သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ေအာက္ လယ္ယာလုပ္ငန္းဖံြ႔ၿဖိဳးမႈ ရပ္ဆိုင္း


ရန္ကုန္တုိင္း တုိက္ႀကီးၿမိဳ႕နယ္ထဲက လယ္ယာလုပ္ငန္းခြင္တခုမွာ လုပ္ကုိင္ေနၾကတဲ့ လယ္ယာလုပ္သားမ်ား။ (ဧၿပီ ၄၊ ၂၀၀၈)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံရဲ႕ အဓိက စီးပြားေရးျဖစ္တဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းမွာ အရင္ကတည္းက အလုပ္သမား မလုံမေလာက္ ျဖစ္ေနတာကေန အခုအခါမွာေတာ့ ပိုမိုဆိုးဝါးလာၿပီး ရွားပါးတဲ့အဆင့္ကို ေရာက္ေနပါတယ္။ အဲဒီလို ရွားပါးရတဲ့အထဲမွာ စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေၾကာင္းကင္းလွည့္တာေတြေၾကာင့္ လယ္ယာေတြကို ဆင္း အလုပ္မလုပ္ရဲၾကတာ၊ လယ္ယာလုပ္သားေတြအတြက္ အေျခခံလုပ္အားခ သတ္မွတ္ခ်က္မရွိတာ၊ စုိက္ပ်ဳိးေရးလုပ္ငန္း ဖြံ႔ၿဖဳိးမႈမရွိတာေတြက အဓိကအခ်က္ျဖစ္တယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းေတြကို စုစည္းၿပီး ဗြီအိုေအအဖြဲ႔သား ကိုခင္ေမာင္စိုးမင္း တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံဟာ ေခတ္အဆက္ဆက္ လယ္ယာေျမအပါအဝင္ စိုက္ပ်ိဳးေရးကို အေျခခံတဲ့ႏိုင္ငံ ျဖစ္တဲ့အတြက္ ေက်းလက္မွာ ေနထိုင္သူေတြက အမ်ားစုျဖစ္ပါတယ္။ ဒါေပမယ့္လည္း မ်က္ေမွာက္ကာလေတြမွာ စိုက္ပ်ိဳးေရးထြက္ကုန္ သီးႏွံေတြ ေဈးကြက္ေတြ ရွာမေပးႏိုင္တဲ့အတြက္ ေတာင္သူလယ္သမားေတြအတြက္ အက်ိဳးျဖစ္ထြန္းမႈ နည္းပါးလာပါတယ္။ အဲဒီအတြက္ ေက်းလက္မွာ ေနထိုင္ၾကသူေတြ တျခားအလုပ္အကိုင္ ရရွိႏိုင္မယ့္ ေနရာေတြကို ေျပာင္းေရႊ႕လုပ္ကုိင္ၾကတဲ့အတြက္ အက်ိဳးဆက္အေနနဲ႔ လယ္ယာစိုက္ပ်ိဳးေရးမွာ လုပ္သားမလုံေလာက္မႈေတြ ႀကဳံေတြ႔ခဲ့ၾကရပါတယ္။ အဲဒီလိုအေျခအေနဟာ မႏွစ္ ၂ဝ၂၁ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ ပိုမိုဆိုးဝါးလာၿပီး လုပ္သားရွားပါးလာတဲ့ အဆင့္ကို ေရာက္ရွိလာပါတယ္။ အဲဒီလို လယ္ယာစုိက္ပ်ဳိးေရးလုပ္သား ရွားပါးမႈကို ျဖစ္ေစတဲ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေဟာင္းတဦးက အခုလိုေျပာပါတယ္။

"နဂိုကမွ အလုပ္သမား ရွားရတဲ့အထဲမွာ အခုလို အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုယ့္ယာထဲ ေခ်ာင္းထဲမွာ အလုပ္ကို လြတ္လြတ္လပ္လပ္ လုပ္လို႔မရဘူး။ အခုအခ်ိန္မွာ စစ္ေၾကာင္းေတြလာၿပီ ဆိုလို႔ရွိရင္ ေျပးရတယ္။ ကိုယ့္အလုပ္ကို ထားခဲ့ၿပီး ေျပးရတယ္။ ေတြ႔ရင္လည္း ေတြ႔သလို၊ ေျပးရင္လည္း ပစ္မွာေၾကာက္ရ၊ မထင္ရင္ မထင္သလို ဖမ္းမွာေၾကာက္ရ၊ လူေကာင္းလူဆိုးလည္း ခြဲတာမဟုတ္၊ အက်ိဳးအေၾကာင္းလည္း ေျပာလို႔ရတာမဟုတ္၊ ဒါေတြေၾကာင့္ ကိုယ့္ယာထဲ ေခ်ာင္းထဲကို လုပ္ကိုင္ရဲတာ မရွိၾကေတာ့ဘူး။ အဲဒီလို ေၾကာက္ေနၾကရေတာ့ တခ်ိဳ႕ ကိုယ့္ေဒသကို စြန႔္ခြာၿပီးေတာ့ အလုပ္သြားလုပ္ၾကရေရာ။ အဲဒီေတာ့ ေက်းလက္ေဒသေတြမွာ အလုပ္သမားရွားပါးမႈ ျပႆနာကို ရင္ဆိုင္ေနၾကရတယ္။"

အရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) အစိုးရေခတ္က တခ်ိဳ႕ေဒသေတြမွာ စက္မႈလယ္ယာဌာနရဲ႕ အကူအညီနဲ႔ အရစ္က် ေငြေပးဝယ္ခြင့္ရတဲ့ လက္တြန္းလယ္ထြန္စက္ အပါအဝင္ စက္ကိရိယာေတြ တပိုင္တႏိုင္ အသုံးျပဳၿပီး လုပ္သားမလုံမေလာက္ျဖစ္မႈကို အစားထိုး လုပ္ကိုင္ၾကတာေတြ ရွိပါတယ္။ အဲဒီအတြက္ အစားထိုးလုပ္ကိုင္ေနၾကတဲ့ စက္မႈကိရိယာေတြကလည္း အခုအခါ ေလာင္စာဆီေစ်း ႀကီးျမင့္တဲ့အတြက္ ဆက္လက္အသုံးျပဳဖို႔ အခက္အခဲ ရွိေနၾကပါတယ္။ ဒါေၾကာင့္ ဟိုေရွးအရင္ကတည္းကေန လက္ရွိအခ်ိန္အထိ မိ႐ုိးဖလာ အသုံးျပဳလာၾကတဲ့ ခိုင္းႏြားေတြကို အားထားၿပီး ဆက္လက္အသုံးျပဳၾကေတာ့မလား။ ဒီလိုအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း မေကြးတိုင္း မင္းဘူးၿမိဳ႕နယ္က ကိုယ္တိုင္လည္း လယ္သမားတဦးျဖစ္ၿပီး လယ္သမားအေရးကိုပါ ေဆာင္ရြက္ေနတဲ့ ဦးျမင့္ႏိုင္က အခုလို ေျပာပါတယ္။

"စစ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ က်ေနာ္တို႔ လယ္ယာလုပ္ငန္းက႑က အႀကီးအက်ယ္ကို ထိခိုက္သြားပါတယ္။ အဓိကက က်ေနာ္တို႔ ေတာင္သူေတြမွာ ဘာက အခက္အခဲ ျဖစ္သြားလဲဆိုေတာ့ စက္သုံးဆီေဈးေပါ့။ စက္သုံးဆီေဈးကလည္း အဆမတန္တက္ဆို တေပပါကို ေလးသိန္းခန႔္အထိ ျမင့္တက္သြားတယ္။ လက္တြန္းထြန္စက္ကေလးေတြ စက္မႈပိုင္းနဲ႔ သုံးတာကေတာ့ စိုက္ေရးပ်ိဳးေရး အေနနဲ႔ကေတာ့ စက္သုံးဆီ ေဈးႀကီးလာၾကေတာ့ စက္သမားေတြလည္း ေခါက္ေန (ရပ္ေန) ၾကရတာေပါ့။ ႏြားက အရင္ကဆို တရြာလုံးတြက္ရင္ အရွဥ္း ေလးငါးရာေလာက္ကို ရွိႏိုင္တယ္။ အခုကေတာ့ တရြာမွာ ရွိလွမွ ၁၅ ရွဥ္းထက္မရွိဘူး။ ခိုင္းႏြားေတြ ရွားပါသြားတဲ့ အေနအထားမွာျဖစ္တာ အမွန္ပါ။"

ႏိုင္ငံတကာမွာလိုပဲ ျမန္မာႏိုင္ငံမွာလည္း စက္႐ုံအလုပ္႐ုံ အလုပ္သမားေတြနဲ႔ ပတ္သက္ၿပီး ဥပေဒအမ်ိဳးမ်ိဳး ျပ႒ာန္းထားတာေတြ ရွိၾကသလို အျငင္းပြားမႈေတြ ရွိေပမယ့္လည္း အေျခခံ လုပ္အားခေဈးႏႈန္းေတြကိုေတာ့ သတ္မွတ္ေပးတာ ရွိပါတယ္။ ဒါေပမယ့္လည္း လယ္ယာေျမမွာ လုပ္ကိုင္ေနၾကတဲ့ လုပ္သားေတြနဲ႔ ပတ္သက္ၿပီး တိက်တဲ့ ဥပေဒေတြလည္း မရွိဘဲ အေျခခံလုပ္အားခ ေဈးႏႈန္းသတ္မွတ္ေပးတာလည္း မရွိဘူးလို႔ မေကြးတိုင္းမွာ အေျခစိုက္ၿပီး လယ္ယာေျမ ဥပေဒသင္တန္းေတြ ေပးေနတဲ့ ေဒၚသႏၲာက ေျပာပါတယ္။

"ဥပေဒက တိက်တဲ့ ခ်မွတ္ထားတာေတာ့ မရွိဘူးေပါ့။ ကိုယ့္ေဒသအလိုက္ နားလည္မႈေတြနဲ႔ပဲ လုပ္ၾကတာ ေတြ႔ရတယ္။ အလုပ္သမားခကို ရပ္ရြာဓေလ့အရ ဆန္ေပး ဆီေပးေလးေတြလည္း ရွိတယ္။ အခုအထိလည္း အဲဒီဓေလ့ထုံးစံေလးေတြက ရွိေသးတယ္ေပါ့ေနာ္။ ေတာင္သူေတြကလည္း သူတို႔သီးႏွံေတြ ေဈးေကာင္းရမွ အလုပ္သမားေတြကို ေဈးတိုးေပးႏိုင္မွာေလ။ အခုဟာက သူတို႔ထြက္တဲ့ သီးႏွံၾကေတာ့လည္း အၿမဲတမ္း အ႐ႈံးျပေနတယ္။ အဲဒီေတာ့ တန္ရာတန္ေၾကးကိုလည္း ေပးမငွားႏိုင္ေတာ့ဘူး။ ေနာက္ၿပီး ဒီႏွစ္ထဲဆိုရင္ ပိုဆိုးတယ္။ အလုပ္သမားခကို ပုံမွန္ထုတ္မေပးႏိုင္တာကို ရွိတယ္။ အလုပ္သမားေတြကလည္း တေန႔လုပ္မွ တေန႔စားရတာေလ။ ဥပေဒတခုကို ျပ႒ာန္းဖို႔လည္း လိုပါတယ္။ အသက္ဝင္ေအာင္ လုပ္ေပးဖို႔လည္း လိုပါတယ္လို႔ က်မေျပာခ်င္တာပါ။"

ျမန္မာအပါအဝင္ တကမၻာလုံးမွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေနတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြ ရပ္တန္႔တာ၊ ထိခိုက္တာေတြ ရွိပါတယ္။ ဒါေပမယ့္ အဓိက လူေနထူထပ္တဲ့ ၿမိဳ႕ျပေဒသေတြမွာသာ အဆိုးဆုံး သက္ေရာက္မႈရွိတာ ေတြ႔ရပါတယ္။ ေက်းလက္လူေနမႈစနစ္အရ လူဦးေရက်ဲတာနဲ႔ လုပ္ငန္းခြင္သဘာဝအရ က်ယ္ျပန္႔တဲ့ ေနရာေတြမွာ အလုပ္လုပ္ကိုင္ၾကရတဲ့ အတြက္ေၾကာင့္ ကိုဗစ္ကပ္ေရာဂါအတြက္နဲ႔ေတာ့ လယ္ယာစုိက္ပ်ဳိးေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးတာ၊ ရပ္ဆိုင္းရတာေတြ မရွိဘူးလို႔ ဆိုၾကပါတယ္။ ေက်းလက္ေတြမွာ လယ္ယာစုိက္ပ်ဳိးေရး လုပ္ငန္းေတြ ဖြံ႔ၿဖိဳးမႈ နည္းလာတဲ့အတြက္ ေက်းလက္က လူငယ္အမ်ားအျပားဟာ အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ၿပီး အလုပ္လုပ္ကုိင္ၾကတာေတြဟာ အရင္ကတည္းက ရွိေပမယ့္ အခုအခါမွာေတာ့ အမ်ားဆုံး အေျခအေနလို႔ ေျပာေနၾကပါတယ္။ အဲဒီအတြက္ လယ္ယာစုိက္ပ်ဳိးေရးမွာ လုပ္သားရွားပါးမႈ ျပႆနာဟာလည္း အဆိုးဝါးဆုံး အေနအထားကို ေရာက္ရွိလာပါတယ္။

အရင္ကဆိုရင္ ႐ုိးရာစနစ္အရ ေက်းလက္ စိုက္ပ်ဳိးေရးလုပ္ငန္းေတြမွာ စုိက္ပ်ိဳးေျမပိုင္ရွင္ ေတာင္သူလယ္သမားေတြရဲ႕ မိသားစုေတြ အပါအဝင္ လက္လုပ္လက္စားေတြ စုေပါင္းၿပီး သူ႔လယ္ယာေျမ၊ ကိုယ့္လယ္ယာေျမေတြကို အလွည့္က် လုပ္ကိုင္ေပးၾကတဲ့ လက္စားစနစ္ဆိုတာ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ေက်းလက္ေတြမွာ တျဖည္းျဖည္း လူေနမႈနည္းလာတဲ့အတြက္ အခုအခါမွာေတာ့ အဲဒီ႐ုိးရာစနစ္လည္း ကြယ္ေပ်ာက္သေလာက္ ျဖစ္ေနပါတယ္။ မၾကာခင္ႏွစ္ေတြကဆုိရင္ ၿမိဳ႕ျပေတြနဲ႔ နီးစပ္တဲ့ ေက်းလက္ေဒသတခ်ဳိ႕က စုိက္ပ်ဳိးေရးမွာ လုပ္သားအင္အား အနည္းဆုံးနဲ႔ လုပ္ကိုင္ႏိုင္ဖို႔အတြက္ဆိုၿပီး စက္ကိရိယာေတြသုံး ေစ်းကြက္ႀကိဳက္သီးႏွံေတြ စုိက္ပ်ဳိးဖို႔ ကုမၸဏီေတြနဲ႔ မူလလယ္ယာပိုင္ရွင္ ေတာင္သူလယ္သမားေတြ ဖက္စပ္ၿပီး လုပ္ကိုင္ခဲ့တာေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း တဖက္နဲ႔တဖက္ အယုံအၾကည္ မရွိၾကတဲ့အတြက္ ဒီစနစ္ေတြဟာလည္း ေအာင္ျမင္မႈ မရွိခဲ့ၾကပါဘူး။ အဲဒီလို အဘက္ဘက္က အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ က်ဆင္းေနရာကေန စုိက္ပ်ဳိးေရးလုပ္ငန္းေတြကို ဖြံ႔ၿဖိဳးေအာင္ လုပ္ကိုင္ႏိုင္ျခင္း မရွိရင္ေတာ့ ေက်းလက္ေတြမွာ လူေနမႈနည္းပါးသထက္ နည္းလာၿပီး လယ္ယာလုပ္သားေတြ ရွားပါးမႈျပႆနာလည္း ဆက္လက္ရွိေနဦးမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

စစ်ကောင်စီလက်အောက် လယ်ယာလုပ်ငန်းဖွံ့ဖြိုးမှု ရပ်ဆိုင်း

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ အရင်ကတည်းက အလုပ်သမား မလုံမလောက် ဖြစ်နေတာကနေ အခုအခါမှာတော့ ပိုမိုဆိုးဝါးလာပြီး ရှားပါးတဲ့အဆင့်ကို ရောက်နေပါတယ်။ အဲဒီလို ရှားပါးရတဲ့အထဲမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကင်းလှည့်တာတွေကြောင့် လယ်ယာတွေကို ဆင်း အလုပ်မလုပ်ရဲကြတာ၊ လယ်ယာလုပ်သားတွေအတွက် အခြေခံလုပ်အားခ သတ်မှတ်ချက်မရှိတာ၊ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးမှုမရှိတာတွေက အဓိကအချက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းတွေကို စုစည်းပြီး ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက် လယ်ယာမြေအပါအဝင် စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကျေးလက်မှာ နေထိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျက်မှောက်ကာလတွေမှာ စိုက်ပျိုးရေးထွက်ကုန် သီးနှံတွေ ဈေးကွက်တွေ ရှာမပေးနိုင်တဲ့အတွက် တောင်သူလယ်သမားတွေအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးလာပါတယ်။ အဲဒီအတွက် ကျေးလက်မှာ နေထိုင်ကြသူတွေ တခြားအလုပ်အကိုင် ရရှိနိုင်မယ့် နေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့အတွက် အကျိုးဆက်အနေနဲ့ လယ်ယာစိုက်ပျိုးရေးမှာ လုပ်သားမလုံလောက်မှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီလိုအခြေအနေဟာ မနှစ် ၂ဝ၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမိုဆိုးဝါးလာပြီး လုပ်သားရှားပါးလာတဲ့ အဆင့်ကို ရောက်ရှိလာပါတယ်။ အဲဒီလို လယ်ယာစိုက်ပျိုးရေးလုပ်သား ရှားပါးမှုကို ဖြစ်စေတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတဦးက အခုလိုပြောပါတယ်။

"နဂိုကမှ အလုပ်သမား ရှားရတဲ့အထဲမှာ အခုလို အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ယာထဲ ချောင်းထဲမှာ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ အခုအချိန်မှာ စစ်ကြောင်းတွေလာပြီ ဆိုလို့ရှိရင် ပြေးရတယ်။ ကိုယ့်အလုပ်ကို ထားခဲ့ပြီး ပြေးရတယ်။ တွေ့ရင်လည်း တွေ့သလို၊ ပြေးရင်လည်း ပစ်မှာကြောက်ရ၊ မထင်ရင် မထင်သလို ဖမ်းမှာကြောက်ရ၊ လူကောင်းလူဆိုးလည်း ခွဲတာမဟုတ်၊ အကျိုးအကြောင်းလည်း ပြောလို့ရတာမဟုတ်၊ ဒါတွေကြောင့် ကိုယ့်ယာထဲ ချောင်းထဲကို လုပ်ကိုင်ရဲတာ မရှိကြတော့ဘူး။ အဲဒီလို ကြောက်နေကြရတော့ တချို့ ကိုယ့်ဒေသကို စွန့်ခွာပြီးတော့ အလုပ်သွားလုပ်ကြရရော။ အဲဒီတော့ ကျေးလက်ဒေသတွေမှာ အလုပ်သမားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေကြရတယ်။"

အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်က တချို့ဒေသတွေမှာ စက်မှုလယ်ယာဌာနရဲ့ အကူအညီနဲ့ အရစ်ကျ ငွေပေးဝယ်ခွင့်ရတဲ့ လက်တွန်းလယ်ထွန်စက် အပါအဝင် စက်ကိရိယာတွေ တပိုင်တနိုင် အသုံးပြုပြီး လုပ်သားမလုံမလောက်ဖြစ်မှုကို အစားထိုး လုပ်ကိုင်ကြတာတွေ ရှိပါတယ်။ အဲဒီအတွက် အစားထိုးလုပ်ကိုင်နေကြတဲ့ စက်မှုကိရိယာတွေကလည်း အခုအခါ လောင်စာဆီဈေး ကြီးမြင့်တဲ့အတွက် ဆက်လက်အသုံးပြုဖို့ အခက်အခဲ ရှိနေကြပါတယ်။ ဒါကြောင့် ဟိုရှေးအရင်ကတည်းကနေ လက်ရှိအချိန်အထိ မိရိုးဖလာ အသုံးပြုလာကြတဲ့ ခိုင်းနွားတွေကို အားထားပြီး ဆက်လက်အသုံးပြုကြတော့မလား။ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မကွေးတိုင်း မင်းဘူးမြို့နယ်က ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်ပြီး လယ်သမားအရေးကိုပါ ဆောင်ရွက်နေတဲ့ ဦးမြင့်နိုင်က အခုလို ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကျနော်တို့ လယ်ယာလုပ်ငန်းကဏ္ဍက အကြီးအကျယ်ကို ထိခိုက်သွားပါတယ်။ အဓိကက ကျနော်တို့ တောင်သူတွေမှာ ဘာက အခက်အခဲ ဖြစ်သွားလဲဆိုတော့ စက်သုံးဆီဈေးပေါ့။ စက်သုံးဆီဈေးကလည်း အဆမတန်တက်ဆို တပေပါကို လေးသိန်းခန့်အထိ မြင့်တက်သွားတယ်။ လက်တွန်းထွန်စက်ကလေးတွေ စက်မှုပိုင်းနဲ့ သုံးတာကတော့ စိုက်ရေးပျိုးရေး အနေနဲ့ကတော့ စက်သုံးဆီ ဈေးကြီးလာကြတော့ စက်သမားတွေလည်း ခေါက်နေ (ရပ်နေ) ကြရတာပေါ့။ နွားက အရင်ကဆို တရွာလုံးတွက်ရင် အရှဉ်း လေးငါးရာလောက်ကို ရှိနိုင်တယ်။ အခုကတော့ တရွာမှာ ရှိလှမှ ၁၅ ရှဉ်းထက်မရှိဘူး။ ခိုင်းနွားတွေ ရှားပါသွားတဲ့ အနေအထားမှာဖြစ်တာ အမှန်ပါ။"

နိုင်ငံတကာမှာလိုပဲ မြန်မာနိုင်ငံမှာလည်း စက်ရုံအလုပ်ရုံ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းထားတာတွေ ရှိကြသလို အငြင်းပွားမှုတွေ ရှိပေမယ့်လည်း အခြေခံ လုပ်အားခဈေးနှုန်းတွေကိုတော့ သတ်မှတ်ပေးတာ ရှိပါတယ်။ ဒါပေမယ့်လည်း လယ်ယာမြေမှာ လုပ်ကိုင်နေကြတဲ့ လုပ်သားတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေတွေလည်း မရှိဘဲ အခြေခံလုပ်အားခ ဈေးနှုန်းသတ်မှတ်ပေးတာလည်း မရှိဘူးလို့ မကွေးတိုင်းမှာ အခြေစိုက်ပြီး လယ်ယာမြေ ဥပဒေသင်တန်းတွေ ပေးနေတဲ့ ဒေါ်သန္တာက ပြောပါတယ်။

"ဥပဒေက တိကျတဲ့ ချမှတ်ထားတာတော့ မရှိဘူးပေါ့။ ကိုယ့်ဒေသအလိုက် နားလည်မှုတွေနဲ့ပဲ လုပ်ကြတာ တွေ့ရတယ်။ အလုပ်သမားခကို ရပ်ရွာဓလေ့အရ ဆန်ပေး ဆီပေးလေးတွေလည်း ရှိတယ်။ အခုအထိလည်း အဲဒီဓလေ့ထုံးစံလေးတွေက ရှိသေးတယ်ပေါ့နော်။ တောင်သူတွေကလည်း သူတို့သီးနှံတွေ ဈေးကောင်းရမှ အလုပ်သမားတွေကို ဈေးတိုးပေးနိုင်မှာလေ။ အခုဟာက သူတို့ထွက်တဲ့ သီးနှံကြတော့လည်း အမြဲတမ်း အရှုံးပြနေတယ်။ အဲဒီတော့ တန်ရာတန်ကြေးကိုလည်း ပေးမငှားနိုင်တော့ဘူး။ နောက်ပြီး ဒီနှစ်ထဲဆိုရင် ပိုဆိုးတယ်။ အလုပ်သမားခကို ပုံမှန်ထုတ်မပေးနိုင်တာကို ရှိတယ်။ အလုပ်သမားတွေကလည်း တနေ့လုပ်မှ တနေ့စားရတာလေ။ ဥပဒေတခုကို ပြဋ္ဌာန်းဖို့လည်း လိုပါတယ်။ အသက်ဝင်အောင် လုပ်ပေးဖို့လည်း လိုပါတယ်လို့ ကျမပြောချင်တာပါ။"

မြန်မာအပါအဝင် တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ထိခိုက်တာတွေ ရှိပါတယ်။ ဒါပေမယ့် အဓိက လူနေထူထပ်တဲ့ မြို့ပြဒေသတွေမှာသာ အဆိုးဆုံး သက်ရောက်မှုရှိတာ တွေ့ရပါတယ်။ ကျေးလက်လူနေမှုစနစ်အရ လူဦးရေကျဲတာနဲ့ လုပ်ငန်းခွင်သဘာဝအရ ကျယ်ပြန့်တဲ့ နေရာတွေမှာ အလုပ်လုပ်ကိုင်ကြရတဲ့ အတွက်ကြောင့် ကိုဗစ်ကပ်ရောဂါအတွက်နဲ့တော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ နှောင့်နှေးတာ၊ ရပ်ဆိုင်းရတာတွေ မရှိဘူးလို့ ဆိုကြပါတယ်။ ကျေးလက်တွေမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ဖွံ့ဖြိုးမှု နည်းလာတဲ့အတွက် ကျေးလက်က လူငယ်အများအပြားဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကိုင်ကြတာတွေဟာ အရင်ကတည်းက ရှိပေမယ့် အခုအခါမှာတော့ အများဆုံး အခြေအနေလို့ ပြောနေကြပါတယ်။ အဲဒီအတွက် လယ်ယာစိုက်ပျိုးရေးမှာ လုပ်သားရှားပါးမှု ပြဿနာဟာလည်း အဆိုးဝါးဆုံး အနေအထားကို ရောက်ရှိလာပါတယ်။

အရင်ကဆိုရင် ရိုးရာစနစ်အရ ကျေးလက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စိုက်ပျိုးမြေပိုင်ရှင် တောင်သူလယ်သမားတွေရဲ့ မိသားစုတွေ အပါအဝင် လက်လုပ်လက်စားတွေ စုပေါင်းပြီး သူ့လယ်ယာမြေ၊ ကိုယ့်လယ်ယာမြေတွေကို အလှည့်ကျ လုပ်ကိုင်ပေးကြတဲ့ လက်စားစနစ်ဆိုတာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျေးလက်တွေမှာ တဖြည်းဖြည်း လူနေမှုနည်းလာတဲ့အတွက် အခုအခါမှာတော့ အဲဒီရိုးရာစနစ်လည်း ကွယ်ပျောက်သလောက် ဖြစ်နေပါတယ်။ မကြာခင်နှစ်တွေကဆိုရင် မြို့ပြတွေနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသတချို့က စိုက်ပျိုးရေးမှာ လုပ်သားအင်အား အနည်းဆုံးနဲ့ လုပ်ကိုင်နိုင်ဖို့အတွက်ဆိုပြီး စက်ကိရိယာတွေသုံး ဈေးကွက်ကြိုက်သီးနှံတွေ စိုက်ပျိုးဖို့ ကုမ္ပဏီတွေနဲ့ မူလလယ်ယာပိုင်ရှင် တောင်သူလယ်သမားတွေ ဖက်စပ်ပြီး လုပ်ကိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်နဲ့တဖက် အယုံအကြည် မရှိကြတဲ့အတွက် ဒီစနစ်တွေဟာလည်း အောင်မြင်မှု မရှိခဲ့ကြပါဘူး။ အဲဒီလို အဘက်ဘက်က အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းနေရာကနေ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးအောင် လုပ်ကိုင်နိုင်ခြင်း မရှိရင်တော့ ကျေးလက်တွေမှာ လူနေမှုနည်းပါးသထက် နည်းလာပြီး လယ်ယာလုပ်သားတွေ ရှားပါးမှုပြဿနာလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG