သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ ထမ်းဆောင်မည်မဟုတ် (သံတမန်ရပ်ကွက်)


ASEAN
ASEAN

၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက ရှောင်ပေးလိမ့်မယ်လို့ သံတမန်အသိုက်အဝန်းမှာ ပြောနေကြကြောင်း ထိုင်း PBS သတင်း က ဆိုပါတယ်။ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်ကယူပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်မှ ယူမယ်လို့လည်း ဆိုပါတယ်။ လာမယ့်နှစ် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံ က ယူမှာဖြစ်ပြီး ၂၀၂၅ မှာ မလေးရှားက တာဝန်ယူရမှာပါ။

နေပြည်တော်မှာ ဖြစ်ပျက်နေတာတွေအရ မြန်မာနိုင်ငံတွင်း လက်ရှိ အခြေအနေရော အနာဂတ် အခြေအနေပါ မရေမရာ ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှာ အာဏာသိမ်းလိုက်တတည်းက စစ်ကောင်စီဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါတွေထက် ပို အရေးပါတာကတော့ စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေး တပ်တွေ (PDFs)၊ တိုင်းရင်းသား ခုခံရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၀၆ တုန်းကလည်း မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ အာဆီယံအဖွဲ့ထဲမှာ ဥက္ကဋ္ဌတာဝန်ကို တိုင်းပြည် နာမည် အင်္ဂလိပ်အက္ခရာစဥ်အလိုက် ထမ်းဆောင်ကြရတာပါ။ အလှည့်ကျ ဥက္ကဋ္ဌ ဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ သက်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်း ကောင်စီ သုံးရပ် နဲ့ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးအဆင့်အစည်းအဝေးတွေကျင်းပဖို့ တာဝန်ယူရပါတယ်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်မဖော်နိုင်တာကြောင့် စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံရေးအဆင့် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဖို့ အာဆီယံက ဆုံးဖြတ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG