ၄၆,၀၀၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံဖြစ်ပါတယ်။ ဒီရောဂါ သံသယနဲ့ သေဆုံးရသူက လူ ၁,၀၀၀ ကျော် ရှိပါတယ်။

အခု သတ်မှတ်လိုက်တဲ့ " နိုင်ငံတကာ အဆင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ" ဆိုတာက WHO ရဲ့ အမြင့်ဆုံးသတိပေးချက်ပုံစံဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် တုန်းက ကမ္ဘာတဝန်းမှာ မျောက်ကျောက်ရောဂါ ပျံ့နှံ့တုန်းကလည်း အလားတူ ကြေညာခဲ့ပါတယ်။

WHO ဟာ မျောက်ကျောက်ရောဂါ ကာကွယ်ဆေး အတည်ပြုနိုင်ဖို့ ကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ Bavarian Nordic ဆိုတဲ့ ကာကွယ်ဆေး အဖြစ် အတည်ပြုပေးခဲ့သလို အခုလအစောပိုင်းမှာလည်း ဂျပန်နိုင်ငံထုတ် KM Biologics' ထိုးဆေးကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG