သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ COVID-19 သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြထဲ ေသဆံုးသူ ၅ ဦး ရွိၿပီ


မႏၱေလးၿမိဳ႕ရွိ ေဆးရံု တခု (မွတ္တမ္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 သံသယနဲ႔ ေဆးရံုတင္ေစာင့္ၾကည့္ ခံေနရခ်ိန္မွာပဲ ေသဆံုးသူ ၅ ဦးအထိရွိသြားပါၿပီ။ အဲဒီထဲက ၄ဦးမွာေတာ့ ဓာတ္ခြဲစစ္ေဆးခ်က္အရ ကိုရိုနာေရာဂါ မရွိဘူးလို႔ အေျဖထြက္ခဲ့ၿပီး က်န္တဦးကိုေတာ့ ဓာတ္ခြဲအတည္ျပဳႏုိင္ဖို႔အတြက္ ေဆာင္ရြက္ေနတယ္လုိ႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။ အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေျပာျပသြားပါမယ္။

ကိုရိုနာေရာဂါရွိ၊ မရွိ ေစာင့္ၾကည့္ခံေနရခ်ိန္မွာပဲ ေသဆံုးခဲ့တဲ့လူနာ ၅ ဦးရဲ႕ အေျခအေနကို ေျပာျပေပးပါမယ္။

▪️သီေပါမွာ Coronavirus သံသယရွိသူတဦးေတြ႔တဲ့ အေၾကာင္းလဲ ဖတ္ရႈႏိုင္ပါၿပီ။

COVID-19 ကိုရိုနာေရာဂါ သံသယနဲ႔ က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္နဲ႔ တက္ေရာက္ေနတဲ့ အသက္ ၃၀ အရြယ္ အမ်ိဳးသားတဦးဟာ မေန႔ကညမွာပဲ ေသဆံုးသြားပါတယ္။ အဲဒီလူနာက ဖ်ားၿပီး အသက္ရွဴရခက္တာနဲ႔ ေခ်ာင္းဆုိးေသြးပါတဲ့ လကၡဏာေတြေၾကာင့္ ေဆးရံုကိုေရာက္ရွိခဲ့ၿပီး သူ႔ကုိ ကိုရိုနာေရာဂါ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ခဲ့တာပါ။

သူ႔မွာ ကိုရိုနာေရာဂါပိုးရွိ မရွိဆိုတာကို အတည္ျပဳႏုိင္ဖုိ႔အတြက္ စစ္ေဆးေပးမယ့္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL ကို ဓာတ္ခြဲနမူနာေပးပို႔ဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

စုစု။ ။ မေန႔ကေပါ့ေနာ္။ ဒီက်ိဳင္းတံုေဆးရံုက ေစာင့္ၾကည့္လူနာတဦး ည ၉ နာရီခြဲမွာ ေသဆံုးသြားတယ္။ သူ႕ရဲ႕ဓာတ္ခြဲနမူနာကို ဒီေန႔မွာ NHL ကို ပို႔မယ္ဆုိေတာ့ အဲဒီအေျခအေန လွမ္းေမးတာပါ။

ေဒါက္တာခင္ခင္ႀကီး။ ။ ဟုတ္ပါတယ္။ NHL ကို ဒီေန႔ပို႔ဖို႔ လုပ္ေနပါတယ္။

အဲဒီလူနာဟာ ေရာဂါျဖစ္ပြားေနတဲ့ႏုိင္ငံေတြကုိ သြားေရာက္ခဲ့တဲ့ ခရီးသြားရာဇဝင္ မရွိသလို၊ COVID- 19 ေရာဂါခံစားေနရသူနဲ႔႔ ထိေတြ႔တာမ်ိဳးလည္း မရွိခဲ့ဘူးလို႔ ဆုိပါတယ္။

ဓာတ္ခြဲအတည္မျပဳႏိုင္ေသးေပမယ့္ သူ႔ရဲ႕နဂုိေရာဂါအခံေတြေၾကာင့္ ေသဆံုးရတယ္လို႔ လတ္တေလာမွာသံုးသပ္ထားတဲ့အေၾကာင္းကို ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနရဲ႕ ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကိုေျပာပါတယ္။

“က်ိဳင္းတံုက လူနာဆိုရင္ သူ႔မွာ ႏွလံုးကလည္း မေကာင္းဘူးေပါ့ေနာ္။ တိတိက်က် ေျပာမယ္ဆုိရင္ ႏွလံုးလည္းမေကာင္းဘူး။ ေသြးထဲမွာလည္း ပုိတက္စီယမ္ဓာတ္ က်တယ္။ အဆုတ္ကလည္း ေကာင္းေကာင္းအလုပ္ မလုပ္ႏိုင္ဘူး။ ဒါေၾကာင့္ ေသတာျဖစ္ပါတယ္။”

ကိုရုိနာေရာဂါ သံသယနဲ႔ ေဆးရံုတင္ေစာင့္ၾကည့္ ခံေနရသူေတြထဲ မႏၱေလး၊ ကန္ေတာ္နဒီေဆးရံုမွာ တက္ေရာက္ကုသေနတဲ့ အသက္ ၂၂ႏွစ္အရြယ္ အမ်ိဳးသမီးတဦးလည္း မေန႔ကနံနက္ပိုင္းမွာ ေသဆံုးသြားခဲ့ပါတယ္။ လူနာရဲ႕ေရာဂါရာဇဝင္နဲ႔ ေသြးစစ္ခ်က္အေျဖေတြအရ ေသြးဆိပ္တက္တာနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြေၾကာင့္ ေသဆံုးတာျဖစ္ႏုိင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အဲဒီလူနာမွာေတာ့ ကိုရိုနာေရာဂါပုိး မရွိဘူးလို႔ ဓာတ္ခြဲစစ္ေဆးခ်က္ေတြအရ သိရပါတယ္။

အခုလ ၅ ရက္နဲ႔ ၆ ရက္ေန႔တုန္းကလည္း ကိုရုိနာေရာဂါသံသယနဲ႔ ေစာင့္ၾကည့္လူနာ ၃ဦးဟာ ေဆးရံုတင္ေစာင့္ၾကည့္ခံေနရခ်ိန္မွာပဲ ေသဆံုးခဲ့တာျဖစ္ၿပီး သူတို႔သံုးဦးလံုးမွာ ကိုရိုနာေရာဂါပိုး မရွိေၾကာင္းကို အတည္ျပဳထားၿပီး ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိရိုနာေရာဂါပိုး ဓာတ္ခြဲအတည္ျပဳလူနာ အခုခ်ိန္ထိ မရွိေသးေပမယ့္ က်န္းမာေရးနဲ႔အားကစား ဝန္ႀကီးဌာနကေတာ့ ျပည္သူလူထုအေနနဲ႕ ႀကိဳတင္ကာကြယ္ေရးနည္းလမ္းေတြကို လမ္းညႊန္ထားပါတယ္။

“က်မတို႔သတိေပး မွာၾကားခ်င္တာကေတာ့ ျပည္သူလူထုအေနနဲ႔ အဓိကအခ်က္ကေတာ့ လူထူထပ္တဲ့အထဲ လံုးဝမသြားဖို႔ပါ။ လက္နဲ႔ မ်က္ႏွာေတြ ႏွာေခါင္းေတြ ပါးစပ္ေတြကုိ မထိပါနဲ႔။ ေခ်ာင္းဆုိး ႏွာေခ်ရင္ အုပ္စုိးပါ။ ေနာက္တခုက လက္ေဆးဖုိ႔၊ လက္ေဆးဖို႔က အနည္းဆံုး စကၠန္႔ႏွစ္ဆယ္ၾကာ ေရနဲ႔ဆပ္ျပာနဲ႔ေဆးတာ အေကာင္းဆံုးပါ။ မရႏုိင္ရင္ေတာ့ Hand Sanitizer ေပါ့ေနာ္၊ ၇၀ ရာခိုင္ႏႈန္း Alcohol ပါတဲ့ လက္ေဆးဆပ္ျပာ Gel အရည္နဲ႔ ေဆးလုိ႔ရတယ္။ ကိုယ္ခံအားကို ေသခ်ာေကာင္းေအာင္ လုပ္ဖို႔ေပါ့ေနာ္။ ျပည္သူလူထုကို မွာခ်င္တာ ဒီအခ်က္ေတြပါပဲ။”

အခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ကေန မတ္လ ၁၇ရက္ မေန႔ကအထိ ျမန္မာႏုိင္ငံမွာ COVID-19 ေစာင့္ၾကည့္နဲ႔ သံသယလူနာ ၁၄၄ ဦး ရွိခဲ့ၿပီးေတာ့ ကုိရုိနာေရာဂါျဖစ္ပြားေနသူေတာ့ မရွိေသးပါဘူး။

ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO က COVID- 19 ကို ကမာၻ႕ကပ္ေရာဂါအျဖစ္ သတ္မွတ္ခဲ့တဲ့ေနာက္မွာပဲ ျမန္မာႏုိင္ငံထဲမွာလည္း ဒီေရာဂါကို ကာကြယ္ႏုိင္ဖို႔အတြက္ လူစုလူေဝးနဲ႔ ျပဳလုပ္ရမယ့္ အခမ္းအနားေတြကုိ အခုႏွစ္ ဧၿပီလကုန္အထိ ယာယီပိတ္ထားလိုက္ၿပီး၊ အျပည္ျပည္ဆုိင္ရာ ေလဆိပ္နဲ႔ ႏုိင္ငံတကာဝင္ထြက္ေပါက္ေတြမွာပါ ေရာဂါေစာင့္ၾကပ္တဲ့ လုပ္ငန္းေတြကုိ အစုိးရတာဝန္ရွိသူေတြက အရွိန္ျမွင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID-19 ကိုရိုနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၁၆၆ ႏို္င္ငံကို ကူးစက္ခဲ့ၿပီးေတာ့ ဒီကေန႔ မတ္လ ၁၈ ရက္စာရင္းအရ လူေပါင္း ၂၀၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ ေသဆံုးသူကေတာ့ ၈,၀၀၀ ေက်ာ္အထိရွိေနၿပီး တရုတ္ႏို္င္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာမှာ COVID-19 သံသယနဲ့ စောင့်ကြည့်လူနာတွေထဲ သေဆုံးသူ ၅ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 သံသယနဲ့ ဆေးရုံတင်စောင့်ကြည့် ခံနေရချိန်မှာပဲ သေဆုံးသူ ၅ ဦးအထိရှိသွားပါပြီ။ အဲဒီထဲက ၄ဦးမှာတော့ ဓာတ်ခွဲစစ်ဆေးချက်အရ ကိုရိုနာရောဂါ မရှိဘူးလို့ အဖြေထွက်ခဲ့ပြီး ကျန်တဦးကိုတော့ ဓာတ်ခွဲအတည်ပြုနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားပါမယ်။

ကိုရိုနာရောဂါရှိ၊ မရှိ စောင့်ကြည့်ခံနေရချိန်မှာပဲ သေဆုံးခဲ့တဲ့လူနာ ၅ ဦးရဲ့ အခြေအနေကို ပြောပြပေးပါမယ်။

▪️သီပေါမှာ Coronavirus သံသယရှိသူတဦးတွေ့တဲ့ အကြောင်းလဲ ဖတ်ရှုနိုင်ပါပြီ။

COVID-19 ကိုရိုနာရောဂါ သံသယနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်နဲ့ တက်ရောက်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးဟာ မနေ့ကညမှာပဲ သေဆုံးသွားပါတယ်။ အဲဒီလူနာက ဖျားပြီး အသက်ရှူရခက်တာနဲ့ ချောင်းဆိုးသွေးပါတဲ့ လက္ခဏာတွေကြောင့် ဆေးရုံကိုရောက်ရှိခဲ့ပြီး သူ့ကို ကိုရိုနာရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခဲ့တာပါ။

သူ့မှာ ကိုရိုနာရောဂါပိုးရှိ မရှိဆိုတာကို အတည်ပြုနိုင်ဖို့အတွက် စစ်ဆေးပေးမယ့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ကို ဓာတ်ခွဲနမူနာပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စုစု။ ။ မနေ့ကပေါ့နော်။ ဒီကျိုင်းတုံဆေးရုံက စောင့်ကြည့်လူနာတဦး ည ၉ နာရီခွဲမှာ သေဆုံးသွားတယ်။ သူ့ရဲ့ဓာတ်ခွဲနမူနာကို ဒီနေ့မှာ NHL ကို ပို့မယ်ဆိုတော့ အဲဒီအခြေအနေ လှမ်းမေးတာပါ။

ဒေါက်တာခင်ခင်ကြီး။ ။ ဟုတ်ပါတယ်။ NHL ကို ဒီနေ့ပို့ဖို့ လုပ်နေပါတယ်။

အဲဒီလူနာဟာ ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင် မရှိသလို၊ COVID- 19 ရောဂါခံစားနေရသူနဲ့ ထိတွေ့တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဓာတ်ခွဲအတည်မပြုနိုင်သေးပေမယ့် သူ့ရဲ့နဂိုရောဂါအခံတွေကြောင့် သေဆုံးရတယ်လို့ လတ်တလောမှာသုံးသပ်ထားတဲ့အကြောင်းကို ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။

“ကျိုင်းတုံက လူနာဆိုရင် သူ့မှာ နှလုံးကလည်း မကောင်းဘူးပေါ့နော်။ တိတိကျကျ ပြောမယ်ဆိုရင် နှလုံးလည်းမကောင်းဘူး။ သွေးထဲမှာလည်း ပိုတက်စီယမ်ဓာတ် ကျတယ်။ အဆုတ်ကလည်း ကောင်းကောင်းအလုပ် မလုပ်နိုင်ဘူး။ ဒါကြောင့် သေတာဖြစ်ပါတယ်။”

ကိုရိုနာရောဂါ သံသယနဲ့ ဆေးရုံတင်စောင့်ကြည့် ခံနေရသူတွေထဲ မန္တလေး၊ ကန်တော်နဒီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၂၂နှစ်အရွယ် အမျိုးသမီးတဦးလည်း မနေ့ကနံနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ လူနာရဲ့ရောဂါရာဇဝင်နဲ့ သွေးစစ်ချက်အဖြေတွေအရ သွေးဆိပ်တက်တာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလူနာမှာတော့ ကိုရိုနာရောဂါပိုး မရှိဘူးလို့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ သိရပါတယ်။

အခုလ ၅ ရက်နဲ့ ၆ ရက်နေ့တုန်းကလည်း ကိုရိုနာရောဂါသံသယနဲ့ စောင့်ကြည့်လူနာ ၃ဦးဟာ ဆေးရုံတင်စောင့်ကြည့်ခံနေရချိန်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သူတို့သုံးဦးလုံးမှာ ကိုရိုနာရောဂါပိုး မရှိကြောင်းကို အတည်ပြုထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ အခုချိန်ထိ မရှိသေးပေမယ့် ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနကတော့ ပြည်သူလူထုအနေနဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို လမ်းညွှန်ထားပါတယ်။

“ကျမတို့သတိပေး မှာကြားချင်တာကတော့ ပြည်သူလူထုအနေနဲ့ အဓိကအချက်ကတော့ လူထူထပ်တဲ့အထဲ လုံးဝမသွားဖို့ပါ။ လက်နဲ့ မျက်နှာတွေ နှာခေါင်းတွေ ပါးစပ်တွေကို မထိပါနဲ့။ ချောင်းဆိုး နှာချေရင် အုပ်စိုးပါ။ နောက်တခုက လက်ဆေးဖို့၊ လက်ဆေးဖို့က အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာ ရေနဲ့ဆပ်ပြာနဲ့ဆေးတာ အကောင်းဆုံးပါ။ မရနိုင်ရင်တော့ Hand Sanitizer ပေါ့နော်၊ ၇၀ ရာခိုင်နှုန်း Alcohol ပါတဲ့ လက်ဆေးဆပ်ပြာ Gel အရည်နဲ့ ဆေးလို့ရတယ်။ ကိုယ်ခံအားကို သေချာကောင်းအောင် လုပ်ဖို့ပေါ့နော်။ ပြည်သူလူထုကို မှာချင်တာ ဒီအချက်တွေပါပဲ။”

အခုနှစ် ဇန်နဝါရီလ ၃၁ ရက်ကနေ မတ်လ ၁၇ရက် မနေ့ကအထိ မြန်မာနိုင်ငံမှာ COVID-19 စောင့်ကြည့်နဲ့ သံသယလူနာ ၁၄၄ ဦး ရှိခဲ့ပြီးတော့ ကိုရိုနာရောဂါဖြစ်ပွားနေသူတော့ မရှိသေးပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID- 19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တဲ့နောက်မှာပဲ မြန်မာနိုင်ငံထဲမှာလည်း ဒီရောဂါကို ကာကွယ်နိုင်ဖို့အတွက် လူစုလူဝေးနဲ့ ပြုလုပ်ရမယ့် အခမ်းအနားတွေကို အခုနှစ် ဧပြီလကုန်အထိ ယာယီပိတ်ထားလိုက်ပြီး၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နိုင်ငံတကာဝင်ထွက်ပေါက်တွေမှာပါ ရောဂါစောင့်ကြပ်တဲ့ လုပ်ငန်းတွေကို အစိုးရတာဝန်ရှိသူတွေက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၆၆ နိုင်ငံကို ကူးစက်ခဲ့ပြီးတော့ ဒီကနေ့ မတ်လ ၁၈ ရက်စာရင်းအရ လူပေါင်း ၂၀၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ သေဆုံးသူကတော့ ၈,၀၀၀ ကျော်အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG