{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံအနီး ပင္လယ္နက္အေပၚမွာ ေထာက္လွမ္းေရးမစ္ရွင္နဲ႔ ဆက္လက္ ပ်ံသန္းမယ့္အေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ဗုဒၶဟူးေန႔မွာ အခိုင္အမာ ေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔က အေမရိကန္ရဲ႕ အေဝးထိန္း ဒ႐ုန္းယာဥ္က ႐ုရွားတိုက္ေလယာဥ္တစင္းနဲ႔ တိုက္မိခဲ့ေၾကာင္း၊ ဒီလိုတိုက္မိတာေၾကာင့္ အေမရိကန္ဒ႐ုန္းယာဥ္ကို ထိန္းေက်ာင္းေမာင္းႏွင္သူက ဒ႐ုန္းယာဥ္ကို မျဖစ္မေန ေရထဲထိုးဆင္းလိုက္ရေၾကာင္း အေမရိကန္ကေျပာတဲ့ မေတာ္တဆမႈျဖစ္ၿပီး ေနာက္တေန႔မွာ အခုလို ေျပာဆိုတာျဖစ္ပါတယ္။
ႏိုင္ငံတကာဥပေဒအရ ခြင့္ျပဳထားတဲ့ေနရာေတြမွာ အေမရိကန္ျပည္ေထာင္စုက ပ်ံသန္းမႈေတြနဲ႔ လုပ္ငန္းေတြကို ဆက္လက္ေဆာင္႐ြက္မွာျဖစ္ပါတယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Austin က ႐ုရွားရဲ႕ ၁၃ လတာရွိလာၿပီျဖစ္တဲ့ က်ဴးေက်ာ္စစ္ကို တြန္းလွန္ေရး ယူကရိန္းကိုေထာက္ပံ့ေနတဲ့ မဟာမိတ္ႏိုင္ငံေတြက ကာကြယ္ေရး ဝန္ႀကီးေတြကို ေျပာဆိုခဲ့တာျဖစ္ပါတယ္။
႐ုရွားအေနနဲ႔ သူ႔ရဲ႕ေလယာဥ္ကို လုံၿခဳံေဘးကင္းစြာနဲ႔ ကြၽမ္းကြၽမ္းက်င္က်င္ ေဆာင္႐ြက္ပ်ံသန္းဖို႔ တာဝန္ရွိတယ္လို႔လည္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးက အေမရိကန္ စစ္ဌာနခ်ဳပ္ ပင္တဂြန္ကလုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲအတြင္းမွာ တျခားႏိုင္ငံေတြက ကာကြယ္ေရးဝန္ႀကီးေတြကို ေျပာဆိုတာျဖစ္ပါတယ္။ ေရထဲကိုထိုးခ်ခဲ့ရတဲ့ အေမရိကန္ရဲ႕ MQ-9 ဒ႐ုန္းယာဥ္ဟာ ႏိုင္ငံတကာေဝဟင္ပိုင္နက္အတြင္း အဂၤါေန႔က ပုံမွန္ လုပ္ငန္းေဆာင္တာေတြလုပ္ေနစဥ္မွာ ႐ုရွားရဲ႕ ဂ်က္ေလယာဥ္ ၂ စင္းက အႏၲရာယ္ႀကီးစြာနဲ႔ မဆင္မျခင္၊ မကြၽမ္းက်င္မႈေတြနဲ႔ ဝင္တိုက္ခဲ့တာလို႔လည္း အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးက ေျပာပါတယ္။
ေရထဲထိုးခ်ခဲ့ရတဲ့ အေမရိကန္ဒ႐ုန္းယာဥ္ကိုေတာ့ ျပန္မဆယ္ရေသးသလို ျပန္ဆယ္လို႔ ရႏိုင္ပါ့မလားဆိုတာကလည္း မေသခ်ာဘူးလို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး ေကာင္စီေျပာခြင့္ရ John Kirby က ဗုဒၶဟူးေန႔မွာ CNN ႐ုပ္သံကို ေျပာပါတယ္။ ႐ုရွားက အမ်ားစုထိန္းခ်ဳပ္ထားတဲ့ ပင္လယ္နက္ထဲမွာ အေမရိကန္သေဘၤာေတြမရွိပါဘူး။
===============
{{Unicode}}
ယူကရိန်းအနီး ပင်လယ်နက်ပေါ် ဆက်ပြီး ကန်ထောက်လှမ်း စောင့်ကြည့်မည်
ယူကရိန်းနိုင်ငံအနီး ပင်လယ်နက်အပေါ်မှာ ထောက်လှမ်းရေးမစ်ရှင်နဲ့ ဆက်လက် ပျံသန်းမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်က ရုရှားတိုက်လေယာဉ်တစင်းနဲ့ တိုက်မိခဲ့ကြောင်း၊ ဒီလိုတိုက်မိတာကြောင့် အမေရိကန်ဒရုန်းယာဉ်ကို ထိန်းကျောင်းမောင်းနှင်သူက ဒရုန်းယာဉ်ကို မဖြစ်မနေ ရေထဲထိုးဆင်းလိုက်ရကြောင်း အမေရိကန်ကပြောတဲ့ မတော်တဆမှုဖြစ်ပြီး နောက်တနေ့မှာ အခုလို ပြောဆိုတာဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားတဲ့နေရာတွေမှာ အမေရိကန်ပြည်ထောင်စုက ပျံသန်းမှုတွေနဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က ရုရှားရဲ့ ၁၃ လတာရှိလာပြီဖြစ်တဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရေး ယူကရိန်းကိုထောက်ပံ့နေတဲ့ မဟာမိတ်နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရုရှားအနေနဲ့ သူ့ရဲ့လေယာဉ်ကို လုံခြုံဘေးကင်းစွာနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်ပျံသန်းဖို့ တာဝန်ရှိတယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်းမှာ တခြားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေကို ပြောဆိုတာဖြစ်ပါတယ်။ ရေထဲကိုထိုးချခဲ့ရတဲ့ အမေရိကန်ရဲ့ MQ-9 ဒရုန်းယာဉ်ဟာ နိုင်ငံတကာဝေဟင်ပိုင်နက်အတွင်း အင်္ဂါနေ့က ပုံမှန် လုပ်ငန်းဆောင်တာတွေလုပ်နေစဉ်မှာ ရုရှားရဲ့ ဂျက်လေယာဉ် ၂ စင်းက အန္တရာယ်ကြီးစွာနဲ့ မဆင်မခြင်၊ မကျွမ်းကျင်မှုတွေနဲ့ ဝင်တိုက်ခဲ့တာလို့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ရေထဲထိုးချခဲ့ရတဲ့ အမေရိကန်ဒရုန်းယာဉ်ကိုတော့ ပြန်မဆယ်ရသေးသလို ပြန်ဆယ်လို့ ရနိုင်ပါ့မလားဆိုတာကလည်း မသေချာဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ CNN ရုပ်သံကို ပြောပါတယ်။ ရုရှားက အများစုထိန်းချုပ်ထားတဲ့ ပင်လယ်နက်ထဲမှာ အမေရိကန်သင်္ဘောတွေမရှိပါဘူး။