သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အတွက် စည်းရုံးမှုကြောင့် မြန်မာတချို့ကို စကာၤပူ ပြည်နှင်ဒဏ်ပေး အရေးယူ


Singapore Marina Bay Sands
Singapore Marina Bay Sands

မြန်မာအစိုးရအပေါ် လက်နက်ကိုင် အကြမ်းဖက်နေတဲ့အဖွဲ့ကို ထောက်ခံဖို့ စင်ကာပူကို အသုံးချနေတဲ့ မြန်မာနိုင်ငံသား အများအပြားကို အရေးယူလိုက်တယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီး ဌာန ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံရဲ့ လုံခြုံရေး အတွက်လည်း အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသား တစုဟာ AA ရခိုင်တပ်မတော်နဲ့ သူတို့ရဲ့ နိုင်ငံရေး အင်အားစုဖြစ်တဲ့ ULA တို့ကို ထောက်ခံဖို့အတွက် မြန်မာနိုင်ငံသား တချို့ ကို စည်းရုံးအားဖြည့်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတွေ အရ သိရှိရကြောင်း ဖော်ပြထားပါတယ်။

AA ဟာ မြန်မာနိုင်ငံမှာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ တခု ဖြစ်ပြီး မြန်မာအစိုးရက သူတို့ကို အကြမ်းဖက် အုပ်စုတခုအဖြစ် သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။ အခု ဖမ်းဆီးစစ်ဆေးနေတဲ့ သူတွေထဲက တဦးဟာ AA ခေါင်းဆောင်နဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိနေပြီး စင်ကာပူမှာ ရှိနေတဲ့ ရခိုင်အသိုင်းအဝိုင်းကို စည်းရုံးခြင်း၊ AA အတွက် ရန်ပုံငွေ စုဆောင်းခြင်းတို့ကို လုပ်ဆောင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖမ်းဆီး စစ်ဆေးနေသူအားလုံးဟာ မကြာသေးမီက စင်ကာပူနိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ AA တပ်ဖွဲ့ နဲ့ ULA တည်ထောင်ခြင်း (၁၀) နှစ်မြောက် အခမ်း အနားကို ကျင်းပခဲ့ကြသူတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီအခမ်းအနားမှာ သူတို့ဟာ AA ဝတ်စုံနဲ့ AA အထိမ်းအမှတ် တံဆိပ် တွေကို တပ်ဆင်ခဲ့ကြတယ်၊ လက်နက်ပုံစံ အတုတွေကိုလည်း ကိုင်ဆောင်ထားကြတယ်လို့လည်း ဖော်ပြထားပါတယ်။

လုံခြုံရေး စိုးရိမ်ဖွယ်ရှိတဲ့ လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေရဲ့ပြည်ဝင်ခွင့်ကို ရုပ်သိမ်းပြီး သူတို့ကို စင်ကာပူနိုင်ငံက မောင်းထုတ်မယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ မြန်မာအမျိုးသား အများအပြား ရှိနေပြီး သူတို့ဟာ အများအားဖြင့် စင်ကာပူနိုင်ငံရဲ့ တရားဥပဒေကို လေးစားလိုက်နာပြီး စင်ကာပူအတွက် အကျိုးပြုနေကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လူတဆုပ်စာရဲ့ အပြုအမူကြောင့် ကျွန်ုပ်တို့နဲ့ သဟဇာတဖြစ်အောင် နေထိုင်နေကြတဲ့ မြန်မာ လူမှုအသိုင်းအဝိုင်းတခုလုံးကို မထိခိုက်စေရအောင် သတိထားရမှာ ဖြစ်တယ်လို့လည်း စင်ကာပူနိုင်ငံ ပြည်ထဲရေး ဌာနရဲ့ ဇူလိုင် ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG