သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Bush ကို ဖိနပ်နဲ့ပေါက်သူ အမတ်အရွေးခံမည်


Muntadhar al-Zeidi
Muntadhar al-Zeidi

၂၀၀၈ ခုနှစ်တုန်းက အမေရိကန်သမ္မတ George W. Bush ကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ ကမ္ဘာကျော်ခဲ့တဲ့ အီရတ်သတင်းထောက်က လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံတော့မှာ ဖြစ်ပါတယ်။

အီရတ်လွှတ်တော်မှာ အမတ်နေရာအနိုင်ရဖို့ မဲဆွယ်စည်းရုံးနေတဲ့ Muntadhar al-Zeidi က အီရတ်စစ်ပွဲအတွက် အမေရိကန်ကို တောင်းပန်စေချင်ကြောင်းနဲ့ အမေရိကန်တပ်တွေ ဝင်ရောက်ကျူးကျော်မှုကြောင့် ထိခိုက်ခဲ့တဲ့ မိသားစုဝင်အားလုံးကို လျှော်ကြေးပေးဖို့ လိုလားတယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးတဲ့ Facebook စာမျက်နှာပေါ်မှာလည်း ၂၀၀၈ တုန်းက အီရတ်ကိုသွားရောက်ခဲ့တဲ့ သမ္မတဟောင်း George W. Bush ကို အီရတ်မှာ သေဆုံးသွားသူတွေ၊ မုဆိုးမတွေ မိဘမဲ့ကလေးတွေက နှုတ်ဆက်တာလို့ အော်ဟစ်ပြီး ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ Video ကိုဖော်ပြထားပါတယ်။ အဲဒီတုန်းက သူ့ကို လုံခြုံရေးတွေက ဖမ်းဆီးပြီး ထောင် ၃ နှစ်ချခဲ့ပါတယ်။

၉ လထောင်ကျခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံနဲ့ ဥရောပကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သိပ်မကြာခင်ကမှ အီရတ်နိုင်ငံကို သူပြန်လာခဲ့တာပါ။ အမေရိကန်သမ္မတယောက်ကို ဖိနပ်နဲ့ပေါက်ခဲ့တာကြောင့် သူမဲအနိုင်ရမရဆိုတာ မပြောနိုင်ပေမဲ့ အီရတ်စစ်ပွဲကို Bushနဲ့အတူထောက်ခံခဲ့တဲ့ အီရတ်နိုင်ငံရေးသမားတွေကို အရေးယူနိုင်ဖို့အပါအဝင် နိုင်ငံရေးစင်မြင့်တခုရဖို့ ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Zeidi ကပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွေကို မေလ ၁၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

သမ္မတ Bush ကို ဖိနပ်နဲ့ပေါက်သူ အမတ်အရွေးခံမည်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG