သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပျပန္ေရႊ႕ေျပာင္းလုပ္သားမ်ားရဲ႕ ကၽြမ္းက်င္လုပ္ငန္းမ်ား စာရင္းျပဳစု


ရန္ကုန္ၿမိဳ႕ Suzuki ကားစက္ရံုတခုမွာ အလုပ္လုပ္ေနၾကတဲ့ အလုပ္သမားမ်ား။ (ၾသဂုတ္ ၂၁၊ ၂၀၁၉)

[Zawgyi/Unicode]

ေနရပ္ျပန္လာတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ၊ ျပည္တြင္းမွာ အလုပ္လက္မဲ့ျဖစ္သြားသူေတြအေရးကိစၥဟာ အစိုးရအတြက္ေရာ၊ အလုပ္သမား အဖြဲ႕အစည္းေတြၾကားမွာပါ အပူတျပင္း ကိုင္တြယ္ရမယ့္ ျပႆနာျဖစ္လာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အစိုးရနဲ႔ အရပ္ဘက္အဖြဲ႕ေတြ အလုပ္သမားအေရးကိစၥ လတ္တေလာ လုပ္ေဆာင္ေနတဲ့ အပိုင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

COVID-19 ကပ္ေရာဂါ အရွိန္ျမင့္လာတဲ့ မတ္လေလာက္ကစၿပီး ေနရပ္ျပန္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ သိန္းခ်ီ ရွိပါတယ္။ အစိုးရအေနနဲ႔ ထိုင္း၊ ကိုရီးယား၊ မေလးရွား၊ ဂ်ပန္ ဒီႏိုင္ငံေတြကျပန္လာတဲ့ တရားဝင္စာရင္းကိုပဲ ေကာက္ယူႏိုင္ၿပီး တ႐ုတ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြကို တရားမဝင္သြားတဲ့ လုပ္သားစာရင္းကိုေတာ့ အတိအအက် မေကာက္ႏိုင္ေသးဘူးလို႔ အလုပ္သမားဝန္ႀကီးဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။

သူတို႔အတြက္ေနရပ္မွာ အလုပ္အကိုင္ဖန္တီးေပးဖို႔ အစိုးရဘက္က ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။ သူတို႔ကြၽမ္းက်င္တဲ့အပိုင္းနဲ႔ ျပည္တြင္းရဲ႕ လိုအပ္ခ်က္ သိႏိုင္ေအာင္ နယ္စပ္နဲ႔ ေလဆိပ္က ျပန္လာတဲ့သူေတြကို လုပ္ငန္းကြၽမ္းက်င္မႈ စာရင္း အခ်က္အလက္ကို ျပည္ေထာင္စုအဆင့္က ေကာက္ယူေနၿပီး၊ လက္လွမ္း မမွီတာေတြကိုေတာ့ သက္ဆိုင္ရာျပည္နယ္၊ တိုင္းက အလုပ္သမားၫႊန္ၾကားမႈ ဦးစီးဌာနေတြက ဆက္လက္ ေကာက္ယူေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။

“လုပ္ေနတာကေတာ့ အဓိက ကေတာ့ အလုပ္သမားၫႊန္ၾကားေရးကေပါ့။ ျပန္ေရာက္တဲ့သူထဲမွာ ဒီေန႔ ၅၀၀ ဝင္တယ္ဆိုရင္ စိုက္ပ်ိဳးေရးမွာ ဘယ္ေလာက္ လုပ္ခဲ့သလဲ၊ ေမြးျမဴေရးမွာဘယ္ေလာက္၊ တျခားဘယ္ဟာလုပ္တယ္၊ အဲဒါေလးေတြ ေကာက္တယ္။ တခ်ိဳကလက္လွမ္းမမီတဲ့ အျပင္ကေလ လြတ္သြားတဲ့ဟာေလးေတြလည္း ျပည္နယ္နဲ႔ တိုင္းမွာရွိတဲ့ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန တိုင္းဦးစီးေတြကို တာဝန္ေပးၿပီးေတာ့ ေကာက္ခိုင္းထားတာရွိတာေပါ့။”

ျပည္ပေရာက္လုပ္သားေတြ ျပန္ဝင္လာႏိုင္ဖို႔ ေဆာင္႐ြက္ေနတာမ်ိဳး မဟုတ္ေတာ့ဘဲ သူတို႔ဆီက ပါလာမယ့္ လုပ္ငန္းကြၽမ္းက်င္မႈကို ျပည္တြင္းမွာ ျပန္အသုံးခ်ၿပီး အလုပ္ေတြလည္းဖန္တီးေပးဖို႔လိုမယ္လို႔ အလုပ္သမားသမဂၢ MICS ရဲ႕ အေထြေထြအတြင္းေရးမႉး ဦးသက္ႏွင္းေအာင္က ေျပာပါတယ္။

“ဒီကာလကေတာ့ COVID-19 ျဖစ္ေနတာေၾကာင့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြကလည္း လာမွာ မဟုတ္ဘူးေပါ့ေနာ္။ လက္ရွိျပည္တြင္းမွာရွိေနတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ မပိတ္ဖို႔အေရးကိုပဲ အစိုးရအေနနဲ႔ ဦးစားေပး ေဆာင္႐ြက္ၿပီးမွ ဒီစက္႐ုံအလုပ္႐ုံေတြမွာ အလုပ္သမားလိုအပ္ေတြ ရွိလာရင္ ျပည္ပက ဝင္လာတဲ့ ကြၽမ္းက်င္မႈရွိတဲ့ လုပ္သားေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီးမွ အလုပ္ခန႔္ေပးတာမ်ိဳးေတြ၊ ျပည္လည္ၿပီး သင္ၾကားပို႔ခ်ေပးတဲ့ လုပ္ငန္းစဥ္ေတြ လုပ္ႏိုင္ရင္ အေကာင္းဆုံး ျဖစ္လိမ့္မယ္လို႔ က်ေနာ္တို႔က ယူဆပါတယ္။”

ျမဝတီတံတား အမွတ္ (၂) တခုတည္းက ျပန္ဝင္လာတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားဦးေရက မတ္လကေန ဒီေန႔အထိ ၇၀,၀၀၀ ဝန္းက်င္ရွိပါတယ္လို႔ ထိုင္းႏိုင္ငံမဲေဆာက္ ျမန္မာေကာင္စစ္ဝန္႐ုံးက တာဝန္ရွိသူကေျပာပါတယ္။ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ဆိုရင္ ၁၅၀,၀၀၀ အထက္မွာ ရွိပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ CTUM က ေ႐ႊ႕ေျပာင္းအလုပ္သမားကိစၥကို စာရင္းေကာက္ယူေနၿပီး သူတို႔အတြက္ ေနရပ္မွာ ကိုက္ညီတဲ့ အလုပ္အကိုင္ရဖို႔ လုပ္ေနေၾကာင္း၊ ဥပမာ လႊတ္ေတာ္ပိုင္းက လုပ္ေဆာင္ေနတဲ့ လမ္းခင္းတဲ့ စီမံကိန္းမွာ တေန႔ဝင္ေငြ က်ပ္ ၈,၀၀၀ ရႏိုင္တာမ်ိဳး။ အခုက ေနရပ္ျပန္ေ႐ႊ႕ေျပာင္းလုပ္သားေတြ အလုပ္အကိုင္ရဖို႔ အျပင္ က်ပ္ေငြသိန္းနဲ႔ခ်ီ ေပးထားၿပီး ႏိုင္ငံျခားသြားဖို႔ျပင္ေနတဲ့ သူေတြအတြက္ပါ ထည့္စဥ္းစားရလိမ့္မယ့္လို႔ CTUM ေ႐ႊ႕ေျပာင္းအလုပ္သမားေရးရာဌာနက ဦးဟိန္းလတ္က ေျပာပါတယ္။

“အခုဆိုရင္ ထိုင္းကိုသြားဖို႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ အလုပ္သမားဆိုရင္လည္း ၆၀,၀၀၀ ေက်ာ္ရွိတယ္ေပါ့ေနာ္။ က်န္တဲ့ႏိုင္ငံအသီးသီးကို စာခ်ဳပ္ခ်ဳပ္ထားတဲ့ သူေတြလည္း ရွိတယ္။ ဟိုကျပန္တဲ့သူလည္းရွိတယ္၊ ဒီကျပန္တဲ့သူလည္း မထြက္ရဘူးဆိုေတာ့ ဒီ မိုးတြင္းအခါလည္း ျဖစ္တဲ့အတြက္ေၾကာင့္ အလုပ္လက္မဲ့ေတြ ပိုၿပီး မ်ားလာႏိုင္တယ္။ မ်ားလာႏိုင္တဲ့အျပင္ အဲဒီကေန မျဖစ္သင့္တာေတြ ျဖစ္လာႏိုင္တယ္။”

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန အခ်က္အလက္အတိုင္းဆိုရင္ ျပည္တြင္းမွာ အလုပ္လက္မဲ့ ျဖစ္ေနသူက ၂၀၀,၀၀၀ ဝန္းက်င္ေလာက္ရွိပါတယ္။ အဲံဒီအေရအတြက္ထဲမွာ စက္႐ုံပိတ္သိမ္းခံရလို႔၊ အလုပ္ရွင္က ျဖဳတ္လိုက္လို႔၊ COVID ေရာဂါအေၾကာင္းျပခ်က္နဲ႔ အလုပ္ျဖဳတ္ခံရတဲ့ သမဂၢအဖြဲ႕ေတြ၊ ကုန္ၾကမ္းျပတ္လို႔ ပိတ္လိုက္တဲ့ စက္႐ုံက လုပ္သားေတြ ဒီလို အစိုးရက စနစ္တက်ခြဲျခမ္း စိစစ္ႏိုင္မွ လက္ရွိ အေရအတြက္ကေန ပိုမဆိုးေအာင္ တားဆီးႏိုင္လိမ့္မယ္လို႔ သမဂၢအဖြဲ႕ေတြက တိုက္တြန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပပြန်ရွှေ့ပြောင်းလုပ်သားများရဲ့ ကျွမ်းကျင်လုပ်ငန်းများ စာရင်းပြုစု

နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူတွေအရေးကိစ္စဟာ အစိုးရအတွက်ရော၊ အလုပ်သမား အဖွဲ့အစည်းတွေကြားမှာပါ အပူတပြင်း ကိုင်တွယ်ရမယ့် ပြဿနာဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ အလုပ်သမားအရေးကိစ္စ လတ်တလော လုပ်ဆောင်နေတဲ့ အပိုင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

COVID-19 ကပ်ရောဂါ အရှိန်မြင့်လာတဲ့ မတ်လလောက်ကစပြီး နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ သိန်းချီ ရှိပါတယ်။ အစိုးရအနေနဲ့ ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ ဂျပန် ဒီနိုင်ငံတွေကပြန်လာတဲ့ တရားဝင်စာရင်းကိုပဲ ကောက်ယူနိုင်ပြီး တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်သွားတဲ့ လုပ်သားစာရင်းကိုတော့ အတိအအကျ မကောက်နိုင်သေးဘူးလို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

သူတို့အတွက်နေရပ်မှာ အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရဘက်က ကြိုးစားနေတယ်လို့ ပြောပါတယ်။ သူတို့ကျွမ်းကျင်တဲ့အပိုင်းနဲ့ ပြည်တွင်းရဲ့ လိုအပ်ချက် သိနိုင်အောင် နယ်စပ်နဲ့ လေဆိပ်က ပြန်လာတဲ့သူတွေကို လုပ်ငန်းကျွမ်းကျင်မှု စာရင်း အချက်အလက်ကို ပြည်ထောင်စုအဆင့်က ကောက်ယူနေပြီး၊ လက်လှမ်း မမှီတာတွေကိုတော့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းက အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတွေက ဆက်လက် ကောက်ယူနေကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

“လုပ်နေတာကတော့ အဓိက ကတော့ အလုပ်သမားညွှန်ကြားရေးကပေါ့။ ပြန်ရောက်တဲ့သူထဲမှာ ဒီနေ့ ၅၀၀ ဝင်တယ်ဆိုရင် စိုက်ပျိုးရေးမှာ ဘယ်လောက် လုပ်ခဲ့သလဲ၊ မွေးမြူရေးမှာဘယ်လောက်၊ တခြားဘယ်ဟာလုပ်တယ်၊ အဲဒါလေးတွေ ကောက်တယ်။ တချိုကလက်လှမ်းမမီတဲ့ အပြင်ကလေ လွတ်သွားတဲ့ဟာလေးတွေလည်း ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးတွေကို တာဝန်ပေးပြီးတော့ ကောက်ခိုင်းထားတာရှိတာပေါ့။”

ပြည်ပရောက်လုပ်သားတွေ ပြန်ဝင်လာနိုင်ဖို့ ဆောင်ရွက်နေတာမျိုး မဟုတ်တော့ဘဲ သူတို့ဆီက ပါလာမယ့် လုပ်ငန်းကျွမ်းကျင်မှုကို ပြည်တွင်းမှာ ပြန်အသုံးချပြီး အလုပ်တွေလည်းဖန်တီးပေးဖို့လိုမယ်လို့ အလုပ်သမားသမဂ္ဂ MICS ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

“ဒီကာလကတော့ COVID-19 ဖြစ်နေတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း လာမှာ မဟုတ်ဘူးပေါ့နော်။ လက်ရှိပြည်တွင်းမှာရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံတွေ မပိတ်ဖို့အရေးကိုပဲ အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပြီးမှ ဒီစက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားလိုအပ်တွေ ရှိလာရင် ပြည်ပက ဝင်လာတဲ့ ကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှ အလုပ်ခန့်ပေးတာမျိုးတွေ၊ ပြည်လည်ပြီး သင်ကြားပို့ချပေးတဲ့ လုပ်ငန်းစဉ်တွေ လုပ်နိုင်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်တို့က ယူဆပါတယ်။”

မြဝတီတံတား အမှတ် (၂) တခုတည်းက ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေက မတ်လကနေ ဒီနေ့အထိ ၇၀,၀၀၀ ဝန်းကျင်ရှိပါတယ်လို့ ထိုင်းနိုင်ငံမဲဆောက် မြန်မာကောင်စစ်ဝန်ရုံးက တာဝန်ရှိသူကပြောပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ၁၅၀,၀၀၀ အထက်မှာ ရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM က ရွှေ့ပြောင်းအလုပ်သမားကိစ္စကို စာရင်းကောက်ယူနေပြီး သူတို့အတွက် နေရပ်မှာ ကိုက်ညီတဲ့ အလုပ်အကိုင်ရဖို့ လုပ်နေကြောင်း၊ ဥပမာ လွှတ်တော်ပိုင်းက လုပ်ဆောင်နေတဲ့ လမ်းခင်းတဲ့ စီမံကိန်းမှာ တနေ့ဝင်ငွေ ကျပ် ၈,၀၀၀ ရနိုင်တာမျိုး။ အခုက နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေ အလုပ်အကိုင်ရဖို့ အပြင် ကျပ်ငွေသိန်းနဲ့ချီ ပေးထားပြီး နိုင်ငံခြားသွားဖို့ပြင်နေတဲ့ သူတွေအတွက်ပါ ထည့်စဉ်းစားရလိမ့်မယ့်လို့ CTUM ရွှေ့ပြောင်းအလုပ်သမားရေးရာဌာနက ဦးဟိန်းလတ်က ပြောပါတယ်။

“အခုဆိုရင် ထိုင်းကိုသွားဖို့ စာချုပ်ချုပ်ထားတဲ့ အလုပ်သမားဆိုရင်လည်း ၆၀,၀၀၀ ကျော်ရှိတယ်ပေါ့နော်။ ကျန်တဲ့နိုင်ငံအသီးသီးကို စာချုပ်ချုပ်ထားတဲ့ သူတွေလည်း ရှိတယ်။ ဟိုကပြန်တဲ့သူလည်းရှိတယ်၊ ဒီကပြန်တဲ့သူလည်း မထွက်ရဘူးဆိုတော့ ဒီ မိုးတွင်းအခါလည်း ဖြစ်တဲ့အတွက်ကြောင့် အလုပ်လက်မဲ့တွေ ပိုပြီး များလာနိုင်တယ်။ များလာနိုင်တဲ့အပြင် အဲဒီကနေ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တယ်။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အချက်အလက်အတိုင်းဆိုရင် ပြည်တွင်းမှာ အလုပ်လက်မဲ့ ဖြစ်နေသူက ၂၀၀,၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။ အဲံဒီအရေအတွက်ထဲမှာ စက်ရုံပိတ်သိမ်းခံရလို့၊ အလုပ်ရှင်က ဖြုတ်လိုက်လို့၊ COVID ရောဂါအကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ခံရတဲ့ သမဂ္ဂအဖွဲ့တွေ၊ ကုန်ကြမ်းပြတ်လို့ ပိတ်လိုက်တဲ့ စက်ရုံက လုပ်သားတွေ ဒီလို အစိုးရက စနစ်တကျခွဲခြမ်း စိစစ်နိုင်မှ လက်ရှိ အရေအတွက်ကနေ ပိုမဆိုးအောင် တားဆီးနိုင်လိမ့်မယ်လို့ သမဂ္ဂအဖွဲ့တွေက တိုက်တွန်းကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG