သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ACE အကြီးအကဲကို နိုင်ငံတော်လုံခြုံရေးဥပဒေတွေ စွဲချက်ထပ်တိုး


ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါ ၂ ဦး နေပြည်တော်လေဆိပ်မှာ ဖမ်းဆီးခံရစဉ် (ဓါတ်ပုံ- Ministry of Home Affairs, Myanmar)
ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါ ၂ ဦး နေပြည်တော်လေဆိပ်မှာ ဖမ်းဆီးခံရစဉ် (ဓါတ်ပုံ- Ministry of Home Affairs, Myanmar)

လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့ အတူဖမ်းမိထားတဲ့ ACE ကုမ္ပဏီပိုင်ရှင် အပါအဝင် ၄ဦးကို နိုင်ငံတော် လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ ထပ်မံအမှုဖွင့်လိုက်ပါတယ်။ နောက်ထပ် ပုဒ်မ ၃ခုနဲ့ထပ်ဖွင့်လိုက်တာ ဖြစ်ပြီး အခုချိန်ထိသေနတ်တွေ လက်ဝယ်ထားရတဲ့အကြောင်းရင်းနဲ့ အမှုစစ်ဆေးရရှိမှု အသေးစိတ်ကို အာဏာပိုင်တွေဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဥပဒေဘက်တော်သားတွေဘက်ကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သတ်လို့ အားနည်းချက်တွေရှိနေတဲ့အ ပေါ်ထောက်ပြနေကြပြီး ထိထိရောက်ရောက်ဖော်ထုတ်ဖို့တောင်းဆိုနေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားတာပါ။

နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့များနဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ လုံခြုံရေးဝတ်စုံများ လက်ဝယ်ထားရှိမှု၊ သက်ဆိုင်ရာအစိုးရဌာနတွေရဲ့ အမှတ်တံဆိပ်တုံးတွေကို လက်ဝယ်ထားမှု၊ မော်တော်ယာဉ်မှာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာအသုံးအနှုန်းများ ခွင့်ပြုချက်မရှိပဲ တပ်ဆင်ထားမှုတွေနဲ့ ဆက်စပ်ပြီး ထပ်မံ အမှုဖွင့်အရေးယူလိုက်တာဖြစ်ပါတယ်။

ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်း ၊ နေပြည်တော် FC ဘောလုံးအသင်း မန်နေဂျာဖြိုးဗိုလ်ဗိုလ်(၊ ACE ဟိုတယ်ဝန်ထမ်း စိုးမြင့်ကျော် နဲ့ ACE ဟိုတယ်စားပွဲထိုး ချမ်းငြိမ်းအောင်စတဲ့ ၄ဦးတို့ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င)၊ ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ၊ ဆက်သွယ်ရေး ပုဒ်မ ၆၇ တိုနဲ့် ထပ်မံအမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

ဗဟန်းမြို့မရဲစခန်း၊ အေလာနယ်မြေရဲစခန်းနဲ့ ဒက္ခိဏသီရိမြို့မရဲစခန်း စတဲ့နေရာတွေမှာ ထပ်တိုးပုဒ်မ ၃ ခု ဖြင့် အမှုဖွင့်ထားတာဖြစ်ပါတယ်။ အမှုဖြစ်စဉ်တွင် ဖြိုးကိုကိုတင့်ဆန်းနဲ့ပတ်သက်တဲ့ နေရာတွေကနေ သေနတ် အတိုအရှည် စုစုပေါင်း အလက် ၂၀ ကျော်သိမ်းဆည်းရမိထားပြီး ဒီအမှုနဲ့ပတ် သတ်တဲ့ လူပုဂ္ဂိုလ် ၁၂ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဥပဒေစိုးမိုးရေး လိုလားသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေဖက်က အရေးယူမှုပိုင်းကို မေးခွန်းထုတ်လာကြပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီအမှုမှာပါဝင်ပတ်သတ်သူတိုင်းကို ကျောသားရင်သားမခွဲခြားဘဲ စစ်ဆေးဖော်ထုတ်အ ရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

"ကျနော်လေ့လာမိသလောက်တော့ မြန်မာနိုင်ငံမှာလည်း Online ပေါ်ကရေးသားချက်တွေ Online ပေါ်က Post တွေနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ဖို့ ဒီ ဆိုင်ဘာနဲ့ ပတ်သက်တဲ့ ဆိုင်ဘာPolice ဆိုတာမျိုး ဖွဲ့စည်းထားတယ်ဆိုတာလည်း သိရတယ်။ ဒီလိုလက်ရှိဖြစ်စဉ်မှာ ဆိုင်ဘာPolice အပိုင်းက ယို့ယွင်းမှု တာဝန်လစ်ဟင်းမှုဆိုတာပြနေတယ်လို့မြင်တယ်။ တိုင်းပြည်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာ ကြီးကြီးမားမားဟာကွက်ရှိနေတယ်ဆိုတာကို ပြနေတယ်။ အဲဒီအတွက်ကြောင့်မို့လို ဒီလိုဖြစ်စဉ်မျိုးတွေကို တရားဥပဒေနဲ့အညီ ကျောသားရင်သားမခွဲခြားပဲ ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်အလားတူ ဖြစ်ရပ်မျိုးတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တရားဥပဒေထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးတော့ ဖော်ထတ်အရေးယူတားဆီးနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။"

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ စုံစမ်းစစ်ဆေးမှုနဲ့ အညီထိရောက်နိုင်မယ့် ဟန့်တားနိုင်မယ့် ဥပဒေပုဒ်မတွေနဲ့အရေးယူပေးဖို့ လိုအပ်နေ သေးတယ်လို့ ခုလိုပြောသွားပါတယ်။

"အရင်ကတည်းက တင်တဲ့ ဓါတ်ပုံတွေပေါ့နော် ၊ ဓါတ်ပုံတွေ တွေ့တဲ့အချိန်မှာပေါ့နော်။ ဒီဓါတ်ပုံတွေအပေါ်မှာ အရေးယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက တကယ့်လက်နက်အစစ်တွေလား ၊ ဒါမှမဟုတ်ရင်လည်း အတုတွေလား။ အဲဒီကတည်းကိုက ပထမဆုံး စုံစမ်းမူတွေ လေ့လာမှုတွေ လုပ်သင့်ပါတယ်။ သာမန်တပ်ထားတဲ့ ပုဒ်မလောက်နဲ့တော့ မလုံလောက်ပါဘူး။ အဲဒီတော့ စုံစမ်းစစ်ဆေးတဲ့အပေါ်မှာ မူတည်ပြီးတော့ သူဘယ်လိုအကြံအစဉ်မျိုးတွေရှိသလဲ ဘယ်လိုရည်ရွယ်ချက်တွေရှိတယ် ဆိုတာလေး အခုလည်း နိုင်ငံတော်လုံခြုံရေးနဲ့ ဆိုင်တဲ့ ပြဌာန်းချက်တွေ ဥပဒေတွေရှိ ပါတယ် နောက် ရာဇသတ်ကြီး ဥပေ။တွေရှိပါတယ်။ အဲဒီတော့ ဒီလောက်ပုဒ်မလေးနဲ့တော့ စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်ချက်အရပေါ့နော် ဆက်လက်ပြီးတေ့ာ ထိရောက်ဟန့်တားလောက်တဲ့ ပုဒ်မတွေတော့ တပ်ဖို့လိုမယ်လို့ ထင်ပါတယ်။"

လက်ရှိမှာတော့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၄ဦးကို မူးယစ်မှုအပါအဝင် အမှု ၆မှုနဲ့တရားစွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG