သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေအာင္ပြဲအလားအလာ ဘက္မလိုက္သုံးသပ္သူရဲ႕အျမင္


Myanmar army

အာဏာသိမ္းစစ္အုပ္ခ်ဳပ္ေရးကို ဖီဆန္တိုက္ခိုက္ေနတဲ့ လႈပ္ရွားမႈရဲ႕အေျခအေန နဲ႔ အလားအလာ ဘယ္လိုရွိသလဲ ဆိုတာ အားလုံးစိတ္ဝင္တစား ရွိၾကသလို႔ ကိုယ့္ရႈေဒါင့္နဲ႔ ကိုယ္ သုံးသပ္မႈေတြလဲရွိေနပါတယ္။ Independent analyst ဘက္မလိုက္သုံးသပ္သူ Richard Horsey ကေတာ့ ဒီမိုကေရစီုက္ပြဲဝင္ေတြ အေျခအေန ေကာင္းေပမဲ့ ေအာင္ပြဲအလားအလာမျပတ္သားေသးဘူးလို႔ ဆိုပါတယ္။ ICG ႏိုင္ငံတကာပဋိပကၡ ေလ့လာေရးအဖြဲ႕ ရဲ႕ ျမန္မာဆိုင္ရာ အႀကံေပး Richard Horsey နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီအင္အားစုေတြ ဆန္႔က်င္လႈပ္ရွားမႈေၾကာင့္ စစ္ေကာင္စီက တုိင္းျပည္ကို ေအးေအးခ်မ္းခ်မ္း ဆက္လက္အုပ္ခ်ဳပ္ဖို႔ ခက္ခဲလိမ့္မယ္။ ဒါေပမဲ့ ဒီမိုကေရစီအင္အားစုေတြကလည္း စစ္ေကာင္စီကို လံုးဝဖယ္ရွားၿပီးေတာ့ တိုင္းျပည္ကို တစုတစည္းတည္း အုပ္ခ်ဳပ္ႏိုင္ဖို႔ဆုိတာ စိန္ေခၚမႈေတြ အမ်ားႀကီးရိွေနတယ္လို႔ ဒီနွစ္အေစာပိုင္းက Richard က ေျပာခဲ့ပါတယ္။ ဆိုေတာ့ အခု အဲဒီအေျခအေနေတြ ဘယ္လိုေျပာင္းလဲသြားၿပီလဲဆိုတာကို က်ေနာ္ သိခ်င္ပါတယ္။

ေျဖ ။ ။ အေျခအေနက စစ္ေကာင္စီကို အံ့ၾသသင့္ေစမယ္လို႔ေတာ့ ေျပာႏိုင္ပါတယ္။ ေတာ္လွန္ေရးအင္အားစုေတြ အထူးသျဖင့္ အပူပိုင္းေဒသက လႈပ္ရွားမႈေတြက ဒီေလာက္အထိ တာရွည္လိမ့္မယ္ မဟုတ္ဘူးလို႔ စစ္ေကာင္စီက ေမွ်ာ္လင့္ထားခဲ့ပါလိမ့္မယ္။ တကယ္ေတာ့ ေျခာက္ေသြ႔တဲ့ ေျမျပန္႔ေဒသမွာ ခုခံဖို႔ဆိုတာ ေတာေတာင္ထူထပ္တဲ့ ေဒသေတြမွာလို မလြယ္ပါဘူး။ စစ္ေကာင္စီက အရပ္သားေတြ အမ်ားအျပားကိုပါ ထိခိုက္နစ္နာေစမယ့္ နည္းေတြကို သံုးလာပါတယ္။ အရပ္သားေတြကို ဖမ္းဆီးသတ္ျဖတ္၊ ရြာမီးရိွဳ ႔ စတာေတြ လုပ္ပါတယ္။ ဒါေပမဲ့ စစ္တပ္အတြက္ အခက္ခဲႀကံဳေနရဆဲပါ။ အညာေဒသမွာ အျပတ္အသတ္ ထိုးစစ္ဆင္ရွင္းလင္းမယ့္ အေျခအေနေတြ မေတြ႔ရေသးပါဘူး။ အင္အားစုၿပံဳသံုးၿပီး မစြန္႔စားခ်င္လို႔လဲ ျဖစ္ႏုိင္ပါတယ္။ ဒီလိုစစ္တပ္ဘက္မွာ အခက္ႀကံဳေနသလို၊ ေတာ္လွန္ေရးအင္အားစုေတြအတြက္လဲ လြယ္လင့္တကူ မျဖစ္ႏိုင္ေသးပါဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် စိန္ေခၚမႈေတြလည္း ပိုမ်ားလာပါတယ္။ ရန္ပံုေငြ ပိုလိုအပ္လာသလို၊ ေထာက္ခံပံ့ပိုးမႈေတြလည္း ပိုလိုအပ္လာပါတယ္။ ျပည္ပေထာက္ခံမႈ အားေကာင္းဆဲ ျဖစ္ေပမဲ့ အခ်ိန္ၾကာလာရင္ေတာ့ အခက္ႀကံဳလာႏိုင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူတခ်ဳိ ႔ကို ေသဒဏ္ေပး ကြပ္မ်က္လိုက္တာ၊ ေနာက္ၿပီးေတာ့ ၿဗိတိန္သံအမတ္ေဟာင္း ဗစ္ကီ ဘုိးမန္တို႔ကို ေထာင္ခ်လိုက္တဲ့ေနာက္ပိုင္းမွာ ႏိုင္ငံတကာေထာက္ခံမႈေတြ၊ ႏုိင္ငံေရးအရ၊ စိတ္ဓါတ္ေရးရာအရ ေထာက္ခံမႈေတြ ပိုၿပီးေတာ့ ျပင္းထန္လာတာကို ေတြ႔ရပါတယ္။ အဲဒါေကာ ထိေရာက္မႈ မရိွႏိုင္ဘူးလား။

ေျဖ ။ ။ ႏုိင္ငံတကာအသိုင္းအဝိုင္းရဲ ႔ ေထာက္ခံမႈကေတာ့ အေတာ္ေလး အကန္႔အသတ္ရိွမယ္လို႔ က်ေနာ္ ထင္ပါတယ္။ မွန္ပါတယ္။ အားေပးမႈေတြ၊ စိတ္ဓါတ္ေရးရာအရ ေထာက္ခံမႈေတြကိုေတာ့ ေတြ႔ႏိုင္ပါတယ္။ ဒါေပမဲ့ ဘယ္ႏုိင္ငံကမွ ေတာ္လွန္္ေရးအင္အားစုေတြကို လက္နက္ပံ့ပိုးတာ မရိွေသးပါဘူး။ ဒါ့အျပင္ ျမန္မာႏုိင္ငံဟာ ကမာၻ႔ရဲ ႔ ဦးစားေပး၊ ဒုတိယအဆင့္ေလာက္မွာပဲ ရိွေနပါတယ္။ အထူးသျဖင့္ အေနာက္ႏုိင္ငံေတြအတြက္ပါ။ သူတုိ႔က ယူကရိန္းနဲ႔ အျခားႏုိင္ငံေတြကို ပိုၿပီးဦးစားေပး လုပ္ေနပါတယ္။ အေနာက္ႏုိင္ငံေတြရဲ ႔ အဆင့္ျမင့္ဦးစားေပးအဆင့္မွာ ရိွမေနတာ၊ ျမန္မာႏုိင္ငံအတြက္ အထူးဝမ္းနည္းစရာေကာင္းတဲ့ကိစၥလို႔ က်ေနာ္ ျမင္ပါတယ္။ ဆိုေတာ့ စစ္ေကာင္စီကိုၾကည့္ရင္ ႏိုင္ငံတကာမွာ ပိုၿပီးေတာ့ ဝိုင္းပယ္ခံေနရတယ္။ အာဆီယံေတာင္မွ ဖယ္က်ဥ္းခံေနပါတယ္။

ေမး ။ ။ စစ္ေကာင္စီဘက္ကို ၾကည့္မယ္ဆိုရင္ ရုရွားရဲ ႔ ေထာက္ခံမႈက ဘယ္ေလာက္အထိ အေရးပါပါသလဲ။ မၾကာေသးခင္က ရုရွားသမၼတနဲ႔ စစ္ေကာင္စီအႀကီးအကဲ ေတြ႔ဆံုတဲ့ေနရာမွာ ၾကည့္လိုက္မယ္ဆိုရင္ေတာ့ စီးပြားေရး၊ ေလာင္စာ၊ ႏ်ဴကလီးယားစြမ္းအင္စက္ရံုေတြ တည္ေဆာက္ေပးမယ္။ စစ္ေရးအားျဖင့္ အကူအညီေပးမယ္ဆိုတာေတြ ၾကားလာရေတာ့ ဒီဟာေတြဟာ စစ္ေကာင္စီအတြက္ ဘယ္ေလာက္အထိ အားတက္စရာ ျဖစ္ပါသလဲ။ စစ္ေကာင္စီနဲ႔ ဒီမိုကေရစီအင္အားစုေတြရဲ ႔ အားၿပိဳင္ပြဲမွာ အင္အားခ်ိန္္းခြင့္လွ်ာက စစ္ေကာင္စီဘက္ကို တဘက္ေစာင္းနင္းႀကီး ျဖစ္သြားႏိုင္တဲ့ အေျခအေန ျဖစ္လာႏိုင္ပါသလား။

ေျဖ ။ ။ ရုရွားနဲ႔ ဆက္ဆံေရးဟာ သူနဲ႔ သူ႔စစ္ေကာင္စီအတြက္ ရလာမယ့္ အေထာက္အပံ့ေတြကို မင္းေအာင္လိႈင္အေနနဲ႔ သိပ္ႀကီးႀကီးက်ယ္က်ယ္ ေမွ်ာ္လင့္ထားလိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒါဟာ မျဖစ္ႏုိင္တဲ့ ျမင့္မားတဲ့ ေမွ်ာ္လင့္ခ်က္သာ ျဖစ္ပါလိမ့္မယ္။ သူ ဘယ္ေလာက္အထိ စိတ္လႈပ္ရွား တက္ၾကြေနသလဲဆိုတာ သူ႔ကို လမ္းေပၚထြက္ အလံေတြေဝွ႔ယမ္းၿပီး ႀကိဳေနတာကိုၾကည့္ရင္ သိႏုိင္ပါတယ္။ တကယ္ေတာ့ ဒါက အလြန္အကၽြံ ျဖစ္ေနတာပါ။ သူဟာ စီးပြားေရး အစည္းအေဝး သြားတက္တာပါ။ ပူတင္နဲ႔ ပထမဦးဆံုး ေတြ႔ရတဲ့ စစ္ဗိုလ္တေယာက္လို မဟုတ္ဘဲ၊ ႏုိင္ငံအႀကီးအကဲအျဖစ္ ပထမဦးဆံုးအႀကိမ္ အသိအမွတ္ျပဳလိုက္တာကို သူေပ်ာ္သြားပံု ရပါတယ္။ ဒါေပမဲ့ ရုရွားက သိပ္အင္အားႀကီးမားၿပီး ကမာၻက ေလးစားတဲ့ ႏုိင္ငံႀကီးတခု ျဖစ္ေနရင္ေတာ့ ဒါက တမ်ဳိးတမည္ ျဖစ္ပါလိမ့္မယ္။ အခုေတာ့ ရုရွားက အားေပ်ာ့ေနၿပီး၊ တခါမွ မႀကံဳစဖူးေလာက္ေအာင္ ေဘးဖယ္ခံေနရတဲ့ အေျခအေန ျဖစ္ေနေလေတာ့၊ သူနဲ႔ မဟာဗ်ဴဟာဆက္ဆံေရး၊ ထူေထာင္ႏုိုင္တာဟာ အဲဒီေလာက္ တန္းဖိုးမရိွေတာ့ဘူးလို႔ ထင္ပါတယ္။ လက္နက္ကေတာ့ ရႏုိင္ပါေသးတယ္။ သံခင္းတမန္ခင္းမွာ သိပ္ၿပီေတာ့ အေရးမပါေတာ့ပါဘူး။ ကုလမွာ သူတုိ႔ကို အသိအမွတ္ျပဳေအာင္ ရုရွားကို စစ္ေကာင္စီက အားကိုးေနခ်င္ေပမဲ့ ရုရွားက ဒီကိစၥမွာ မတက္ၾကြပါဘူး။ တရုတ္ကိုသာ လႊဲထားသလိုပါပဲ။ တရုတ္ကလည္း ျပတ္ျပတ္သားသား မရိွေလေတာ့ စစ္ေကာင္စီအတြက္ စိတ္တုိင္းက် မျဖစ္ႏိုင္ပါဘူး။ လက္နက္အရ၊ စီးပြားေရးအရ ေထာက္ပံ့တဲ့ေနရာမွာလဲ ယူကရိန္းေၾကာင့္ မနည္းရုန္းကန္ေနရတဲ့ ရုရွားအေနနဲ႔ စစ္ေကာင္စီကို ဘယ္ကူညီႏုိင္မလဲ။ က်ေနာ္ကေတာ့ သိမ္မထင္ပါဘူး။

ေမး ။ ။ ဒါက အေနာက္ႏုိင္ငံေတြ၊ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုကို ၾကည့္မယ္ဆိုရင္ သူတုိ႔ကေရာ ခုခံတြန္းလွန္ေနတဲ့ ဒီမိုကေရစီအင္အားစုေတြကို ဘာေၾကာင့္ ရုပ္ပိုင္းအရ ပြင့္ပြင့္လင္းလင္း ေျပာရရင္ လက္နက္အေထာက္အပံ့ မေပးႏုိင္တာလဲ။ ဘာအခက္အခဲေတြ သူတုိ႔ဘက္မွာ ရိွေနသလဲ။ ႏုိင္ငံတကာဆက္ဆံေရး က်င့္ဝတ္ Ethics ေတြ ရိွေနသလား။ ယူကရိန္းၾကေတာ့ သူတုိ႔ တက္တက္ၾကြၾကြ ေထာက္ခံေနတာကို ေတြ႔ရပါတယ္။

ေျဖ ။ ။ ယူကရိန္းနဲ႔ ျမန္မာက အေျခအေနခ်င္း သိပ္ကြာပါတယ္။ ယူကရိန္စစ္ပြဲက ဥေရာပစစ္ပြဲ ျဖစ္ပါတယ္။ ေနတိုးအဖြဲ႔ဝင္ႏုိင္ငံေတြရဲ ႔ အိမ္နီးခ်င္းလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ေနတိုးႏုိင္ငံေတြရဲ ႔ လံုၿခံဳေရးကို တိုက္ရိုက္ၿခိမ္းေျခာက္ေနတယ္လို႔ သူတုိ႔ ယူဆပါတယ္။ ျမန္မာျပႆနာၾကေတာ့ အိမ္နီးခ်င္း တရုတ္၊ အိႏိၵယ၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ ဘယ္ႏိုင္ငံေတြမွ အတိုက္အခံေတြကို လက္နက္အင္အား ပံ့ပိုးဖုိ႔ စိတ္မဝင္စားၾကပါဘူး။ ဒီလိုအိမ္နီးခ်င္း ဘယ္ႏုိင္ငံကမွ ေထာက္ခံအားေပးျခင္း မရိွတဲ့ အင္အားစုကို အေဝးႏုိင္ငံေတြက ပံ့ပိုးေပးဖို႔ဆုိတာ သိပ္မျဖစ္ႏုိင္ပါဘူး။ ဒါေပမဲ့ လက္နက္ေထာက္ပံ့မပံ့ဆုိတာ အပထား၊ သံတမန္ေရးအရ ေထာက္ခံမႈ ပိုမိုခိုင္မာမႈ ရိွသင့္ပါတယ္။ ျမန္မာ့အေရးမွာ ဘယ္လိုပါဝင္ကူညီရမယ္ဆိုတာကို အေနာက္ႏုိင္ငံေတြက အေလးနက္ထားၿပီး ပိုမိုစဥ္းစားသင့္တယ္လုိ႔ ထင္ပါတယ္။

ေမး ။ ။ ေနာက္တခါ ျပည္တြင္းအေျခအေနကိုလည္း နည္းနည္းေမးခ်င္ပါတယ္။ အခု တုိင္းရင္းသားအင္အားစုေတြ EAOs ေတြကို သူတုိ႔ဘက္ပါေအာင္ဆုိၿပီး ႏွစ္ဘက္စလံုးက အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကတာကို ေတြ႔ရပါတယ္။ စစ္ေကာင္စီဘက္ကဆိုရင္ ဝကို ျပည္နယ္ေပးမယ္ ေျပာရင္နဲ႔ ျပည္နယ္ေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ပိုေပးမယ္။ ဖြဲ႔စည္းပံုကို ျပင္မယ္ဆိုၿပီေတာ့လဲ မၾကာေသးခင္က ေျပာသြားတာကို ေတြ႔ရပါတယ္။ ဒါဟာ ဘယ္အတိုင္းအတာအထိ တိုင္းရင္းသားေတြကို ဆြဲေဆာင္ႏုိင္္မယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ မင္းေအာင္လိႈႈင္ရဲ ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္က သိပ္မထိေရာက္ဘူးလို႔ က်ေနာ္ ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီမွာ အယူအဆသစ္နဲ႔ စဥ္းစားမႈေတြကို မေတြ႔ရပါဘူး။ သူ႔ဘက္က လုပ္ေဆာင္ႏုိင္မယ့္ ကိစၥေတြထဲမွာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အေပၚ အေလးအနက္ ရုိက္ခတ္ႏိုင္ဖြယ္လဲ မရိွပါဘူး။ တုိင္းရင္းသားအင္အားစုေတြကို ေျပာရမယ္ဆိုရင္ေတာ့ သူတုိ႔ဟာ စစ္ေကာင္စီဘက္ကိုပဲျဖစ္ျဖစ္၊ ေတာ္လွန္ေရးအင္အားစုေတြဘက္ကိုပဲျဖစ္ျဖစ္ တိမ္းညႊတ္ေနတာ မဟုတ္ဘူးဆိုတာကို က်ေနာ္တို႔ ရွင္းရွင္းလင္းလင္း သေဘာေပါက္သင့္တယ္လုိ႔ ထင္ပါတယ္။ EAOs ေတြအားလံုး တိမ္းညႊတ္ေနတဲ့ဘက္က တဘက္ပဲ ရိွပါတယ္။ အဲဒါကေတာ့ သူတုိ႔ရဲ ႔ အက်ဳိးစီးပြားပါပဲ။ သူတုိ႔နဲ႔ေနတဲ့ သူတို႔လူထုရဲ ႔ အက်ဳိးစီးပြားပဲ ျဖစ္ပါတယ္။ သူတုိ႔အက်ဳိးစီးပြားအတြက္ တကယ္လုပ္ေဆာင္ေပးမယ့္ဘက္ကိုပဲ ေထာက္ခံႏုိင္ပါတယ္။ ဒါဟာ အၿမဲတမ္း ရိွလာခဲ့တဲ့ သေဘာထားပါ။

ေမး ။ ။ အခုေတာ့ NUG ဘက္ကလဲ ဖက္ဒရယ္ျပည္ေထာင္စု ကိစၥကို သိပ္အေလးအနက္ထား လုပ္ေဆာင္ေနတာကို ေတြ႔ရပါတယ္။ NUCC ဖြဲ႔စည္းၿပီးေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ EAOs ေတြနဲ႔ လက္တြဲၿပီးေတာ့ ေဆာင္ရြက္ေနတယ္ဆိုတာကို က်ေနာ္တုိ႔ သိေနရပါတယ္။ ဆိုေတာ့ အဲဒါက ဘယ္ေလာက္အထိ တိုင္းရင္းသားေတြကို ဆြဲေဆာင္ႏုိင္စြမ္း ရိွမယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ ဒါက ႏိုင္ငံေရးျပႆနာတခုတည္း မဟုတ္ပါဘူး။ EAOs ေတြဘက္ သံသယတခ်ဳိ ႔၊ စိုးရိမ္မႈတခ်ဳိ ႔ ရိွေနပါတယ္။ ယံုၾကည္မႈ ကင္းမဲ့ေနပါေသးတယ္။ NUG ကေတာ့ ဒီလို မယံၾကည္မႈ ေလ်ာ့ပါးေစဖုိ႔အတြက္ အမ်ားႀကီးလုပ္ေဆာင္ေနခဲ့ပါၿပီ။ လုပ္ေဆာင္ေနပါတယ္။ ဒါေပမဲ့ မလံုေလာက္ေသးပါဘူး။ ေနာက္တခုက ဘယ္ဘက္က ႏုိင္မလဲဆိုတာကို EAOs ေတြဘက္က ယတိျပတ္ မျမင္ရေသးပါဘူး။ ဆိုေတာ့ NUG အေနနဲ႔ တိုင္းရင္းသားေတြကို ေထာက္ခံတဲ့အေၾကာင္း ႏိုင္ငံေရးအရ၊ မူဝါဒအရ လုပ္ျပရံုနဲ႔ မၿပီဘဲ။ တိုိက္ပြဲမွာ အႏုိင္ရမယ္၊ အဲဒီမူဝါဒေတြကို လက္ေတြ႔အေကာင္အထည္ ေဖာ္ႏိုင္တယ္ဆိုတာကိုလည္း ျပသႏုိင္ဖုိ႔ လုိအပ္ပါတယ္။ ဒီကိစၥေတြမွာလဲ EAOs ေတြက သံသယေတြ ရိွေနဆဲပါ။ အာဏာသိမ္းၿပီး ခုခံတိုက္ခိုက္မႈေတြ စတင္တုန္းက ရက္သတၱပါတ္အတြင္းမွာ အႏုိင္ရေတာ့မလို၊ ယူဆမႈေတြ ရိွခဲ့ေပမဲ့ EAOs ေတြကေတာ့ ၾကာအံုးမယ္လို႔ ေျပာတာမ်ဳိး က်ေနာ္ ၾကာခဲ့ရပါတယ္။ သူတို႔ ပိုသိပါတယ္။ သူတုိိ႔အေတြ႔အႀကံဳေတြလည္း အမ်ားႀကီး ရိွပါတယ္။

ေမး ။ ။ တခ်ဳိ ႔ကေတာ့ အခုျမန္မာႏုိင္ငံ အေျခအေနက ေဒၚေအာင္ဆန္းစုၾကည္ ေခတ္လြန္ကို စတင္ဝင္ေရာက္ေနၿပီျဖစ္တယ္။ NUG ကလဲ အရင္တုန္းက NLD မဟုတ္ဘူးလို႔ ေျပာေနၾကပါတယ္။ ဆိုေတာ့ EAOs ေတြက NLD အစိုးရေပၚမွာ အႀကိဳက္မေတြ႔ခဲ့ဘူး၊ ဘဝင္မက်ခဲ့ဘူး ျဖစ္ခဲ့တဲ့ အေျခအေနဟာ အခုေျပာင္းလဲသြားစရာ အေၾကာင္းမရိွဘူးလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ EAOs ေတြနဲ႔ NLD ၾကား ယံုၾကည္မႈ ကြာဟခ်က္ေတြ အဲဒီတုန္းက စတင္ခဲ့ပါတယ္။ NLD အစိုးရဟာ သူတုိ႔ေတာင္းဆိုခ်က္၊ သူတို႔အခြင့္အေရးကို အေလးမထားဘူးလို႔ တိုင္းရင္းသားေတြ ထင္ခဲ့ၾကပါတယ္။ NLD ဟာ ဗမာအမ်ဳိးသားေရးလမ္းစဥ္္သာ ပိုနီးစပ္တာလို႔ ယူဆခဲ့ၾကပါတယ္။ စစ္တပ္လဲ အလားတူပါပဲ၊ ဘာမွ မထူးပါဘူး။ အခုေတာ့ NUG က တုိင္းရင္းသားေတြကို ထိပ္တန္းရာထူး အမ်ားအျပားမွာ တာဝန္ေပးထားပါတယ္။ ဒါဟာ NLD မူနဲ႔ လြန္စြာကြဲလြဲတဲ့ မူဝါဒ ျဖစ္ပါတယ္။ ဒါဟာ ဘယ္ေလာက္ မွန္ကန္သလဲ။ NUG မွာ အခုေျပာထားတဲ့ ကတိစကားေတြကို လက္ေတြ႔အေကာင္အထည္ ေဖာ္လာႏုိင္တဲ့ အေျခအေန ရိွပါ့မလားဆိုတာ တုိင္းရင္းသားေခါင္းေဆာင္ေတြ ေစာင့္ၾကည့္ၾကလိမ့္အံုးမယ္လို႔ ထင္ပါတယ္။


==== Unicode ====

အာဏာသိမ်းစစ်အုပ်ချုပ်ရေးကို ဖီဆန်တိုက်ခိုက်နေတဲ့ လှုပ်ရှားမှုရဲ့အခြေအနေ နဲ့ အလားအလာ ဘယ်လိုရှိသလဲ ဆိုတာ အားလုံးစိတ်ဝင်တစား ရှိကြသလို့ ကိုယ့်ရှုဒေါင့်နဲ့ ကိုယ် သုံးသပ်မှုတွေလဲရှိနေပါတယ်။ Independent analyst ဘက်မလိုက်သုံးသပ်သူ Richard Horsey ကတော့ ဒီမိုကရေစီုက်ပွဲဝင်တွေ အခြေအနေ ကောင်းပေမဲ့ အောင်ပွဲအလားအလာမပြတ်သားသေးဘူးလို့ ဆိုပါတယ်။ ICG နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ရဲ့ မြန်မာဆိုင်ရာ အကြံပေး Richard Horsey နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအင်အားစုတွေ ဆန့်ကျင်လှုပ်ရှားမှုကြောင့် စစ်ကောင်စီက တိုင်းပြည်ကို အေးအေးချမ်းချမ်း ဆက်လက်အုပ်ချုပ်ဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီအင်အားစုတွေကလည်း စစ်ကောင်စီကို လုံးဝဖယ်ရှားပြီးတော့ တိုင်းပြည်ကို တစုတစည်းတည်း အုပ်ချုပ်နိုင်ဖို့ဆိုတာ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ ဒီနှစ်အစောပိုင်းက Richard က ပြောခဲ့ပါတယ်။ ဆိုတော့ အခု အဲဒီအခြေအနေတွေ ဘယ်လိုပြောင်းလဲသွားပြီလဲဆိုတာကို ကျနော် သိချင်ပါတယ်။

ဖြေ ။ ။ အခြေအနေက စစ်ကောင်စီကို အံ့သြသင့်စေမယ်လို့တော့ ပြောနိုင်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အထူးသဖြင့် အပူပိုင်းဒေသက လှုပ်ရှားမှုတွေက ဒီလောက်အထိ တာရှည်လိမ့်မယ် မဟုတ်ဘူးလို့ စစ်ကောင်စီက မျှော်လင့်ထားခဲ့ပါလိမ့်မယ်။ တကယ်တော့ ခြောက်သွေ့တဲ့ မြေပြန့်ဒေသမှာ ခုခံဖို့ဆိုတာ တောတောင်ထူထပ်တဲ့ ဒေသတွေမှာလို မလွယ်ပါဘူး။ စစ်ကောင်စီက အရပ်သားတွေ အများအပြားကိုပါ ထိခိုက်နစ်နာစေမယ့် နည်းတွေကို သုံးလာပါတယ်။ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်၊ ရွာမီးရှို့ စတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ စစ်တပ်အတွက် အခက်ခဲကြုံနေရဆဲပါ။ အညာဒေသမှာ အပြတ်အသတ် ထိုးစစ်ဆင်ရှင်းလင်းမယ့် အခြေအနေတွေ မတွေ့ရသေးပါဘူး။ အင်အားစုပြုံသုံးပြီး မစွန့်စားချင်လို့လဲ ဖြစ်နိုင်ပါတယ်။ ဒီလိုစစ်တပ်ဘက်မှာ အခက်ကြုံနေသလို၊ တော်လှန်ရေးအင်အားစုတွေအတွက်လဲ လွယ်လင့်တကူ မဖြစ်နိုင်သေးပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှုတွေလည်း ပိုများလာပါတယ်။ ရန်ပုံငွေ ပိုလိုအပ်လာသလို၊ ထောက်ခံပံ့ပိုးမှုတွေလည်း ပိုလိုအပ်လာပါတယ်။ ပြည်ပထောက်ခံမှု အားကောင်းဆဲ ဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ အခက်ကြုံလာနိုင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ကို သေဒဏ်ပေး ကွပ်မျက်လိုက်တာ၊ နောက်ပြီးတော့ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်တို့ကို ထောင်ချလိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံတကာထောက်ခံမှုတွေ၊ နိုင်ငံရေးအရ၊ စိတ်ဓါတ်ရေးရာအရ ထောက်ခံမှုတွေ ပိုပြီးတော့ ပြင်းထန်လာတာကို တွေ့ရပါတယ်။ အဲဒါကော ထိရောက်မှု မရှိနိုင်ဘူးလား။

ဖြေ ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကတော့ အတော်လေး အကန့်အသတ်ရှိမယ်လို့ ကျနော် ထင်ပါတယ်။ မှန်ပါတယ်။ အားပေးမှုတွေ၊ စိတ်ဓါတ်ရေးရာအရ ထောက်ခံမှုတွေကိုတော့ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှ တော်လှန်ရေးအင်အားစုတွေကို လက်နက်ပံ့ပိုးတာ မရှိသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ရဲ့ ဦးစားပေး၊ ဒုတိယအဆင့်လောက်မှာပဲ ရှိနေပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေအတွက်ပါ။ သူတို့က ယူကရိန်းနဲ့ အခြားနိုင်ငံတွေကို ပိုပြီးဦးစားပေး လုပ်နေပါတယ်။ အနောက်နိုင်ငံတွေရဲ့ အဆင့်မြင့်ဦးစားပေးအဆင့်မှာ ရှိမနေတာ၊ မြန်မာနိုင်ငံအတွက် အထူးဝမ်းနည်းစရာကောင်းတဲ့ကိစ္စလို့ ကျနော် မြင်ပါတယ်။ ဆိုတော့ စစ်ကောင်စီကိုကြည့်ရင် နိုင်ငံတကာမှာ ပိုပြီးတော့ ဝိုင်းပယ်ခံနေရတယ်။ အာဆီယံတောင်မှ ဖယ်ကျဉ်းခံနေပါတယ်။

မေး ။ ။ စစ်ကောင်စီဘက်ကို ကြည့်မယ်ဆိုရင် ရုရှားရဲ့ ထောက်ခံမှုက ဘယ်လောက်အထိ အရေးပါပါသလဲ။ မကြာသေးခင်က ရုရှားသမ္မတနဲ့ စစ်ကောင်စီအကြီးအကဲ တွေ့ဆုံတဲ့နေရာမှာ ကြည့်လိုက်မယ်ဆိုရင်တော့ စီးပွားရေး၊ လောင်စာ၊ နျူကလီးယားစွမ်းအင်စက်ရုံတွေ တည်ဆောက်ပေးမယ်။ စစ်ရေးအားဖြင့် အကူအညီပေးမယ်ဆိုတာတွေ ကြားလာရတော့ ဒီဟာတွေဟာ စစ်ကောင်စီအတွက် ဘယ်လောက်အထိ အားတက်စရာ ဖြစ်ပါသလဲ။ စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ အားပြိုင်ပွဲမှာ အင်အားချိန်းခွင့်လျှာက စစ်ကောင်စီဘက်ကို တဘက်စောင်းနင်းကြီး ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါသလား။

ဖြေ ။ ။ ရုရှားနဲ့ ဆက်ဆံရေးဟာ သူနဲ့ သူ့စစ်ကောင်စီအတွက် ရလာမယ့် အထောက်အပံ့တွေကို မင်းအောင်လှိုင်အနေနဲ့ သိပ်ကြီးကြီးကျယ်ကျယ် မျှော်လင့်ထားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ မြင့်မားတဲ့ မျှော်လင့်ချက်သာ ဖြစ်ပါလိမ့်မယ်။ သူ ဘယ်လောက်အထိ စိတ်လှုပ်ရှား တက်ကြွနေသလဲဆိုတာ သူ့ကို လမ်းပေါ်ထွက် အလံတွေဝှေ့ယမ်းပြီး ကြိုနေတာကိုကြည့်ရင် သိနိုင်ပါတယ်။ တကယ်တော့ ဒါက အလွန်အကျွံ ဖြစ်နေတာပါ။ သူဟာ စီးပွားရေး အစည်းအဝေး သွားတက်တာပါ။ ပူတင်နဲ့ ပထမဦးဆုံး တွေ့ရတဲ့ စစ်ဗိုလ်တယောက်လို မဟုတ်ဘဲ၊ နိုင်ငံအကြီးအကဲအဖြစ် ပထမဦးဆုံးအကြိမ် အသိအမှတ်ပြုလိုက်တာကို သူပျော်သွားပုံ ရပါတယ်။ ဒါပေမဲ့ ရုရှားက သိပ်အင်အားကြီးမားပြီး ကမ္ဘာက လေးစားတဲ့ နိုင်ငံကြီးတခု ဖြစ်နေရင်တော့ ဒါက တမျိုးတမည် ဖြစ်ပါလိမ့်မယ်။ အခုတော့ ရုရှားက အားပျော့နေပြီး၊ တခါမှ မကြုံစဖူးလောက်အောင် ဘေးဖယ်ခံနေရတဲ့ အခြေအနေ ဖြစ်နေလေတော့၊ သူနဲ့ မဟာဗျူဟာဆက်ဆံရေး၊ ထူထောင်နိုင်တာဟာ အဲဒီလောက် တန်းဖိုးမရှိတော့ဘူးလို့ ထင်ပါတယ်။ လက်နက်ကတော့ ရနိုင်ပါသေးတယ်။ သံခင်းတမန်ခင်းမှာ သိပ်ပြီတော့ အရေးမပါတော့ပါဘူး။ ကုလမှာ သူတို့ကို အသိအမှတ်ပြုအောင် ရုရှားကို စစ်ကောင်စီက အားကိုးနေချင်ပေမဲ့ ရုရှားက ဒီကိစ္စမှာ မတက်ကြွပါဘူး။ တရုတ်ကိုသာ လွှဲထားသလိုပါပဲ။ တရုတ်ကလည်း ပြတ်ပြတ်သားသား မရှိလေတော့ စစ်ကောင်စီအတွက် စိတ်တိုင်းကျ မဖြစ်နိုင်ပါဘူး။ လက်နက်အရ၊ စီးပွားရေးအရ ထောက်ပံ့တဲ့နေရာမှာလဲ ယူကရိန်းကြောင့် မနည်းရုန်းကန်နေရတဲ့ ရုရှားအနေနဲ့ စစ်ကောင်စီကို ဘယ်ကူညီနိုင်မလဲ။ ကျနော်ကတော့ သိမ်မထင်ပါဘူး။

မေး ။ ။ ဒါက အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ကြည့်မယ်ဆိုရင် သူတို့ကရော ခုခံတွန်းလှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဘာကြောင့် ရုပ်ပိုင်းအရ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်နက်အထောက်အပံ့ မပေးနိုင်တာလဲ။ ဘာအခက်အခဲတွေ သူတို့ဘက်မှာ ရှိနေသလဲ။ နိုင်ငံတကာဆက်ဆံရေး ကျင့်ဝတ် Ethics တွေ ရှိနေသလား။ ယူကရိန်းကြတော့ သူတို့ တက်တက်ကြွကြွ ထောက်ခံနေတာကို တွေ့ရပါတယ်။

ဖြေ ။ ။ ယူကရိန်းနဲ့ မြန်မာက အခြေအနေချင်း သိပ်ကွာပါတယ်။ ယူကရိန်စစ်ပွဲက ဥရောပစစ်ပွဲ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အိမ်နီးချင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် နေတိုးနိုင်ငံတွေရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ သူတို့ ယူဆပါတယ်။ မြန်မာပြဿနာကြတော့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ဘယ်နိုင်ငံတွေမှ အတိုက်အခံတွေကို လက်နက်အင်အား ပံ့ပိုးဖို့ စိတ်မဝင်စားကြပါဘူး။ ဒီလိုအိမ်နီးချင်း ဘယ်နိုင်ငံကမှ ထောက်ခံအားပေးခြင်း မရှိတဲ့ အင်အားစုကို အဝေးနိုင်ငံတွေက ပံ့ပိုးပေးဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လက်နက်ထောက်ပံ့မပံ့ဆိုတာ အပထား၊ သံတမန်ရေးအရ ထောက်ခံမှု ပိုမိုခိုင်မာမှု ရှိသင့်ပါတယ်။ မြန်မာ့အရေးမှာ ဘယ်လိုပါဝင်ကူညီရမယ်ဆိုတာကို အနောက်နိုင်ငံတွေက အလေးနက်ထားပြီး ပိုမိုစဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

မေး ။ ။ နောက်တခါ ပြည်တွင်းအခြေအနေကိုလည်း နည်းနည်းမေးချင်ပါတယ်။ အခု တိုင်းရင်းသားအင်အားစုတွေ EAOs တွေကို သူတို့ဘက်ပါအောင်ဆိုပြီး နှစ်ဘက်စလုံးက အပြိုင်အဆိုင် ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ စစ်ကောင်စီဘက်ကဆိုရင် ဝကို ပြည်နယ်ပေးမယ် ပြောရင်နဲ့ ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးမယ်။ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီတော့လဲ မကြာသေးခင်က ပြောသွားတာကို တွေ့ရပါတယ်။ ဒါဟာ ဘယ်အတိုင်းအတာအထိ တိုင်းရင်းသားတွေကို ဆွဲဆောင်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ မင်းအောင်လှိုှုင်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က သိပ်မထိရောက်ဘူးလို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ အယူအဆသစ်နဲ့ စဉ်းစားမှုတွေကို မတွေ့ရပါဘူး။ သူ့ဘက်က လုပ်ဆောင်နိုင်မယ့် ကိစ္စတွေထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အလေးအနက် ရိုက်ခတ်နိုင်ဖွယ်လဲ မရှိပါဘူး။ တိုင်းရင်းသားအင်အားစုတွေကို ပြောရမယ်ဆိုရင်တော့ သူတို့ဟာ စစ်ကောင်စီဘက်ကိုပဲဖြစ်ဖြစ်၊ တော်လှန်ရေးအင်အားစုတွေဘက်ကိုပဲဖြစ်ဖြစ် တိမ်းညွှတ်နေတာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်တယ်လို့ ထင်ပါတယ်။ EAOs တွေအားလုံး တိမ်းညွှတ်နေတဲ့ဘက်က တဘက်ပဲ ရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့ အကျိုးစီးပွားပါပဲ။ သူတို့နဲ့နေတဲ့ သူတို့လူထုရဲ့ အကျိုးစီးပွားပဲ ဖြစ်ပါတယ်။ သူတို့အကျိုးစီးပွားအတွက် တကယ်လုပ်ဆောင်ပေးမယ့်ဘက်ကိုပဲ ထောက်ခံနိုင်ပါတယ်။ ဒါဟာ အမြဲတမ်း ရှိလာခဲ့တဲ့ သဘောထားပါ။

မေး ။ ။ အခုတော့ NUG ဘက်ကလဲ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကို သိပ်အလေးအနက်ထား လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ NUCC ဖွဲ့စည်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် EAOs တွေနဲ့ လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာကို ကျနော်တို့ သိနေရပါတယ်။ ဆိုတော့ အဲဒါက ဘယ်လောက်အထိ တိုင်းရင်းသားတွေကို ဆွဲဆောင်နိုင်စွမ်း ရှိမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ဒါက နိုင်ငံရေးပြဿနာတခုတည်း မဟုတ်ပါဘူး။ EAOs တွေဘက် သံသယတချို့၊ စိုးရိမ်မှုတချို့ ရှိနေပါတယ်။ ယုံကြည်မှု ကင်းမဲ့နေပါသေးတယ်။ NUG ကတော့ ဒီလို မယံကြည်မှု လျော့ပါးစေဖို့အတွက် အများကြီးလုပ်ဆောင်နေခဲ့ပါပြီ။ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ နောက်တခုက ဘယ်ဘက်က နိုင်မလဲဆိုတာကို EAOs တွေဘက်က ယတိပြတ် မမြင်ရသေးပါဘူး။ ဆိုတော့ NUG အနေနဲ့ တိုင်းရင်းသားတွေကို ထောက်ခံတဲ့အကြောင်း နိုင်ငံရေးအရ၊ မူဝါဒအရ လုပ်ပြရုံနဲ့ မပြီဘဲ။ တိုက်ပွဲမှာ အနိုင်ရမယ်၊ အဲဒီမူဝါဒတွေကို လက်တွေ့အကောင်အထည် ဖော်နိုင်တယ်ဆိုတာကိုလည်း ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စတွေမှာလဲ EAOs တွေက သံသယတွေ ရှိနေဆဲပါ။ အာဏာသိမ်းပြီး ခုခံတိုက်ခိုက်မှုတွေ စတင်တုန်းက ရက်သတ္တပါတ်အတွင်းမှာ အနိုင်ရတော့မလို၊ ယူဆမှုတွေ ရှိခဲ့ပေမဲ့ EAOs တွေကတော့ ကြာအုံးမယ်လို့ ပြောတာမျိုး ကျနော် ကြာခဲ့ရပါတယ်။ သူတို့ ပိုသိပါတယ်။ သူတို့အတွေ့အကြုံတွေလည်း အများကြီး ရှိပါတယ်။

မေး ။ ။ တချို့ကတော့ အခုမြန်မာနိုင်ငံ အခြေအနေက ဒေါ်အောင်ဆန်းစုကြည် ခေတ်လွန်ကို စတင်ဝင်ရောက်နေပြီဖြစ်တယ်။ NUG ကလဲ အရင်တုန်းက NLD မဟုတ်ဘူးလို့ ပြောနေကြပါတယ်။ ဆိုတော့ EAOs တွေက NLD အစိုးရပေါ်မှာ အကြိုက်မတွေ့ခဲ့ဘူး၊ ဘဝင်မကျခဲ့ဘူး ဖြစ်ခဲ့တဲ့ အခြေအနေဟာ အခုပြောင်းလဲသွားစရာ အကြောင်းမရှိဘူးလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ EAOs တွေနဲ့ NLD ကြား ယုံကြည်မှု ကွာဟချက်တွေ အဲဒီတုန်းက စတင်ခဲ့ပါတယ်။ NLD အစိုးရဟာ သူတို့တောင်းဆိုချက်၊ သူတို့အခွင့်အရေးကို အလေးမထားဘူးလို့ တိုင်းရင်းသားတွေ ထင်ခဲ့ကြပါတယ်။ NLD ဟာ ဗမာအမျိုးသားရေးလမ်းစဉ်သာ ပိုနီးစပ်တာလို့ ယူဆခဲ့ကြပါတယ်။ စစ်တပ်လဲ အလားတူပါပဲ၊ ဘာမှ မထူးပါဘူး။ အခုတော့ NUG က တိုင်းရင်းသားတွေကို ထိပ်တန်းရာထူး အများအပြားမှာ တာဝန်ပေးထားပါတယ်။ ဒါဟာ NLD မူနဲ့ လွန်စွာကွဲလွဲတဲ့ မူဝါဒ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လောက် မှန်ကန်သလဲ။ NUG မှာ အခုပြောထားတဲ့ ကတိစကားတွေကို လက်တွေ့အကောင်အထည် ဖော်လာနိုင်တဲ့ အခြေအနေ ရှိပါ့မလားဆိုတာ တိုင်းရင်းသားခေါင်းဆောင်တွေ စောင့်ကြည့်ကြလိမ့်အုံးမယ်လို့ ထင်ပါတယ်။

XS
SM
MD
LG