သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေပါင္း ၁၉၇ ႏုိင္ငံက ဂီတပညာရွင္တစ္ဦးစီပါတဲ့ ကမာၻ႔သံစံုတီးဝိုင္းဖြဲ႔စည္း


ႏိုင္ငံေပါင္း ၁၉၇ ႏုိင္ငံက ဂီတပညာရွင္ ၁ ေယာက္စီ စုစည္းထားတဲ့ လက္ကမ္းစာေစာင္။ (ဒီဇင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻ႔ဂီတသမုိင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ႏုိင္ငံေပါင္း ၁၉၇ ႏုိင္ငံက ဂီတပညာရွင္ ၁ ေယာက္စီပါ၀င္တဲ့ ကမာၻ႔သံစံုတီး၀ိုင္းတခုကို ဖဲြ႔စည္းတည္ေထာင္လိုက္ပါတယ္။ ထူးျခားတဲ့ ဂီတေတးသီခ်င္းေတြကို ဖန္တီးႏုိင္ဖို႔နဲ႔ လူေတြအေနနဲ႔ အတူတကြေပါင္းစည္းႏုိင္ဖို႔အတြက္ ရုပ္ပိုင္းဆိုင္ရာနဲ႔ ယဥ္ေက်းမႈပိုင္းဆုိင္ရာ ပိုင္းျခားထားတဲ့ အတားအဆီးေတြကို ဘယ္လိုေက်ာ္လႊားႏုိင္မလဲဆုိတာ နမူနာအျဖစ္နဲ႔ သာဓကျပႏုိင္ဖို႔ ေမွ်ာ္လင့္ၿပီး ဖဲြ႔စည္းလိုက္တာျဖစ္ပါတယ္။

The Earth Orchestra လို႔အမည္ေပးထားတဲ့ ဒီသံစံုတီး၀ုိင္းရဲ႕ေတးသီးခ်င္းျဖစ္တဲ့ “Together is Beautiful” သီခ်င္းကိုေတာ့ ေနရာစုံမွာ သီးျခားစီ အသံသြင္းၿပီးေတာ့ ျပန္ေပါင္းခဲ့တာပါ။ ဒီသီခ်င္းနဲ႔အတူ ပါဝင္တဲ့ ဂီတပညာရွင္တခ်ဳိ႕အေၾကာင္း မွတ္တမ္းတင္႐ိုက္ကူးထားတဲ့ ဗီြဒီယိုကို ေသာၾကာေန႔မွာ ထုတ္ျပန္ဖို႔ရွိပါတယ္။

ဒီသံစုံတီး၀ိုင္းမွာပါတဲ့ ကင္မရြန္းႏုိင္ငံက Olgha Nk ကေတာ့ ဒီစီမံကိန္းဟာ ၃ ႏွစ္ၾကာခဲ့ၿပီး တကမာၻလုံး အတူလက္တဲြလုပ္ေဆာင္ခဲ့ၾကေၾကာင္းေျပာပါတယ္။

"က်မမွာ စိတ္ကူးယဥ္ဆန္တဲ့ အေတြးေတြ အလြန္ရွိပါတယ္။ က်မကေတာ့ ဒီစီမံကိန္းႀကီးမွာ ကမာၻေပၚက ႏုိင္ငံတုိင္း ပါ၀င္ၿပီး အဲဒီႏုိ္င္ငံေတြရဲ႕ လူေတြ၊ ယဥ္ေက်းမႈေတြ ပါ၀င္တဲ့အတြက္ ဒါက ကမာၻႀကီးတခုလုံး လက္တဲြလိုက္တာလို႔ ျမင္ပါတယ္။" ဆိုၿပီးေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေမလမွာေတာ့ ဒီသံစုံတီး၀ိုင္းအဖဲြ႔၀င္ ၁၉၇ ေယာက္ထဲက ၅၇ ေယာက္ဟာ သီခ်င္းအတြက္ အေျခခံအလုပ္ေတြကိုလုပ္နုိင္ဖို႔ ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕က Abbey Road စတူဒီယိုမွာ ေတြ႔ဆုံခဲ့ၾကပါတယ္။

ဒီစီမံကိန္းတခုလုံးကိုေတာ့ BAFTA ဆုရ ေတးေရးဆရာ George Fenton က ႀကီးၾကပ္တာျဖစ္ေပမယ့္ ဂီတပညာရွင္အေတာ္မ်ားမ်ားက သူရဲ႕ သံစဥ္နဲ႔ ဂီတပံုစံေတြအေပၚ အေျခခံၿပီး သူတို႔တိုင္းျပည္ရဲ႕ ႐ိုးရာတူရိယာေတြကို အသံုးျပဳၿပီးေတာ့ ဖန္တီးၾကတာပါ။

႐ုိေမးနီးယားႏုိင္ငံက ဂီတပညာရွင္ Michael Cretu ကေတာ့ ဒီသီခ်င္းက အခုခ်ိန္မွာ ကမာၻႀကီးလိုအပ္ေနတဲ့ “လူတုိင္းအရင္ထက္ ပူးေပါင္းေဆာင္ရြက္ဖို႔ဆုိတဲ့” အရာနဲ႔ အတိအက်ျဖစ္တယ္လို႔ ခံစားရေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံပေါင်း ၁၉၇ နိုင်ငံက ဂီတပညာရှင်တစ်ဦးစီပါတဲ့ ကမ္ဘာ့သံစုံတီးဝိုင်းဖွဲ့စည်း

ကမ္ဘာ့ဂီတသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပေါင်း ၁၉၇ နိုင်ငံက ဂီတပညာရှင် ၁ ယောက်စီပါဝင်တဲ့ ကမ္ဘာ့သံစုံတီးဝိုင်းတခုကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ ထူးခြားတဲ့ ဂီတတေးသီချင်းတွေကို ဖန်တီးနိုင်ဖို့နဲ့ လူတွေအနေနဲ့ အတူတကွပေါင်းစည်းနိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပိုင်းခြားထားတဲ့ အတားအဆီးတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ နမူနာအဖြစ်နဲ့ သာဓကပြနိုင်ဖို့ မျှော်လင့်ပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

The Earth Orchestra လို့အမည်ပေးထားတဲ့ ဒီသံစုံတီးဝိုင်းရဲ့တေးသီးချင်းဖြစ်တဲ့ “Together is Beautiful” သီချင်းကိုတော့ နေရာစုံမှာ သီးခြားစီ အသံသွင်းပြီးတော့ ပြန်ပေါင်းခဲ့တာပါ။ ဒီသီချင်းနဲ့အတူ ပါဝင်တဲ့ ဂီတပညာရှင်တချို့အကြောင်း မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗွီဒီယိုကို သောကြာနေ့မှာ ထုတ်ပြန်ဖို့ရှိပါတယ်။

ဒီသံစုံတီးဝိုင်းမှာပါတဲ့ ကင်မရွန်းနိုင်ငံက Olgha Nk ကတော့ ဒီစီမံကိန်းဟာ ၃ နှစ်ကြာခဲ့ပြီး တကမ္ဘာလုံး အတူလက်တွဲလုပ်ဆောင်ခဲ့ကြကြောင်းပြောပါတယ်။

"ကျမမှာ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေ အလွန်ရှိပါတယ်။ ကျမကတော့ ဒီစီမံကိန်းကြီးမှာ ကမ္ဘာပေါ်က နိုင်ငံတိုင်း ပါဝင်ပြီး အဲဒီနိုင်ငံတွေရဲ့ လူတွေ၊ ယဉ်ကျေးမှုတွေ ပါဝင်တဲ့အတွက် ဒါက ကမ္ဘာကြီးတခုလုံး လက်တွဲလိုက်တာလို့ မြင်ပါတယ်။" ဆိုပြီးပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလမှာတော့ ဒီသံစုံတီးဝိုင်းအဖွဲ့ဝင် ၁၉၇ ယောက်ထဲက ၅၇ ယောက်ဟာ သီချင်းအတွက် အခြေခံအလုပ်တွေကိုလုပ်နိုင်ဖို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က Abbey Road စတူဒီယိုမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီစီမံကိန်းတခုလုံးကိုတော့ BAFTA ဆုရ တေးရေးဆရာ George Fenton က ကြီးကြပ်တာဖြစ်ပေမယ့် ဂီတပညာရှင်အတော်များများက သူရဲ့ သံစဉ်နဲ့ ဂီတပုံစံတွေအပေါ် အခြေခံပြီး သူတို့တိုင်းပြည်ရဲ့ ရိုးရာတူရိယာတွေကို အသုံးပြုပြီးတော့ ဖန်တီးကြတာပါ။

ရိုမေးနီးယားနိုင်ငံက ဂီတပညာရှင် Michael Cretu ကတော့ ဒီသီချင်းက အခုချိန်မှာ ကမ္ဘာကြီးလိုအပ်နေတဲ့ “လူတိုင်းအရင်ထက် ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့” အရာနဲ့ အတိအကျဖြစ်တယ်လို့ ခံစားရကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG