သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္ၿမိဳ႕တြင္း တိုက္ခိုက္မႈျဖစ္ပြား


ပစ္ခတ္ခံရတဲ့ မူဆယ္ၿမိဳ႕က ဟိုတယ္။ (ဓာတ္ပံု - Shan Herald News Agency - ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕မွာ ရွိတဲ့ ျပည္သူ႕စစ္ပိုင္ဟိုတယ္နဲ႔ ျမန္မာစစ္တပ္စခန္း တခုကို လက္နက္ကိုင္ အဖြဲ႕တဖြဲ႕ကေန ဒီမနက္မွာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြါးခဲ့တယ္လို႔ မူဆယ္ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။

ေဖေဖာ္၀ါရီ ၂၄ ရက္ ဒီမနက္ပိုင္းမွာ မူဆယ္ၿမိဳ႕အတြင္း တာမိုးညဲျပည္သူ႔စစ္ပိုင္ဟိုတယ္နဲ႕ ေကာင္းမူးတုံရပ္ကြက္မွာ ရွိတဲ့ ျမန္မာစစ္တပ္စခန္း တခုကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔တဖြဲ႔ကေန ႏွစ္ေနရာ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ မူဆယ္ေဒသခံဦးစိုင္းတစ္ကေျပာပါတယ္။

ပစ္ခတ္ခံရတဲ့ မူဆယ္ၿမိဳ႕က ဟိုတယ္။ (ဓာတ္ပံု - Shan Herald News Agency - ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၁)
ပစ္ခတ္ခံရတဲ့ မူဆယ္ၿမိဳ႕က ဟိုတယ္။ (ဓာတ္ပံု - Shan Herald News Agency - ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၁)

“ဒီမနက္ေလ လက္နက္ကိုင္အုပ္စု တအုပ္စုက က်ေနာ္တို႔ မူဆယ္မွာ ဒီမနက္ ၄ နာရီကေန ၅ နာရီထိုးခါနီး အဲဒီ အခ်ိန္ေလာက္တုန္းကေပါ့။ လက္နက္ႀကီးေတြနဲ႔ လာပစ္တယ္ေလ။ လာပစ္တာက ဒီစြမ္ေစာ္ရပ္ကြက္မွာ ရွိတဲ့ တာမို ညဲျပည္သူ႔ စစ္ပိုင္ဟိုတယ္နဲ႔ သူတို႔အိမ္ကို လာပစ္တယ္။ အဲဒါက ျပည္သူ႔စစ္ပိုင္။ အမ်ားစုကေတာ့ အဲဒီ ဟိုတယ္က ေလာင္းကစားရံုရွိတယ္။ ျပည္သူ႔စစ္ပိုင္တယ္လို႔ေတာ့ က်ေနာ္တို႔ သိထားၾကတယ္ေလေနာ္။ ေနာက္ျပီးေတာ့မွ ေကာင္းမူးတုံမွာ ရွိတဲ့ အစိုးရတပ္စခန္း တခုကိုလည္း လာပစ္တာေပါ့ေနာ္။”

ဒီပစ္ခတ္မႈျဖစ္စဥ္အတြင္း ထိခိုက္မႈအေျခအေနကိုေတာ့ မူဆယ္ေဒသခံ ဦးစိုင္းတစ္က အခုလိုဆက္ေျပာပါတယ္။

“ထိခိုက္မႈအေျခအေနကေတာ့ အဲဒီမွာ ရွိတဲ့ျပည္သူ႔ စစ္အိမ္တအိမ္ထိမွန္တယ္။ ေနာက္ျပီးေတာ့မွ အဲဒီဟိုတယ္ရဲ႕ မွန္ေတြကြဲတယ္။ တပ္ကေနျပန္ကူပစ္တဲ့ေနရာမွာ အျပင္ကေန လာတိုက္တဲ့အဖြဲ႔ကေန ႏွစ္ ေယာက္ ေသတယ္လို႔ေတာ့ေျပာၾကတယ္။ အခုလာပစ္တာကေတာ့ က်ေနာ္တို႔တဆင့္ၾကားရတာကေတာ့ KIA တပ္လို႔ ေျပာၾကတယ္။”

တာမိုးညဲျပည္သူ႔စစ္ပိုင္ဟိုတယ္ကို ဦးတည္တိုက္ခိုက္လာတဲ့ အဓိကအေၾကာင္းရင္းကိုေတာ့ မူဆယ္ၿမိဳ႕ခံ ဦးေသာင္းထြန္းက အခုလိုေျပာပါတယ္။

“ပစ္ခတ္မႈအေျခအေနက သူတို႔ဆက္ေၾကးမေပးလို႔ ဝင္ေရာက္ပစ္ခတ္တာလို႔ေတာ့ေျပာတယ္။ စြမ္ေစာ္ရပ္ကြက္မွာ ရွိတဲ့ ဟိုတယ္ဆက္ေၾကးေကာက္တယ္လို႔ေတာ့ၾကားတယ္ဗ်။”

မူဆယ္ျမိဳ႕အတြင္း ပစ္ခတ္တိုက္ခိုက္ခံရမႈ အေျခအေနကို သိရွိဖို႕ မူဆယ္ၿမိဳ႕မရဲစခန္းကိုဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ဒီပစ္ခတ္မႈဟာ KIO ကခ်င္လြတ္လပ္ေရးအဖြဲ႕ကလို႔ ေဒသခံတခ်ိဳ႕က ယူဆေနၾကတာရွိေပမဲ့ KIO ေျပာခြင့္ရ ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ ဒီမနက္ပစ္ခတ္မႈ အေျခအေန မသိရေသးေပမဲ့ မူဆယ္ၿမိဳ႕နယ္ဘက္မွာ KIA နဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲရက္ဆက္ျဖစ္ေနေၾကာင္းေျပာပါတယ္။

“အဲဒါကေတာ့ က်ေနာ္ ေသခ်ာမၾကားရေသးပါဘူး။ ေအာက္ေျခသတင္းက မတက္ဘူး... အဲဒီကိစၥကေတာ့။ ဒါေပမဲ့ တပ္မေတာ္ကေတာ့ က်ေနာ္တို႔ရဲ႕တပ္မဟာ ၆ ေပါ့ေနာ္။ တပ္ရင္း ၉ နယ္ေျမဘက္မွာ သူတို႔စစ္ဆင္ေရး လုပ္တာေတာ့ ၄ ရက္ေလာက္ရွိျပီ။ ဒီေန႔နဲ႔ဆိုရင္ေတာ့ ၄ ရက္ေလာက္ရွိတယ္... အဲဒီမွာတိုက္ပြဲျဖစ္တာ။”

ဒီရက္ပိုင္းအတြင္း မူဆယ္ၿမိဳ႕နယ္အစပ္ ဒီမာေက်းရြာနဲ႔ ကြတ္ခိုင္ၿမိဳ ႔နယ္ နမ့္ကြတ္ေက်းရြာအနီးမွာ တုိက္ပဲြျဖစ္ပြားတာရိွခဲ့တယ္လို႔ ဗိုလ္မွဴးႀကီးေနာ္ဘူက ဆိုပါတယ္။

မူဆယ္ျမိဳ႕အတြင္း တိုင္းရင္းသားျပည္သူ႔စစ္အဖြဲ႕ေတြရဲ႕ စီးပြါးေရးလုပ္ေဆာင္ေနတဲ့ ဟိုတယ္ေနရာေတြ မၾကာခဏ တိုက္ခိုက္ခံရမႈေတြ ရွိေနေပမဲ့ ဘယ္အဖြဲ႕လက္ခ်က္ျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာတာေတာ့ မရွိေသးပါဘူး။

လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ တပ္မေတာ္က COVID 19 ေရာဂါတုိက္ဖ်က္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဒီလကုန္ထိ အပစ္ရပ္ေၾကာင္း ေၾကညာထားေပမဲ့ မူဆယ္နဲ႕ကြတ္ခိုင္ဘက္မွာ KIO အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြါးေနသလို နမၼတူနဲ႔ ေက်ာက္မဲဘက္မွာလည္း တအာင္းပေလာင္တပ္ဖြဲ႕TNLA နဲ႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS တို႔အၾကား စစ္ေရးတင္းမာေနဆဲျဖစ္ျပီး ေထာင္နဲ႔ခ်ီတဲ့ ရြာသားေတြ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

မူဆယ္ၿမိဳ႕တြင္း တိုက္ခိုက္မႈျဖစ္ပြား
please wait

No media source currently available

0:00 0:02:52 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူဆယ်မြို့တွင်း တိုက်ခိုက်မှုဖြစ်ပွား

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ရှိတဲ့ ပြည်သူ့စစ်ပိုင်ဟိုတယ်နဲ့ မြန်မာစစ်တပ်စခန်း တခုကို လက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ ဒီမနက်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက်ပိုင်းမှာ မူဆယ်မြို့အတွင်း တာမိုးညဲပြည်သူ့စစ်ပိုင်ဟိုတယ်နဲ့ ကောင်းမူးတုံရပ်ကွက်မှာ ရှိတဲ့ မြန်မာစစ်တပ်စခန်း တခုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ နှစ်နေရာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မူဆယ်ဒေသခံဦးစိုင်းတစ်ကပြောပါတယ်။

“ဒီမနက်လေ လက်နက်ကိုင်အုပ်စု တအုပ်စုက ကျနော်တို့ မူဆယ်မှာ ဒီမနက် ၄ နာရီကနေ ၅ နာရီထိုးခါနီး အဲဒီ အချိန်လောက်တုန်းကပေါ့။ လက်နက်ကြီးတွေနဲ့ လာပစ်တယ်လေ။ လာပစ်တာက ဒီစွမ်စော်ရပ်ကွက်မှာ ရှိတဲ့ တာမို ညဲပြည်သူ့ စစ်ပိုင်ဟိုတယ်နဲ့ သူတို့အိမ်ကို လာပစ်တယ်။ အဲဒါက ပြည်သူ့စစ်ပိုင်။ အများစုကတော့ အဲဒီ ဟိုတယ်က လောင်းကစားရုံရှိတယ်။ ပြည်သူ့စစ်ပိုင်တယ်လို့တော့ ကျနော်တို့ သိထားကြတယ်လေနော်။ နောက်ပြီးတော့မှ ကောင်းမူးတုံမှာ ရှိတဲ့ အစိုးရတပ်စခန်း တခုကိုလည်း လာပစ်တာပေါ့နော်။”

ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်မှုအခြေအနေကိုတော့ မူဆယ်ဒေသခံ ဦးစိုင်းတစ်က အခုလိုဆက်ပြောပါတယ်။

“ထိခိုက်မှုအခြေအနေကတော့ အဲဒီမှာ ရှိတဲ့ပြည်သူ့ စစ်အိမ်တအိမ်ထိမှန်တယ်။ နောက်ပြီးတော့မှ အဲဒီဟိုတယ်ရဲ့ မှန်တွေကွဲတယ်။ တပ်ကနေပြန်ကူပစ်တဲ့နေရာမှာ အပြင်ကနေ လာတိုက်တဲ့အဖွဲ့ကနေ နှစ် ယောက် သေတယ်လို့တော့ပြောကြတယ်။ အခုလာပစ်တာကတော့ ကျနော်တို့တဆင့်ကြားရတာကတော့ KIA တပ်လို့ ပြောကြတယ်။”

တာမိုးညဲပြည်သူ့စစ်ပိုင်ဟိုတယ်ကို ဦးတည်တိုက်ခိုက်လာတဲ့ အဓိကအကြောင်းရင်းကိုတော့ မူဆယ်မြို့ခံ ဦးသောင်းထွန်းက အခုလိုပြောပါတယ်။

“ပစ်ခတ်မှုအခြေအနေက သူတို့ဆက်ကြေးမပေးလို့ ဝင်ရောက်ပစ်ခတ်တာလို့တော့ပြောတယ်။ စွမ်စော်ရပ်ကွက်မှာ ရှိတဲ့ ဟိုတယ်ဆက်ကြေးကောက်တယ်လို့တော့ကြားတယ်ဗျ။”

မူဆယ်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှု အခြေအနေကို သိရှိဖို့ မူဆယ်မြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဒီပစ်ခတ်မှုဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ကလို့ ဒေသခံတချို့က ယူဆနေကြတာရှိပေမဲ့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီမနက်ပစ်ခတ်မှု အခြေအနေ မသိရသေးပေမဲ့ မူဆယ်မြို့နယ်ဘက်မှာ KIA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲရက်ဆက်ဖြစ်နေကြောင်းပြောပါတယ်။

“အဲဒါကတော့ ကျနော် သေချာမကြားရသေးပါဘူး။ အောက်ခြေသတင်းက မတက်ဘူး... အဲဒီကိစ္စကတော့။ ဒါပေမဲ့ တပ်မတော်ကတော့ ကျနော်တို့ရဲ့တပ်မဟာ ၆ ပေါ့နော်။ တပ်ရင်း ၉ နယ်မြေဘက်မှာ သူတို့စစ်ဆင်ရေး လုပ်တာတော့ ၄ ရက်လောက်ရှိပြီ။ ဒီနေ့နဲ့ဆိုရင်တော့ ၄ ရက်လောက်ရှိတယ်... အဲဒီမှာတိုက်ပွဲဖြစ်တာ။”

ဒီရက်ပိုင်းအတွင်း မူဆယ်မြို့နယ်အစပ် ဒီမာကျေးရွာနဲ့ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မူဆယ်မြို့အတွင်း တိုင်းရင်းသားပြည်သူ့စစ်အဖွဲ့တွေရဲ့ စီးပွါးရေးလုပ်ဆောင်နေတဲ့ ဟိုတယ်နေရာတွေ မကြာခဏ တိုက်ခိုက်ခံရမှုတွေ ရှိနေပေမဲ့ ဘယ်အဖွဲ့လက်ချက်ဖြစ်ကြောင်းထုတ်ဖော်ပြောတာတော့ မရှိသေးပါဘူး။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တပ်မတော်က COVID 19 ရောဂါတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒီလကုန်ထိ အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ မူဆယ်နဲ့ကွတ်ခိုင်ဘက်မှာ KIO အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးနေသလို နမ္မတူနဲ့ ကျောက်မဲဘက်မှာလည်း တအာင်းပလောင်တပ်ဖွဲ့TNLA နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ထောင်နဲ့ချီတဲ့ ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG