သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္မွာ တပ္မေတာ္သိမ္းဆည္းထားတဲ့ လယ္ေျမေတြထဲ ၀င္ေရာက္ထြန္ယက္သူေတြ ဖမ္းဆီးခံရ


တပ္မေတာ္သိမ္းဆည္းထားတဲ့ လယ္ေျမေတြထဲ ၀င္ေရာက္ထြန္ယက္ေန (ဓါတ္ပံု- Pa-O Youth Organization)

(Zawgyi/Unicode)

COVID- 19 ကပ္ေရာဂါ က်ေရာက္ေနခ်ိန္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ တပ္မေတာ္က သိမ္းဆည္းထားတဲ့ လယ္ယာေျမေပၚမွာ ၀င္ေရာက္ထြန္ယက္တာေၾကာင့္ ေဒသခံေတြ အမႈဖြင့္ခံထားရသလို လယ္ထြန္စက္ေတြ အသိမ္းခံထားရတဲ့ သတင္းကို ကိုမိုးေဇာ္ တင္ျပပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႔နယ္ ပင္စံုနဲ႔ ေနာင္ေက်ာ္ေက်းရြာအုပ္စု က ရြာ ၅ရြာက ေျမယာအျငင္းပြားမႈ ျဖစ္ပြားေနတာပါ။

တပ္မေတာ္က သိမ္းဆည္းထားတဲ့ လယ္ယာေျမေပၚမွာ ေဒသခံရြာသားေတြက ၀င္ေရာက္ထြန္ယက္စိုက္ပ်ိဳးဖို႔ ႀကိဳးစားတာေၾကာင့္ လက္ရွိ ေတြ႕ၾကံဳေနရတဲ့အေျခအေနကို ေဒသခံေတာင္သူ တစ္ဦးျဖစ္တဲ့ ေဒၚခ်ိဳခ်ိဳ၀င္းက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ အကုန္လံုး ထြန္စက္က ၂၉စီး သိမ္းဆည္းထားပါတယ္။ လူကေတာ့ ၇၀ ေလာက္ရွိမွာေပါ့။ ေတာင္သူ ၇၀ေလာက္ တရားအစဲြခံရမွာေပါ့ေနာ္။ တစ္ရြာလံုးစဲြထားတယ္ဆိုေတာ့။ ဒါေပမယ့္ ရဲစခန္းပဲ ေရာက္ေသးတယ္။ စိစစ္တာရဲစခန္းမွာပဲ စိစစ္တယ္။ တရားရံုးေတာ့ မတင္ေသးပါဘူး။ ”

တပ္မေတာ္က ဆီဆိုင္ၿမိဳ႔နယ္အတြင္းက လယ္ယာေျမေတြကို ၁၉၉၂ ခုႏွစ္က စတင္သိမ္းယူခဲ့တာပါ။ သိမ္း ယူၿပီးတဲ့ေနာက္မွာ ေဒသခံေတာင္သူေတြကို ဆက္လက္ စိုက္ပ်ိဳးခြင့္ေပးခဲ့ရာက ၂၀၁၉ခုႏွစ္မွာ စိုက္ပ်ိဳးခြင့္ မေပးေတာ့ဘဲ ၀င္ေရာက္စိုက္ပ်ိဳးသူေတြကို အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

မေန႔ကလည္း ေတာင္သူအမ်ိဳးသမီးေတြက ထြန္တံုးတိုက္ပဲြလုပ္ခဲ့တာေၾကာင့္ ေဒသခံအာဏာပိုင္ေတြက လာေရာက္ တားဆီးတာေတြ ရွိခဲ့ပါတယ္။

ေလာေလာ သိမ္းဆည္းခံထားရတဲ့ ေျမယာဧကေပါင္း ၂၀၀၀ နီးပါးခန္႔ရွိတယ္လို႔ လယ္ယာေျမ ျပန္လည္ရရွိ ေရးအတြက္ ေဆာင္ရြက္ေနတဲ့ ဆီဆိုင္ေဒသခံ ခြန္ေက်ာ္ႏိုင္က ေျပာပါတယ္။

“ ေက်းရြာ ၂အုပ္စု တပ္ရင္းကေတာ့ ခမရ ၄၂၃ရယ္၊ ခမရ ၄၂၄ရယ္၊ ေနာက္ အေရွ႕ပိုင္းတိုင္း အမွတ္ ၁ စစ္ဗ်ဴဟာ တစ္ခုရယ္။ ၃ေနရာေပါ့။ လမ္း ဘယ္ဖက္၊ ညာဖက္ကို စုစုေပါင္း ၂၄၀၀ ဧကေပါ့။ တကယ္ျပန္စြန္႔ေပးတာက ဧက ၂၀၀ပဲေပါ့။ မႏွစ္တံုးက က်န္တာက အခုထက္ထိ မစြန္႔ေပးဘူးေပါ့ေနာ္။”

ေဒသခံေတာင္သူေတြအေနနဲ႔ ဒီလယ္ယာေတြကို စိုက္ပ်ိဳးခြင့္မရရင္ ဘ၀ရပ္တည္ေရးအတြက္ အခက္အခဲရွိႏိုင္ေၾကာင္း၊ ဒါေၾကာင့္ အစိုးရနဲ႔ တပ္မေတာ္က ဥပေဒနဲ႔အညီ စိစစ္ေဆာင္ရြက္ ေပးေစလိုေၾကာင္း ခြန္ေက်ာ္ႏိုင္က အခုလို ဆက္ေျပာပါတယ္။

“ သိမ္းဆည္းထားတဲ့ေျမေတြက အစိုးရရဲ႕ မူဝါဒလည္းရွိတယ္။ တပ္ရဲ႕ မူဝါဒလည္းရွိတယ္။ အဲဒီမူဝါဒထဲက အတိုင္းကို စိစစ္ေပးေစခ်င္တယ္။ ၿပီးရင္ တပ္က လိုအပ္တဲ့ ဧရိယာအတိုင္းေလာက္ပဲ ယူသင့္တယ္ေပါ့။ မလိုအပ္ဘဲနဲ႔ ေနရာအက်ယ္ႀကီးယူထားတာဆိုရင္ ဒါ ေတာင္သူေတြကလည္း တအား နစ္နာဆံုးရႈံးေစတယ္။ ဒီ ေသေသခ်ာခ်ာေလး အဲဒီမူဝါဒအတိုင္းေလးကို တရားမွ်တမႈရွိရွိနဲ႔ စိစစ္ေပးေစခ်င္တယ္ေပါ့ေနာ္။ တပ္ပိုင္း ကိုေရာ၊ အစိုးရပိုင္းကိုေရာ။ လိုအပ္တဲ့ အတိုင္းအတာ ပမာဏေလးေတြ ယူၿပီးေတာ့ ပိုတဲ့ဟာေတြ မူလ ေတာင္သူကို ျပန္ေပးေစခ်င္တယ္။ ”

ပအို၀္းအရပ္ဘက္အဖဲြ႕အစည္းနဲ႔ မိတ္ဖက္ အရပ္ဘက္ အဖဲြ႕အစည္း ၂၀၀ေလာက္ကလည္း ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္း တည္ေဆာက္စဥ္ကာလမွာ ဒီလို ေျမယာသိမ္းဆည္းတာေတြ ရွိေနတာေၾကာင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ထိခိုက္လာေစႏိုင္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံ အသြင္ကူးေျပာင္းေရးကာလမွာ ေျမယာနဲ႔ ပတ္သက္တဲ့ ပဋိပကၡေတြဟာ ျမင့္တက္လာေနၿပီး ၂၀၁၅ ခုႏွစ္မွာ တိုင္ၾကားမႈေပါင္း ၁၇၀၀၀ေက်ာ္ရွိခဲ့တဲ့ေနာက္ ၂၀၁၆ခုႏွစ္မွာ အစိုးရက လယ္ယာေျမနဲ႔ အျခား ေျမယာမ်ား သိမ္းဆည္းခံရမႈ ျပန္လည္ စိစစ္ေရးေကာ္မတီ ဖဲြ႕စည္းၿပီး ေျဖရွင္းေဆာင္ရြက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရှမ်းမြောက်မှာ တပ်မတော်သိမ်းဆည်းထားတဲ့ လယ်မြေတွေထဲ ဝင်ရောက်ထွန်ယက်သူတွေ ဖမ်းဆီးခံရ

(Unicode)

COVID- 19 ကပ်ရောဂါ ကျရောက်နေချိန် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ ဝင်ရောက်ထွန်ယက်တာကြောင့် ဒေသခံတွေ အမှုဖွင့်ခံထားရသလို လယ်ထွန်စက်တွေ အသိမ်းခံထားရတဲ့ သတင်းကို ကိုမိုးဇော် တင်ပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပင်စုံနဲ့ နောင်ကျော်ကျေးရွာအုပ်စု က ရွာ ၅ရွာက မြေယာအငြင်းပွားမှု ဖြစ်ပွားနေတာပါ။

တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ ဒေသခံရွာသားတွေက ဝင်ရောက်ထွန်ယက်စိုက်ပျိုးဖို့ ကြိုးစားတာကြောင့် လက်ရှိ တွေ့ကြုံနေရတဲ့အခြေအနေကို ဒေသခံတောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ချိုချိုဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အကုန်လုံး ထွန်စက်က ၂၉စီး သိမ်းဆည်းထားပါတယ်။ လူကတော့ ၇၀ လောက်ရှိမှာပေါ့။ တောင်သူ ၇၀လောက် တရားအစွဲခံရမှာပေါ့နော်။ တစ်ရွာလုံးစွဲထားတယ်ဆိုတော့။ ဒါပေမယ့် ရဲစခန်းပဲ ရောက်သေးတယ်။ စိစစ်တာရဲစခန်းမှာပဲ စိစစ်တယ်။ တရားရုံးတော့ မတင်သေးပါဘူး။ ”

တပ်မတော်က ဆီဆိုင်မြို့နယ်အတွင်းက လယ်ယာမြေတွေကို ၁၉၉၂ ခုနှစ်က စတင်သိမ်းယူခဲ့တာပါ။ သိမ်း ယူပြီးတဲ့နောက်မှာ ဒေသခံတောင်သူတွေကို ဆက်လက် စိုက်ပျိုးခွင့်ပေးခဲ့ရာက ၂၀၁၉ခုနှစ်မှာ စိုက်ပျိုးခွင့် မပေးတော့ဘဲ ဝင်ရောက်စိုက်ပျိုးသူတွေကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မနေ့ကလည်း တောင်သူအမျိုးသမီးတွေက ထွန်တုံးတိုက်ပွဲလုပ်ခဲ့တာကြောင့် ဒေသခံအာဏာပိုင်တွေက လာရောက် တားဆီးတာတွေ ရှိခဲ့ပါတယ်။

လောလော သိမ်းဆည်းခံထားရတဲ့ မြေယာဧကပေါင်း ၂၀၀၀ နီးပါးခန့်ရှိတယ်လို့ လယ်ယာမြေ ပြန်လည်ရရှိ ရေးအတွက် ဆောင်ရွက်နေတဲ့ ဆီဆိုင်ဒေသခံ ခွန်ကျော်နိုင်က ပြောပါတယ်။

“ ကျေးရွာ ၂အုပ်စု တပ်ရင်းကတော့ ခမရ ၄၂၃ရယ်၊ ခမရ ၄၂၄ရယ်၊ နောက် အရှေ့ပိုင်းတိုင်း အမှတ် ၁ စစ်ဗျူဟာ တစ်ခုရယ်။ ၃နေရာပေါ့။ လမ်း ဘယ်ဖက်၊ ညာဖက်ကို စုစုပေါင်း ၂၄၀၀ ဧကပေါ့။ တကယ်ပြန်စွန့်ပေးတာက ဧက ၂၀၀ပဲပေါ့။ မနှစ်တုံးက ကျန်တာက အခုထက်ထိ မစွန့်ပေးဘူးပေါ့နော်။”

ဒေသခံတောင်သူတွေအနေနဲ့ ဒီလယ်ယာတွေကို စိုက်ပျိုးခွင့်မရရင် ဘဝရပ်တည်ရေးအတွက် အခက်အခဲရှိနိုင်ကြောင်း၊ ဒါကြောင့် အစိုးရနဲ့ တပ်မတော်က ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက် ပေးစေလိုကြောင်း ခွန်ကျော်နိုင်က အခုလို ဆက်ပြောပါတယ်။

“ သိမ်းဆည်းထားတဲ့မြေတွေက အစိုးရရဲ့ မူဝါဒလည်းရှိတယ်။ တပ်ရဲ့ မူဝါဒလည်းရှိတယ်။ အဲဒီမူဝါဒထဲက အတိုင်းကို စိစစ်ပေးစေချင်တယ်။ ပြီးရင် တပ်က လိုအပ်တဲ့ ဧရိယာအတိုင်းလောက်ပဲ ယူသင့်တယ်ပေါ့။ မလိုအပ်ဘဲနဲ့ နေရာအကျယ်ကြီးယူထားတာဆိုရင် ဒါ တောင်သူတွေကလည်း တအား နစ်နာဆုံးရှုံးစေတယ်။ ဒီ သေသေချာချာလေး အဲဒီမူဝါဒအတိုင်းလေးကို တရားမျှတမှုရှိရှိနဲ့ စိစစ်ပေးစေချင်တယ်ပေါ့နော်။ တပ်ပိုင်း ကိုရော၊ အစိုးရပိုင်းကိုရော။ လိုအပ်တဲ့ အတိုင်းအတာ ပမာဏလေးတွေ ယူပြီးတော့ ပိုတဲ့ဟာတွေ မူလ တောင်သူကို ပြန်ပေးစေချင်တယ်။ ”

ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းနဲ့ မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်း ၂၀၀လောက်ကလည်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်း တည်ဆောက်စဉ်ကာလမှာ ဒီလို မြေယာသိမ်းဆည်းတာတွေ ရှိနေတာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်လာစေနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလမှာ မြေယာနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေဟာ မြင့်တက်လာနေပြီး ၂၀၁၅ ခုနှစ်မှာ တိုင်ကြားမှုပေါင်း ၁၇၀၀၀ကျော်ရှိခဲ့တဲ့နောက် ၂၀၁၆ခုနှစ်မှာ အစိုးရက လယ်ယာမြေနဲ့ အခြား မြေယာများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီ ဖွဲ့စည်းပြီး ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။

XS
SM
MD
LG