သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၁၉ အတြင္း Obama အႀကိဳက္ဆံုး စာေပ၊ ႐ုပ္႐ွင္၊ ဂီတ


သမၼတ Barack Obama နဲ႔ ဇနီး Michelle Obama တုိ႔ကုိ ၂၀၁၇ ခုႏွစ္၊ ေအာက္တုိဘာ ၃၁ ရက္ေန႔က ခ်ီကာဂုိၿမိဳ႕တြင္ ေတြ႔ရစဥ္။

(Zawgyi/Unicode)

အေမရိကန္သမၼတေဟာင္း Barack Obama က တႏွစ္အတြင္း သူ႔ရဲ႕ အႏွစ္သက္ဆုံး စာအုပ္ေတြ၊ ရုပ္ရွင္ေတြနဲ႔ ရုပ္ျမင္သံၾကား အစီအစဥ္ေတြကုိ Instagram လူမႈကြန္ယက္ကတဆင့္ ထုတ္ေဖာ္ ေျပာၾကားလုိက္ပါတယ္။

သူဖတ္ခဲ့တဲ့အထဲ အႏွစ္သက္ဆုံး စာအုပ္ေတြအျဖစ္ Sally Rooney ရဲ႕ Normal People စာအုပ္နဲ႔ Susan Choi ရဲ႕ Trust Exercise စာအုပ္တုိ႔ကုိ ေဖာ္ျပထားၿပီး၊ အႏွစ္သက္ဆုံး ရုပ္ရွင္ဇာတ္ကားေတြထဲမွာေတာ့ The Irishman ၊ Booksmart ၊ Marriage Story နဲ႔ Parasite တုိ႔ ပါ၀င္ပါတယ္။

ဒါ့အျပင္ သူနဲ႔ ဇနီးသည္ Michelle Obama တုိ႔ တည္ေထာင္ထားတဲ့ ရုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီသစ္ Higher Ground က ထုတ္လုပ္တဲ့ မွတ္တမ္းရုပ္ရွင္ကား American Factory ကုိလည္း အႏွစ္သက္ဆုံး ရုပ္ရွင္ကားစာရင္းမွာ ထည့္သြင္းထားပါတယ္။ ဒီမွတ္တမ္းရုပ္ရွင္ကားဟာ မၾကာေသးမီက Oscar အတြက္ စကာတင္ ေရြးခ်ယ္တဲ့အထဲ အပါအ၀င္ ျဖစ္ခဲ့ပါတယ္။

Obama ရဲ႕ အႏွစ္သက္ဆုံး ေတးဂီတ စာရင္းထဲမွာေတာ့ Beyonce ၊ Bruce Springsteen ၊ Lizzo ၊ DaBaby နဲ႔ The National တုိ႔ကုိ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ Fleabag: Season Two ၊ Unbelievable နဲ႔ Watchmen စတဲ့ ရုပ္သံဇာတ္တုိ႔ဟာ ရုပ္ရွင္ဇာတ္ကားေတြလုိ အဆင့္ျမင့္တယ္လုိ႔ ဆုိထားပါတယ္။

(Unicode)

အမေရိကန်သမ္မတဟောင်း Barack Obama က တနှစ်အတွင်း သူ့ရဲ့ အနှစ်သက်ဆုံး စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို Instagram လူမှုကွန်ယက်ကတဆင့် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သူဖတ်ခဲ့တဲ့အထဲ အနှစ်သက်ဆုံး စာအုပ်တွေအဖြစ် Sally Rooney ရဲ့ Normal People စာအုပ်နဲ့ Susan Choi ရဲ့ Trust Exercise စာအုပ်တို့ကို ဖော်ပြထားပြီး၊ အနှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ The Irishman ၊ Booksmart ၊ Marriage Story နဲ့ Parasite တို့ ပါဝင်ပါတယ်။

ဒါ့အပြင် သူနဲ့ ဇနီးသည် Michelle Obama တို့ တည်ထောင်ထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီသစ် Higher Ground က ထုတ်လုပ်တဲ့ မှတ်တမ်းရုပ်ရှင်ကား American Factory ကိုလည်း အနှစ်သက်ဆုံး ရုပ်ရှင်ကားစာရင်းမှာ ထည့်သွင်းထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကားဟာ မကြာသေးမီက Oscar အတွက် စကာတင် ရွေးချယ်တဲ့အထဲ အပါအဝင် ဖြစ်ခဲ့ပါတယ်။

Obama ရဲ့ အနှစ်သက်ဆုံး တေးဂီတ စာရင်းထဲမှာတော့ Beyonce ၊ Bruce Springsteen ၊ Lizzo ၊ DaBaby နဲ့ The National တို့ကို ဖော်ပြထားပါတယ်။

ဒါ့အပြင် Fleabag: Season Two ၊ Unbelievable နဲ့ Watchmen စတဲ့ ရုပ်သံဇာတ်တို့ဟာ ရုပ်ရှင်ဇာတ်ကားတွေလို အဆင့်မြင့်တယ်လို့ ဆိုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG